Monday, May 4, 2015

Samsung Galaxy Core 2 SM-G355H ကို Root ဖောက်ပြီး မြန်မာစာယူနီကုဒ်ထည့်သွင်းမယ်

    ဒီဖုန်းက Root ဖောက်ရတာအရမ်းလွယ်တယ်ဗျ...
ကွန်ပျူတာမလိုပါဘူး။
Update-Kinguser-3.4.0Root zip ဖိုင်လေးကို Recovery Mode ကနေဝင် Flash ပေးရုံးပါပဲ။
ကဲ...အောက်မှာ Update-Kinguser-3.4.0 ဖိုင်လေးကိုဒေါင်းလိုက်ပါ.....

Update-Kinguser-3.4.0 ဒေ်င်းရန်

လွယ်လွယ်လေးမို့လို့ ပုံနဲ့မပြတော့ဘူးနော်.....

- ဒေါင်းလို့ရလာတဲ့ Update-Kinguser-3.4.0 ဖိုင်ကို Sd Card ထဲကို Move Or Copy လုပ်လိုက်ပါ။
  ဘယ်ဖိုဒါထဲမှ ထည့်မထားပါနဲ့......
  ကဒ်ထဲကိုသာ အလွတ်ချထားလိုက်ပါ။

- ပြီးရင်ဖုန်းကိုပါဝါပိတ်ပြီး Recovery Mode ကိုဝင်လိုက်ပါ။
  Power+Vol Up+Home Key သုံးခုကိုပြိုင်တူ စက္ကန့် ၂၀ ၊ ၃၀ လောက်ဖိထားလိုက်ပါ။
  Recovery Mode ကိုရောက်သွားပါလိမ့်မယ်။

- Vol Down ခလုတ်ကိုသုံးပြီး "Apply update from external storage" ရွေးပြီး ပါဝါခလုတ်ကိုနှိပ်လိုက်ပါ။
  Update-Kinguse 3.4.0 ကိုရွေးပြီး ပါဝါခလုတ်ကိုနှိပ်လိုက်ပါ။
  ဖုန်းက Reboot ကျသွားပါလိမ့်မယ်။

ပြန်တက်လာရင် ဖုန်းထဲမှာ Kinguser App လေးရောက်နေပါပြီ။
Root ဖောက်လို့အောင်မြင်ပါပြီ.....

မြန်မာစာထည့်နည်းကို ဒီမှာ သွားကြည့်လိုက်ပါ။
ပုံနဲ့တကွအသေးစိတ်ရှင်းပြပေးထားပါတယ်။
အဲ့နည်းအတိုင်းသာလုပ်လိုက်ပါ။
မြန်မာစာ ဇော်ဂျီပါပြီးသား Samsung ဖုန်းတွေကို Root ဖောက်ပြီး အဲ့ဒီနည်းအတိုင်းသာ လုပ်လိုက်ပါ။
၁၀၀% ယူနီကုဒ်အမှန်ပေါ်စေပါတယ်။

အဆင်ပြေပါစေ
ခွန်ထက်နိုင် (ပအိုဝ်း IT လူငယ်များ)

ကျွန်တော်တို့ ပအိုဝ်း IT လူငယ်များ(Paoh IT Youth) ဘလော့နှင့် ပေ့စ်ကတင််သမျှကို Offline ဖတ်ရူ့နိုင်အောင် App လေးတစ်ခုလုပ်ပြီး Play Store မှာတင်ထားပါတယ်။
ဒေါင်းပေးကြပါဦးနော်..........
Review လေးတွေဝင်ပေးကြပါဦး အားလုံးကို ကျေးဇူးတင်ပါတယ်။ပေးထားတဲ့လင့်ကနေသွားရောက်ဒေါင်းယူပေးကြပါနော်.......
https://play.google.com/store/apps/details?id=com.paoh.it.youth

တင်သမျှ Facebook ပေါ်ကဖတ်ဖို့ ပအိုဝ်း IT လူငယ်များပေ့စ်ကို Like လုပ်ထားပေးပါ။



အောက်ကနေရာတွေမှာလည်း လာရောက်အကူညီတောင်းယူနိုင်ပါတယ်။

သိသမျှ တတ်သမျှလည်း မျှဝေနိုင်ပါတယ်။

နည်းပညာအကြောင်းတွေမေးမြန်းဖြေဆိုမျှဝေကြဖို့ ပအိုဝ်း IT လူငယ်များ Group ကို Join ထားပေးပါ။

Unicode အသုံးပြုချင်သူများနှင့်အသုံးပြုနေသူများ
Myanmar Unicode Area နှင့်
Myanmar PaOh Unicode Area ကို
Join ထားလိုက်ပါ။

Admin

ဒီဂျစ်တယ်ခေတ်တွင် နိုင်ငံတကာသုံး စံနှုန်းများအဆင့်မှီသော မြန်မာယူနီကုဒ်ကို သုံးစွဲခြင်းဖြင့် ဘာသာစကားများကို ထိန်းသိမ်းကာကွယ်ပါ။

0 comments:

Post a Comment

 

Copyright @ 2014-2015 ပအိုဝ်း IT လူငယ်များ.

Designed by Templateism | Edited By Khun Htetz Naing | PaOh IT Youth