Monday, October 19, 2015

Samsung SHV Serial CF Auto Root Tools

Samsung Smart Phone ကိုင်ဆောင်သူများအတွက် အလွယ်တကူ Root လုပ်ပြီး မြန်မာစာနှင့်
လိုအပ်သော Mobile Application များထည့်သွင်းနိုင်ရန်အတွက် Samsung CF Auto Root
Tools ကို Serial အလိုက်ဖော်ပြပေးထားပါသည်၊ လိုအပ်သူများ Serial အလိုက်  အောက်တွင်
 Down ယူနိုင်ပါသည်။


samsungSHV-E140K






Download
samsungSHV-E210K






Download
samsungSHV-E210L






Download
samsungSHV-E210S






Download
samsungSHV-E230L






Download
samsungSHV-E230S






Download
samsungSHV-E250K






Download
samsungSHV-E250L






Download
samsungSHV-E250S






Download
samsungSHV-E300K






Download
samsungSHV-E300L






Download
samsungSHV-E300S






Download
samsungSHV-E310S






Download
samsungSHV-E330K






Download
samsungSHV-E330L






Download
samsungSHV-E330S






Download
samsungSHV-E370K






Download
samsungSHV-E470S






Download




 အားလုံးအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ


Page  
==========
ပအိုဝ်း IT လူငယ်များ



Blog
==========
ပအိုဝ်း IT လူငယ်များ
 
Groups
============
Myanmar Unicode Area

Myanmar PaOh Unicode Area

ပအိုဝ်း IT လူငယ်များ

 အားလုံးအဆင်ပြေပျော်ရွင်နိုင်ကြပါစေ  

                                     ပအိုဝ်း ITလူငယ်များ

မြန်မာနိုင်ငံသားများအတွက် ဖုန်းငွေဖြည့်ကဒ်နှင့်အခြားလက်ဆောင်ပစ္စည်းများ အခမဲ့ရယူနည်း



မြန်မာနိုင်ငံသားများအတွက် ဖုန်းအခမဲ့ရယူနိုင်ပါပြီ...
ဖုန်းဘေအပြင်အခြားလက်ဆောင်ပစ္စည်းများကိုလည်း ထုတ်ယူနိုင်ပါတယ်။
တကယ်လည်းရလို့ပါ Facebook ပေါ်မှာ အစ်ကိုတွေရတာ တင်နေတာတွေ့လို့ပါ။
လောလောဆယ်တော့ကျွန်တော်ကိုယ်တိုင်ဒီအခွင့်အရေးကို ဆုံးရှုံးနေပါတယ်။
ဘာလို့လဲဆုိတော့ ထိုင်းနိုင်ငံရောက်နေလို့လေ...
မြန်မာနိုင်ငံသားအားလုံးရစေချင်တဲ့စိတ်နဲ့ ဒီပို့စ်ကိုရေးပေးတာပါ။
အားလုံးအဆင်ပြေပျော်ရွင်နိုင်ကြပါစေ..
မည်သူမဆိုလွတ်လပ်စွာပြန်လည်းမျှဝေနိုင်ပါတယ်။

ပထမဦးစွာပေးထားသောလင့်ကိုနှိပ်လိုက်ပါ။
ဒီလင့်ပါ >>> Myanmarcouponcode.com

အောက်ပါပုံများအတိုင်းပေါ်လာပါလိမ့်မယ်...
Email, ဖုန်းနံပါတ်, မှတ်ပုံတင်တို့ကိုအသုံးပြုပြီးဖြည့်ပေးရမှာပါ။

