Friday, May 29, 2015

မြန်မာယူနီကုဒ်/ဇော်ဂျီ နှစ်မျိုးပါလာတဲ့ Zapya_3.2.4 Updated!


မေလ ၂၄ ရက်နေ့ Update ထွက်လာတဲ့ Zapya_3.2.4 ပါ။
ယခုဗားရှင်းအသစ်မှာ မြန်မာ(ယူနီကုဒ်) နဲ့ မြန်မာ(ဇော်ဂျီ) နှစ်မျိုးစလုံးပါလာပါတယ်။
ယူနီကုဒ်အသုံးပြုသူတွေရော ဇော်ဂျီအသုံးပြုသူတွေရော Zapya ကိုမြန်မာဘာသာနဲ့ အသုံးပြုနိုင်ပါပြီ....
Zapya_3.2.4 ဗားရှင်းအသစ်ကို ပေးထားတဲ့လင့်ကနေဝင်ဒေါင်းနိုင်ပါတယ်။
ဖိုင်ဆိုဒ်က 6Mb ကျော်ပဲရှိပါတယ်......

Download >>> From Play Store

Download >>> Apk

Screenshots
==========






  အဆင်ပြေပါစေ

ပအိုဝ်း IT လူငယ်များ
ကျွန်တော်တို့ ပအိုဝ်း IT လူငယ်များ(Paoh IT Youth) ဘလော့နှင့် ပေ့စ်ကတင်သမျှကို Offline ဖတ်ရူ့နိုင်အောင်
App လုပ်ပြီး Play Store မှာတင်ထားပါတယ်။
ဒေါင်းပေးကြပါဦးနော်..........
Review လေးတွေဝင်ပေးကြပါဦး အားလုံးကို ကျေးဇူးတင်ပါတယ်။ပေးထားတဲ့လင့်ကနေသွားရောက်ဒေါင်းယူပေးကြပါနော်.......
နှင့်
Join ထားလိုက်ပါ။


Thursday, May 28, 2015

★ Android ဖုန်းမှာ Password ထားပြီးမေ့မှာစိုးတဲ့သူတွေအတွက် Unlock Pass By Sms_v1.3.1 ★


     မင်္ဂလာပါနော် ကျွန်တော်ဖုန်းမှာ Password တွေထားပြီးမေ့မှာစိုးတဲ့သူတွေအတွက်
Unlock Pass By Sms_v1.3.1 ဆိုတဲ့
Apk အလန်းလေးတစ်ခုတင်ပေးလိုက်ပါတယ်။
အရင်ကလည်းတင်ပေးဖူးပါတယ်......
ခုတော်တော်များများက ဖုန်း Password မေ့လို့ရှိရင် ဖုန်းကို Reset ချလိုက်ကြပါတယ်။
ဒီတော့ ဖုန်းက Lock တော့ပျောက်ပါတယ်။
ဒါပေမယ့် အထဲက Data တွေ ကိုယ်ဒေါင်းထားတဲ့ ဂိမ်းတွေအကုန်ပျောက်သွားပါတယ်။
ဝယ်ကာစ အသစ်ပုံစံအတိုင်းဖြစ်သွားပါတယ်။ဒီတော့ကိုယ့် Data တွေဆုံးရူံးရပြီပေါ့။
ခုကျွန်တော်ပေးတဲ့ Apk လေးက ဘာ Data မှမပျက်စီးစေပါဘူး။
Apk ကိုအသုံးပြုဖို့အတွက်မိမိတို့ဖုန်းမှာ Root ဖောက်ထားရပါမယ်။
အသုံးပြုရမယ့်ပုံစံလေးကလည်း လွယ်လွယ်လေးပါ။
မိမိတို့ဖုန်းမှာ ဒီ Apk လေးရှိနေရင် Password,Patten Lock ဘာညာအားလုံးကို
1234 Reset လို့ပို့လိုက်ရုံနဲ့ ဖုန်းက Auto Reboot ကျသွားမှာပါ။
ပြန်တက်လာရင် ဘာ Lock မှမရှိတော့ပါဘူး။အောက်မှာအသုံးပြုနည်း ပုံလေးနဲ့ပြထားပါတယ်။

Download......Unlock Pass By Sms_v1.3.1

ဒေါင်းလို့ရလာတဲ့ Apk လေးကိုဖွင့်ပါ။ပြီးရင်အောက်ကပုံလေးအတိုင်းနှိပ်ပါ


Root Permission တောင်းပါလိမ့်မယ်။ပေးလိုက်ပါ။



 အောက်ကပုံလိုပေါ်ရင် Ok ပါပြီ။

 တကယ်လို့ မိမိဖုန်းက Password မေ့ခဲ့လို့ရှိရင် တခြားဖုန်းကနေပြီးတော့ မိမိဖုန်းကို 1234 Reset လို့ Sms မက်ဆေ့ချ် ပို့လိုက်ပါ။ဖုန်းက Auto Reboot  ကျသွားမှာပါ။ပြန်တက်လာရင် ဘာ Lock မှမရှိတော့ပါဘူး။


                                                       အဆင်ပြေပါစေ

ပအိုဝ်း IT လူငယ်များ

ကျွန်တော်တို့ ပအိုဝ်း IT လူငယ်များ(Paoh IT Youth) ဘလော့နှင့် ပေ့စ်ကတင်သမျှကို Offline ဖတ်ရူ့နိုင်အောင်
App လုပ်ပြီး Play Store မှာတင်ထားပါတယ်။
ဒေါင်းပေးကြပါဦးနော်..........
Review လေးတွေဝင်ပေးကြပါဦး အားလုံးကို ကျေးဇူးတင်ပါတယ်။ပေးထားတဲ့လင့်ကနေသွားရောက်ဒေါင်းယူပေးကြပါနော်.......



နှင့်
Join ထားလိုက်ပါ။

Wednesday, May 27, 2015

Samsung Galaxy Ace 2 JellyBean 4.1.2 အလုံးတွေကို Root မလို ကွန်ပျူတာမလို မြန်မာစာ(ယူနီကုဒ်) ထည့်သွင်းမယ်


ဒီနည်းက Recovery Mode ကနေ CWM သွင်းပြီး မြန်မာ (ယူနီကုဒ်) zip ဖိုင်လေးကို ဝင် Flash ပေးလိုက်ရုံပါပဲ။
အရင်ဆုံးမိမိ Galaxy Ace 2 က 4.1.2 JellyBean ဖြစ်နေဖို့လိုပါတယ်။
2.3.6 GingerBread ဆိရင်တော့ Setting>About>Software Update ကနေ Upgrade လုပ်ပေးလိုက်ပါ။
အင်တာနက်တော့ ဖွင့်ထားပေးရပါလိမ့်မယ်။
လိုင်းကောင်းရင်တော့ ပိုအဆင်ပြေတာပေါ့။
နည်းနည်းတော့ကြာပါလိမ့်မယ်။
ဒါမှမဟုတ် ကွန်ပျူတာက Samsung Kies နဲ့လည်း Upgrade ပေးလို့လည်းရပါတယ်။
ကျွန်တော်ကတော့ ကွန်ပျူတာမလိုတဲ့ Setting>About>Software Update ကနေပဲ Upgrade လုပ်ပေးလိုက်ပါတယ်။
CWM သွင်းပြီး မြန်မာစာ (ယူနီကုဒ်) လည်းထည့်လို့ရပါပြီ။
2.3.6 GingerBread က မြန်မာ (ယူနီကုဒ်) ထည့်လို့အဆင်မပြေလို့ပါ။
ကျွန်တော် အောက်ကမော်ဒယ် (၃) မျိုးကိုတော့စမ်းထားတာအဆင်ပြေတယ်ဗျ.....

