Saturday, July 4, 2015

Android ဖုန်းဖြင့် Zip ဖိုင်များဖြည့်နည်း/ ဖြည်နည်း


    Android ဖုန်းတွေမှာ အလွယ်တကူ Zip ဖိုင်များ ဖြည့်/ဖြည်နည်းလေးကိုတင်ပေးလိုက်ပါတယ်။
တော်တော်များများလုပ်တတ်ကြမယ်လို့ထင်ပါတယ်.....
မသိသေးသူတွေအတွက်ရည်ရွယ်ပြီးပုံနဲ့တကွရှင်းပြပေးထားပါတယ်။
Zip ဖိုင်ဖြည့်/ဖြည်နည်းကို အင်တာနက်သုံးသူတိုင်းသိထားသင့်ပါတယ်။
တချို့ကျွန်တော်တို့ အင်တာနက်ကဖိုင်တစ်ခုကို ဒေါင်းလိုက်တယ် ဆိုပါစို့.....
အဲ့ဒီဖိုင်ကို တင်တဲ့သူက apk ဖြစ်ဖြစ် တခြားသီချင်းတွေဘာညာအားလုံးပေါ့ ဖိုင်ဆိုဒ်သေးအောင် Zip ချုံ့ပြီးတင်ပေးတတ်ပါတယ်။
အချို့ကသီချင်းတွေဆိုရင် တခါတည်းအခွေလိုက်ဒေါင်းနိုင်အောင် Zip ဖိုင်ပြုလုပ်ပြီးတင်ကြပါတယ်။
ဒီတော့ကျွန်တော်တို့က ဒေါင်းလို့ရလာပါပြီ.... ဒါပေမယ့်ဒီတိုင်းတန်းဖွင့်လို့မရပါဘူး....
သူက Zip ချုံ့ထားတဲ့အတွက်ကြောင့်တန်းဖွင့်လို့မရတာပါ။
တချို့မသိတဲ့သူတွေ ဖွင့်လို့မရဘူးဆိုပြီး တခါတည်းဖျက်ပစ်တာတွေရှိပါတယ်။
တချို့က အစ်ကိုတင်တဲ့ဖိုင်ကဖွင့်မရဘူး ဆိုပြီးလာအော်တဲ့သူတွေလည်းရှိပါတယ်။
Zip ဖိုင်ဖြည်လိုက်မှ အထဲက သီချင်းဖြစ်ဖြစ် apk ဖြစ်ဖြစ်ထွက်လာမှာပါ။
တချို့ Recovery ကနေဝင် Flash ရမယ့်ဖိုင်မျိုးကိုတော့ ဖြည်စရာမလိုဘူးနော်......
18 Mb လောက်ရှိတဲ့ apk ကို zip ချုံ့လိုက်ရင် 10 Mb လောက်ပဲကျန်ပါတော့တယ်။
ဒါဆိုကဒ်ထဲသိမ်းထားရင်လည်း နေရာလွတ်ပိုရတာပေါ့.....
Dropbox, Pcloud, Mediafire ဆိုက်တွေမှာတင်ထားရင်လည်း နေရာပိုရပါတယ်။
Install လုပ်လို့မရတဲ့ apk တွေကို zip ချုံ့ပြီး Recovery Mode ကနေဝင် Flash ပေးရင်ရသွားတာတွေရှိပါတယ်။

ကဲ.....စမယ်

ES File Explorere ကိုသုံးမှာဖြစ်တဲ့အတွက် ES File Explorer ကိုဒေါင်းလိုက်ပါ။



ကဲအောက်မှာပုံတွေဆက်ကြည့်လိုက်တော့နော်......
အရင်ဦးဆုံးကျွန်တော် Zip ဖိုင်တစ်ခုအရင်လုပ်ပြပါမယ်။
ဒေါင်းလို့ရလာတဲ့ ES File Explorer ကိုဖွင့်လိုက်ပါ....


Zip ဖိုင်လုပ်မယ့် apk သို့မဟုတ် အခြားဖိုင်တစ်ခုခုကိုသုံးစက္ကန့်ခန့်ဖိထားလိုက်ပါ။
ကျွန်တော်ပုံမှာ Mobile Uncle Tool.apk ကို Zip ဖိုင်လုပ်ပြမလို့ပါ။


အောက်ကပုံလို အမှန်ခြစ်လေးတပ်သွားပြီဆိုရင် ဒေါင်လိုက်အစက်သုံးစက်နဲ့ More ကိုနှိပ်ပါ။


