Friday, July 3, 2015

#Root Galaxy Grand Prime SM-G530H Android 4.4.4


    Galaxy  Grand Prime SM-G530H Android 4.4.4 ကို Root ဖောက်ချင်သူတွေအတွက်တင်ပေးလိုက်ပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် #Root ဖောက်ချင်သူတွေအဆင်ပြေအောင် ပုံနဲ့တကွရှင်းပြပေးလိုက်ပါတယ်။
အရင်ဦးဆုံး ကွန်ပျူတာမှာ Samsung Kies 3 နဲ့ SM-G530H အတွက်
USB Driver ကိုသွင်းထားရမှာပါ။
ရှိပြီးသားသွင်းပြီးသားဆိုရင်တော့ ထပ်ဒေါင်းစရာမလိုပါ >>>>

CF-Auto-Root-fortuna3g-fortuna3gxx-smg530h.tar >>><<< Download

ဒေါင်းလို့ရတာတဲ့ Samsung Kies 3 နဲ့ USB Driver ကိုအရင်သွင်းလိုက်ပါ။
Odin_v3.10.6 နဲ့ CF-Auto-Root-fortuna3g-fortuna3gxx-smg530h.tar.zip ဖိုင်ကိုဖြေလိုက်ပါ။
အောက်ကပုံအတိုင်းဆက်ကြည့်သွားပါ.......

1. ဖုန်းကို Root လုပ်တော့မယ်ဆိုရင် ဖုန်းရဲ့ Setting > Security >
Unknown Sources ကိုအမှန်ခြစ်ပေးဖို့လိုပါတယ်။


2. USB Debuggin Mode ကိုလည်း On ထားပေးဖို့လိုပါတယ်။
ပုံမှန်အားဖြင့် 4.2.2 အထက်တွေဆိုရင်တော့ Samsung Device မှန်ရင်
Setting > Developer Options > USB Debugging ကို On ပေးလိုက်ပါ OK ဆိုရင် ရပါပြီ။
Setting ထဲမှာ Developer Options ကိုမတွေ့ရင်
Setting > About Device ကိုဝင်ပြီး Build Number ကို လေးငါးချက်လောက် ခပ်မြန်မြန်ခေါက်ပေးလိုက်ပါ။


 3. Back Key တစ်ချက်နှိပ်ပြီးပြန်ထွက်လိုက်ပြီး Developer Options ကိုဝင်ပါ။
အောက်ကပုံအတိုင်း USB Debugging ကို အမှန်ခြစ်တပ်ပေးလိုက်ပါ။
 

4. ပြီးရင် Odin 3.10 ကိုဖွင့်လိုက်ပါ။
အောက်ပါပုံအတိုင်း AP ကိုနှိပ်ပါ။
 
 
5. AP ကိုနှိပ်လိုက်ရင် Windows တစ်ခုတက်လာပါလိမ့်မယ်။
အဲ့ကနေပြီးတော့ ခုနကဖြေထားတဲ့
CF-Auto-Root-fortuna3g-fortuna3gxx-smg530h.tar သိမ်းထားတဲ့နေရာကိုသွားလိုက်ပါ။
တွေ့ရင်အောက်ပါပုံအတိုင်းရွေးပေးလိုက်ပါ။







6. ဖုန်းကို ပါဝါပိတ်ပြီး Download Mode သို့ဝင်လိုက်ပါ။
Download Mode မဝင်တတ်ရင် အောက်ကပုံလို Vol Down+Home+Power ခလုတ်သုံးခုကိုပြိုင်တူနည်းနည်းကြာကြာဖိထားလိုက်ပါ။


အောက်ပါပုံအတိုင်းပေါ်လာရင် Vol Up ကိုနှိပ်ပါ။
 
 
အောက်ပါပုံအတိုင်းပေါ်လာရင် Download Mode  ကိုရောက်သွားပါပြီ။     
                                      
7. ကွန်ပျုတာနဲ့ဖုန်းကို USB ကြိုးသုံးပြီးချိတ်ဆက်လိုက်ပါ။
ဖုန်းကိုကွန်ပျုတာကသိပြီဆိုရင်နံပါတ် 1 ကလိုအပြာရောင်သန်သွားပါလိမ့်မယ်။
Start ကိုနှိပ်လိုက်ပါ။
ပြီးရင်ခနစောင့်ပေးလိုက်ပါ။
 
အစိမ်းရောင်အကွက်နဲ့ Pass or Reset လို့ပြရင် Ok ပါပြီ။
ဖုန်းက Auto Reboot ကျသွားပါလိမ့်မယ်။



 ပြန်တက်လာရင်အောက်ကပုံအတိုင်း SuperSu လေးရောက်နေပါပြီ......
ကဲ....လုပ်ချင်ရာလုပ် ကလိချင်ရာကလိပေတော့.......


အဆင်ပြေပါစေ
 


ပအိုဝ်း IT လူငယ်များ
 
ကျွန်တော်တို့ ပအိုဝ်း IT လူငယ်များ(Paoh IT Youth) ဘလော့နှင့် ပေ့စ်ကတင်သမျှကို Offline ဖတ်ရူ့နိုင်အောင်
App လုပ်ပြီး Play Store မှာတင်ထားပါတယ်။
ဒေါင်းပေးကြပါဦးနော်..........
Review လေးတွေဝင်ပေးကြပါဦး အားလုံးကို ကျေးဇူးတင်ပါတယ်။ပေးထားတဲ့လင့်ကနေသွားရောက်ဒေါင်းယူပေးကြပါနော်.......
 
 
 
Unicode အသုံးပြုချင်သူများနှင့်အသုံးပြုနေသူများ 
နှင့် 
Myanmar PaOh Unicode Area  ကို Join ထားလိုက်ပါ။

Admin

ဒီဂျစ်တယ်ခေတ်တွင် နိုင်ငံတကာသုံး စံနှုန်းများအဆင့်မှီသော မြန်မာယူနီကုဒ်ကို သုံးစွဲခြင်းဖြင့် ဘာသာစကားများကို ထိန်းသိမ်းကာကွယ်ပါ။

0 comments:

Post a Comment

 

Copyright @ 2014-2015 ပအိုဝ်း IT လူငယ်များ.

Designed by Templateism | Edited By Khun Htetz Naing | PaOh IT Youth