• GT-I8160    Jelly Bean 4.1.2
• GT-I8160P  Jelly Bean 4.1.2
• GT-I8160L  Jelly Bean 4.1.2

တခြား Ace 2 တွေကိုလည်း စမ်းကြည့်နိုင်ပါတယ်။
ကျွန်တော်ပထမက Samsung 4.1.2 အတွက်သီးသန့်လုပ်ထားတဲ့ Android 4.1.2 Unicode.zip ကို
CWM သွင်းပြီး Flash ကြည့်ပါတယ်။
ဒါပေမယ့် အဆင်မပြေဘူးဗျ.....
အခြားနေရာမှာစာတွေ အကုန်မှန်ပေမယ့် ဘရောက်ဆာမှာ စာမမှန်ဘူးဗျ.....
စာတွေရှေ့နောက်လွဲနေတယ်။
အဲ့ဒါနဲ့ UniMM Patcher_3.2. ရော UniMM_3 ရောထပ်သွင်းတယ်....
အဆင်မပြေသေးဘူးဗျ.....
အာ့နဲ့ Firmware ပြန်တင်လိုက် စမ်းလိုက်နဲ့ လုပ်ကြည့်တာ နောက်ဆုံးတော့
UniMM Patcher_3.2.zip ကိုအရင်သွင်းပြီး Android 4.1.2 Unicode.zip ထပ်သွင်းလိုက်တာ အဆင်ပြေသွားတယ်ဗျ.....
လုံးဝစာတွေအကုန်မှန်သွားတယ်။


အောက်မှာ Galaxy Ace 2 အလုံးတွေအတွက်
CWM, UniMM Patcher_3.2.zip နဲ့ Android 4.1.2 Unicode.zip ကိုဒေါင်းလိုက်ပါ။
ဖိုင်ဆိုဒ်က 28Mb လောက်ရှိပါတယ်။

Download >>> CWM.zip

Download >>> UniMM Patcher_3.2.zip

Download >>> Android 4.1.2 Unicode.zip

1. ရလာတဲ့ zip ဖိုင်သုံးခု ကို SD Card ထဲထည့်လိုက်ပါ။
    ဘယ်ဖိုဒါထဲထည့်မထားပဲ ဒီတိုင်းအလွတ်ချထားပါ။

2. ဖုန်းကို Power ပိတ်ပါ..
    ပြီးရင် Volume Up+Home+Power တွဲနှိပ်ပြီး Recovery Mode ကိုဝင်ပါ..

3. Recovery Mode ထဲမှာ apply update from external storage ကို Vol Up/Dwn ခလုတ်တွေသုံးပြီးရွှေ့ပါ..
    ရောက်ရင် Home/Power ကိုတစ်ချက်နှိပ်ပါ..
    ပြီးရင် ခုနက ထည့်ထားတဲ့ zip ဖိုင်သုံးခုထဲက CWM.zip ကိုရွေးပြီး Home/Power ကိုနှိပ်ပါ....
    CWM သွင်းနေတာကို မြင်ရပါလိမ့်မယ်။
    စောင့်ပေးလိုက်ပါ.....

4. ပြီးရင် install zip from sdcard ကိုဝင်ပါ။
   choose zip from sdcard ထပ်ဝင်ပါ။
   ပြီးရင် UniMM Patcher_3.2.zip ကိုရွေးပြီး Home/Power ကိုနှိပ်ပါ....
   မြန်မာစာသွင်းနေပါပြီ....
   စောင့်ပေးလိုက်ပါ....
   ပြီးသွားရင် ''++back+++'' ကိုထောက် Home/Power ကိုနှိပ်ပြီး အဲ့ကနေပြန်ထွက်လိုက်ပါ။
   Reboot System ကိုရွေးပြီး Home/Power ကိုတစ်ချက်နှိပ်လိုက်ပါ...   
   ဖုန်းက Reboot ကျသွားပါလိမ့်မယ်....    
   ပြန်တက်လာရင်တော့ ဖုန်းက မြန်မာစာ သွင်းပြီးသွားပါပြီ....

   စာရိုက်ကြည့်ဖို့ M3 Keyboard ကို ဒီမှာ သွားဒေါင်းလိုက်ပါ။
   ပြီးရင် Install လုပ်.....
   Setting>Language & Input>M3 Keyboard ကိုအမှန်ခြစ်တပ်.....
   Default ကိုနှိပ်ပြီး M3 Keyboard ကိုရွေးပေးပါ....
   စာရိုက်ကြည့်ပါ.....
   ဘရောက်ဆာတွေထဲဝင်ကြည့်ပါ....
   Facebook, Viber, အကုန်စစ်ကြည့်ပါ....
   စာလုံးတွေ ရှေ့နောက်လွဲနေသေးရင်တော့......

1. ဖုန်းကို Power ပိတ်ပါ...
    ပြီးရင် Volume Up+Home+Power တွဲနှိပ်ပြီး Recovery Mode ကိုဝင်ပါ..

2. Recovery Mode ထဲမှာ apply update from external storage ကို Vol Up/Dwn ခလုတ်တွေသုံးပြီးရွှေ့ပါ..
    ရောက်ရင် Home/Power ကိုတစ်ချက်နှိပ်ပါ..
    ပြီးရင် ခုနက ထည့်ထားတဲ့ zip ဖိုင်သုံးခုထဲက CWM.zip ကိုရွေးပြီး Home/Power ကိုနှိပ်ပါ....
    CWM သွင်းနေတာကို မြင်ရပါလိမ့်မယ်။
    စောင့်ပေးလိုက်ပါ.....

3. ပြီးရင် install zip from sdcard ကိုဝင်ပါ။
   choose zip from sdcard ထပ်ဝင်ပါ။
   ပြီးရင် Android 4.1.2 Unicode.zip ကိုရွေးပြီး Home/Power ကိုနှိပ်ပါ....
   မြန်မာစာသွင်းနေပါပြီ....
   စောင့်ပေးလိုက်ပါ....
   ပြီးသွားရင် ''++back+++'' ကိုထောက် Home/Power ကိုနှိပ်ပြီး အဲ့ကနေပြန်ထွက်လိုက်ပါ။
   Reboot System ကိုရွေးပြီး Home/Power ကိုတစ်ချက်နှိပ်လိုက်ပါ...   
   ဖုန်းက Reboot ကျသွားပါလိမ့်မယ်....    
   ပြန်တက်လာရင်တော့ ဖုန်းကမြန်မာစာ အမှန်ကန်မြင်ရနေပါပြီ.....
   အကုန်လိုက်စစ်ကြည့်ပါ။
   လုံးဝ Ok နေတာကိုတွေ့ရပါလိမ့်မယ်.....
   တခြားဖောင့်အလန်းတွေကို Font Style ကနေဖြစ်ဖြစ်
   ifont နဲ့ပဲဖြစ်ဖြစ်ထည့်သွင်းပြီး ထပ်လန်းနိုင်ပါတယ်......
 
   တကယ်လို့ Root ဖောက်ချင်ရင်လည်း ဒီမှာ သွားကြည့်လိုက်ပါ။
   ကွန်ပျူတာမလိုပါဘူး။

  

    အဆင်ပြေပါစေ....


