Thursday, July 2, 2015

China Clone ဖုန်းများ Firmware ရှာခြင်း နှင့် Firmware ရှာရခက်သောဖုန်းများ Firmware ရှာနည်း



   China Clone တွေလို့ ခေါ်တဲ့ တရုတ် Handset တွေ Firmware ကျသွားရင် ပြန်ရှာနည်းလေးပြောပြပေးလိုက်ပါတယ်။
အခြားဖုန်းတွေကိုလည်း ဒီနည်းအတိုင်းရှာနိုင်ပါတယ်။
Firmware ရှာရခက်တဲ့ဖုန်းတွေအတွက်တော့ တော်တော်အသုံးဝင်စေမယ့်နည်းလေးပါ။
အားလုံးပြန်ရနိုင်တယ်လို့လည်း ကျွန်တော်အာမ မခံပါဘူး။
ဘာလို့လဲဆိုတော့ ခုနည်းက ကျွန်တော်ကိုယ်တိုင် ရှာကြည့်လို့အဆင်ပြေတဲ့နည်းဆိုပေမယ့်
တချို့ဖုန်းတွေ မတွေ့နိုင်တာမျိုးလည်းရှိနိုင်ပါတယ်။

မိမိဖုန်းကအကြောင်းအမျိုးမျိုးနဲ့ Firmware ကျသွားတဲ့ဖုန်းဟာ လူသုံးများတဲ့ဖုန်း နာမည်ကြီးတဲ့ Model ဆိုရင်တော့
အင်တာနက်မှာ Firmware ပြန်ရှာလို့လွယ်ပေမယ့် China Clone လို့ခေါ်တဲ့ တရုတ်ကလာတဲ့ ဖုန်းတွေကတော့
Firmware ပြန်ရှာလို့ခက်တာ ကြုံဖူးကြမှာပါ။
မကြုံဖူးသေးရင်လည်း ကြုံလာခဲ့ရင်ဖြေရှင်းနိုင်အောင် ဒီပို့စ်ကိုအဆုံးထိဖတ်သွားလိုက်ပါ။
ဒီဖုန်းတွေတော်တော်များများက မြန်မာနိုင်ငံမှာပဲများပါတယ်။
အခြားနိုင်ငံတွေမှာလည်းရှိပေမယ့် နည်းပါတယ်။
စျေးပေါပေါနဲ့လက်ပွတ်လို့ရတယ် ဖုန်းဆက်လို့ရတယ် အင်တာနက်ဆိုတာလေးလဲသုံးလို့ရတယ်ဆိုတော့
တော်တော်များများက မျက်စိကျပြီးကိုင်ကြမှာသေချာပါတယ်။
အချို့ကလည်း ငွေကြေးကြောင့်ကိုင်တဲ့သူတွေလည်းရှိပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ်ဖုန်းဆိုတာ အသုံးပြုနေရင် ပျက်တက်တာပဲလေ။
အကြောင်းအမျိုးမျိုးကြောင့် ဖုန်းက logo မှာရက်နေတယ် Firmware ရေးရမယ့်အနေ အထားတစ်ခုဆို
ဆိုင်သွားရင် 8000,10000 ပေးရမယ်။
အဲ့ဒီလိုဆိုင်မသွားချင်သူတွေရှိမှာပဲလေ....
အဲ့ဒီလိုကြုံလာခဲ့ရင်အရင်ဆုံး Factory data reset ချကြည်ပါ။
အဆင်မပြေရင် Firmware ပြန်တင်ရတော့မှာပါ။
အင်တာနက်မှာ မိမိရဲ့ဖုန်း Model ဗားရှင်းအလိုက်ရိုက်ပြီး Firmware ကြည့်ပါ။
China Clone ဖြစ်လို့ရှာလို့မတွေခဲ့ရင် ကျွန်တော်ပြတဲ့နည်းနဲ့ရှာကြည့်ပါ။
တခြားဖုန်းတွေလည်းမတွေခဲ့ရင် ဒီနည်းသုံးနိုင်ပါတယ်။
တစ်ကယ်လို့ အမှားပါတယ် ဆိုရင်တော့ ကျွန်တော်ကို ခွင့်လွှတ်ပေးပါ။
ဘာကြောင့်လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်လဲ ခုမှနည်းပညာအကြောင်းကိုစတင် လေ့လာနေသူတစ်ယောက်ဖြစ်လို့ပါ။