1. Name. အောက်ကကွက်လပ်မှာမိမိရဲ့မှတ်ပုံတင်မှာပါတဲ့အမည်ကို အင်္ဂလိပ်လိုရိုက်ထည့်ပါ။

2. Email. အောက်ကကွက်လပ်မှာတော့ မိမိတို့ရဲ့ မေလ်းတစ်ခုခုထည့်ပေးပါ။
              Gmail ဖြစ်ဖြစ် Yahoo ဖြစ်ဖြစ်ရပါတယ်။

3. Password. မှာမိမိတို့မှတ်မိလွယ်မယ့် အင်္ဂလိပ်ဂဏန်းသို့မဟုတ်စာလုံး ၈ နှင့်အထက်ထည့်ပေးပါ။
                   မှတ်ချက် ။  ။ မိမိတို့ထည့်လိုက်တဲ့ Password ကမှတ်မိနေဖို့လိုပါမယ်.
                                     မေ့မှာစိုးရင်တစ်နေရာရာမှာရေးမှတ်ထားလိုက်ပါ။

4. Confirm Password. အောက်မှာတော့ အပေါ်က Password မှာထည့်ခဲ့တဲ့အတိုင်း
                                  သေချာမှန်အောင်ပြန်ရိုက်ထည့်ပေးလိုက်ပါ။


5. Date Of Birth. အောက်က Date ခလုတ်လေးကို နှိပ်ပြီးမိမိတို့ရဲ့မွေးနေ့ကိုရွေးပေးပါ။
                          Month ခလုတ်ကိုနှိပ်ပြီး မိမိရဲ့မွေးလကိုရွေးပေးပါ။
                          Year ခလုတ်ကိုနှိပ်ပြီး မိမိမွေးဖွားသောနှစ်ကိုရွေးပေးပါ။



NRC အောက်က Choose ခလုတ်တွေကိုတော့ မိမိတို့ရဲ့မှတ်ပုံတင်အမှတ်ကိုရွေးထည့်ပေးရမှာပါ။
ဥပမာမိမိရဲ့မှတ်ပုံတင်က ၁၃/ဆဆန(နိုင်) ၁၂၃၄၅၆ ဆိုရင်
အပေါ်ဆုံးတစ်ခုက Choose နေရာမှာ ၁၃ ကိုရွေးရပါမယ်။
ဒုတိယတစ်ခုဆို ပေါ့ တတိယတစ်ခုလည်း | စတုတ္ထတစ်ခုကျတော့ပေါ့နော်
နောက်ဆုံးတစ်ခုက (နိုင်) အဲ့လိုလေးရွေးရမှာပါ။
အောက်ကကွက်လပ်မှာကျတော့ ကိုယ့်ရဲမှတ်ပုံတင်နံပါတ် ဥပမာဆိုရင် အပေါ်မှာကျွန်တော်ပြောခဲ့တဲ့ ၁၂၃၄၅၆ ကိုအင်္ဂလိပ်လို ရိုက်ထည့်ပေးရမှာပါ။
Mobile No ရဲ့အောက်မှာတော့ ကိုယ့်ရဲ့ဖုန်းနံပါတ်ကိုထည့်ပေးရမှာပါ။
အောက်မှာကျွန်တော်ဖြည့်ထားတာလေးကို ကြည့်နိုင်ပါတယ်။

အောက်မှာကျွန်တော်ဖြည့်ထားတာလေးကိုကြည့်ပေးပါ။


အားလုံးပြီးသွားရင်တော့ အစိမ်းရောင်လေးနဲ့ Register ခလုတ်ကိုနှိပ်လိုက်ပါ။


အောက်ပုံမှာဝိုင်းပြထားသလိုပေါ်လာရင် ရပါပြီ...
မိမိတို့ထည့်ခဲ့တဲ့ဖုန်းနံပါတ်ကို SMS ပို့လာပါလိမ့်မယ်။
အောက်ပုံဆက်ကြည့်ပါ။


 အောက်ကပုံလိုပါ... အဲ့မှာသူပြောတဲ့အတိုင်း မိမိတို့ရဲ့မှတ်ပုံတင် ဂဏန်းလေးပြန်ပို့ပေးလိုက်ပါ။
ဥပမာ အပေါ်မှာကျွန်တော်ထည့်ပြခဲ့တဲ့ ၁၂၃၄၅၆ ကိုရိုက်ထည့်ပြီးပြန်ပို့ပေးလိုက်ပါ။


