Monday, September 28, 2015

Android ဖုန်းများ IMEI Null သည့်ပြဿနာကို အလွယ်တကူဖြေရှင်းနည်း (ကွန်ပျူတာမလို)

 


IMEI Null သွားသော Android ဖုန်းများ IMEI ပြန်ရေးနည်းလေးတင်ပေးလိုက်ပါတယ်။
ကွန်ပျူတာမလိုပါဘူး ဘာ Tools မှလည်းသုံးစရာမလိုပါဘူး။
ဒါပေမယ့်တစ်ချို့ဖုန်းတွေ ကုဒ်အလုပ်မလုပ်ရင်သုံးဖို့ Apk လေးတစ်ခုပါတင်ပေးထားပါတယ်။
ကုဒ်တွေအလုပ်လုပ်ရင်တော့ apk ကိုသုံးစရာမလိုဘူးပေါ့နော်...
ဖုန်းကိုတော့ Root ဖောက်ထားဖို့လိုပါတယ်။
ကျွန်တော်ကတော့ ပထမနည်း ဒုတိယနည်းဆိုပြီး နှစ်နည်းရေးလိုက်မယ်နော်...
Apk နဲ့သုံးတဲ့နည်းနဲ့ ကုဒ်ရိုက်ထည့်တဲ့နည်းကို ပထမနဲ့ ဒုတိယခွဲရေးပေးလိုက်မယ်နော်...
မရောအောင်ပေါ့...
ပထမနည်း
========

ပထမနည်းကတော့ ဘာ tools သုံးစရာမလိုပါဘူး။
အရင်ဦးဆုံးကိုယ့်ဖုန်းကို ဘက်ထရီဖြုတ်ပြီး 
IMEI တွေကို စာရွက်တစ်ရွက်ပေါ်မှာ သေချာဂရုတစိုက်မမှားအောင်ကြည့်ရေးထားလိုက်ပါ။
ဆင်းမ်ကဒ်နှစ်ကဒ်သုံးလို့ရတဲ့ဖုန်းဆိုရင်တော့ 
IMEI 1 နဲ့ IMEI 2 နှစ်ခုတွေ့ရပါလိမ့်မယ်။
နှစ်ခုစလုံးသေချာကြည့်ကူးထားလိုက်ပါ။


အရင်ဆုံးဖုန်းဆက်တဲ့ ခလုတ်မှာပေးထားတဲ့ကုဒ်ကိုရိုက်ထည့်လိုက်ပါ။
*#*#3646633#*#* ကိုနိပ်လိုက်ပါ ဖုန်းရဲ့EngineerMode ကိုရောက်သွားပါလိမ့်မယ်
တချို့ဖုန်းတွေ *#*#3646633#*#* နဲ့ဝင်မရရင် *#15963#* နဲ့ဝင်ပါ။ 
ပြီးရင် Connect ကိုနှိပ်ပြီး

 

ပြီးရင်  CDS Information ထဲကိုဝင်ပါ။
မှတ်ချက်။   ။ ဖုန်းတစ်လုံးနဲ့တစ်လုံး ပုံထဲကအတိုင်းနဲ့ အနည်းငယ်ကွဲလွဲမှုရှိနိုင်ပါတယ်။
ဒါပေမယ့် CDS Information ကိုသာတွေ့အောင်ရှာပါ။
 

Radio Information ကိုဆက်ဝင်ပါ။
 


ဆင်းမ်းကဒ်နှစ်ခုရှိတဲ့ဖုန်းဆိုရင်အောက်ကပုံလို
Phone 1 နဲ့ Phone 2 ဆိုပြီးပြနေပါလိမ့်မယ်။
ဆင်းမ်ကဒ်တစ်ခုသုံးဆိုရင်တော့ တစ်ခုပဲတွေ့ရပါလိမ့်မယ်။
ကျွန်တော့်ဖုန်းက နှစ်ကဒ်သုံးဆိုတော့
Phone 1 ကိုအရင်ဝင်လိုက်ပါ။


အောက်ကပုံလိုပေါ်လာရင် စာရိုက်ထည့်ရမှာဖြစ်တဲ့အတွက်
 AT+ ဘေးနားလေးကို နှိပ်လိုက်ပါ။


ပြီးရင်ကီးဘုတ်မှာ E ကိုနှိပ်လိုက်ပါ။


ပြီးရင်အောက်ကပုံလိုစာကြောင်းတွေတက်လာလိမ့်မယ်။
AT+EGMR=1,7,"" အကြောင်းကိုရွေးလိုက်ပါ။