 အဆင်မပြေတာရှိရင် Facebook မှာလာရောက်မေးမြန်းနိုင်ပါတယ်။



ကျွန်တော်တို့ ပအိုဝ်း IT လူငယ်များ(Paoh IT Youth) ဘလော့နှင့် ပေ့စ်ကတင်သမျှကို Offline ဖတ်ရူ့နိုင်အောင် App လေးတစ်ခုလုပ်ပြီး Play Store မှာတင်ထားပါတယ်။
ဒေါင်းပေးကြပါဦးနော်..........
Review လေးတွေဝင်ပေးကြပါဦး အားလုံးကို ကျေးဇူးတင်ပါတယ်။ပေးထားတဲ့လင့်ကနေသွားရောက်ဒေါင်းယူပေးကြပါနော်.......
အောက်ကနေရာတွေမှာလည်း လာရောက်အကူညီတောင်းယူနိုင်ပါတယ်။
သိသမျှ တတ်သမျှလည်း မျှဝေနိုင်ပါတယ်။
Unicode အသုံးပြုချင်သူများနှင့်အသုံးပြုနေသူများ 
Myanmar Unicode Area နှင့် 
Join ထားလိုက်ပါ။


Monday, May 25, 2015

Android ဖုန်းတော်တော်များများကို Root လုပ်ပေးနိုင်တဲ့ RootGenius_2.2.6 ဗားရှင်းအသစ်ထွက်ရှိ


     Android ဖုန်းတော်တော်များများကို Root လုပ်ပေးနိုင်တဲ့
RootGenius_2.2.6 ဗားရှင်းအသစ်ထွက်ရှိလို့လာပါပြီ.....
ခုဗားရှင်းသစ် 2.2.6 မှာ ဖုန်းဗားရှင်းအမြင့်တွေ တော်တော်များများကို Root လုပ်ပေးနိုင်တာကိုတွေ့ရပါတယ်။
ဖုန်းကို One Click နှိပ်ရုံနဲ့အလွယ်တကူ Root လုပ်ပေးနိုင်ပါတယ်။
Root ဖြုတ်ချင်သူများလည်း Un-root လုပ်ပေးနိုင်ပါတယ်။
ပြီးတော့ဖုန်း Screen ကို Lock လုပ်ထားပြီးမေ့သွားတဲ့သူတွေအတွက်လည်း
အလွယ်တကူ Unlock လုပ်ပေးနိုင်ပါတဲ့ Feature အသစ်လည်းပါဝင်လာပါတယ်။
Unlock လုပ်ဖို့ Root ဖောက်ထားရန်လိုပါတယ်။
Root လုပ်ထားတဲ့ မည်သည့် Android ဖုန်းကိုမဆို
One Click နှိပ်ရုံနဲ့ Unlock လုပ်ပေးနိုင်ပါတယ်......
ဖိုင်ဆိုဒ်က 5Mb ကျော်ပဲရှိပါတယ်။
ကွန်ပျူတာမှာဆောင်ထားသင့်တဲ့ Root Tool တစ်ခုပါ.....

Download >>> RootGenius_2.2.6





 အဆင်မပြေတာရှိရင် Facebook မှာလာရောက်မေးမြန်းနိုင်ပါတယ်။
ကျွန်တော်တို့ ပအိုဝ်း IT လူငယ်များ(Paoh IT Youth) ဘလော့နှင့် ပေ့စ်ကတင်သမျှကို Offline ဖတ်ရူ့နိုင်အောင် App လေးတစ်ခုလုပ်ပြီး Play Store မှာတင်ထားပါတယ်။
ဒေါင်းပေးကြပါဦးနော်..........
Review လေးတွေဝင်ပေးကြပါဦး အားလုံးကို ကျေးဇူးတင်ပါတယ်။ပေးထားတဲ့လင့်ကနေသွားရောက်ဒေါင်းယူပေးကြပါနော်.......
အောက်ကနေရာတွေမှာလည်း လာရောက်အကူညီတောင်းယူနိုင်ပါတယ်။
သိသမျှ တတ်သမျှလည်း မျှဝေနိုင်ပါတယ်။
Unicode အသုံးပြုချင်သူများနှင့်အသုံးပြုနေသူများ 
Myanmar Unicode Area နှင့် 
Join ထားလိုက်ပါ။

Sunday, May 24, 2015

Samsung Galaxy Ace 2 JellyBean 4.1.2 အလုံးတွေကိုအလွယ်ကူဆုံး Root ဖောက်မယ် (ကွန်ပျူတာမလို)


     အရင်ဆုံးမိမိ Galaxy Ace 2 က 4.1.2 JellyBean ဖြစ်နေဖို့လိုပါတယ်။
2.3.6 GingerBread ဆိုရင်တော့ Setting>About>Software Update ကနေ Upgrade လုပ်ပေးလိုက်ပါ။
အင်တာနက်တော့ ဖွင့်ထားပေးရပါလိမ့်မယ်။
လိုင်းကောင်းရင်တော့ ပိုအဆင်ပြေတာပေါ့။
နည်းနည်းတော့ကြာပါလိမ့်မယ်။
ဒါမှမဟုတ် ကွန်ပျူတာက Samsung Kies နဲ့လည်း Upgrade ပေးလို့လည်းရပါတယ်။
ကျွန်တော်ကတော့ ကွန်ပျူတာမလိုတဲ့ Setting>About>Software Update ကနေပဲ Upgrade လုပ်ပေးလိုက်ပါတယ်။
4.1.2 JellyBean ဖြစ်ပြီဆိုရင်တော့ Root ဖောက်လို့ရပါပြီ။
မြန်မာစာ (ယူနီကုဒ်) လည်းထည့်လို့ရပါပြီ။
2.3.6 GingerBread က မြန်မာ (ယူနီကုဒ်) ထည့်လို့အဆင်မပြေလို့ပါ။
ကျွန်တော် အောက်ကမော်ဒယ် (၃) မျိုးကိုတော့စမ်းထားတာအဆင်ပြေတယ်ဗျ.....

• GT-I8160    Jelly Bean 4.1.2
• GT-I8160P  Jelly Bean 4.1.2
• GT-I8160L  Jelly Bean 4.1.2

တခြား Ace 2 တွေကိုလည်း စမ်းကြည့်နိုင်ပါတယ်။
အောက်မှာ Galaxy Ace 2 အတွက် Root.zip ကိုဒေါင်းလိုက်ပါ။
ဖိုင်ဆိုဒ်က 1Mb ကျော်ပဲရှိပါတယ်။

Download Root.zip  

           OR

Download Root.zip

1. ရလာတဲ့ Root.zip ကို SD Card ထဲထည့်လိုက်ပါ။
    ဘယ်ဖိုဒါထဲထည့်မထားပဲ ဒီတိုင်းအလွတ်ချထားပါ။

2. ဖုန်းကို Power ပိတ်ပါ..
    ပြီးရင် Volume Up+Home+Power တွဲနှိပ်ပြီး Recovery Mode ကိုဝင်ပါ..

3. Recovery Mode ထဲမှာ apply update from external storage ကို Vol Up/Dwn ခလုတ်တွေသုံးပြီးရွှေ့ပါ..
    ရောက်ရင် Home/Power ကိုတစ်ချက်နှိပ်ပါ..
    ပြီးရင် ခုနက ထည့်ထားတဲ့ Root.zip ဆီကိုထပ်ရွှေ့ပြီး Home/Power ကိုနှိပ်ပါ..

4. Root လုပ်နေတာကို တင်နေတာမြင်ရပါလိမ့်မယ်.. ပြီးသွားရင်တော့ Reboot ကိုရွေးပြီး
    Home/Power ကိုတစ်ချက်နှိပ်လိုက်ပါ..     
    ပြန်တက်လာရင်တော့ ဖုန်းက Root ပြီးသွားပါပြီ..






 အဆင်မပြေတာရှိရင် Facebook မှာလာရောက်မေးမြန်းနိုင်ပါတယ်။


ကျွန်တော်တို့ ပအိုဝ်း IT လူငယ်များ(Paoh IT Youth) ဘလော့နှင့် ပေ့စ်ကတင်သမျှကို Offline ဖတ်ရူ့နိုင်အောင် App လေးတစ်ခုလုပ်ပြီး Play Store မှာတင်ထားပါတယ်။
ဒေါင်းပေးကြပါဦးနော်..........
Review လေးတွေဝင်ပေးကြပါဦး အားလုံးကို ကျေးဇူးတင်ပါတယ်။ပေးထားတဲ့လင့်ကနေသွားရောက်ဒေါင်းယူပေးကြပါနော်.......