ပြီးရင် Compress ကိုနှိပ်ပါ။


အောက်ပုံကိုဆက်ကြည့်ပါ......
အနီရောင်ဝိုင်ပြထားတဲ့နေရာမှာ ထွက်လာမယ့် Zip ကိုနာမည်ပေးဖို့ပါ။ မပေးချင်ရင် ဒီတိုင်းပဲထားလိုက်ပါ။
ကျွန်တော်လည်း ဒီတိုင်းပဲထားလိုက်ပါတယ်။
ပြီးရင် အစိမ်းရောင်နဲ့ဝိုင်းပြထားတဲ့ Zip ကိုရွေးပေးပါ။ ရွေးပြီးသားဆို ထပ်ရွေးရန်မလိုပါ။
ကိုယ့်ရဲ့ Zip ဖိုင်ကို Password ခံထားချင်ရင် အဝါရောင်ဝိုင်းပြထားတဲ့ နေရာမှာ ကိုယ်ပေးချင်တဲ့ Password ကိုထည့်ရေးနိုင်ပါတယ်။ Password ပေးထားရင် zip ဖိုင်ကို ဖွင့်တဲ့အခါ Password တောင်းပါလိမ့်မယ်။
မပေးချင်ရင် ဒီတိုင်းထားနိုင်ပါတယ်။
ကျွန်တော်ကတော့ မပေးပါဘူး။
ဒီတိုင်းပဲထားလိုက်ပါတယ်။
အားလုံးရွေးပြီးရင် အပြာရောင်ဝိုင်းထားတဲ့ OK ကိုနှိပ်လိုက်ပါ။
ပြီးရင်ခဏစောင့်ပေးလိုက်ပါ။
ကိုယ့်ရဲ့ဖိုင်ဆိုဒ်အပေါ်မူတည်ပြီး ကြာရင်ကြာပါတယ်။
စောင့်ပေးလိုက်ပါ။



ပြီးသွားရင် အောက်ကပုံလို zip ဖိုင်လေးရလာပါပြီ။
OK နော်.....
အဲ့ဒီ zip ဖိုင်ကို ဘယ်လိုပြန်ဖြည်မလဲ အောက်ကိုဆက်ကြည့်ပါ။


ဖြည်မယ့် zip ဖိုင်ကိုသုံးစက္ကန့်လောက်ဖိထားပါ။
အောက်ကပုံထဲကလို အမှန်ခြစ်တပ်ပြီးဆိုရင်
ဒေါင်လိုက်အစက်သုံးစက်နဲ့ More ကိုနှိပ်ပါ။


ပြီးရင် Extract to ကိုနှိပ်ပါ။


ကိုယ်ဖြည်မယ့် zip ဖိုင်ထဲက ထွက်လာမယ့်ဖိုင်ကို ဒီနေရာမှာပဲ ပြန်ထားမယ်ဆိုရင်
အောက်ကပုံလို Current path ကိုရွေးပြီး OK ကိုနှိပ်ပါ။
အခြားဖိုဒါတစ်ခုခုမှာ သိမ်းထားမယ်ဆိုရင်တော့ အောက်ကိုဆက်ကြည့်ပါ။


ကိုယ်ဖြည်မယ့် zip ဖိုင်ထဲက ထွက်လာမယ့်ဖိုင်ကို အခြားဖိုဒါတစ်ခုခုမှာ ပြောင်းထားမယ်ဆိုရင်
Choose path ကိုရွေးလိုက်ပါ။
အောက်ကပုံလို နေရာကိုရွေးဖို့ Buttom တစ်ခုထွက်လာပါလိမ့်မယ်။
နှိပ်ပြီးအောက်ပုံကို ဆက်ကြည့်ပါ။


ကိုယ်ထားချင်တဲ့ ဖိုဒါကိုရွေးပြီး OK ကိုနှိပ်ပါ။
ကျွန်တော်ကတော့ Apk ကိုရွေးလိုက်ပါတယ်။


ပြီးရင် OK ပေါ့.....
ခဏစောင့်ပေးလိုက်ပါ။
ကိုယ်ဖြည်တဲ့ ဖိုင်ဆိုဒ်အသေးအကြီးပေါ်မူတည်ပြီး စောင့်ပေးရပါမယ်။


OK ပြီနော်....
အားလုံးလုပ်တတ်ကြပြီ ထင်ပါတယ်။
လိုအပ်တာများရှိသေးရင် အောက်မှာ Cooment ပေးခဲ့ပါ။


အိုဝ်း IT လူငယ်များ
ကျွန်တော်တို့ ပအိုဝ်း IT လူငယ်များ(Paoh IT Youth) ဘလော့နှင့် ပေ့စ်ကတင်သမျှကို Offline ဖတ်ရူ့နိုင်အောင်
App လုပ်ပြီး Play Store မှာတင်ထားပါတယ်။
ဒေါင်းပေးကြပါဦးနော်..........
Review လေးတွေဝင်ပေးကြပါဦး အားလုံးကို ကျေးဇူးတင်ပါတယ်။ပေးထားတဲ့လင့်ကနေသွားရောက်ဒေါင်းယူပေးကြပါနော်.......
Unicode အသုံးပြုချင်သူများနှင့်အသုံးပြုနေသူများ 


နှင့် 

Myanmar PaOh Unicode Area  ကို Join ထားလိုက်ပါ။

Admin

ဒီဂျစ်တယ်ခေတ်တွင် နိုင်ငံတကာသုံး စံနှုန်းများအဆင့်မှီသော မြန်မာယူနီကုဒ်ကို သုံးစွဲခြင်းဖြင့် ဘာသာစကားများကို ထိန်းသိမ်းကာကွယ်ပါ။

0 comments:

Post a Comment

 

Copyright @ 2014-2015 ပအိုဝ်း IT လူငယ်များ.

Designed by Templateism | Edited By Khun Htetz Naing | PaOh IT Youth