Thursday, October 1, 2015

How to Backup Stock Recovery.img in MTK Devices! (No Need Root)




   MTK ဖုန်းဆိုတာကတော့ အားလုံးသိမယ်ထင်ပါတယ်နော်...
i-Mobile, Lava Iris, ZTE, Coolpad, Vivo နဲ့အခြားဖုန်းတော်တော်များများပါဝင်ပါတယ်။
ကိုယ့်ရဲ့ဖုန်းက MTK Device ဟုတ် မဟုတ်အသေးစိတ်ကိုတော့ ဒီမှာ သွားကြည့်လိုက်ပါ။

MTK သုံးထားတဲ့ Anroid ဖုန်းများ CWM ရှာမတွေ့ရင်
ကိုယ်တိုင်အလွယ်တကူပြုလုပ်နိုင်မယ့်နည်းကို တင်ပေးလိုက်ပါ။
Root မလိုပါဘူး...Root မလိုတဲ့အတွက်နည်းနည်းတော့အဆင့်တွေများပါတယ်။
Root ရှိပြီးသားသူတွေကတော့ ဒီမှာ သွားကြည့်လိုက်ပါ။

CWM Recovery ဆိုတာဘာလဲ
========================

ကျွန်တော်တို့အဓိကသုံးကြတာကတော့ Root ဖောက်ရခက်တဲ့ဖုန်းတွေ Root ဖောက်လို့မရတဲ့ဖုန်းတွေကို
CWM Recovery သွင်းပြီး Root.zip တွေကို CWM Recovery Mode ကနေ
Flash ပေးရုံနဲ့ အလွယ်တကူ Root ရနိုင်ပါတယ်။
ပြီးတော့ Custom Rom တွေတင်မလား အခြားမြန်မာဖောင့်တွေကို CWM ကနေအလွယ်တကူ
Flash လို့ရတဲ့ .zip ဖိုင်တွေကို Root မလိုပဲ Flash ကြမယ်။
ဒါတွေမကသေးပါဘူး အများကြီးကျန်ပါသေးတယ်။
သူက Root မလုပ်ထားတဲ့ဖုန်းတစ်လုံးကို Root လုပ်ပြီးသားဖုန်းလုိ ပြုပြင်နိုင်တဲ့အချက်တွေရှိပါတယ်။

How to Backup Stock Recovery.img & Boot.img
========================================

ကျွန်တော်တို့ CWM Recovery ကိုယ်မိမိကိုယ်တိုင်ပြုလုပ်ဖို့ ဖုန်းမှာပါပြီးသား
မူလနဂို Stock Recovery.img ကို SP Flash Tool သုံးပြီး Backup ထုတ်ယူရပါမယ်။
ပြီးမှရလာတဲ့တွေဖိုင်ကို MTKdroid Tools နဲ့ CWM Recovery ပြန်ဖြစ်အောင် ပြန်လုပ်ယူရပါမယ်။
ပထမဦးဆုံးဒီပို့စ်ဟာအရမ်းရှည်မှာ ဖြစ်တဲ့အတွက် ကျွန်တော်ခွဲရေးပေးမှာပါ။
ပြီးတော့ကျွန်တော်အချိန်မရတာလဲပါပါတယ်။
ဒီပို့စ်မှာတော့ ကျွန်တော် ဖုန်းမှာပါပြီးသား
မူလနဂို Stock Recovery.img ကို SP Flash Tool သုံးပြီး
Backup ထုတ်ယူနည်းကိုပဲအရင်ရေးပေးပါမယ်။
နောက်နေ့မှာ CWM Recovery ရအောင် MTKdroid Tools နဲ့နည်းကိုထပ်မံရေးသားပေးမယ်။
အားလုံးပြီးသွားရင်တော့ ပို့စ်တစ်ခုတည်းဖြစ်အောင်စုရေးပေးပါမယ်။
ပြီးရင်တော့ CWM Recovery ကနေ Root အလွယ်တကူဖောက်နည်းတွေပါ ဆက်လက်ရေးသားပေးပါမယ်။

လိုအပ်တာတွေကို အရင်ဒေါင်းလိုက်ပါ။
===========================

 --------------------------------------------------------------------------------------------------------------------------------
သတိပေးချက်
=================
  • 26,9,2015(sat) နေ့မှစပြီးကျွန်တော်တင်သောလင့်များကို Adf.ly ခံထားပါသဖြင့်....