ပို့ပြီးသွားရင် အောက်ပါပုံအတိုင်း သင့်အကောင့်အတည်ပြုပြီးကြောင်း
SMS နောက်တစ်ခုထပ်ပို့လာပါလိမ့်မယ်။
သူတို့ပို့လာတဲ့လင့်ကိုပဲနှိပ်ပြီးပြန်ဝင်လိုက်ပါ။


အောက်ပါပုံအတိုင်းပေါ်လာပါမယ်။
အနီရောင်ဝိုင်းပြထားတဲ့နေရာကိုနှိပ်ပြီး Login ကိုရွေးပေးလိုက်ပါ။


အောက်ပါပုံအတိုင်းလေးပါ။

အောက်ကပုံလိုပေါ်လာပါမယ်။
Email အောက်ကကွက်လပ်မှာ ကိုယ်စောဏက Register လုပ်တုန်းကထည့်ခဲ့တဲ့
Email သို့မဟုတ် ဖုန်းနံပါတ်ကို ရိုက်ထည့်ပေးပါ။
Password မှာလည်းစောဏက ထည့်ခဲ့တဲ့ Password ကိုထည့်ပေးပါ။
အောက်မှာကျွန်တော်ဖြည့်ထားတာကြည့်နိုင်ပါတယ်။


 အောက်ပါအတိုင်းဖြည့်ပြီးရင် အနီရောင်းဝိုင်းပြထားတဲ့ Login ခလုတ်ကိုနှိပ်လိုက်ပါ။


 အောက်ပါပုံအတိုင်းတွေ့ရပါလိမ့်မယ်။
ကျွန်တော်မြှားပြထားတဲ့အတိုင်း Point 50 ရထားပါတယ်။
ကိုယ်ကအဲ့ Point များလာအောင်လုပ်ရပါမယ်။
Point 100 ရရင်စထုတ်လို့ရပါပြီ...100 ဆို 1000 ကျပ်ပါ။
300 ဆို 3000 ကျပ်ပေါ့...
များလာအောင်ဘယ်လိုလုပ်ရမလဲဆိုတော့ သူငယ်ချင်းတွေကို ဖတ်ခေါ်ရမယ်။
သူငယ်ချင်းတွေကို ကိုယ့်ရဲ့လင့်ကိုပေးပြီး ဝင်ခိုင်းပါ။
တစ်ယောက်ဝင်ရင် Point 30 ရပါတယ်။


သူငယ်ချင်တွေကိုဖတ်ခေါ်ဖုိ့အောက်ပါပုံအတိုင်း Share With Facebook ကိုနှိပ်ပြီး
Facebook ကို Share သွားလိုက်ပါ။
သူတို့ကိုအဲ့လင့်ကနေဝင်ခိုင်းပါ။
တစ်ယောက်ဝင်ရင် Point 30 ပါ။
မြန်မာကျပ် ၃၀၀ ပါ။
အဲ့လင့်ကိုနှိပ်ရင်ဘရောက်ဆာကိုရောက်သွားပါမယ်။
ဘရောက်ဆာ အပေါ်ဘားလေးမှာပေါ်နေတဲ့လင့်ကိုကူးပြီး
Chat Box နဲ့အခြား Viber တို့ Line တို့မှာပါလိုက်ပို့နိုင်ပါတယ်။
တခြားသူရဲ့လင့်ဆိုရင်တော့ တခြားသူရသွားမှာပါ။
ကိုယ့်လင့်ကနေဝင်ခိုင်းပေါ့နော်....