အောက်ကနေရာတွေမှာလည်း လာရောက်အကူညီတောင်းယူနိုင်ပါတယ်။
သိသမျှ တတ်သမျှလည်း မျှဝေနိုင်ပါတယ်။


Unicode အသုံးပြုချင်သူများနှင့်အသုံးပြုနေသူများ 
Myanmar Unicode Area နှင့် 
Join ထားလိုက်ပါ။ 

Saturday, May 23, 2015

Viva Video Pro V-4.1.5.apk


မင်္ဂလာပါ

ဒီတခါတော့ ဖုန်းနဲ့ ဗီဒီယိုတည်းဖြတ်ပြုပြင်ချင်တဲ့ သူငယ်ချင်းများအတွက် Viva Video Pro ဆိုတဲ့ ဗီဒီယိုတည်းဖြတ်တဲ့ဆောဖ့်ဝဲလေး မျှဝေပေးလိုက်ပါတယ် PlayStore မှာတော့ ဝယ်ယူအသုံးပြုရပါတယ်

အောက်ကလင့်ခ်မှာတော့ free ဒေါင်းယူအသုံးပြုနိူင်ပါတယ်ဗျား.....


                              box Link 

                           Pcloud Link 





အဆင်ပြေပါစေဗျား.....

CCleaner for Android Ph/Tab


မင်္ဂလာပါ

Android Ph/Tab ကိုင်ဆောင်တဲ့ မိတ်ဆွေများအတွက် CCleaner ဆိုတဲ့
app လေးမျှဝေပေးလိုက်ပါတယ်.... ကွန်ပျူတာမှာဆိုရင်လည်း အသုံးပြုသူတိုင်းဆောင်ထားတတ်ကြတဲ့ ဆော့ဖ်ဝဲလ်လေးပါ....
မိတ်ဆွေများရဲ့ Android Ph/Tab တွေထဲက မလိုအပ်တဲ့ ဖိုင်တွေ၊ဘရောက်ဇာထဲဝင်ရောက်ထားတဲ့မှတ်တမ်းတွေ၊ဖုန်းခေါ်ဆိုမှု၊အဝင်အထွက်စာအိတ်များ စသည်တို့ကိုရှင်းလင်းနိုင်ပြီး Ph/Tab တွေကို မြန်ဆန်ပေါ့ပါးစွာ အသုံးပြုနိုင်စေပါမယ်....
File size 2.5 Mb သာရှိပါသည်။

အောက်ပါလင်ခ့်ကနေ ဒေါင်းယူအသုံးပြုနိုင်ပါတယ်.....

                         ဒေါင်းလုပ်ဆွဲရန်လင်ခ့် 


အဆင်ပြေပါစေဗျား...။

Sunday, May 17, 2015

ANDROID PHONE မှ အင်တာနက်ကွန်နက်ရှင်ကို ပီစီတွင် အသုံးပြုသည့်အခါ ဘရောက်စာ၏ ဒေတာစားသုံးမှုကို နည်းပါးအောင် ပြုလုပ်ခြင်း



Desktop Version Website များဟာ Broadband Connection တွေအတွက် 
ဒီဇိုင်းထုတ်ထားတာ ဖြစ်လို့ မိုဘိုင်းဗားရှင်းဝက်ဆိုက် အပါအဝင် အခြားဝက်ဆိုက်များထက် အရွယ်အစားကြီးမားပါတယ်။ 
အဲဒီအတွက် ဖုန်းမှာ Tether ပြုလုပ်ပြီး ကွန်ပြူတာမှာ အင်တာနက် အသုံးပြုရင် တစ်နည်းအားဖြင့် ဖုန်းမှ အင်တာနက်ကို ကွန်ပြူတာသို့ ထုတ်လွှင့်အသုံးပြုရင် သင့်ရဲ့ မိုဘိုင်းဒေတာများစွာ ကုန်ကျမှာ ဖြစ်ပါတယ်။
အောက်ပါနည်းလမ်းတွေကတော့ မိုဘိုင်းဒေတာပမာဏကို ချွေတာ အသုံးပြုနေရသူတွေအတွက် အသုံးဝင်မှာ ဖြစ်ပါတယ်။
Click-To-Play Plugins
ကို Enable လုပ်ပါ။
ဝက်ဆိုက်တော်တော်များများဟာ ကြော်ညာနဲ့ ဗီဒီယိုတွေအတွက် Flash Content တွေကို Embed လုပ်ထည့်သွင်းထားကြပါတယ်။ အဲဒီ Flash Content တွေဟာ အရွယ်အစားအားဖြင့် ကြီးမားကြပါတယ်။ Flash Content တွေကို Load ပြုလုပ်ခြင်းမှ ပိတ်ပင်ထားဖို့ ဘရောက်စာတွေမှာ ပါတဲ့ Click-To-Play Plugin Feature ကို Enable လုပ်ရမှာပါ။ ဒါဆိုရင် ဝက်ဆိုက်တွေ ဖွင့်ရင် Flash Content တွေကို အလိုအလျှောက် ပြသပေးမှာ မဟုတ်ဘဲ “ Click to run Flash” ကိုနှိပ်မှသာ ပြသပေးမှာ ဖြစ်ပါတယ်။ ဘရောက်စာတွေမှာ Click-To-Play Plugin ကို Enable လုပ်ဖို့အတွက်

Chrome 

Settings ထဲသွားပြီး စာမျက်နှာအောက်ဆုံးရှိ Show advanced settings လင့်ကို နှိပ်ပါ။ Privacy Section အောက်မှ Content Settings ခလုတ်ကို နှိပ်ပါ။ Plug-ins ကဏ္ဍအောက်မှ Click to play ကို ရွေးချယ်ပေးပါ။

Firefox 

Firefox Address Bar မှာ about:config လို့ရိုက်ပါ။ နောက်အဆင့်မှာ “ I’ll be careful… “ ကိုနှိပ်ပါ။ Search Box မှာ plugins.click_to_play လို့ရိုက်ပြီး ရှာပါ။ ရှာတွေ့ရင် နှစ်ချက်နှိပ်ပြီး Value မှာ True ဖြစ်အောင် ပြောင်းပေးပါ။ ပြီးရင် Firefox ကို Restart လုပ်ပေးပါ။ 
Images များကို Disable ပြုလုပ်ပါ။
ဓါတ်ပုံတွေကလည်း Bandwidth ကို တော်တော်စားသုံးပါတယ်။ ဒတ်စတော့ဗားရှင်း ဝက်ဆိုက်တွေမှ ဓါတ်ပုံတွေဆိုရင် ပိုမိုအသေးစိတ်ကျပြီး အရွယ်ကြီးမားပါတယ်။ အဲဒီဓါတ်ပုံတွေကို မပြသအောင် ပိတ်ထားနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ ဓါတ်ပုံတွေကို ပိတ်ထားရင်တော့ ဝက်ဆိုက်တစ်ခုကိုဖွင့်ကြည့်ရင် အောက်ကပုံမှာလို ဓါတ်ပုံတွေကို ပြသပေးခြင်း မရှိတော့ပါဘူး။

Chrome 

Settings ထဲသွားပြီး စာမျက်နှာ အောက်ခြေရှိ Show advanced settings ကို နှိပ်ပါ။ Privacy ကဏ္ဍအောက်ရှိ Content Settings ခလုတ်ကို နှိပ်ပြီး Do not show any images ကို ရွေးပေးပါ။

FirefoxAddress Bar
မှာ about:config လို့ရိုက်ပြီး အန်းတားနှိပ်ပါ။ Search Box မှာ permissions.default.image လို့ရိုက်ရှာပါ။ ရှာတွေ့ရင် အဲဒီအပေါ်ကို Mouse Cursor ချပြီး Right-Click နှိပ်ပါ။ Modify ကိုရွေးပြီး Value ကို 2 ပြောင်းပေးပါ။ 