အခု နမူနာ ပြပေးမယ့်ဖုန်းက i9100 China Clone ဖုန်းပါ။
ပုံမှန် Service မလုပ်တဲ့လူမျိုး ၊ နည်းပညာ နယ်ပယ်ကို အခုမှ လေ့လာတဲ့ သူတွေဆို ဒီဖုန်းက ဘယ်လို
Factory ချမှာလဲဆိုတာတောင်မသိပါဘူး။
ဘာကြောင့်လဲ့ဆိုတော့ ပုံမှန်ဆိုရင်ကျွန်တော်တို့ဖုန်းတွေ Recovery Mode ဝင်မယ်ဆို
Volume Up [or] Vol Down + Power ကို 10 စက္ကန့်လောက် ဖိထားရင် Recovery Mode ဝင်သွားပါတယ်။
ချွင်းချက် အနေနဲ့တော့  Home Key (အလယ်ခလုတ်) ပါတဲ့ ဖုန်းတွေဆိုရင်တော့ Home Key ကိုပါတွဲနှိပ်ပေးရပါတယ်။
( Samsung ဖုန်းများတွင်ပါသော Home Key (အလယ်ခလုတ်) ပါသောဖုန်းမျိုး )
ခုကျွန်တော်စမ်းသက်ပြမယ့်ဖုန်းမှာဆိုရင် ပုံမှန်ပါနေကျ Recovery Mode မပါပါဘူး။
Factory Mode ပဲပါတတ်ပါတယ်။
China Clone ဖုန်းတော်တော်များများဟာ အဲ့လို Factory Mode ပဲပါတက်ပါတယ်။
အဲ့တာဆို ဘယ်လို Reset မေးလာနိုင်ပါတယ်။
ကဲအောက်ကဖုန်းပုံစံလေးကို ဆက်ကြည့်လိုက်ကြပါဦး......








Factory Mode မှာဘာတွေပါလဲ လေ့လာကြည့်တဲ့အခါ
1 . Full Test
2 . Item Test
3 . Test Report
4 . Clear Flash
5 . Version
6 . Reboot ဆိုပြီးတော့ ပါပါတယ်။

Factory Reset ချချင်တယ်ဆိုရင်တော့ နံပါတ် 4 က Clear Flash ဆိုတာကိုရွေးပါ။
Clear Flash ဆိုတာ Factory Data Reset နဲ့လုပ်ဆောင်ပုံ အတူတူပါပဲ။
သူကလဲပြောမယ်ဆိုရင် Memory ic (or) EMMC ဆိုတဲ့  IC ထဲကနေ USER Data တွေကို ဖျက်ပေးတာပါပဲ။
အဲ့တာကြောင့် Factory Reset ဆိုတာမပါရင်လဲ တစ်ခြားတစ်ခုခု ကိုတွေ့နိုင်ပါတယ်။

Factory  reset လဲချကြည့်တယ် မရဘူးဆိုရင်တော့
firmware ရေးရမယ့် အနေအထားရောက်လာပါပြီ။
အဲ့တာဆိုရင်တော့ နံပါတ် 5 ဖြစ်တဲ့ version ဆိုတာလိုလာပါပြီ။
Version ဆိုတဲ့ထဲကို power ခလုပ်နှိပ်လိုက်ရင် ဝင်သွားပါလိမ့်မယ်။
အဲ့ထဲမှာဘာတွေပါလဲဆိုရင် Phone ကိုအသုံးပြုထားတဲ့ CPU , imei , Model version,barcode , Uboot Version
Kernel Version ,Android version ,SW Version,Custom Version တွေပါလာပါလိမ့်မယ်။
အဲ့ထဲမှာ အဓိက လိုတာကတော့ SW Version ပါ။
အဲ့တာက ဘာလဲဆိုတော့ ကျွန်တော်တို့ရှာရမယ့် Firmware ပါ။
ဘယ်လိုရှာမလဲ မခက်ပါဘူး။
Coumputer ကိုအခြေခံ သိရုံနဲ့ ရှာလို့ရပါတယ်။
မသိရင်တောင် အင်တာနက်သုံးတတ်ရုံနဲ့ရပါပြီ။

ကွန်ပျူတာက အင်တာနက်ဘရောက်ဆာ တစ်ခုခုကိုဝင်လိုက်ပါ။
Search Box ကနေ ခုနကပြောတဲ့ SW Version ကစာတွေကို
မမှားအောင်သေချာကြည့်ပြီး ရိုက်ထည့်ပါ.....
ကိုယ်ရိုက်ထည့်တဲ့ စာရဲ့နောက်မှာ Rom or Firmware ထည့်ရိုက်ပါ....


ကျလာတဲ့ Web Page တွေထဲမှာ အဆင်ပြေတာ တစ်ခုခုကိုဝင်လိုက်ပါ။
မပြေရင် ပြန်ထွက်ပြီး နောက်တစ်ခုဝင်ရှာပါ.....
ကျွန်တော်ရှာတဲ့ကောင်ကတော့ တွေ့ပါပြီ.....