ပိုက်ဆံထုတ်ချင်ရင်အောက်ပါပုံအတိုင်း နှိပ်ပါ။
ဒါပေမယ့် Point 100 ပြည့်မှထုတ်လို့ရမှာပါ။
100 ပြည့်အောင်သူငယ်ချင်းများများရှာဝင်ခိုင်းပါ။

ပြီးရင် Gift Exchange List ကိုရွေးနှိပ်ပေးပါ။

ပုံမှာမြင်တဲ့အတိုင်းပါပဲ မြန်မာနိုင်ငံက MPT ရဲ့ GSM,MEC နဲ့ဖုန်းငွေပို့ခိုင်းလို့ရသလို
Telenor နဲ့ Ooredoo နဲ့လည်းပို့ခိုင်းလို့ရပါတယ်။


အောက်ပုံမှာကျွန်တော် GSM ကိုရွေးလိုက်တာပါ။
မြှားပြထားတဲ့အတိုင်း 100 points ကို GSM ငွေ့ဖြည့်ကဒ် 1000 ရယူနိုင်ပါတယ်။
300 points ဆို 3000 ပေါ့နော်...


ကဲ...အားလုံးအဆင်ပြေပျော်ရွင်နိုင်ကြပါစေ...
သူငယ်ချင်းများများရှာနိုင်တဲ့သူကတော့ မြန်မြန်ပြီး များများရမှာပါ။
မည်သူမဆိုဒီပို့စ်လေးကို လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်။
လောလောဆယ်ကျွန်တော်ကိုယ်တိုင်ကတော့ ထိုင်းနိုင်ငံမှာမို့ ဒီအခွင့်အရေးကို ဆုံးရှုံးနေပါတယ်။
ဒါပေမယ့်အားလုံးကိုရစေချင်တဲ့စိတ်နဲ့ဒီပို့စ်ကိုရေးပေးလိုက်တာပါ။
ပုံတွေကိုရိုက်ကူပေးတဲ့ညီလေး  Khun Lie Htet San ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။

Sunday, October 18, 2015

How to Flash CWM Recovery in Android With SP Flash Tool.[No Root]






Android ဖုန်းတွေ CWM Recovery သွင်းဖို့အတွက် SP Flash Tool နဲ့တင်တဲ့နည်းကို ပြောပြပါ့မယ်။

ကွန်ပျူတာလိုပါမယ်...Root တော့မလိုပါဘူး...Root ဖောက်ပြီးသားဖုန်းတွေလည်း လုပ်နုိင်ပါတယ်။
ဒါပေမယ့် Root ဖောက်ပြီးသားဖုန်းတွေက ကိုယ့်ဖုန်းလေးထဲကနေပဲ အလွယ်တကူသွင်းလို့ရနိုင်ပါတယ်။
ဒီမှာ သွားကြည့်နုိင်ပါတယ်...ပုံနဲ့တကွအသေးစိတ်ရှင်းပြပေးထားပါတယ်။
Root မလုပ်ရသေးတဲ့ဖုန်းတွေကတော့ ကွန်ပျူတာလိုပါတယ်။

အရင်ဦးဆုံးမိမိဖုန်းအတွက် CWM Recovery.img နဲ့ scatter ဖိုင်လေးကိုအရင်ရှာလိုက်ပါ။
Google မှာမိမိဖုန်းမော်ဒယ်အလိုက် ရှာကြည့်ပါ။
မတွေ့ရင်ကိုယ်တိုင်လုပ်နိုင်ပါတယ်။
Root ရှိပြီးသားဖုန်းတွေကတော့ လုပ်လို့အရမ်းလွယ်ပါတယ်...ဒီမှာ...သွားကြည့်လိုက်ပါ။
Root မရှိသေးတဲ့ဖုန်းကတော့ ဒီမှာ သွားကြည့်ပေးပါ။
Root မလုပ်ရသေးတဲ့အတွက် အဆင့်တော့များပါလိမ့်မယ်
ဒါပေမယ့် သေသေချာချာပုံနဲ့အသေးစိတ်ရှင်းပြပေးထားပါတယ်။
တဆင့်ချင်းသေချာကြည့်လုပ်ပေးပါ ရနိုင်ပါတယ်။