Opera Turbo ကို အသုံးပြုပါ။ 
Opera မှာ အခြား နာမည်ကြီး ဘရောက်စာများမှာ မပါတဲ့ စွမ်းဆောင်ချက်တစ်ခုပါရှိပါတယ်။ Opera ဘရောက်စာမှာ Opera Turbo ကို အသုံးပြုရင် သင်ကြည့်ရှုတဲ့ Web Pages များကို Opera ရဲ့ ဒေတာတွေကို ချုံ့ပေးတဲ့ Proxy ကနေ ဖြတ်သန်းစေမှာ ဖြစ်ပါတယ်။ အဲဒီအတွက် သင့် မိုဘိုင်းဖုန်းရဲ့ ဒေတာပမာဏကို သက်သာစေမှာပါ။ 
Opera Turbo ကို Enable လုပ်ဖို့အတွက် ဘရောက်စာရဲ့ အောက်ခြေမှ Opera Turbo Icon ကို နှိပ်ပြီး Enable Opera Turbo ကိုရွေးပါ။ 
Opera က HTTPS Pages များကိုတော့ သူတို့ရဲ့ Proxy ကနေ ဖြတ်သန်းစေမှာမဟုတ်ပါဘူး။ အဲဒီအတွက် သင့်ရဲ့ ပုဂ္ဂလိက ဒေတာများဟာ လုံခြုံစေမှာဖြစ်ပေမယ့် အဲဒီ Web Page များကို ချုံ့ပေးမှာ မဟုတ်ပါဘူး။

M
obile Website
များကို Request လုပ်ပါ။

မိုဘိုင်းဝက်ဆိုက်များဟာ ဒတ်စတော့ဝက်ဆိုက်များထက်စာရင် Bandwidth အနည်းငယ်ကိုသာ အသုံးပြုပါတယ်။ သင့် ဒတ်စတော့ ဘရောက်စာရဲ့ User Agent ကို ပြောင်းလဲခြင်းဖြင့် မိုဘိုင်းဝက်ဆိုက်များအနေနဲ့ ကြည့်ရှုနိုင်ပါတယ်။ ဒတ်စတော့ ဘရောက်စာရဲ့ User Agent ကို ပြောင်းလဲပေးဖို့အတွက် အလွယ်ကူဆုံးက Extension များကို အသုံးပြုတာပါ။ Chrome နဲ့ Firefox အတွက် User Agent ကို ပြောင်းလဲပေးနိုင်တဲ့ Extension များကို Google Search မှာ user agent switcher for chrome or firefox စသဖြင့် ရှာဖွေနိုင်ပါတယ်။
ကြော်ညာများကို ပိတ်ပင်ပါ။
ဝက်ဆိုက်တွေမှာသာမက Facebook လို လူမှုကွန်ရက်တွေမှာပါ ကြော်ညာများစွာ ထည့်သွင်းထားကြပါတယ်။ အဲဒီကြော်ညာတွေက သင့်ရဲ့ မိုဘိုင်းဒေတာကို ကုန်ကျစေပါတယ်။ အဲဒီ ကြော်ညာတွေကို ပိတ်ပင်ထားနိုင်ဖို့ Browser Extension များကို အသုံးပြုနိုင်ပါတယ်။ Ad Blocker များစွာ ရှိပေမယ့် နာမည်အကြီးဆုံးကတော့ AdBlock Plus ဖြစ်ပါတယ်။ AdBlock Plus ကို Chrome, Firefox တို့မှာ အင်စတောလုပ်နိုင်ပါတယ်။
အထက်ပါနည်းလမ်းများအပြင် ဘရောက်စာ အလိုအလျှောက် Update ပြုလုပ်ခြင်းကို ပိတ်ထားခြင်း၊ အလိုအလျှောက် Windows Update ပြုလုပ်ခြင်းကို ပိတ်ထားခြင်းများကလည်း သင့်ရဲ့ မိုဘိုင်းဖုန်းမှ အင်တာနက် ကွန်နက်ရှင်ကို ပီစီမှာ အသုံးပြုတဲ့ အခြေအနေမှာ ဒေတာပမာဏ သက်သာစေမှာ ဖြစ်ပါတယ်။

လေးစားစွာဖြင့်......။
Credit; Digital Life Journa

Power Bank တစ်လုံးကို ရွေးချယ် ဝယ်ယူမယ့်သူတွေ သိထားသင့်တဲ့ အချက် (၇) ချက်






######



ယနေ့ခေတ်၌့ မိုဘိုင်းဖုန်း သုံးစွဲသူတွေ အတော်လေး များပြားလာပါပြီ ဖုန်းတစ်လုံး၏ သုံးစွဲနိုင်သည့် သက်တမ်းမှာ ဖုန်းအရည်အသွေးနှင့် ထုတ်လုပ်သူပေါ်လိုက်၍ ကွာခြားလေ့ ရှိပါသည်။ ဖုန်းသုံးစွဲသူ အများစုမှာ ခရီးသွားလျှင် ဖုန်းအားထပ်မံ ဖြည့်သွင်းနိုင်ရန်အတွက် အလုပ်ရှုပ်မခံ လိုကြသောကြောင့် အလွယ်တကူ အားဖြည့်သွင်းနိုင်သော Power Bank များကိုသုံးစွဲ လာကြသည်။ Power Bank များ၏ လျှပ်စစ်အား သိုလှောင်မှုနှင့် ရေရှည်သုံးစွဲနိုင်မှုမှာ အမှတ်တံဆိပ်ပေါ် မူတည်၍ ကွာခြားသည်။ Power Bank ဝယ်ယူလိုသူများ အနေဖြင့် မိမိစိတ်ကြိုက် ရွေးချယ်ဝယ်ယူ နိုင်ရန်နှင့် သုံးစွဲစဉ် သိထားသင့်သော အချက်များကို စုပေါင်း၍ဖော်ပြ ပေးလိုက်ပါသည်။
(၁) Brand ရှိသော တံဆိပ်နှင့် Protection Function ပါသော Power Bank ကို ရွေးချယ်ပါ။ အရည်အသွေး ကောင်းသော Power Bank တစ်ခုမှာ Loud, Self-checking, Over Load, Protection, Short Circuit Protection, insulation Protection Function များပါဝင်ပါသည်။
(၂) Conversion rate ကို သတိပြုပြီး မိမိဖုန်း Device နှင့် သင့်တော်သော Power Bank ကိုရွေးချယ် ဝယ်ယူပါ။
(၃) ေစျးနှုန်းနှိမ့်ပြီး mAh မ်ားေသာ Power Bank များမှာ အလွယ်တကူ Voltage instability ဖြစ်စေပြီး ပေါက်ကွဲမှုလည်း ဖြစ်စေပါသည်။ Mobile Phone DevicePower အမျိုးအစားမှင့်အညီ Mobile Power စွမ်းရည်ကို ရွေးချယ်ပါ။ အရည်အသွေး ကောင်းသော 10000 mAh အပြည့်ပါသည့့် Power Bank မှာပုံမှန် Smart Phone များကို ၄ ကြိမ်မှ ၅ ကြိမ်ထိ အားသွင်းနိုင်ပါသည်။ ကောင်းသော Power BankConversion rate မှာ ၈၅ ရာခိုင်နှုန်း ပေါ်မှာရှိပြီး အနိမ့် (သို့မဟုတ်) ညံ့သော Power Bank Conversion rate မှာ ၇၀ ရာခိုင်နှုန်း အောက်မှာသာ ရှိသည်။
(၄) Power Bank ကို ကြာရှည် အသုံးမပြုပါက အနည်းဆုံး တစ်လတစ်ကြိမ် အားသွင်းပေးပါ။
(၅) အစိုဓာတ် ကင်းမဲ့သော နေရာတွင် အသုံးပြုပါက Power Bank အတွက် ပိုကောင်းပါသည်။ Over   Cold new, Over Head နှင့် ဓာတုပစ္စည်းရှိသော နေရာတွင် အသုံးမပြုသင့်ပါ။
(၆) Voltage, Current နှင့် Controller နှစ်ခုမှာ မူတည်ပြီး အားသွင်းတဲ့စနစ် ပြောင်းလဲနိုင်ပါသည်။
(၇) Power Bank ၌ရှိသည့်အားကို ကုန်အောင် သုံးစွဲ၍ ရပါသည်။ သိုသော် သိထားသင့်သည်မှာ ပါဝါသုံးစွဲမှု မြင့်မားသော အမြင့်ပိုင်း Device များကို အသုံးပြုလျင် ဖုန်းဘက်ထရီ သက်တမ်းတိုသွား နိုင်ပါသည်။
Credit:  internet journal