ကျွန်တော်ရှာတဲ့ကောင်ရဲ့ ဒေါင်းရမယ့်နေရာပါ.....
မိတ်ဆွေတို့လည်းရှာလို့တွေ့ရင် ဒေါင်းပါ......


ဒေါင်းလို့ရလာတဲ့ ဖိုင်ကိုဖြည်ပါ။
ပြီးရင်သက်ဆိုင်ရာ Tool နဲ့ Firmware တင်ပါ။
ကျွန်တော်ရှာတဲ့ဖုန်းက SP Flash Tool နဲ့တင်ရမည့်ဖုန်းပါ။
SP Flash Tool နဲ့တင်နည်းကို ဒီမှာ သွားကြည့်လိုက်ပါ။
အသေးစိတ်ပုံနဲ့ရှင်းပြပေးထားပါတယ်......

နောက်တစ်နည်းက တရုတ်လုပ် Clone ဖုန်းလေးတွေ အမည်းအမျိုးမျိုးနဲ့ ထုတ်လုပ်ကြပြီးရောင်းချနေပါတယ်။
အဲ့ဒီထဲကမှ သုံးတဲ့သူတွေအတွက်Logo မှာရပ်ရင် ပူစရာမလိုပဲ
လွယ်လွယ်ကူကူ Firmware ပြန်ရှာတင်လို့ ရသလို အမည်မရှိတဲ့ တစ်ချို့ဖုန်းတွေကတော့
Firmware ရှာမရဘဲ ပစ်ထုတ်လိုက်ရတာတွေ ရှိပါတယ်။
အရင်ဆုံး သင့် လက်ထဲ ဘာဖုန်းဖြစ်ဖြစ် Firmware တင်ဖို့ရောက်လာရင်
အရင်ဆုံး သူအမည်မော်ဒယ်နံပါတ်နဲ့ လိုက်ရှာကြည့်ပါ Rom Or Firmware ရှာမတွေ့ခဲ့ပါက
အပေါ်ကပြောခဲ့တဲ့နည်းနဲ့ရှာကြည့်ပါ။
အဆင်မပြေရင်အပေါ်ခြမ်းခွာထုတ်လိုက်ပြီး
မာသာဘုတ်အမျိုးစာ နံပါတ်နဲ့ ရှာပါ ဒါဆို အလွယ် တစ်ကူ ရှာတွေ့မှာပါ


ဒီနည်းနဲ့ မိမိလိုအပ်တဲ့ Firmware များရှာဖွေနိုင်လိမ်မယ်လို့မျော်လင့်ပါတယ်>>>>


  အဆင်ပြေပါစေ
 

ပအိုဝ်း IT လူငယ်များ
ကျွန်တော်တို့ ပအိုဝ်း IT လူငယ်များ(Paoh IT Youth) ဘလော့နှင့် ပေ့စ်ကတင်သမျှကို Offline ဖတ်ရူ့နိုင်အောင်
App လုပ်ပြီး Play Store မှာတင်ထားပါတယ်။
ဒေါင်းပေးကြပါဦးနော်..........
Review လေးတွေဝင်ပေးကြပါဦး အားလုံးကို ကျေးဇူးတင်ပါတယ်။ပေးထားတဲ့လင့်ကနေသွားရောက်ဒေါင်းယူပေးကြပါနော်.......
Unicode အသုံးပြုချင်သူများနှင့်အသုံးပြုနေသူများ 
နှင့် 
Myanmar PaOh Unicode Area  ကို Join ထားလိုက်ပါ။



Admin

ဒီဂျစ်တယ်ခေတ်တွင် နိုင်ငံတကာသုံး စံနှုန်းများအဆင့်မှီသော မြန်မာယူနီကုဒ်ကို သုံးစွဲခြင်းဖြင့် ဘာသာစကားများကို ထိန်းသိမ်းကာကွယ်ပါ။

1 comments:

  1. ဗို​ဒါ​ဖုန်း V785 က fware ရှာ​နေ​တာ မ​ရ​ဘူး ဖြစ်​နေ​တယ်။ တွေ့​တဲ့ တစ်​ခု​က​လည်း ....rar archive ဖိုင် - ၁ GB ရှိ​ပြီး update.zip ပြောင်း​ပြီး တင်​ကြည့်​တာ အင်တော်​လေး​ရှင်း အာ​ဗော့​တက် ဆို​ပြီး​ကျ​သွား​တယ်။

    ကူညီ​ပါ​ဦး။
    ခွန်​ထူး

    ReplyDelete

 

Copyright @ 2014-2015 ပအိုဝ်း IT လူငယ်များ.

Designed by Templateism | Edited By Khun Htetz Naing | PaOh IT Youth