ကဲကျွန်တော်တို့လိုအပ်တာကတော့ မိမိဖုန်းအတွက် recovery.img လေးရယ် scatter ဖိုင်လေးရယ်..
သုံးရမယ့် Tools ကတော့ SP Flash Tool ပါ ပြီးတော့ဖုန်းနဲ့ကွန်ပျူတာသိအောင်
သက်ရာဆိုင်ရာ USB Driver ကိုလည်းသွင်းထားပေးရပါမယ်။
အောက်မှာကျွန်တော် USB Driver နှစ်ခုပေးထားပါတယ်...
နှစ်ခုစလုံးဒေါင်းပြီးကွန်ပျူတာမှာသွင်းထားပေးပါ။

Driver_Auto_Installer_v1.1236.00.7z

MTK_VCOM_Drivers.zip


SP Flash Tools v5.1.7.7z


ဒေါင်းလို့ရလာတဲ့ ဖိုင်တွေအားလုံးကို zip ဖြည့်ထားတဲ့အတွက် ဖြည်လိုက်ပါ။
ပြီးရင် Driver_Auto_Installer_v1.1236.00 နဲ့ MTK_VCOM_Drivers ကို အရင် Run ပြီး
Driver နှစ်ခုစလုံးကိုအရင် ကွန်ပျူတာမှာအရင်သွင်းထားလိုက်ပါ။
Driver သွင်းတဲ့အဆင့်တွေကိုတော့ အားလုံးလုပ်တတ်မယ် ထင်ပါတယ်...ပုံနဲ့မပြတော့ဘူးနော်...


ပြီးရင် SP Flash Tool ဖိုဒါကိုဝင်လိုက်ပါ။
ပြီးရင်အောက်ပါပုံအတိုင်းဖွင့်လိုက်ပါ။
Flash_tool.exe ကိုပုံပါအတိုင်း Right Click ထောက်ပြီး Run as Administrator နဲ့ဖွင့်လိုက်ပါ။


ဖွင့်ပြီးရင် အောက်ပါပုံအတိုင်း Scatter Loading ခလုတ်လေးကို နှိပ်လိုက်ပါ။

ပြီးရင်မိမိဖုန်းရဲ့ Scatter ဖိုင်လေးကို ရွေးပေးပြီး Open ကိုနှိပ်ပေးလိုက်ပါ။

ပြီးရင် အောက်ပါပုံအတိုင်း အပြာရောင်မြှားပြထားတဲ့အတိုင်း RECOVERY ဘေးနားမှာအမှန်ခြစ်တပ်ပြီး
အနီရောင်မြှားပြထားတဲ့နေရာကို ခပ်မြန်မြန်နှစ်ချက်ခေါက်ပေးလိုက်ပါ။


 ဝင်းဒိုးတစ်ခုတက်လာပါလိမ့်မယ် အဲ့ဒီမှာအပေါ်က ကိုယ့်ဖုန်းအတွက်
ဒေါင်းထားတဲ့ သို့မဟုတ် ကိုယ်တိုင်လုပ်ထားတဲ့
recovery.img လေးကိုရွေးပေးရမှာဖြစ်ပါတယ်။
အောက်ပါပုံအတိုင်းရွေးပြီးရင် Open ကိုနှိပ်ပေးလိုက်ပါ။