Friday, May 15, 2015

ယူနီကုဒ်နဲ့ သတင်းဖတ်ဖို့ MUA News_v_1.1



    ယူနီကုဒ်အသုံးပြုနေတဲ့သူတွေအတွက် ဖုန်းထဲကနေအလွယ်တကူ
သတင်းဖတ်နိုင်ဖို့ MUA News ကိုတင်ပေးလိုက်ပါတယ်။
ခုနောက်ပိုင်း ယူနီကုဒ်အသုံးပြုသူတွေ
တော်တော်များလာတဲ့အတွက် ဖုန်းထဲနေသတင်းတွေ
အလွယ်တကူဖတ်နိုင်ဖို့
App ကို Myanmar Unicode Area မှ ကိုသန်းဇော်ဦး ကပြုလုပ်ပေးထားတာပါ။
နေစဉ်သတင်းတွေကို အင်တာနက် ၅ မိနစ်ခန့်ဖွင့်ရုံနဲ့ Offline ထိုင်ဖတ်နိုင်ပါတယ်။

Play Store ကနေဒေါင်းရန်

Play Store အဆင်မပြေသူများ

Pcloud ကနေဒေါင်းရန်


Play Store အဆင်ပြေသူများ Play Store ကနေဒေါင်းပေးခြင်းဖြင့် Developer များကိုကူညီပါ။

Screenshots
=============







 အဆင်မပြေတာရှိရင် Facebook မှာလာရောက်မေးမြန်းနိုင်ပါတယ်။

အဆင်ပြေပါစေ ခွန်ထက်နိုင် (ပအိုဝ်း IT လူငယ်များ)

ကျွန်တော်တို့ ပအိုဝ်း IT လူငယ်များ(Paoh IT Youth) ဘလော့နှင့် ပေ့စ်ကတင်သမျှကို Offline ဖတ်ရူ့နိုင်အောင် App လေးတစ်ခုလုပ်ပြီး Play Store မှာတင်ထားပါတယ်။
ဒေါင်းပေးကြပါဦးနော်..........
Review လေးတွေဝင်ပေးကြပါဦး အားလုံးကို ကျေးဇူးတင်ပါတယ်။ပေးထားတဲ့လင့်ကနေသွားရောက်ဒေါင်းယူပေးကြပါနော်.......
https://play.google.com/store/apps/details?id=com.paoh.it.youth

တင်သမျှ Facebook ပေါ်ကဖတ်ဖို့ ပအိုဝ်း IT လူငယ်များပေ့စ်ကို Like လုပ်ထားပေးပါ။

အောက်ကနေရာတွေမှာလည်း လာရောက်အကူညီတောင်းယူနိုင်ပါတယ်။
သိသမျှ တတ်သမျှလည်း မျှဝေနိုင်ပါတယ်။

နည်းပညာအကြောင်းတွေမေးမြန်းဖြေဆိုမျှဝေကြဖို့ ပအိုဝ်း IT လူငယ်များ Group ကို Join ထားပေးပါ။

Unicode အသုံးပြုချင်သူများနှင့်အသုံးပြုနေသူများ 
Myanmar Unicode Area နှင့် 
Myanmar PaOh Unicode Area ကို 
Join ထားလိုက်ပါ။ 



Thursday, May 14, 2015

Kingroot v_4.0.0.1.apk



      ဖုန်းထဲမှာတင် အလွယ်တကူ Root ဖောက်ပေးနိုင်တဲ့ Kingroot ကိုတင်ပေးလိုက်ပါတယ်။
နောက်ဆုံးထွက်ရှိထားတဲ့ v.4.0.0.1 ပါ။
ဖုန်းတော်တော်များများကို One Click နဲ့ Root လုပ်ပေးနိုင်ပါတယ်။
ပြီးတော့ Root လုပ်တဲ့အချိန်မှာ ဖုန်းကို အင်တာနက်ဖွင့်ထားရပါမယ် (သို့) ဝိုင်ဖိုင်တစ်ခုခု ချိတ်ဆက်ထားရပါမယ်........
ဖိုင်ဆိုဒ်ကလည်ု 6 mb လောက်ပဲရှိပါတယ်။

Kingroot v_4.0.0.1 ဒေါင်းရန်

Ok ပြီနော် အဆင်မပြေတာရှိရင် Facebook မှာလာရောက်မေးမြန်းနိုင်ပါတယ်။

အဆင်ပြေပါစေ ခွန်ထက်နိုင် (ပအိုဝ်း IT လူငယ်များ)

ကျွန်တော်တို့ ပအိုဝ်း IT လူငယ်များ(Paoh IT Youth) ဘလော့နှင့် ပေ့စ်ကတင်သမျှကို Offline ဖတ်ရူ့နိုင်အောင် App လေးတစ်ခုလုပ်ပြီး Play Store မှာတင်ထားပါတယ်။
ဒေါင်းပေးကြပါဦးနော်..........
Review လေးတွေဝင်ပေးကြပါဦး အားလုံးကို ကျေးဇူးတင်ပါတယ်။ပေးထားတဲ့လင့်ကနေသွားရောက်ဒေါင်းယူပေးကြပါနော်.......
https://play.google.com/store/apps/details?id=com.paoh.it.youth

တင်သမျှ Facebook ပေါ်ကဖတ်ဖို့ ပအိုဝ်း IT လူငယ်များပေ့စ်ကို Like လုပ်ထားပေးပါ။

အောက်ကနေရာတွေမှာလည်း လာရောက်အကူညီတောင်းယူနိုင်ပါတယ်။
သိသမျှ တတ်သမျှလည်း မျှဝေနိုင်ပါတယ်။

နည်းပညာအကြောင်းတွေမေးမြန်းဖြေဆိုမျှဝေကြဖို့ ပအိုဝ်း IT လူငယ်များ Group ကို Join ထားပေးပါ။

Unicode အသုံးပြုချင်သူများနှင့်အသုံးပြုနေသူများ 
Myanmar Unicode Area နှင့် 
Myanmar PaOh Unicode Area ကို 
Join ထားလိုက်ပါ။ 






ကားပြိုင်​ဂိမ်​း အမိုက်​စား​လေး Asphalt Nitro v.1.0.apk

မင်္ဂလာပါ.....ဂိမ်​းဝါသနာပါတဲ့ ​ဘော်​​ဘော်​တို့အတွက်​ ဖိုင်​ဆိုဒ်​နဲနဲ နဲ့ ကစားလို့​ကောင်​းတဲ့ Asphalt Nitro ဆိုတဲ့ဂိမ်​း​လေးမျှ​ဝေ​ပေးလိုက်​ပါတယ်​....ရုပ်​ထွက်​​တွေကလည်​း ​အရမ်​းလန်​းပါတယ်​​အောက်​မှာကျ​နော်​ ပုံ​လေး​တွေပြထား​ပေးပါတယ်​