  • ဖိုင်များဒေါင်းလုတ်လုပ်ရာတွင် အဆင်မပြေ ဒေါင်းမရ

  • ဒေါင်းနည်းများမသိပါက ဒီမှာ အရင်သွားကြည့်ပေးပါ။



  • အားလုံးအဆင်ပြေပျော်ရွင်နိုင်ကြပါစေ....                           
  • ကျေးဇူးတင်ပါတယ်...
------------------------------------------------------------------------------------------------------
လိုအပ်တာတွေကတော့ ပုံထဲကအတိုင်းပါပဲ...


ပထမဦးဆုံးအနေနဲ့ လိုအပ်တာကတော့ မိမိဖုန်းရဲ့ Scatter File ပါ။
Scatter File မရှိသေးရင် Scatter File ပြုလုပ်နည်းကို ဒီမှာ သွားကြည့်ပေးပါ။
လိုအပ်တဲ့ Tools တွေနဲ့ ပုံနှင့်တကွအသေးစိတ်ရှင်းပြပေးထားပါတယ်။


Driver_Auto_Installer_v1.1236.00.7z

MTK_VCOM_Drivers.zip


SP Flash Tools v5.1.7.7z

Notepad++

ဒေါင်းလို့ရလာတဲ့ ဖိုင်တွေအားလုံးကို zip ဖြည့်ထားတဲ့အတွက် ဖြည်လိုက်ပါ။
ပြီးရင် Driver_Auto_Installer_v1.1236.00 နဲ့ MTK_VCOM_Drivers ကို အရင် Run ပြီး
Driver နှစ်ခုစလုံးကိုအရင် ကွန်ပျူတာမှာအရင်သွင်းထားလိုက်ပါ။
Driver သွင်းတဲ့အဆင့်တွေကိုတော့ အားလုံးလုပ်တတ်မယ် ထင်ပါတယ်...ပုံနဲ့မပြတော့ဘူးနော်...

ပြီးရင် Notepad++ ကိုလည်း Run ထားလိုက်ပါ။

အပေါ်ကအဆင့်တွေပြီးသွားပြီဆိုရင် မိမိရဲ့ဖုန်းမှာ Unknown Sources နဲ့ USB Debugging ကိုအမှန်ခြစ်တပ်ထားပေးဖို့လိုပါတယ်။
    အရင်ဦးဆုံးမိမိဖုန်း Security>Unknown Sources ကိုအမှန်ခြစ်တပ်ပေးထားပါ။
    ပြီးရင် USB Debugging ကိုလည်းဖွင့်ထားပေးရပါမယ်။
    မိမိဖုန်းမှာ အခုပြောတာတွေ လုပ်ထားပြီးသားဆိုရင်တော့ ဒီအဆင့်ကိုကျော်ပြီး အောက်ကကြည့်သွားပေးပါ။
    မလုပ်ရသေးရင်တော့ လုပ်ပေးဖို့လိုအပ်ပါတယ်။
    မလုပ်တတ်ရင် အောက်ကပုံတွေကို ကြည့်လုပ်သွားပေးပါ။



ဖုန်းကို Unknown Source နှင့် USB Debugging ဖွင့်ပေးခြင်း
=============================================

1. ဖုန်းရဲ့ Setting ကိုဝင်ပါ။

 

















2. ပြီးရင် USB Debgging Mode ကိုလည်းဖွင့်ထားပေးဖို့လိုပါတယ်။
    Setting>Developer Options ကိုဝင်ပြီး USB Debgging ကိုဖွင့်ပေးလိုက်ပါ။
    Developer Options ကိုရှာမတွေ့ရင် အောက်ပါပုံအတိုင်းလုပ်ပေးပါ....
    About Phone ကိုဝင်ပြီး Build number ကိုလေး၊ ငါးချက်လောက်ခပ်မြန်မြန်နှိပ်ပေးလိုက်ပါ။
   


You are now a developer! ဆိုတဲ့ စာတန်းလေးတက်လာပေးရင်ရပါပြီ.......
Back Key နဲ့တစ်ချက်ပြန်ထွက်လိုက်ပါ.....
















