Wednesday, July 29, 2015

★ PayPal အကောင့်ဖွင့်နည်းနှင့် Verify ဖြစ်အောင်လုပ်နည်း ★



    PayPal ဆိုတာ အွန်လိုင်းကနေစျေးဝယ်၊ စျေးရောင်းလုပ်ပြီးတော့ ငွေပေးချေတာ၊ ငွေလက်ခံတာ၊
ငွေလွဲငွေပို့တာတွေကို အဆင်ပြေပြေနဲ့ လုပ်ဆောင်နိုင်အောင် ကြားခံဆောင်ရွက်ပေးတဲ့ အွန်လိုင်းဘဏ်တစ်ခုလိုဖြစ်ပါတယ်။
ကျွန်တော်တို့ PayPal အကောင့်ထဲကိုရောက်လာတဲ့ ငွေတွေကို ဘဏ်အကောင့်တွေ၊
Payment Card တွေကနေတဆင့်ပြန်ပြီးတော့ ငွေသားအဖြစ်ထုတ်ယူသုံးစွဲနိုင်ပါတယ်။
အခုလောလောဆယ်မှာတော့ မြန်မာနိုင်ငံမှာ PayPal ကနေတရားဝင်သုံးစွဲခွင့် ပေးမထားသေးပါဘူးလို့သိရပါတယ်။
တရားဝင်သုံးစွဲခွင့် မရှိသေးတဲ့အတွက် PayPal ကနေငွေသားအဖြစ်ပြန်လည်ထုတ်ယူဖို့အတွက် အခက်အခဲရှိနေပါသေးတယ်။
ဒါပေမယ့်မပူပါနဲ့ အွန်လိုင်းမှာမြန်မာ Exchanger တွေဆီကနေ တဆင့်မိမိတို့ရဲ့သက်ဆိုင်ရာ ဘဏ်တွေဆီကိုလွဲခိုင်းလို့ရပါတယ်။
တကယ်လို့ မိတ်ဆွေမြန်မာနိုင်ငံကနေ ငွေသားထုတ်ချင်လို့ပဲဖြစ်ဖြစ် ငွေသွင်းချင်လို့ပဲဖြစ်ဖြစ်
www.shwemoney.com ကိုဆက်သွယ်ပြီး ငွေသွင်းထုတ်လုပ်နိုင်ပါတယ်။
နိုင်ငံခြားမှာနေထိုင်သူတွေအတွက်ကတော့ အရမ်းအဆင်ပြေပါတယ်။
မိမိတို့ရဲ့ Visa Card ၊ Master Card နဲ့ PayPal ကိုချိတ်ဆက်ထားရုံနဲ့ အချိန်မရွေးငွေအသွင်းအထုတ်လုပ်နိုင်ပါတယ်။

အွန်လိုင်းငွေပေးချေမှုတွေ လုပ်တဲ့အခါမှာ PayPal ကနာမည်အကြီးဆုံးနိုင်ပါ။
နာမည်အကြီးဆုံးဖြစ်တာနဲ့အညီ လုံခြုံရေးစနစ်ကလည်း အရမ်းတင်းကျပ်လွန်းပါတယ်။
Payment Card တွေကို အွန်လိုင်းမှာတိုက်ရိုက်အသုံးပြုတာထက် PayPal မှာ Payment Card ကိုချိတ်ပေးထားပြီး PayPal ကနေတဆင့်သုံးစွဲတာက ပိုပြီးတော့ကိုယ့်ကဒ်တွေအတွက် လုံခြုံမှုရစေပါတယ်။
Play Store က App တွေဝယ်ယူနိုင်ပါတယ်၊ Facebook မှာ Boost Post, Promo Website နဲ့အခြားအွန်လိုင်းမှာ
ငွေပေးချေရတဲ့နေရာတွေ အားလုံးမှာသုံးနိုင်ပါတယ်။
အခုလောလောဆယ်မှာတော့ မြန်မာနိုင်ငံမှာ PTC ဆိုက်တွေ BTC ဆိုက်တွေ ခေတ်စားလာတာနဲ့အညီ PayPal ဆိုတာပါတွဲပြီးပါလာပါတယ်။
ကိုယ်ငွေရှာတဲ့ငွေရှာဆိုက်တွေကနေ ငွေထုတ်ယူတော့မယ်ဆိုရင် PayPal ကနေထုတ်ယူရတာများပါတယ်။
ငွေရှာဆိုက်တိုင်းမှာလည်း PayPal က Payment Method တစ်ခုအဖြစ်အမြဲတမ်းပါပါတယ်။
ထိုကြောင့်အခုစာအုပ်ဟာ PayPal အကောင့်ကိုဘယ်လိုဖွင့်မလဲ့?
Verify ဖြစ်အောင်ဘယ်လိုလုပ်ရမလဲ?
ငွေလွဲ၊ ငွေလက်ခံ အားလုံးကို ပုံနဲ့တကွရေးသားပြပေးထားပါတယ်။
စာအုပ်အတွင်းပါဝင်တဲ့ပုံတွေဟာ ကျွန်တော်အင်တာနက်ကနေ ရှာဖွေထည့်သွင်းထားတဲ့ ပုံတွေပါဝင်ပါတယ်။
မူရင်းပုံပိုင်ရှင်များအားလုံးကို ဒီကနေတဆင့်ကျွန်တော်ပြောချင်တာကတော့ ကျေးဇူးအများကြီးတင်ပါတယ်။
Credit လည်းပေးပါတယ်။
လိုအပ်သူများ Free ဒေါင်းယူနိုင်ပါတယ်။

                                      Download Here

                                                   အားလုံးအဆင်ပြေပျော်ရွင်နိုင်ကြပါစေ....


 အိုဝ်း IT လူငယ်များ

ကျွန်တော်တို့ ပအိုဝ်း IT လူငယ်များ(Paoh IT Youth) ဘလော့နှင့် ပေ့စ်ကတင်သမျှကို Offline ဖတ်ရူ့နိုင်အောင်
App လုပ်ပြီး Play Store မှာတင်ထားပါတယ်။
ဒေါင်းပေးကြပါဦးနော်..........
Review လေးတွေဝင်ပေးကြပါဦး အားလုံးကို ကျေးဇူးတင်ပါတယ်။ပေးထားတဲ့လင့်ကနေသွားရောက်ဒေါင်းယူပေးကြပါနော်.......
Unicode အသုံးပြုချင်သူများနှင့်အသုံးပြုနေသူများ 
                                                             နှင့်
Myanmar PaOh Unicode Area  ကို Join ထားလိုက်ပါ။

Admin

ဒီဂျစ်တယ်ခေတ်တွင် နိုင်ငံတကာသုံး စံနှုန်းများအဆင့်မှီသော မြန်မာယူနီကုဒ်ကို သုံးစွဲခြင်းဖြင့် ဘာသာစကားများကို ထိန်းသိမ်းကာကွယ်ပါ။

0 comments:

Post a Comment

 

Copyright @ 2014-2015 ပအိုဝ်း IT လူငယ်များ.

Designed by Templateism | Edited By Khun Htetz Naing | PaOh IT Youth