Monday, September 7, 2015

Android 4.2.2 အထက် Samsung ဖုန်းများမြန်မာစာထည့်သွင်းနည်း (3)


Android ဗားရှင်း 4.2.2 အထက် Samsung ဖုန်းတွေမြန်မာစာထည့်သွင်းနည်းကို

ကျွန်တော်သိသလောက်ရေးသားပေးလိုက်ပါတယ်။

ပထမနည်းတုန်းက Root မလိုပါဘူး CWM လိုပါတယ်။

Root မလုပ်ပဲ CWM ပဲသွင်းချင်တဲ့သူတွေ ပထမနည်းကို ဒီမှာ သွားကြည့်ပါ။
Root လုပ်ပြီးကိုယ်တိုင် ဝင်ကလိတဲ့နည်းကိုတော့ ဒီမှာ သွားကြည့်ပေးပါ။

ခုနည်းကတော့ Root ဖောက်ပြီး SNM Font Changer Best 2 လေးနဲ့ One Click နှိပ်ရုံနဲ့မြန်မာစာထည့်သွင်းတဲ့နည်းလေးပါ။

ပထမဦးဆုံးမိမိဖုန်းကို မြန်မာစာထည့်သွင်းချင်တယ်ဆိုရင်

ကိုယ့်ရဲ့ဖုန်းဟာ System Update ရ မရအရင်စမ်းကြည့်ပါ။

တကယ်လို့ Update ရခဲ့ရင်တော့ ခုနောက်ပိုင်းဖုန်းတော်တော်များများဟာ

System Update လုပ်လိုက်ရင် မြန်မာစာထပ်သွင်းစရာမလိုပဲ တရားဝင်ပါလာကြပါတယ်။

အဲ့ဒီတော့ဘာမှအလုပ်ရှုပ်စရာမလိုတော့ဘူးပေါ့နော်...

ကိုယ်ကြိုက်တဲ့ကီးဘုတ်ထည့်ပြီး သုံးရုံပဲလေ....

မရရင်တော့ CWM သို့မဟုတ် Root ဖောက်ပြီးထည့်ကြတာပေါ့....

နောက်ဆိုရင်တော့ ဘာဖုန်းဝယ်ဝယ်မြန်မာစာတရားဝင်ပါလာကြမှာပါ။

ခုလောလောဆယ်တော့ နည်းနည်းအပင်ပန်းခံလိုက်ကြပါဦး......

Samsung ဖုန်းဟာ 4.3 အထက်ဖြစ်နေရပါမယ်။

ပြီးတော့ဖုန်းကို Root ဖောက်ထားရပါမယ်။

Root ဖောက်ဖို့ကတော့ မိမိဖုန်းရဲ့မော်ဒယ်၊ ဗားရှင်းအလိုက် Google မှာရှာပြီး ဖောက်ထားလိုက်ပါ။

ပြီးရင်တော့ SNM Font Changer Best 2 ကိုဒေါင်းပြီးထည့်ရုံပါပဲ....
SNM Font Changer Best 2 ရေးသားသူကတော့ ကိုစိုင်းထွန်းကျော် ပဲဖြစ်ပါတယ်။
လိုအပ်တွေအမှားတွေကို သွားရောက်မေးမြန်းအကြံပြုနိုင်ပါတယ်။
ဖိုင်ဆိုဒ်တော့နည်းနည်းကြီးပါတယ်...12 MB ပါ။

Play Store အဆင်ပြေသူများ Play Store ကနေဒေါင်းပေးကြပါ။



https://play.google.com/store/apps/details?id=com.satunkyaw.shan.snmfontchanger

Play Store အဆင်မပြေသူများအတွက်......





https://my.pcloud.com/publink/show?code=XZC8g0Z43QreGybSzXh7yLy2dAEdF2tSTSX

စာရိုက်ဖို့အတွက် M3 Keyboard, MUA ဗေကီးဘုတ် သို့မဟုတ်
မိမိနှစ်သက်ရာ ကီးဘုတ်ကို Play Store ကနေဒေါင်းနိုင်ပါတယ်။
Play Store အဆင်မပြေသူများကတော့ M3 Keyboard ကို ဒီမှာ သွားယူလိုက်ပါ။
MUA ဗေကီးဘုတ်ကို ဒီမှာ သွားယူလိုက်ပါ။
ပြီးရင် Install လုပ်.....
   Setting ကိုဝင် Language & Input ကိုဆက်ဝင်ပြီး မိမိတို့ထည့်သွင်းထားတဲ့
   ကီးဘုတ်ရဲ့ဘေးနားက ကွက်လပ်လေးကို အမှန်ခြစ်တပ်...
   Default ကိုနှိပ်ပြီး ကိုယ်သုံးမယ့်ကီးဘုတ် ရွေးပေးလိုက်ပါ....
   ပြီးရင်တော့ စာရိုက်ကြည့်လိုက်ပါ။

   မြန်မာ၊ ပအိုဝ်း၊ ကရင်၊ သျှမ်း၊ ကယား၊ မွန် အားလုံးရေးနိုင်ဖတ်နိုင်မှာပါ။
 

SNM Font Changer ရဲ့ ScreenShots လေးနည်းနည်းပြပေးထားပါတယ်။







Page
==========
ပအိုဝ်း IT လူငယ်များ


Blog
==========
ပအိုဝ်း IT လူငယ်များ

PaOh Dragon App

Groups
============
Myanmar Unicode Area

Myanmar PaOh Unicode Area

ပအိုဝ်း IT လူငယ်များ

 အားလုံးအဆင်ပြေပျော်ရွင်နိုင်ကြပါစေ  

                                     ပအိုဝ်း ITလူငယ်များ

Admin

ဒီဂျစ်တယ်ခေတ်တွင် နိုင်ငံတကာသုံး စံနှုန်းများအဆင့်မှီသော မြန်မာယူနီကုဒ်ကို သုံးစွဲခြင်းဖြင့် ဘာသာစကားများကို ထိန်းသိမ်းကာကွယ်ပါ။

0 comments:

Post a Comment

 

Copyright @ 2014-2015 ပအိုဝ်း IT လူငယ်များ.

Designed by Templateism | Edited By Khun Htetz Naing | PaOh IT Youth