3.Developer Options ကိုဝင်ပြီးအောက်ပါပုံများအတိုင်း USB Debugging ကိုဖွင့်ပေးလိုက်ပါ။



  

4. ပုံအတိုင်းသာဆက်လုပ်ပေးပါ။

   


အပေါ်ကအဆင့်တွေပြီးရင် SP Flash Tools v5.1 ဖိုဒါကိုဖွင့်ပြီး Flash_Tools.exe ကို
Right Click ထောက်ပြီး Run as adminstrator နဲ့ဖွင့်လိုက်ပါ။


ပြီးရင် Scatter Loading ခလုတ်ကိုနှိပ်ပြီး အပေါ်မှာပြောခဲ့တဲ့ လင့်ကနေသွားပြီးလုပ်ထားတဲ့
Scatter File လေးကိုသွားရွေးပေးရမှာဖြစ်ပါတယ်။


 Windows တစ်ခုတက်လာရင် Scatter ဖိုင်သိမ်းထားတဲ့ ဖိုဒါဆီကိုသွားပြီး
မိမိတို့ဖုန်းရဲ့ Scatter ဖိုင်လေးကိုသွားရွေးပေးရမှာဖြစ်ပါတယ်။
ရွေးပြီးရင် Open ပေါ့နော်...


ပြီးသွားရင်အောက်ပါပုံအတိုင်း အပေါ်က Readback ခလုတ်လေးကိုနှိပ်လိုက်ပါ။


ပြီးရင် Add ဆိုတဲ့ခလုတ်လေးကို နှစ်ချက်နှိပ်ပေးလိုက်ပါ။


Add ကိုနှစ်ချက်နှိပ်လိုက်ရင်အောက်ပါပုံအတုိင်း N/A ဆိုတဲ့နှစ်ခုထွက်လာပါလိမ့်မယ်။
 ဘာလို့နှစ်ချက်နှိပ်ခိုင်းရတာလဲဆိုတော့ ပထမတစ်ခုကို boot.img ပြုလုပ်မှာဖြစ်ပြီး
ဒုတိယတစ်ခုကို recovery.img ပြုလုပ်မှာမို့လို့ပါ။


ပြီးရင်အောက်ပါပုံအတိုင်း အပေါ်တစ်ခုကိုနှိပ်လိုက်ပါ။


ပြီးရင် Windows တစ်ခုတက်လာပါလိမ့်မယ်။
ဖိုင်နာမည်ကို ပုံမှာအစိမ်းရောင်နဲ့ဝိုင်းပြထားသလို boot.img လို့ပေးလိုက်ပါ။
အဲ့ဒီဖိုင်ကိုသိမ်းချင်တဲ့ ဖိုဒါထဲသွားသိမ်းနိုင်ပါတယ်။
ကျွန်တော်ကတော့ SP Flash Tool 5.1 ဖိုဒါထဲမှာ
MTK လို့ဖိုဒါတစ်ခုထပ်ဆောက်ပြီး သိမ်းလိုက်ပါတယ်။
ပြီးရင် Save ပေါ့နော်...


အောက်ကပုံအတိုင်းတက်လာရင်  Hex ကိုရွေးပေးပါ။
Hex ကိုရွေးထားပြီးသားဆိုရင်တော့ ဒီတိုင်းထားလိုက်ပါ။
SP Flash Tool ကိုမပိတ်လိုက်ပါနဲ့...
မိမိတို့ဖုန်းရဲ့ Scatter ဖိုင်သိမ်းထားတဲ့ဖိုဒါဆီကိုသွားလိုက်ပါ။


ပြီးရင်မိမိတို့ဖုန်းရဲ့ Scatter ဖိုင်ပေါ်ကုိ Right Click ထောက်ပြီး
ပုံထဲကအတိုင်း Edit with Notepad++ နဲ့ဖွင့်လိုက်ပါ။