ကော်မာ "" နှစ်ခုကြားထဲမှာစောဏက မှတ်ခိုင်းထားတဲ့
 IMEI ဂဏန်း ၁၅ လုံးကိုရိုက်ထည့်ပေးရမှာပါ။
အဲ့ဒီအတွက် အဲ့နှစ်ခုကြားကို သေချာထောက်လိုက်ပါ။


Phone 1 ဆိုတော့ မှတ်ထားတဲ့ IMEI 1 ကိုရိုက်ထည့်ပေးလိုက်ပါ။
ပြီးရင်သေချာပြန်စစ်ပေးကြည့်ပါ။



အားလုံးသေချာပြီဆိုရင် 
SEND AT COMMAND ခလုတ်ကိုနှိပ်ပေးလိုက်ပါ။
Root ခွင့်ပြုချက်တောင်းရင်လည်း ပေးလိုက်ပါ။


ပြီးသွားရင် ဆင်းမ်းကဒ်တစ်ခုသုံးဖုန်းတွေကတော့ ဖုန်းကို 
Restart ချလိုက်ပါ။
ပြန်တက်လာရင် ok ပါပြီ။ ဖုန်းဆက်တဲ့ခလုတ်မှာ 
*#06# လို့ရိုက်ကြည့်ပြီး IMEI ကိုစစ်ဆေးနိုင်ပါတယ်။
ဆင်းမ်ကဒ်နှစ်ခုသမားတွေကတော့ အဲ့ကနေ
Back Key နဲ့တစ်ချက်ပြန်ထွက်ပြီး Phone 2 ထဲကိုဝင်ပြီး အပေါ်ကလုပ်ခဲ့တဲ့ Phone 1 အတိုင်းသာလုပ်ပေးပါ။
IMEI ကိုတော့ Phone 2 ဆိုတော့ IMEI 2 ကိုရိုက်ထည့်ပေးပါ။
ပြီးရင်ဖုန်းကို Restart သို့မဟုတ် ပိတ်ပြီးပြန်ဖွင့်ပေးပါ။


ပြီးရင်ဖုန်းဆက်တဲ့ခလုတ်မှာ *#06# လို့ရိုက်ရင် အောက်ကပုံအတိုင်း ကိုယ့်ဖုန်းရဲ့ IMEI ကိုတွေ့ရပါလိမ့်မယ်။


ပထမနည်းမှာ ကုဒ်ရိုက်ထည့်တာ EngineerMode ကိုရောက်မသွားတဲ့သူတွေ အဆင်မပြေသူတွေ 
ဒုတိယနည်းကို ဆက်လက်ကြည့်ရှု့ပေးပါ။


ဒုတိယနည်းလမ်း
===============

ဒုတိယနည်းလမ်းဆိုပေမယ့် ပထမနည်းလမ်းနဲ့ ဘာမှမကွာပါဘူး
ကုဒ်ရိုက်ထည့်ပြီး EngineerMode ဝင်လို့မရတဲ့သူတွေ
Apk သုံးပြီးဝင်တဲ့နည်းပါ။
EngineerMode ထဲရောက်သွားရင်
ကျန်တဲ့အပိုင်းတွေကတော့ ပထမနည်းနဲ့အတူတူပါပဲ။
 
အရင်ဦးဆုံးကိုယ့်ဖုန်းကို ဘက်ထရီဖြုတ်ပြီး 
IMEI တွေကို စာရွက်တစ်ရွက်ပေါ်မှာ သေချာဂရုတစိုက်မမှားအောင်ကြည့်ရေးထားလိုက်ပါ။
ဆင်းမ်ကဒ်နှစ်ကဒ်သုံးလို့ရတဲ့ဖုန်းဆိုရင်တော့ 
IMEI 1 နဲ့ IMEI 2 နှစ်ခုတွေ့ရပါလိမ့်မယ်။
နှစ်ခုစလုံးသေချာကြည့်ကူးထားလိုက်ပါ။

 
EngineerMode ကိုဝင်ဖို့ apk ကိုအောက်မှာဒေါင်းလိုက်ပါ။

 -------------------------------------------------------------------------------------သတိပေးချက်
=================
  • 26,9,2015(sat) နေ့မှစပြီးကျွန်တော်တင်သောလင့်များကို Adf.ly ခံထားပါသဖြင့်....
  • ဖိုင်များဒေါင်းလုတ်လုပ်ရာတွင် အဆင်မပြေ ဒေါင်းမရ
  • ဒေါင်းနည်းများမသိပါက ဒီမှာ အရင်သွားကြည့်ပေးပါ။