ကြိုက်ရင်​​ ​အောက်​ကလင်​့ခ်​မှာ ​ဒေါင်​းယူသွားနိုင်​ပါတယ်​ဗျား....။

အဆင်ပြေပါစေ....ဗျာ


Tuesday, May 12, 2015

Samsung Galaxy Young GT-S5360 ဖုန်းကိုင်သူတွေအတွက် 2.3.6 ကို Kitkat Custom Rom တင်မယ် (ကွန်ပျူတာမလို)


       ဒီဖုန်းတွေက သူ့ရဲ့မူရင်းနဂိုဗားရှင်းက Android 2.3.6 ပါ။
ဒါကြောင့်သူ့ကို ဗားရှင်းမြင့်တဲ့ Android 4.4.2 Kitkat ကိုတင်ကြမယ်။
ကွန်ပျူတာမလိုပါဘူး။
Root လုပ်တာက အစ ကွန်ပျူတာသုံးစရာမလိုပါဘူး။
ကဲ... လိုအပ်တဲ့ ဖိုင်တွေကိုအောက်မှာဒေါင်းလိုက်ပါ။
စုစုပေါင်း 80Mb လောက်ပဲရှိပါတယ်။

CWM.zip

CyanogenMod_2.zip

Kitkat Rom.zip

ကဲ.....အားလုံးဒေါင်းပြီးသွားရင်
ဒေါင်းလို့ရလာတဲ့ ဖိုင်တွေအားလုံးကို sd ကဒ်ထဲဘယ်ဖိုဒါထဲမှ ထည့်မထားပဲ ဒီတိုင်းအလွတ်ချထားလိုက်ပါ။
အရင်ဆုံးဖုန်းကို Root လုပ်ထားရပါမယ်။
Root လုပ်နည်းကို ဒီမှာ သွားကြည့်လိုက်ပါ။

Root လုပ်ပြီးသွားရင် CWM သွင်းပြီး Rom တင်ပါတော့မယ်။
ဖုန်းကိုပါဝါပိတ်ပြီး Recovery Mode ကိုဝင်လိုက်ပါ။
Vol Up+Home+Power ခလုတ်သုံးခုကို နည်းနည်းကြာကြာဖိထားလိုက်ပါ။ Recovery Mode ကိုရောက်သွားပါလိမ့်မယ်။
Recovery Mode ကိုရောက်ရင် Screen အလုပ်မလုပ်တော့ပါ။

- အပေါ်တက်ဖို့ Vol Up(အသံချဲ့သည့်ခလုတ်) နဲ့ အောက်ဆင်းဖို့ Vol Down(အသံတိုးသည့်ခလုတ်) နှင့်
Ok ပေးဖို့ Home(အလည်ခလုတ်) တို့ကိုသုံးရပါမယ်။

- Vol Down ခလုတ်ကိုသုံးပြီး Apply Update From Sdcard ကိုရွေးလိုက်ပါ။
Home ခလုတ်ကိုသုံးပြီး Ok ပေးလိုက်ပါ။
- ပြီးရင် CWM ကိုရွေးပြီး Ok ပေးလိုက်ပါ။
- ခနစောင့်ပေးလိုက်ပါ။
- Ok CWM သွင်းပြီးသွားပါပြီ။

- mounts and storage ဝင်လိုက်ပါ။
- mount /_____ ဖြစ်နေတာတွေကို ထောက်ပြီး Ok ပေးလိုက်ပါ။
- unmount / _____ ဖြစ်သွားရင် ရပါပြီ။
- mount / _____ ဖြစ်နေတာအားလုံးကို unmount / _____ ဖြစ်အောင်အကုန်ပြောင်းပေးလိုက်ပါ။
- ပြီးရင် ''++back+++'' ကိုထောက်ပြီးအဲ့ကနေပြန်ထွက်လိုက်ပါ။

- install zip from sd ကိုဝင်ပါ။
- choose zip from sdcard ကိုထပ်ဝင်ပါ။
- CyanogenMod_2.zip ကိုရွေးပေးလိုက်ပါ။
- Yes - install CyanogenMod_2.zip ကိုရွေးပေးပါ။
- ခနစောင့်ပေးလိုက်ပါ။

- ပြီးရင် Power ခလုတ်ကိုနှိပ်ပါ။ Home ကိုပြန်ရောက်သွားပါလိမ့်မယ်။
- advanced ကိုဝင်ပါ။
- reboot recovery ကိုနှိပ်ပါ။
- ခနစောင့်ပေးလိုက်ပါ။

- ပြီးရင် mount and storage ကိုဝင်ပါ။
- format /data ကိုဝင်ပါ။ - Yes - format ကိုရွေးပေးပါ။
- format /system ကိုဝင်ပါ။ - Yes - format ကိုရွေးပေးပါ။
- format /cache ကိုဝင်ပါ။ - Yes - format ကိုရွေးပေးပါ။
- အားလုံးပြီးရင် - ++++Go Back ++++ ကိုနှိပ်ပြီးပြန်ထွက်လိုက်ပါ။

- install zip from sdcard ကိုထပ်ဝင်ပါ။
- choose zip from sdcard ကိုဆက်ဝင်ပါ၊
- Kitkat Rom.zip ကိုရွေးပေးလိုက်ပါ။
- Yes - install Kitkat Rom.zip ကိုရွေးပေးပါ။
- ခနစောင့်ပေးလိုက်ပါ။

- ပြီးရင် - ++++ Go Back ++++ ကိုနှိပ်ပြီးပြန်ထွက်လိုက်ပါ။
- wipe data/factory reset ကိုဝင်ပါ။
- Yes - delete all user data ကိုရွေးပေးပါ။
- reboot system now ကိုနှိပ်လိုက်ပါ။
- ဖုန်းက ပါဝါပြန်တက်လာပါပြီ Boot တက်တာနည်းနည်းကြာပါတယ်။
  စောင့်ပေးလိုက်ပါ။

  ရပါပြီ Kitkat Rom နဲ့လန်းနိုင်ပါပြီ။
  အရမ်းလန်းပါတယ်။
  Setting ထဲမှာကလိစရာတွေအများကြီးပါပဲ.....
  ဝင်ကလိလိုက်ကြပါဦး......

 Ok ပြီနော် အဆင်မပြေတာရှိရင် Facebook မှာလာရောက်မေးမြန်းနိုင်ပါတယ်။
 အဆင်ပြေပါစေ
ခွန်ထက်နိုင် (ပအိုဝ်း IT လူငယ်များ)

ကျွန်တော်တို့ ပအိုဝ်း IT လူငယ်များ(Paoh IT Youth) ဘလော့နှင့် ပေ့စ်ကတင်သမျှကို Offline ဖတ်ရူ့နိုင်အောင် App လေးတစ်ခုလုပ်ပြီး Play Store မှာတင်ထားပါတယ်။
ဒေါင်းပေးကြပါဦးနော်..........
Review လေးတွေဝင်ပေးကြပါဦး အားလုံးကို ကျေးဇူးတင်ပါတယ်။ပေးထားတဲ့လင့်ကနေသွားရောက်ဒေါင်းယူပေးကြပါနော်.......
https://play.google.com/store/apps/details?id=com.paoh.it.youth

တင်သမျှ Facebook ပေါ်ကဖတ်ဖို့ ပအိုဝ်း IT လူငယ်များပေ့စ်ကို Like လုပ်ထားပေးပါ။

အောက်ကနေရာတွေမှာလည်း လာရောက်အကူညီတောင်းယူနိုင်ပါတယ်။
သိသမျှ တတ်သမျှလည်း မျှဝေနိုင်ပါတယ်။

နည်းပညာအကြောင်းတွေမေးမြန်းဖြေဆိုမျှဝေကြဖို့ ပအိုဝ်း IT လူငယ်များ Group ကို Join ထားပေးပါ။

Unicode အသုံးပြုချင်သူများနှင့်အသုံးပြုနေသူများ
Myanmar Unicode Area နှင့်
Myanmar PaOh Unicode Area ကို
Join ထားလိုက်ပါ။

