Saturday, December 27, 2014

ဖုန်းဖြင့် Gmail အကောင့်ဖွင့်နည်း

                   အားလုံးမင်္ဂလာပါနော် ကျွန်တော်ဒီနေ့ gmail အကောင့်ဖွင့်နည်းကို တင်ပြသွားမှာပါ။တော်တော်များများကတော့ လုပ်တတတ်ကြပါတယ်။ခုကျွန်တော်မလုပ်တတ်သေးတဲ့သူတွေ အတွက်ရည်ရွယ်ပြီးတော့ ပုံနဲ့တကွ တင်ပေးလိုက်ပါတယ်နော်။အဓိက နည်းပညာပိုင်းမှာအားနည်းတဲ့ ပအိုဝ်း  ညီအစ်ကိုမောင်နှမတွေအတွက်ပါ။အဲ့လိုပြောလိုက်လို့ စိတ်မဆိုးကြနဲ့နော် ပအိုဝ်း ကိုကိုမမတွေ ကျွန်တော်ကိုယ်တိုင်လည်း ပအိုဝ်းစစ်စစ်တစ်ယောက်ပါ။ဆရာလုပ်တာဟုတ်ဘူးနော်။အားလုံးကိုတတ်စေချင်လို့ပါ  အင်တာနက်သုံးသူတစ်ယောက်အနေနဲ့ Gmail ဟာမရှိမဖြစ်လိုအပ်ပါတယ်။ facebook အကောင့်ပဲ ဖွင့်ဖွင့် play store ထဲက ဂိမ်းတွေ app တွေဝင်ယူဖို့ gmail ဟာ အဓိကလိုအပ်ပါတယ်။တချို့ facebook သုံးနေတာတောင် gmail ကိုမသိကြဘူး။ဒါကလည်း ဒီလိုရှိတယ်လေ တချို့က သူများကိုဖွင့်ခိုင်းတယ်ဗျ။ တချို့ကကျတော့ ဖုန်းနံပါတ်နဲ့ဖွင့်ကြတယ်ဗျ။ကျွန်တော်ကတော့ gmail နဲ့ဖွင့်တာကိုပိုကြိုက်တယ် သူက ဖုန်းနံပါတ်လို ၀ယ်ရတာမဟုတ်ဘူးလေ ကြိုက်သလောက်ဖွင့် free ပဲ။ကျွန်တော်လေ တော်တော်ရှည်သွားပြီဗျ။စမယ်နော်  မစခင် play store ရှိတဲ့သူတွေ google play service ကို update လုပ်လိုက် ခု version က သုံးလို့ အဆင်ပြေတယ်ဗျ။ play store မရှိရင်လည်း  အောက်မှာဒေါင်းသွားပါ။play store မ၀င်ချင်သူတွေကော ဒေါင်းသွားကြပေါ့။ပြီးရင် install လုပ်ပါ။andriod ဖုန်းတွေမှာ gmail အကောင့်ဖွင့်လို့ရတဲ့နေရာ သုံးနေရာရှိတယ်ဗျ။အဲ့ဒါတွေကတော့ gmail ကနေ၀င်ဖွင့်တယ်၊play store ကနေ၀င်ပြီးဖွင့်တယ်၊ပြီးတော့ setting ထဲက add account ကနေ၀င်ဖွင်တာပါ။ဘယ်ကနေပဲ ဖွင့်ဖွင့် အတူတူပါပဲ ခုကျွန်တော်ပြမှာက setting ကနေ ၀င်ဖွင့်မယ့်နည်းလေးပါ။



အရင်ဆုံး google play service update မလုပ်ရသေးသူတွေ ဒေါင်းပြီး install လုပ်ပေးလိုက်ပါနော်

google play servicer lastest version ဒေါင်းရန် ကြိုက်တဲ့ လင့်ကနေဒေါင်းယူပါနော်

Dropbox ကနေဒေါင်းရန်

Mediafire ကနေဒေါင်းရန်

Pcloud ကနေဒေါင်းရန်

Copy  ကနေဒေါင်းရန်


ပြီးရင် gmail apk နောက်ဆုံးဗားရှင်းကိုဒေါင်းပါ။ရှိပြီးသားတွေလည်း update မလုပ်ရသေးရင် ဒေါင်းသွားကြပါ။နောက်ဆုံးဗားရှင်းဆိုတော့ သုံးလို့အရမ်းအဆင်ပြေလို့ပါ။
ကြိုက်တဲ့လင့်ကနေဒေါင်းကြနော်