  • အားလုံးအဆင်ပြေပျော်ရွင်နိုင်ကြပါစေ....                           ကျေးဇူးတင်ပါတယ်...
--------------------------------------------------------------------------------------


ဒေါင်းလို့ရလာတဲ့ apk ကို Install လုပ်ပါ။
ပြီးရင်ဖွင့်လိုက်ပါ။




MTK Setting ကိုဝင်ပါ။


ပြီးရင် Connect ကိုနှိပ်ပြီး

 

ပြီးရင်  CDS Information ထဲကိုဝင်ပါ။
မှတ်ချက်။   ။ ဖုန်းတစ်လုံးနဲ့တစ်လုံး ပုံထဲကအတိုင်းနဲ့ အနည်းငယ်ကွဲလွဲမှုရှိနိုင်ပါတယ်။
ဒါပေမယ့် CDS Information ကိုသာတွေ့အောင်ရှာပါ။
 

Radio Information ကိုဆက်ဝင်ပါ။
 


ဆင်းမ်းကဒ်နှစ်ခုရှိတဲ့ဖုန်းဆိုရင်အောက်ကပုံလို
Phone 1 နဲ့ Phone 2 ဆိုပြီးပြနေပါလိမ့်မယ်။
ဆင်းမ်ကဒ်တစ်ခုသုံးဆိုရင်တော့ တစ်ခုပဲတွေ့ရပါလိမ့်မယ်။
ကျွန်တော့်ဖုန်းက နှစ်ကဒ်သုံးဆိုတော့
Phone 1 ကိုအရင်ဝင်လိုက်ပါ။


အောက်ကပုံလိုပေါ်လာရင် စာရိုက်ထည့်ရမှာဖြစ်တဲ့အတွက်
 AT+ ဘေးနားလေးကို နှိပ်လိုက်ပါ။


ပြီးရင်ကီးဘုတ်မှာ E ကိုနှိပ်လိုက်ပါ။


ပြီးရင်အောက်ကပုံလိုစာကြောင်းတွေတက်လာလိမ့်မယ်။
AT+EGMR=1,7,"" အကြောင်းကိုရွေးလိုက်ပါ။

ကော်မာ "" နှစ်ခုကြားထဲမှာစောဏက မှတ်ခိုင်းထားတဲ့
 IMEI ဂဏန်း ၁၅ လုံးကိုရိုက်ထည့်ပေးရမှာပါ။
အဲ့ဒီအတွက် အဲ့နှစ်ခုကြားကို သေချာထောက်လိုက်ပါ။


Phone 1 ဆိုတော့ မှတ်ထားတဲ့ IMEI 1 ကိုရိုက်ထည့်ပေးလိုက်ပါ။
ပြီးရင်သေချာပြန်စစ်ပေးကြည့်ပါ။



အားလုံးသေချာပြီဆိုရင် 
SEND AT COMMAND ခလုတ်ကိုနှိပ်ပေးလိုက်ပါ။
Root ခွင့်ပြုချက်တောင်းရင်လည်း ပေးလိုက်ပါ။


ပြီးသွားရင် ဆင်းမ်းကဒ်တစ်ခုသုံးဖုန်းတွေကတော့ ဖုန်းကို 
Restart ချလိုက်ပါ။
ပြန်တက်လာရင် ok ပါပြီ။ ဖုန်းဆက်တဲ့ခလုတ်မှာ 
*#06# လို့ရိုက်ကြည့်ပြီး IMEI ကိုစစ်ဆေးနိုင်ပါတယ်။
ဆင်းမ်ကဒ်နှစ်ခုသမားတွေကတော့ အဲ့ကနေ
Back Key နဲ့တစ်ချက်ပြန်ထွက်ပြီး Phone 2 ထဲကိုဝင်ပြီး အပေါ်ကလုပ်ခဲ့တဲ့ Phone 1 အတိုင်းသာလုပ်ပေးပါ။
IMEI ကိုတော့ Phone 2 ဆိုတော့ IMEI 2 ကိုရိုက်ထည့်ပေးပါ။
ပြီးရင်ဖုန်းကို Restart သို့မဟုတ် ပိတ်ပြီးပြန်ဖွင့်ပေးပါ။


ပြီးရင်ဖုန်းဆက်တဲ့ခလုတ်မှာ *#06# လို့ရိုက်ရင် အောက်ကပုံအတိုင်း ကိုယ့်ဖုန်းရဲ့ IMEI ကိုတွေ့ရပါလိမ့်မယ်။



