Friday, May 8, 2015

Samsung ဖုန်းတွေအားလုံးကို Odin သုံးပြီး Firmware တင်နည်း


    Odin သုံးပြီး Firmware တင်နည်းကို တော်တော်များများသိကြပါတယ်။
ဒါပေမယ့် မသိသေးသူတွေအတွက်ရည်ရွယ်ပြီး တင်ပေးလိုက်တာပါ။
အောက်မှာပုံနဲ့တကွရှင်းပြပေးထားပါတယ်။

အင်တာနက်ကနေ Samsung အတွက် Firmware ဖိုင်ဒေါင်းရင် zip ဖိုင်ထဲမှာ Odin ပါတစ်ခါတည်း ထည့်ပေးတတ်ပါတယ်။
ထည့်မပေးရင်လည်း လင့်သက်သက်ချပေးတတ်ပါတယ်။
ကိုယ်ဒေါင်းလို့ရလာတဲ့ Firmware ဖိုင်ကို Zip ဖြည်လိုက်ပါ။

Odin မရှိသေးရင် ဒီမှာ ဝင်ဒေါင်းလိုက်ပါ။နောက်ဆုံးဗားရှင်း 3.9 ပါ။

Firmware ကို Zip ဖြည်ပြီးသွားပြီဆိုရင် Odin ကိုဖွင့်လိုက်ပါ။
အောက်ကပုံထဲက Odin က ဗားရှင်း 3.9 ဖြစ်တဲ့အတွက် AP ကိုနှိပ်ရတာပါ။
3.9 အောက်တွေက AP နေရာမှာ PDA လို့ပြထားပါတယ်။အဲ့ဒါကိုပဲနှိပ်လိုက်ပါ။
AP / PDA ကိုနှိပ်လိုက်ပါ။



ပြီးရင် Zip ဖြည်ထားတဲ့ Firmware ဖိုင်ကိုဝင်ရွေးပေးလိုက်ပါ။






ကဲ...ဒါဆို Firmware တင်ဖို့အဆင်သင့်ဖြစ်နေပါပြီ။
ဖုန်းကိုပါဝါပိတ် ဘက်ထရီဖြုတ်လိုက်ပါ။
ပြီးရင် ဘက်ထရီပြန်တပ်ပြီး Download Mode ကိုဝင်လိုက်ပါ။
Download Mode မဝင်တတ်ရင် အောက်ပါပုံကိုကြည့်ပါ။
Vol Down+Home+Power ခလုတ်သုံးခုကို ပြိုင်တူနည်းနည်းကြာကြာဖိထားလိုက်ပါ။





အောက်ပါပုံအတိုင်းပေါ်လာရင် Vol Up ကိုနှိပ်ပါ။
 
အောက်ပါပုံအတိုင်းပေါ်လာရင် Download Mode
ကိုရောက်သွားပါပြီ။                                              
                                      
ကွန်ပျုတာနဲ့ဖုန်းကို USB ကြိုးသုံးပြီးချိတ်ဆက်လိုက်ပါ။
ဖုန်းကိုကွန်ပျုတာကသိပြီဆိုရင်နံပါတ် 1 ကလိုအပြာရောင်သန်သွားပါလိမ့်မယ်။
ပြီးရင် Start (သို့မဟုတ်) Ctrl+S ကိုနှိပ်လိုက်ပါ။
ပြီးရင်ခနစောင့်ပေးလိုက်ပါ။










အစိမ်းရောင်အကွက်နဲ့ Pass လို့ပြရင် Ok ပါပြီ။
ဖုန်းက Auto Reboot ကျသွားပါလိမ့်မယ်။




ပြီးရင် ပါဝါပြန်တက်လာပါလိမ့်မယ်။
Boot တက်နည်းနည်းကြာပါတယ် စောင့်ပေးလိုက်ပါ။
USB ကြိုးကိုဖြုတ်လို့ရပါပြီ.......


Ok ပြီနော် အဆင်မပြေတာရှိရင် Facebook မှာလာရောက်မေးမြန်းနိုင်ပါတယ်။

 အဆင်ပြေပါစေ
ခွန်ထက်နိုင် (ပအိုဝ်း IT လူငယ်များ)

ကျွန်တော်တို့ ပအိုဝ်း IT လူငယ်များ(Paoh IT Youth) ဘလော့နှင့် ပေ့စ်ကတင်သမျှကို Offline ဖတ်ရူ့နိုင်အောင် App လေးတစ်ခုလုပ်ပြီး Play Store မှာတင်ထားပါတယ်။
ဒေါင်းပေးကြပါဦးနော်..........
Review လေးတွေဝင်ပေးကြပါဦး အားလုံးကို ကျေးဇူးတင်ပါတယ်။ပေးထားတဲ့လင့်ကနေသွားရောက်ဒေါင်းယူပေးကြပါနော်.......
https://play.google.com/store/apps/details?id=com.paoh.it.youth

တင်သမျှ Facebook ပေါ်ကဖတ်ဖို့ ပအိုဝ်း IT လူငယ်များပေ့စ်ကို Like လုပ်ထားပေးပါ။

အောက်ကနေရာတွေမှာလည်း လာရောက်အကူညီတောင်းယူနိုင်ပါတယ်။
သိသမျှ တတ်သမျှလည်း မျှဝေနိုင်ပါတယ်။

နည်းပညာအကြောင်းတွေမေးမြန်းဖြေဆိုမျှဝေကြဖို့ ပအိုဝ်း IT လူငယ်များ Group ကို Join ထားပေးပါ။

Unicode အသုံးပြုချင်သူများနှင့်အသုံးပြုနေသူများ
Myanmar Unicode Area နှင့်
Myanmar PaOh Unicode Area ကို
Join ထားလိုက်ပါ။

Admin

ဒီဂျစ်တယ်ခေတ်တွင် နိုင်ငံတကာသုံး စံနှုန်းများအဆင့်မှီသော မြန်မာယူနီကုဒ်ကို သုံးစွဲခြင်းဖြင့် ဘာသာစကားများကို ထိန်းသိမ်းကာကွယ်ပါ။

0 comments:

Post a Comment

 

Copyright @ 2014-2015 ပအိုဝ်း IT လူငယ်များ.

Designed by Templateism | Edited By Khun Htetz Naing | PaOh IT Youth