ပြီးရင်ပုံအတိုင်း Download ခလုတ်ကိုနှိပ်ပေးလိုက်ပါ။
ပြီးရင်ဖုန်းနဲ့ကွန်ပျူတာကို USB ကြိုးသုံးပြီး ချိတ်ဆက်လိုက်ပါ။
ဖုန်းဘက်ထရီကိုဖြုတ်လိုက်ပါ။
ပြန်တပ်ပေးရန်မလိုပါ။
ဖုန်းနဲ့ကွန်ပျူတာသိပြီဆိုရင် အောက်ပါပုံအတိုင်းရာခိုင်နှုန်းတွေတက်လာမှာပါ။
ဖုန်းနဲ့ကွန်ပျူတာမသိသေးရင်တော့ USB ကြိုးကိုဖြုတ်လိုက်တက်လိုက်လုပ်ပေးပါ။
မရရင် အသံတိုးတဲ့ခလုတ်ကို ဖိထားပေးပါ။
အဆင်မပြေသေးရင် ပေးထားတဲ့ Driver တွေကို ထပ်သွင်းပေးကြည့်ပါ။
ပြီးရင် USB ကြိုးကုိဖြုတ်လိုက်တက်လိုက် လုပ်ပေးပါ။
USB ကြိုးကောင်းမကောင်းသေချာစစ်ပေးပါ။
သို့မဟုတ် အခြားကြိုးတစ်ခုခုနဲ့လဲစမ်းကြည့်ပါ။
မိမိဖုန်းအတွက် USB Driver ကို Google မှာထပ်ရှာပြီး သွင်းပေးကြည့်ပါ။
ကွန်ပျူတာကို Restart ချပြီးပြန်လုပ်ပေးကြည့်ပါ။


OK အောက်ပါပုံအတိုင်းပေါ်လာရင် ရပါပြီ...

 ဖုန်းကိုဘက်ထရီတပ်ပြီး ပါဝါခလုတ်နဲ့ အသံချဲ့ခလုတ်ကို ဖိထားလိုက်ပါ
Recovery Mode ကိုရောက်သွားပါလိမ့်မယ်။
အောက်ပါပုံအတိုင်း CWM Recovery လေးနဲ့လန်းနိုင်ပါပြီ။





အားလုံးအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ
မည်သူမဆိုလွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါသည်။
 
Page  

==========

ပအိုဝ်း IT လူငယ်များ






Blog
==========
ပအိုဝ်း IT လူငယ်များ
 
Groups
============
Myanmar Unicode Area

Myanmar PaOh Unicode Area

ပအိုဝ်း IT လူငယ်များ

 အားလုံးအဆင်ပြေပျော်ရွင်နိုင်ကြပါစေ  

                                     ပအိုဝ်း ITလူငယ်များ
 

Saturday, October 17, 2015

Samsung SC Serial CF Auto Root Tools

Samsung Smart Phone ကိုင်ဆောင်သူများအတွက် အလွယ်တကူ Root လုပ်ပြီး မြန်မာစာနှင့်
လိုအပ်သော Mobile Application များထည့်သွင်းနိုင်ရန်အတွက် Samsung CF Auto Root
Tools ကို Serial အလိုက်ဖော်ပြပေးထားပါသည်၊ လိုအပ်သူများ Serial အလိုက်  အောက်တွင်
 Down ယူနိုင်ပါသည်။



samsungSC-01F






Download

samsungSC-02E






Download

samsungSC-03E






Download

samsungSC-04E






Download

samsungSC-04F






Download

samsungSC-06D






Download




  အားလုံးအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ



Page  
==========
ပအိုဝ်း IT လူငယ်များ



Blog
==========
ပအိုဝ်း IT လူငယ်များ
 
Groups
============
Myanmar Unicode Area

Myanmar PaOh Unicode Area

ပအိုဝ်း IT လူငယ်များ

 အားလုံးအဆင်ပြေပျော်ရွင်နိုင်ကြပါစေ  

                                     ပအိုဝ်း ITလူငယ်များ












































































Friday, October 16, 2015

How to Make/Flash CWM Recovery For MTK Devices (MediaTek).No Need Root!