 


 ဒီနည်းနဲ့အဆင်မပြေသေးရင် ဒီမှာ နောက်ထပ်တစ်နည်း သွားကြည့်နိုင်ပါတယ်။
 
အားလုံးအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ

Page  
==========

ပအိုဝ်း IT လူငယ်များ





Blog
==========
ပအိုဝ်း IT လူငယ်များ
 
Groups
============
Myanmar Unicode Area

Myanmar PaOh Unicode Area

ပအိုဝ်း IT လူငယ်များ

 အားလုံးအဆင်ပြေပျော်ရွင်နိုင်ကြပါစေ  

                                     ပအိုဝ်း ITလူငယ်များ



Saturday, September 26, 2015

How to Get Scatter File in Any MTK Devices! (No Need Root)


        MTK ဖုန်းဆိုတာကတော့ အားလုံးသိမယ်ထင်ပါတယ်နော်...
i-Mobile, Lava Iris, ZTE, Coolpad, Vivo နဲ့အခြားဖုန်းတော်တော်များများပါဝင်ပါတယ်။
ကိုယ့်ရဲ့ဖုန်းက MTK Device ဟုတ် မဟုတ်အသေးစိတ်ကိုတော့ ဒီမှာ သွားကြည့်လိုက်ပါ။

Scatter ဖိုင်ဆိုတာကတော့ ကျွန်တော်တို့ဖုန်းကို SP Flash Tool နဲ့ Firmware တင်ရင်
Scatter Loading ဆိုတဲ့ခလုတ်ကိုနှိပ်ပြီးသွားရွေးပေးရတဲ့ဖိုင်ပါ။
ဖိုင်မှာမိမိဖုန်းအမျိုးစားအလိုက် ဖိုင်နာမည်က 
MTဖုန်းအမျိုးစားအလိုက်_Android_scatter.txt အဲ့ကောင်လေးပါ။
တော်တော်များများအားလုံးက သူ့ကို firmware တင်တဲ့နေရာမှာပဲသုံးကြပါတယ်။
ဘာပဲဖြစ်ဖြစ်ကိုယ်လိုအပ်တဲ့အခါ အလွယ်တကူအသုံးချနိုင်အောင် မသိသေးတဲ့သူတွေဒီပို့စ်လေးကိုဆုံးအောင်ကြည့်စေချင်ပါတယ်။
မခက်ပါဘူးကိုယ့်ကွန်ပျူတာမှာ ဖုန်းနဲ့သက်ဆိုင်တဲ့ Driver သွင်းထားရမယ် MTKdroid Tools ကိုဖွင့်ပြီး Blocks Map ကိုနှိပ်ပြီး Create Scatter File လေးကိုနှိပ်လိုက်ရုံပါပဲ...
ဖုန်းကိုလည်း Root လုပ်ထားဖို့မလိုပါဘူး။
ကဲ...လိုအပ်တဲ့ Driver တွေနဲ့ MTKdroid Tools ကိုပေးထားတဲ့လင့်ကနေဒေါင်းလိုက်ပါ။
ပြီးရင်ကျန်တဲ့အဆင့်တွေကို အောက်မှာပုံလေးတွေနဲ့တဆင့်ချင်းအသေးစိတ် ရှင်းပြပေးထားပါတယ်။

-----------------------------------------------------------------------------------------------------------------------------------
သတိပေးချက်
=================

  • 26,9,2015(sat) နေ့မှစပြီးကျွန်တော်တင်သောလင့်များကို Adf.ly ခံထားပါသဖြင့်....
  • ဖိုင်များဒေါင်းလုတ်လုပ်ရာတွင် အဆင်မပြေ ဒေါင်းမရ
  • ဒေါင်းနည်းများမသိပါက ဒီမှာ အရင်သွားကြည့်ပေးပါ။

  • အားလုံးအဆင်ပြေပျော်ရွင်နိုင်ကြပါစေ....                           ကျေးဇူးတင်ပါတယ်...
-----------------------------------------------------------------------------------------------------------------------------------

Driver_Auto_Installer_v1.1236.00.7z

MTK_VCOM_Drivers.zip

MTKdroid Tools v2.5.3.zip

ဒေါင်းလို့ရလာတဲ့ ဖိုင်တွေအားလုံးကို zip ဖြည့်ထားတဲ့အတွက် ဖြည်လိုက်ပါ။
ပြီးရင် Driver_Auto_Installer_v1.1236.00 နဲ့ MTK_VCOM_Drivers ကို အရင် Run ပြီး
Driver နှစ်ခုစလုံးကိုအရင် ကွန်ပျူတာမှာအရင်သွင်းထားလိုက်ပါ။
Driver သွင်းတဲ့အဆင့်တွေကိုတော့ အားလုံးလုပ်တတ်မယ် ထင်ပါတယ်...ပုံနဲ့မပြတော့ဘူးနော်...