Dropbox ကနေဒေါင်းရန်

Mediafire ကနေဒေါင်းရန်

Pcloud ကနေဒေါင်းရန်

Copy ကနေဒေါင်းရန်

ပြီးရင် အောက်ကပုံလေးတွေအတိုင်းလိုက်လုပ်ကြပါနော်

အရင်းဦးဆုံး Setting ကိုဝင်ပါ







ပြီးရင်အောက် add account ကိုနှိပ်ပါ။


ပြီးရင် google ကိုရွေးပါ



ပြီးရင်အကောင့်အသစ်ဖွင့်မှာဆိုတော့ new ဆိုတာကိုနှိပ်ပါ



ပြီးရင် နာမည်ထည့်ရပါမယ် first name နဲ့ last name ဆိုပြီး နှစ်ကြောင်းဖြည့်ရပါမယ်။ကြိုက်တဲ့နာမည်ထည့်ပါ ။နာမည် နှစ်လုံးအထက်ဖြစ်ရပါမယ်။အပေါ်တစ်လုံး အောက်တစ်လုံး ပေါ့ နာမည်ရှည်ရင်အဆင်ပြေသလို ခွဲထည့်ပါ။အင်္ဂလိပ်လိုပဲ ထည့်လို့ရမယ်နော်


ပြီးရင်အောက်ကပုံလို ၁နဲ့၂ ဖြည့်ပြီးရင် ၃ ပြထားတဲ့နေရာကိုနှိပ်ပါ



ကိုယ်လိုချင်တဲ့နာမည်ထည့်ပါ အောက်မှာကြည့်ပါ ကျွန်တော်ထည့်ထားသလို တစ်ဆက်တည်းရေးရမှာနော် စာကြောင်းခြားရေးလို့မရပါ



ကိုယ်ရေးလိုက်တဲ့နာမည်ဟာ နာမည်တူရှိနေလျှင်အောက်ကလိုမျိုးပြပါလိမ့်မယ် သူကထပ်ရွေးခိုင်းပါလိမ့်မယ် နာမည်မတူအောင် 123 တွေထပ်ရွေးခိုင်းပါတယ်။အောက်က ပြတဲ့နေရာကိုနှိပ်ပေးပါ


 အောက်ပုံအတိုင်းကိုယ်အသုံးပြုလို့ ရနိုင်တဲ့နာမည်တွေကျလာပါလိမ့်မယ်။အဲ့ဒီထဲက ကိုယ်ကြိုက်တဲ့တစ်ခုကိုရွေးလိုက်ပါ။ကိုယ်ရွေးလိုက်တဲ့နာမည်ကို မှတ်ထားပါ အဲ့တာ ကိုယ်ရဲ့ gmail လိပ်စာပါ။အမြဲတမ်းမှတ်ထားပါ။မေ့မှာကြောက်ရင် စာအုပ်တစ်ခုခုမှာ ရေးထားပါ။ကျွန်တော်က 91 နဲ့တစ်ခုကိုရွေးလိုက်တယ်။တစ်ယောက်လုပ်တာ ရလာတဲ့နာမည်မတူဘူးနော်

ပြီးရင်း Try Again ကိုနှိပ်ပါ

ပြီးရင်အောက်က ပုံကိုကြည့်ပါ လျို့ဝှက်နံပါတ်ထည့်ရမှာပါ အဲ့ဒီနံပါတ်ကို သေချာမှတ်ထားရပါမယ် စာအုပ်ထဲမှာ မှတ်ရင်မှတ်ထားပါ။နှစ်ကြောင်းစလုံးအပေါ်နဲ့အောက်တူအောင်ထည့်ရမှာပါ။


အပေါ်ကြောင်းက ဥပမာ ၁၂၃၄၅၆၇၈ လို့ထည်ရင်အောက်ကြောင်းကိုလည်း အဲ့ဒီအတိုင်းထည့်ရမှာပါ။ပြီးတော ၈ လုံးနှင့်အထက်ထည့်ရမှာပါ။မြန်မာစာတော့ထည့်လို့မရဘူးနော်။အင်္ဂလိပ်သီးသန့်ပါ။ပြီးရင်ရှေ့ဆက်။ပြီးရင်
အောက်ပုံကပြထားတဲ့အတိုင်းဆက်နှိပ်ပါ