ပြီးရင်ကွန်ပျူတာပေါ်က ကီးဘုတ်ကနေ Ctrl နဲ့ F ကိုတွဲနှိပ်လိုက်ပါ။
ပြီးရင်ပုံပေါ်ကအတိုင်းလိုက်လုပ်ပေးပါ။


boot.img အောက်နားလေးမှာ linear_start_addr: ဆိုတာလေးကိုတွေ့အောင်ရှာပြီး
သူ့နောက်ကဂဏန်းတွေကို Select ပေးပြီး Right Click ထောက် Copy ကူးလိုက်ပါ။
ဖုန်းတစ်လုံးနဲ့တစ်လုံးဂဏန်းတွေတူနိုင်သလို မတူတဲ့ဖုန်းတွေလည်းရှိနိုင်ပါတယ်။
ကျန်တဲ့အပိုင်းတွေကတော့ တူတူပါပဲ...


SP Flash Tool ထဲကိုပြန်ဝင်ပြီး Copy ကူလားတဲ့ ဂဏန်းတွေကို
ပုံမှာပြထားတဲ့အတိုင်း Paste ချပေးလိုက်ပါ။


ပြီးရင် Notepad++ ထဲကိုပြန်ဝင်ပြီး စောဏက Copy ကူးခဲ့တဲ့
linear_start_addr: အောက်နားမှာ partition_size: ကိုတွေ့အောင်ရှာပြီး
သူ့နောက်ကဂဏန်းတွေကို အကုန် Select ပေးပြီး Right Click ထောက် Copy ကူးလိုက်ပါ။



ပြီးရင် SP Flash Tool ထဲကိုပြန်ဝင်ပြီး Copy ကူလားတဲ့ ဂဏန်းတွေကို
ပုံမှာပြထားတဲ့အတိုင်း Paste ချပေးလိုက်ပါ။


ပြီးရင်အောက်ပါပုံထဲကအတိုင်း OK ခလုတ်ကိုနှိပ်ပေးပါ။


ကဲ...ဒါဆိုရင် boot.img အတွက်ကပြီးသွားပါပြီ။
ဒုတိယတစ်ခု recovery.img အတွက်ကျန်ပါသေးတယ်။
အဲ့ဒီအတွက်အောက်ပါပုံအတိုင်း ဒုတိယတစ်ခုကိုနှိပ်ပေးလိုက်ပါ။


အောက်ပါပုံအတိုင်းတက်လာရင် File Name ကို recovery.img လို့ပေးလိုက်ပါ။
သိမ်းဆည်းမယ့်နေရာကိုတော့ စောဏက boot.img သိမ်းထားတဲ့ဖိုဒါထဲကိုပဲ
boot.img နဲ့တွဲပြီးတူတူသိမ်းလိုက်ပါ။
အားလုံးပြီးရင် Save ပေါ့နော်...



အောက်ကပုံအတိုင်းတက်လာရင်  Hex ကိုရွေးပေးပါ။
Hex ကိုရွေးထားပြီးသားဆိုရင်တော့ ဒီတိုင်းထားလိုက်ပါ။
SP Flash Tool ကိုမပိတ်လိုက်ပါနဲ့...
Notepad++  ထဲကိုပဲပြန်ဝင်လိုက်ပါ။


ပြီးရင်ကွန်ပျူတာပေါ်က ကီးဘုတ်ကနေ Ctrl နဲ့ F ကိုတွဲနှိပ်ပေးပါ။
ပြီးရင်ပုံထဲကအတိုင်းသာ လုပ်ဆောင်ပေးပါ။


recovery.img အောက်နားလေးက linear_start_addr: ကိုတွေ့အောင်ရှာပြီး သူ့နောက်ကဂဏန်းတွေကို ပုံမှာပြထားတဲ့အတိုင်း Select ပေးပြီး Copy ကူးလိုက်ပါ။


ပြီးရင် SP Flash Tool ကိုပြန်ဝင်ပြီးအောက်ပါပုံအတိုင်း
Copy ကူးလာတဲ့ ဂဏန်းတွေကို Paste ချပေးလိုက်ပါ။