အပေါ်ကအဆင့်တွေပြီးသွားပြီဆိုရင် မိမိရဲ့ဖုန်းမှာ Unknown Sources နဲ့ USB Debugging ကိုအမှန်ခြစ်တပ်ထားပေးဖို့လိုပါတယ်။
    အရင်ဦးဆုံးမိမိဖုန်း Security>Unknown Sources ကိုအမှန်ခြစ်တပ်ပေးထားပါ။
    ပြီးရင် USB Debugging ကိုလည်းဖွင့်ထားပေးရပါမယ်။
    မိမိဖုန်းမှာ အခုပြောတာတွေ လုပ်ထားပြီးသားဆိုရင်တော့ ဒီအဆင့်ကိုကျော်ပြီး အောက်ကကြည့်သွားပေးပါ။
    မလုပ်ရသေးရင်တော့ လုပ်ပေးဖို့လိုအပ်ပါတယ်။
    မလုပ်တတ်ရင် အောက်ကပုံတွေကို ကြည့်လုပ်သွားပေးပါ။ 

ဖုန်းကို Unknown Source နှင့် USB Debugging ဖွင့်ပေးခြင်း
========================================  

1. ဖုန်းရဲ့ Setting ကိုဝင်ပါ။

 

















2. ပြီးရင် USB Debgging Mode ကိုလည်းဖွင့်ထားပေးဖို့လိုပါတယ်။
    Setting>Developer Options ကိုဝင်ပြီး USB Debgging ကိုဖွင့်ပေးလိုက်ပါ။
    Developer Options ကိုရှာမတွေ့ရင် အောက်ပါပုံအတိုင်းလုပ်ပေးပါ....
    About Phone ကိုဝင်ပြီး Build number ကိုလေး၊ ငါးချက်လောက်ခပ်မြန်မြန်နှိပ်ပေးလိုက်ပါ။
   


You are now a developer! ဆိုတဲ့ စာတန်းလေးတက်လာပေးရင်ရပါပြီ.......
Back Key နဲ့တစ်ချက်ပြန်ထွက်လိုက်ပါ.....
















3.Developer Options ကိုဝင်ပြီးအောက်ပါပုံများအတိုင်း USB Debugging ကိုဖွင့်ပေးလိုက်ပါ။


  

4. USB Debugging ကိုဖွင့်ဖုိ့အောက်ပုံအတိုင်းသာ ဆက်လုပ်ပေးပါ။

   


အပေါ်ကအဆင့်တွေပြီးရင် MTKdroid Tools v2.5.3 ဖိုဒါကိုဖွင့်ပြီး MTKdroidTools.exe ကို
Right Click ထောက်ပြီး Run as adminstrator နဲ့ဖွင့်လိုက်ပါ။


 ပြီးရင်ဖုန်းမှာအောက်ကပုံလိုတက်လာရင် ပုံထဲကပြထားတဲ့အတိုင်းသာလုပ်ပေးလိုက်ပါ။

  

အောက်ကပုံအတိုင်းဆိုရင် ကိုယ့်ဖုန်းရဲ့အချက်အလက်တွေပေါ်လာပြီဆိုရင်
MTKdroid Tools နဲ့ဖုန်းသိနေပါပြီ။
Scatter ဖိုင်ယူဖို့ ပုံထဲကအတိုင်း Blocks Map ခလုတ်ကိုနှိပ်လိုက်ပါ။

ပြီးရင် Create Scatter File ကိုနှိပ်လိုက်ပါ။

ပြီးရင်ဝင်းဒိုးအသစ်တစ်ခုတက်လာပါလိမ့်မယ် ကိုယ့်ဖုန်းရဲ့ Scatter ဖိုင်ကိုဘယ်မှာသိမ်းမလဲ
ကြိုက်တဲ့နေရာဝင်ရွေးပေးပြီး Save ကိုနှိပ်ပေးလိုက်ပါ။
ပုံမှန်ဆိုရင်တော့ ဒီတိုင်း Save တန်းနှိပ်ရင်တော့ MTKdroid Tools ဖိုဒါထဲမှာသိမ်းထားပေးပါလိမ့်မယ်။
ကျွန်တော်က ဘယ်နေရာမှာမရွေးတော့ပဲ Save ကိုပဲတန်းနှိပ်လိုက်ပါတယ်။


အောက်ကပုံအတိုင်း MTKdroid Tools ဖိုဒါထဲမှာ ကိုယ့်ဖုန်းရဲ့ Sactter ဖိုင်လေးရောက်နေပါပြီ။
အလိုရှိရာသုံးနိုင်ကြပါပြီ...



အားလုံးအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ




Page


==========

ပအိုဝ်း IT လူငယ်များ






Blog

==========

ပအိုဝ်း IT လူငယ်များ



PaOh Dragon AppPaOh Dragon App
Groups
============
Myanmar Unicode Area

Myanmar PaOh Unicode Area

ပအိုဝ်း IT လူငယ်များ

 အားလုံးအဆင်ပြေပျော်ရွင်နိုင်ကြပါစေ  

                                     ပအိုဝ်း ITလူငယ်များ


Wednesday, September 23, 2015

iFont ကိုအသုံးပြုပြီး App တစ်ခုစီကို စာလုံးပုံစံပြောင်း အရောင်ပြောင်းမယ်



    iFont ကိုအသုံးပြုပြီး ကိုယ်ကြိုက်တဲ့ App တွေကိုတစ်ခုချင်းစီကို ကိုယ်ကြိုက်တဲ့ဖောင့် ကြိုက်တဲ့အရောင်ပြောင်းလို့ရပါတယ်။
အားလုံးလည်းသိပြီးသားဖြစ်နေပါလိမ့်မယ် 
 ဒါပေမယ့်မသိသေးတဲ့သူတွေအတွက်တော့ တကယ်အသုံးဝင်စေမယ့်နည်းလေးပါ။                        ဒါပေမယ့်ကိုယ့်ဖုန်းမှာ Root Access လိုအပ်ပါတယ်။                                                        ဥပမာကိုယ်က ဇော်ဂျီပါပြီးသားဖုန်းတစ်လုံးကို ယူနီကုဒ်ပြောင်းလိုက်ပါတယ်။                    ဒါပေမယ့်အားလုံးသိကြတဲ့အတိုင်း ဖုန်းတစ်ခုလုံးမြန်မာစာစနစ်ကို ဇော်ဂျီနဲ့သုံးထားရင်            ယူနီကုဒ်ပြောင်းလိုက်ပေမယ့် နဂိုပါပြီးသားဇော်ဂျီနဲ့ရေးထားတဲ့ 
မြန်မာစာတွေကတော့ ကမောက်ကမဖြစ်ကုန်ပါတော့တယ်။                                                    အဲ့ဒီအခါမှာတော့ ခုကျွန်တော်ပြောပြမယ့်နည်းနဲ့ မြန်မာဇော်ဂျီသုံးထားတဲ့                                          Appတစ်ခုချင်းစီကိုဇော်ဂျီထားပေးခြင်းဖြစ်အဆင်ပြေနိုင်ပါတယ်။ 
ဥပမာSetting ကိုပေါ့နော်Setting App တစ်ခုတည်းကို ဇော်ဂျီဖောင့်ထားပေးခြင်းဖြစ်
Setting ထဲကဇော်ဂျီနဲ့ရေးထားတဲ့ မြန်မာစာတွေကို အမှန်မြင်နိုင်ပါလိမ့်မယ်။             

ဒီတစ်ခုတည်းအသုံးဝင်တာမဟုတ်သေးပါဘူး ကိုယ်ဉာဏ်ရှိသလောက် စိတ်ကြိုက်သုံးနိုင်ပါတယ်။
ဥပမာFacebookကိုသာလွန်ဖောင့်နဲ့သုံးမယ် 
Viber ကိုကျတော့ ပိတောက်ဖောင့်နဲ့သုံးမယ်အဲ့လိုတွေလုပ်လို့ရပါတယ်။ 
ပြီးတော့စာလုံးအရောင်တွေကိုလည်း အဝါ၊အစိမ်း၊ အနီ၊အပြာ ရောင်စုံပြောင်းထားနိုင်ပါသေးတယ်။ ကျွန်တော်သိသလောက် ဒီလိုလုပ်လို့ရတဲ့ App တွေ 
Fonter နဲ့ အခုပြောတဲ့ iFont နှစ်ခုသာတွေ့ဖူးပါသေးတယ်။