Monday, May 11, 2015

Samsung Galaxy Ace 4 SM-G313M Firmware တင်နည်း

 

Samsung Galaxy Ace 4 SM-G313M ကိုင်ဆောင်သူတွေအတွက် Firmware လေးတင်ပေးလိုက်ပါတယ်။
တင်နည်းကတော့ အားလုံးသိကြတဲ့အတိုင်း Odin နဲ့တင်ရတာပါ။
USB Driver မသွင်းထားရသေးရင် ဒီမှာ သွားဒေါင်းပြီး သွင်းထားလိုက်ပါ။
ကဲ.... အောက်မှာ Firmware နဲ့ Odin ကိုဒေါင်းလိုက်ပါ။

SM-G313M.zip

Odin_3.9

ကဲ...ဒေါင်းပြီးသွားရင် တင်နည်းမသိသေးသူတွေ ဒီမှာ သွားလေ့လာလိုက်ပါ။
ပုံနဲ့တကွအသေးစိတ်ရှင်းပြပေးထားပါတယ်။



Ok ပြီနော် အဆင်မပြေတာရှိရင် Facebook မှာလာရောက်မေးမြန်းနိုင်ပါတယ်။
 အဆင်ပြေပါစေ
ခွန်ထက်နိုင် (ပအိုဝ်း IT လူငယ်များ)

ကျွန်တော်တို့ ပအိုဝ်း IT လူငယ်များ(Paoh IT Youth) ဘလော့နှင့် ပေ့စ်ကတင်သမျှကို Offline ဖတ်ရူ့နိုင်အောင် App လေးတစ်ခုလုပ်ပြီး Play Store မှာတင်ထားပါတယ်။
ဒေါင်းပေးကြပါဦးနော်..........
Review လေးတွေဝင်ပေးကြပါဦး အားလုံးကို ကျေးဇူးတင်ပါတယ်။ပေးထားတဲ့လင့်ကနေသွားရောက်ဒေါင်းယူပေးကြပါနော်.......
https://play.google.com/store/apps/details?id=com.paoh.it.youth

တင်သမျှ Facebook ပေါ်ကဖတ်ဖို့ ပအိုဝ်း IT လူငယ်များပေ့စ်ကို Like လုပ်ထားပေးပါ။

အောက်ကနေရာတွေမှာလည်း လာရောက်အကူညီတောင်းယူနိုင်ပါတယ်။
သိသမျှ တတ်သမျှလည်း မျှဝေနိုင်ပါတယ်။

နည်းပညာအကြောင်းတွေမေးမြန်းဖြေဆိုမျှဝေကြဖို့ ပအိုဝ်း IT လူငယ်များ Group ကို Join ထားပေးပါ။

Unicode အသုံးပြုချင်သူများနှင့်အသုံးပြုနေသူများ
Myanmar Unicode Area နှင့်
Myanmar PaOh Unicode Area ကို
Join ထားလိုက်ပါ။

Sunday, May 10, 2015

★ Samsung Galaxy Young GT-S5360 ကိုကွန်ပျူတာမလို Recovery Mode ကနေ Root ဖောက်မယ် ★

  

     Android Version 2.3.6 နဲ့ GT-S5360 ကို ကွန်ပျူတာမလို
Recovery Mode ကနေ Root ဖောက်ကြမယ်။
ဒီဖုန်းတွေက လူသုံးနည်းသွားပြီဆိုပေမယ့် တောင်းထားတဲ့သူတွေရှိတဲ့အတွက်တင်ပေးလိုက်ပါတယ်။
ကဲ...အောက်မှာ Root zip ဖိုင်လေးကိုဒေါင်းလိုက်ပါ။

GT-S5360 Root.zip

ဒေါင်းလို့ရလာတဲ့ ဖိုင်ကို sd ကဒ်ထဲဘယ်ဖိုဒါထဲမှ ထည့်မထားပဲ ဒီတိုင်းအလွတ်ချထားလိုက်ပါ။
ဖုန်းကိုပါဝါပိတ်ပြီး Recovery Mode ကိုဝင်လိုက်ပါ။
Vol Up+Home+Power ခလုတ်သုံးခုကို နည်းနည်းကြာကြာဖိထားလိုက်ပါ။ Recovery Mode ကိုရောက်သွားပါလိမ့်မယ်။
Recovery Mode ကိုရောက်ရင် Screen အလုပ်မလုပ်တော့ပါ။

- အပေါ်တက်ဖို့ Vol Up(အသံချဲ့သည့်ခလုတ်) နဲ့ အောက်ဆင်းဖို့ Vol Down(အသံတိုးသည့်ခလုတ်) နှင့်
Ok ပေးဖို့ Home(အလည်ခလုတ်) တို့ကိုသုံးရပါမယ်။

- Vol Down ခလုတ်ကိုသုံးပြီး Apply Update From Sdcard ကိုရွေးလိုက်ပါ။
Home ခလုတ်ကိုသုံးပြီး Ok ပေးလိုက်ပါ။
- ပြီးရင် GT-S5360 Root,zip ကိုရွေးပြီး Ok ပေးလိုက်ပါ။
- ခနစောင့်ပေးလိုက်ပါ။
- Ok ပါပြီ reboot system row ကိုနှိပ်လိုက်ပါ။
- ဖုန်းကပါဝါပြန်တက်လာပြီ Boot တက်နည်းနည်းကြာပါတယ်။
- ခနစောင့်ပေးလိုက်ပါ။
- ပါဝါပွင့်လာရင် App တွေထဲမှာ Superuser ဆိုတဲ့ App ရောက်နေပါပြီ။
- သင့်ဖုန်းက Root ပေါက်သွားပါပြီ....
- ကဲ...ကလိချင်တာ ကလိကြပေတော့......

Ok ပြီနော် အဆင်မပြေတာရှိရင် Facebook မှာလာရောက်မေးမြန်းနိုင်ပါတယ်။

အဆင်ပြေပါစေ ခွန်ထက်နိုင် (ပအိုဝ်း IT လူငယ်များ)

ကျွန်တော်တို့ ပအိုဝ်း IT လူငယ်များ(Paoh IT Youth) ဘလော့နှင့် ပေ့စ်ကတင်သမျှကို Offline ဖတ်ရူ့နိုင်အောင် App လေးတစ်ခုလုပ်ပြီး Play Store မှာတင်ထားပါတယ်။
ဒေါင်းပေးကြပါဦးနော်..........
Review လေးတွေဝင်ပေးကြပါဦး အားလုံးကို ကျေးဇူးတင်ပါတယ်။ပေးထားတဲ့လင့်ကနေသွားရောက်ဒေါင်းယူပေးကြပါနော်.......
https://play.google.com/store/apps/details?id=com.paoh.it.youth

တင်သမျှ Facebook ပေါ်ကဖတ်ဖို့ ပအိုဝ်း IT လူငယ်များပေ့စ်ကို Like လုပ်ထားပေးပါ။

အောက်ကနေရာတွေမှာလည်း လာရောက်အကူညီတောင်းယူနိုင်ပါတယ်။
သိသမျှ တတ်သမျှလည်း မျှဝေနိုင်ပါတယ်။

နည်းပညာအကြောင်းတွေမေးမြန်းဖြေဆိုမျှဝေကြဖို့ ပအိုဝ်း IT လူငယ်များ Group ကို Join ထားပေးပါ။

Unicode အသုံးပြုချင်သူများနှင့်အသုံးပြုနေသူများ
Myanmar Unicode Area နှင့်
Myanmar PaOh Unicode Area ကို
Join ထားလိုက်ပါ။ 

 

Copyright @ 2014-2015 ပအိုဝ်း IT လူငယ်များ.

Designed by Templateism | Edited By Khun Htetz Naing | PaOh IT Youth