    MTK ဖုန်းဆိုတာကတော့ အားလုံးသိမယ်ထင်ပါတယ်နော်...
i-Mobile, Lava Iris, ZTE, Coolpad, Vivo နဲ့အခြားဖုန်းတော်တော်များများပါဝင်ပါတယ်။
ကိုယ့်ရဲ့ဖုန်းက MTK Device ဟုတ် မဟုတ်အသေးစိတ်ကိုတော့ ဒီမှာ သွားကြည့်လိုက်ပါ။
MTK သုံးထားတဲ့ Anroid ဖုန်းများ CWM ရှာမတွေ့ရင်
ကိုယ်တိုင်အလွယ်တကူပြုလုပ်နိုင်မယ့်နည်းကို တင်ပေးလိုက်ပါ။
Root မလိုပါဘူး...Root မလိုတဲ့အတွက်နည်းနည်းတော့အဆင့်တွေများပါတယ်။
လိုအပ်တဲ့အဆင့်တွေကို ကျွန်တော်ဟိုနေ့တွေကတည်းက ပုံနဲ့တကွအသေးစိတ် တင်ထားပြီးသားပါ။
ဒီပို့စ်မှာတော့ကျွန်တော်လင့်တွေပဲပြန်စုပေးထားတာပါ။
ပေးထားတဲ့လင့်တွေကနေတဆင့် သွားရောက်ကြည့်ရှု့လုပ်ဆောင်နိုင်ပါတယ်။
Root မလိုပါဘူး....
ကွန်ပျူတာတော့လိုပါမယ်...
လိုအပ်တဲ့ Tools တွေ Driver တွေလည်းပေးထားပါတယ်...

ပထမဦးဆုံးအနေနဲ့ မိမိတို့ဖုန်းရဲ့ Scatter ဖိုင်လိုအပ်ပါမယ်...
Scatter ဖိုင်ပြုလုပ်နည်းကို ဒီမှာ သွားကြည့်လိုက်ပါ။

Scatter ဖိုင်ရလာပြီဆိုရင် မိမိတို့ဖုန်းထဲမှာပါပြီးသား...
Stock boot.img နဲ့ recovery.img ကို backup ထုတ်ယူရမှာပါ။
boot.img နဲ့ recovery.img ကို backup ယူနည်းကို ဒီမှာ သွားကြည့်ပေးပါ။

ဖုန်းထဲက နဂိုမူလပါပြီးသား Stock boot.img နဲ့ recovery.img ကိုရလာပြီဆိုရင်
CWM Recovery ပြန်လုပ်နည်းနဲ့ ဖုန်းထဲပြန်သွင်းနည်း Flash နည်းကို ဒီမှာ သွားကြည့်ပေးပါ။

အးလုံးအဆင်ပြေနိုင်ကြပါစေ...
CWM Recovery ရလာပြီဆိုရင်တော့ ဖုန်းကိုစိတ်ကြိုက်ကလိနိုင်ပါပြီ...
Root ဖောက်ချင်ရင်လည်း Root.zip လေးကို CWM Recovery ကနေ Flash ပေးရုံနဲ့ Root Access ရနိုင်ပါတယ်။
ဒီအပိုင်းကတော့ အရမ်းလွယ်တဲ့အတွက် မပြောတော့ဘူးနော်...
နောက်မှကျွန်တော်အားရင်ဆက်ရေးပေးပါ့မယ်...


အားလုံးအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ
မည်သူမဆိုလွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါသည်။




Page  

==========

ပအိုဝ်း IT လူငယ်များ




Blog
==========
ပအိုဝ်း IT လူငယ်များ
 
Groups
============
Myanmar Unicode Area

Myanmar PaOh Unicode Area

ပအိုဝ်း IT လူငယ်များ

 အားလုံးအဆင်ပြေပျော်ရွင်နိုင်ကြပါစေ  

                                     ပအိုဝ်း ITလူငယ်များ
 



 

Copyright @ 2014-2015 ပအိုဝ်း IT လူငယ်များ.

Designed by Templateism | Edited By Khun Htetz Naing | PaOh IT Youth