ကဲကျွန်တော်ပြောနေတာကြာပါတယ် စလိုက်ကြရအောင်နော်                                               အရင်ဦးဆုံး iFont ကို Play Store ကနေဒေါင်းလိုက်ပါ။ 
Play Store အဆင်မပြေသူများ အောက်ကပေးထားတဲ့လင့်ကနေဒေါင်းယူနိုင်ပါတယ်။


ကျွန်တော် Padauk Grand Pro ဖောင့်နဲ့စမ်းပြမှာ ဖြစ်တဲ့အတွက်                               အောက်ကပေးထားတဲ့ လင့်ကနေ Padauk Grand Pro.ttf ကိုဒေါင်းလိုက်ပါ။                                       Padauk Grand Pro ဖောင့်အစား အခြားမြန်မာဖောင့်တစ်ခုခုကို အသုံးပြုနိုင်ပါတယ်။


ဒေါင်းလို့ရလာတဲ့ iFont ကို Install လုပ်လိုက်ပါ။
ပြီးရင်ဖွင့်လိုက်ပါ...



အောက်ကပုံလိုမျိုးဘာ Message ပဲတက်လာလာ Ok သာနှိပ်ပေးလိုက်ပါ။



ပြီးရင်ပုံထဲကအတိုင်း MY ကိုနှိပ်လိုက်ပါ။


 Color Font ကိုနှိပ်ပါ။


 အောက်ကပုံလိုမျိုး Apply Custom fonts on a per-App Basis  လို့
Message တက်လာရင် Open ကိုနှိပ်ပေးပါ။


 Root ခွင့်ပြုချက်တောင်းလာပါလိမ့်မယ်။
လက်ခံပေးလိုက်ပါ။


 ပြီးရင်ဖုန်းက Reboot ကျမယ်ဆိုတဲ့အကြောင်း Message တက်လာပါလိမ့်မယ်…OK နှိပ်ပေးလိုက်ပါ။
  ပြီးရင်ဖုန်းက Reboot ကျသွားပါလိမ့်မယ်…ပြန်တက်လာရင် ကိုယ့်ဖုန်းရဲ့ ဖိုင်မန်နေဂျာတစ်ခုခုထဲကိုဝင်ပြီး ကိုယ်သုံးလိုတဲ့ဖောင့်ကို Copy ကူးပြီး
ifont>custom> ထဲကိုသွားချထားပေးပါ။


ကျွန်တော်ကတော့ Padauk Grand Pro ဖောင့်နဲ့စမ်းပြမှာဖြစ်တဲ့အတွက်
Padauk Grand Pro.ttf ကို Copy ကူးလိုက်ပါတယ်။


 ifont ဖိုဒါထဲက Custom ဖိုဒါထဲကို သွားထည့်မှာဖြစ်တဲ့အတွက် ifont ဖိုဒါထဲကို ဝင်လိုက်ပါတယ်။


 ပြီးတော့ Custom ဆိုတဲ့ဖိုဒါထဲကို ဆက်ဝင်လိုက်ပါတယ်။


 Custom ဆိုတဲ့ဖိုဒါထဲကို ရောက်ရင်တော့ Paste ဆိုတာကိုနှိပ်လိုက်ပါတယ်။


 ဒါဆိုရင်အောက်ကပုံအတိုင်း Padauk Grand Pro.ttf လေး ifont>custom> ထဲကိုရောက်နေပါပြီ။
OK အဆင်ပြေပါပြီ…
iFont App ကိုသွားပြန်ဖွင့်ပြီး ဝင်လိုက်ပါ။


 MY ကိုနှိပ်ပြီး Color Font ထဲကိုပြန်ဝင်လိုက်ပါ။


 ကျွန်တော် Facebook ကိုစမ်းပြပါမယ်။
အဲ့ဒီအတွက် Facebook ကိုနှိပ်လိုက်ပါ။


 Enable လုပ်ပေးဖို့ မြှားပြထားတဲ့ ဘားလေးကို ညာဘက်ဆွဲပြီး ဖွင့်ပေးလိုက်ပါ။


 အင်္ဂလိပ်စာလုံးပုံစံတွေကို ကြိုက်သလိုထားဖို့ Font Weight အောက်ကအနီရောင်ဝိုင်းပြထားတဲ့ထဲမှာ ကြိုက်တဲ့ပုံစံကိုရွေးထားနိုင်ပါတယ်။
စာလုံးထူတဲ့ပုံစံထားချင်ရင်တော့ Bold ကိုရွေးပါ။
စာလုံးစောင်းစောင်းလေးထားချင်ရင်တော့ Italic ကိုရွေးပေးပါ။
ထူထူစောင်းစောင်းလေးထားချင်ရင်တော့ Bold & Italic ကိုရွေးနိုင်ပါတယ်။
နဂိုပုံမှန်အတိုင်းပဲထားချင်ရင်တော့ အပေါ်ဆုံးတစ်ခုက
ကျွန်တော်ရွေးထားသလို Default ကိုရွေးထားနိုင်ပါတယ်။