ပြီးရင် Notepad++ ထဲကိုပြန်ဝင်ပြီး စောနက Copy ကူးခဲ့တဲ့
linear_start_addr: အောက်နားမှာ partition size: ကိုတွေ့အောင်ရှာပြီး
သူ့နောက်ကဂဏန်းတွေကို အကုန် Select ပေးပြီး Copy ကူးလိုက်ပါ။


ပြီးရင် SP Flash Tool ကိုပြန်ဝင်ပြီး အောက်ပါပုံအတိုင်း Copy ကူးလာတဲ့
ဂဏန်းတွေကို Paste ချပေးလိုက်ပါ။


အားလုံးပြီးသွားရင် OK ပေါ့နော်...


ပြီးရင်ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ထားရင် ဖြုတ်လိုက်ပါ။
ပြီးရင်ဘက်ထရီကိုလည်းဖြုတ်ပေးပါ။
ပြီးရင်အောက်ပါပုံအတိုင်း Read Back ခလုတ်ကိုနှိပ်ပြီး ဖုန်းနဲ့ကွန်ပျူတာကို
USB ကြိုးသုံးပြီး ချိတ်ဆက်လုိုက်ပါ။
ဘက်ထရီပြန်တက်ရန်မလိုပါ။


ဖုန်းနဲ့ကွန်ပျူတာသိပြီဆိုရင် အောက်ပါပုံအတိုင်းရာခိုင်နှုန်းတွေတက်လာပါလိမ့်မယ်။
 ဖုန်းနဲ့ကွန်ပျူတာမသိသေးရင်တော့ ဖုန်းမှာအသံတိုးတဲ့ခလုတ်တစ်ခုတည်းကုိသာ ဖိထားပေးပါ။
မရသေးရင် USB ကြိုးကိုဖြုတ်လိုက်တက်လိုက်လုပ်ပါ။
အဆင်မပြေသေးရင် ဒေါင်းထားတဲ့ Driver တွေကိုထပ်သွင်းပေးပြီး စမ်းကြည့်ပါ။
အဆင်ပြေပါလိမ့်မယ်...


ရာခိုင်နှုန်းတွေတက်လာပြီဆိုရင် ခဏစောင့်ပေးလိုက်ပါ။
အောက်ကပုံအတိုင်း အစိမ်းရောင်လေးနဲ့ အမှန်ခြစ်ပေါ်လာပြီဆိုရင် ရပါပြီ...
OK ပါပြီ...

ကိုယ်စောဏတုန်းကရွေးခဲ့တဲ့ boot.img နဲ့ recovery.img သိမ်းထားတဲ့ဖိုဒါထဲကို
ကိုယ့်ဖုန်းရဲ့နဂိုမူလ boot.img နဲ့ recovery.img လေးတွေရောက်နေပါပြီ..
  


အဲ့ဒီ Stock boot.img နဲ့ recovery.img ကို CWM Recovery ဖြစ်အောင်ပြုလုပ်နည်းကို နောက်နေ့ရေးပေးပါ့မယ်...


အားလုံးအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ



Page  

==========

ပအိုဝ်း IT လူငယ်များ






Blog
==========
ပအိုဝ်း IT လူငယ်များ
 
Groups
============
Myanmar Unicode Area

Myanmar PaOh Unicode Area

ပအိုဝ်း IT လူငယ်များ

 အားလုံးအဆင်ပြေပျော်ရွင်နိုင်ကြပါစေ  

                                     ပအိုဝ်း ITလူငယ်များ



Admin

ဒီဂျစ်တယ်ခေတ်တွင် နိုင်ငံတကာသုံး စံနှုန်းများအဆင့်မှီသော မြန်မာယူနီကုဒ်ကို သုံးစွဲခြင်းဖြင့် ဘာသာစကားများကို ထိန်းသိမ်းကာကွယ်ပါ။

0 comments:

Post a Comment

 

Copyright @ 2014-2015 ပအိုဝ်း IT လူငယ်များ.

Designed by Templateism | Edited By Khun Htetz Naing | PaOh IT Youth