ဒီနေရာမှာ အရေးကြီးပါတယ်။တော်တော်များများက ဒီအဆင့်ကိုကျော်သွားကြ
တယ်။တကယ်တမ်းက ဖြည့်ပေးရမှာပါ။ကိုယ့်ရဲ့ gmail က ဘာပဲဖြစ်ဖြစ် ဟက်ခံရလို့ပဲဖြစ်ဖြစ် ပြန်ဆည်းယူနိုင်ဖို့ ဒီနေရာလေးက အရေးပါပါတယ်။လျို့ဝှက်နံပါတ်မေ့လို့ပဲ ဖြစ်ဖြစ်ပေါ့။ကျွန်တော်ရွေးသလိုရွေးပေးပါ ဖုန်းနံပါတ်ကိုရွေးပါတ်ကိုရွေးပြီးထည့်ပေးပါ။တစ်ခုခုဖြစ်ရင် ဖုန်းနံပါတ်ကနေ လှမ်းအကြောင်းပါလိမ့်မယ်။အောက်ကပုံအတိုင်းပါ။ကျွန်တော်ဖုန်းနံပါတ်နေရာမှာ မိမိတို့ဖုန်းနံပါတ်ထည့်ကြပါ။ 1 နေရာမှာ ကျွန်တော်ရွေးလိုက်ပါ။ 2 မှာ မိမိရဲ့ဖုန်းနံပါတ်ထည့်ပါ။3 နေရာမှာတော့မထည်ပါနဲ့တော့ ဖုန်းနံပါတ်နဲ့တင် လုံလောက်ပါပြီ။ပြီးရင်ရှေ့ဆက်သွားပါ။

ပြီးရင် Not Now ကိုပဲနှိပ်ပါ။

အောက်ကပုံမှာက ပေါ်ကသူပြထားတဲ့ စာလုံးကို အောက်က ကွက်လပ်ထဲကို ရိုက်ထည့်ရမှာပါ။သူပြထားတဲ့စာက တစ်ခါနဲ့တစ်ခါမတူပါဘူး။အောက်ကကျွန်တော်ပြတဲ့အတိုင်းကွက်လပ်
နေရာကိုဖိလိုက်ပါ။

ပြီးရင်အောက်ကအတိုင်းသေချာကြည့်ပြီးရိုက်ထည့်ပါ။ပြီးရင်ရှေ့ဆက်သွားပါ။

 Not Now ကိုပဲနှိပ်ပါ။

ရှေ့ဆက်သွားပါ


ပြီးပါပြီးအောက်ကပုံလေးအတိုင်းသင့် gmail အလုပ်လုပ်နေပါပြီ။

အားလုံးအဆင်ပြေကြပါစေနော်။ခုဆိုရင်သင် gmail တစ်ခုကိုပိုင်ဆိုင်နေပါပြီ။ဒီနည်းအတိုင်း gmail အများကြ်ီးဖွင့်လို့ရပါတယ်။play store မှာ ဂိမ်းတွေယူမလား app တွေယူမလား အွန်လိုင်းမှာငွေရှာမလားရှာနိုင်ပြီ။ gmail လုံခြုံရေးအတွက်နောက်မှ ထပ်တင်ပေးပါ့မယ်။ facebook အကောင့်ဖွင့်တို့ ဘာတို့ညာတို့နောက်မှတင်ပေးပါ့မယ်နော်။

ကျွန်တော်တို့ Facebook ပေ့စ်ကိုလည်း like လေးပေးပြီး အားပေးခဲ့ပါဦး

group မှာလည်း သိချင်တာလေးတွေမေးဖို့ သိသမျှ မျှဝေဖို့ member ၀င်ပေးကြပါဦး

        ခွန်ထက်နိုင် (ပအိုဝ်း IT လူငယ်များ)

                 အားလုံးအဆင်ပြေပျော်ရွင်နိုင်ကြပါစေ

Admin

ဒီဂျစ်တယ်ခေတ်တွင် နိုင်ငံတကာသုံး စံနှုန်းများအဆင့်မှီသော မြန်မာယူနီကုဒ်ကို သုံးစွဲခြင်းဖြင့် ဘာသာစကားများကို ထိန်းသိမ်းကာကွယ်ပါ။

0 comments:

Post a Comment

 

Copyright @ 2014-2015 ပအိုဝ်း IT လူငယ်များ.

Designed by Templateism | Edited By Khun Htetz Naing | PaOh IT Youth