 မြန်မာစာလုံးပုံစံတွေကို ကြိုက်တဲ့ဖောင့်ရွေးထားဖို့ Change Font Family ကိုနှိပ်ပြီးစောဏက ifont>custom> ထဲကိုထည့်ထားတဲ့ ဖောင့်ကိုသွားရွေးပေးရမှာပါ။
အဲ့ဒါကြောင့်အခြားကိုယ်ကြိုက်တဲ့ဖောင့်အားလုံးအဲ့မှာထားပြီး သွားရွေးပေးနိုင်ပါတယ်။
Change Font Family ကိုနှိပ်လိုက်ပါ။

 ကျွန်တော် Padauk Grand Pro ဖောင့်တစ်ခုသာ အဲ့ဖိုဒါထဲကိုထည့်ထားသေးတဲ့အတွက်
System ဖောင့်နဲ့ Padauk Grand Pro ဖောင့်ကိုသာတွေ့ရမှာပါ။ အခြားဖောင့်တွေအများကြီးထည့်ထားရင်တော့ အများကြီးတွေ့ရမှာပါ။
ကျွန်တော်တို့ Padauk Grand Pro ကို Facebook ထဲကမြန်မာစာလုံးပုံစံတွေ ထားမှာဖြစ်တဲ့အတွက်နှိပ်ပေးလိုက်ပါ။


 ကဲ…အခုဆိုရင် Facebook ထဲက Font Family မှာ Padauk Grand Pro ဖြစ်နေပါပြီ။
အရောင်ပြောင်းဖို့အတွက် အောက်ကိုဆက်ကြည့်ပေးပါ။


 Facebook ထဲကစာလုံးတွေကို အရောင်ပြောင်းဖို့ Choose Color ကိုနှိပ်လိုက်ပါ။

ကြိုက်တဲ့အရောင်ကို ရွေးနှိပ်လိုက်ပါ။
အခြားကြိုက်တဲ့အရောင်တွေထပ်ရွေးထားချင်ရင်တော့ More Color ကိုနှိပ်ပြီးရွေးချယ်နိုင်ပါသေးတယ်။
ကျွန်တော်ကတော့ အစိမ်းရောင်လေးကို ရွေးလိုက်ပါတယ်။


 ပြီးရင်တော့ All Text Color နဲ့ Force Fonts ကို ညာဘက်ဆွဲပြီး ဖွင့်ပေးလိုက်ပါ။


 ပြီးရင်စမ်းဖွင့်ကြည့်ချင်ရင်တော့ အနီရောင်ဝိုင်းပြထားတဲ့ နေရာကိုနှိပ်ပြီးဖွင့်ကြည့်နိုင်ပါတယ်။


 ကဲ…အောက်ကပုံမှာမြင်ရတဲ့အတိုင်း Padauk Grand Pro ဖောင့်နဲ့အစိမ်းရောင်လေး ဖြစ်နေပါပြီ။




အခြားApp တွေမှာလည်း ဒီပုံစံအတိုင်းပဲ ပြောင်းနိုင်ပါတယ်။
အရောင်တွေ ဖောင့်တွေကိုလည်း အချိန်မရွေးဝင်ပြောင်းနုိင်ပါတယ်။
မထားချင်တော့ရင်လည်း ကျွန်တော်တို့ ပထမဆုံး Facebook App ထဲကို စဝင်တုန်းက
Enabled လုပ်ခဲ့တဲ့ခလုတ်လေးကိုသာ ပြန်ပိတ်ပေးလိုက်ရုံပါ။
အားလုံးအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ


Page


==========

ပအိုဝ်း IT လူငယ်များ




Blog
==========
ပအိုဝ်း IT လူငယ်များ

PaOh Dragon App

Groups
============
Myanmar Unicode Area

Myanmar PaOh Unicode Area

ပအိုဝ်း IT လူငယ်များ

 အားလုံးအဆင်ပြေပျော်ရွင်နိုင်ကြပါစေ  

                                     ပအိုဝ်း ITလူငယ်များ

 

Copyright @ 2014-2015 ပအိုဝ်း IT လူငယ်များ.

Designed by Templateism | Edited By Khun Htetz Naing | PaOh IT Youth