Sunday, September 13, 2015

iFont ကိုအသုံးပြုပြီး Android ဖုန်းများ မြန်မာစာထည့်သွင်းနည်း


      iFont ကိုအသုံးပြုပြီး Android ဖုန်းတွေကိုမြန်မာစာထည့်သွင်းနည်းကို ရေးပေးလိုက်ပါတယ်။
အားလုံးသိပြီးသားဖြစ်နေမှာပါ။
ဒါပေမယ့်...မသိသေးသူတွေအတွက်ရည်ရွယ်ပြီးရေးပေးလိုက်ပါတာပါ။
iFont ကိုအသုံးပြုဖို့ Samsung ဖုန်းတွေလို Font Style ပါတဲ့ဖုန်းမျိုးမှာ Root မလိုပါဘူး။
အခြား Font Style မပါတဲ့ ဖုန်းအမျိုးအစားတွေဆိုရင်တော့ Root လိုပါတယ်။
ကျွန်တော်ဒီပို့စ်မှာတော့ Root လိုတဲ့ဖုန်းတွေအတွက်ပြောပြသွားမှာပါ။
Root မလိုတဲ့ Samsung ဖုန်းတွေအတွက် နောက်နေ့မှရေးပေးပါ့မယ်။
အရင်ဦးဆုံး Play Store ကနေ iFont လို့ရိုက်ပြီး iFont ကိုဒေါင်းထားလိုက်ပါ။
Play Store အဆင်မပြေရင် အောက်မှာပေးထားတဲ့လင့်ကနေဒေါင်းပြီး
iFont ကိုဖုန်းများ Install လုပ်ထားလိုက်ပါ။
https://my.pcloud.com/publink/show?code=XZjalFZMHDhiHdF7gbqqRGDOSMMqy3eSBIX
ပြီးတော့ Padauk Grand Pro ဖောင့်နဲ့စမ်းပြမှာဖြစ်တဲ့အတွက်
Padauk Grand Pro ဖောင့်ကိုအောက်မှာဒေါင်းလိုက်ပါ။
Padauk Grand Pro ဖောင့်အစား အခြားနှစ်သက်ရာမြန်မာဖောင့်တစ်ခုခု သုံးနိုင်ပါတယ်။


နှစ်ခုစလုံးဒေါင်းလို့ပြီးရင် iFont ကို Install လုပ်လိုက်ပါ။
Install လုပ်လို့ပြီးရင် iFont ကိုဖွင့်လိုက်ပါ။

 

 ခုမှစဖွင့်တာဖြစ်တဲ့ အတွက်အောက်ကပုံလို Message တစ်ခုခုတက်လာလိမ့်မယ်။
OK သာနှိပ်ပေးလိုက်ပါ။

 

ပြီးရင်အောက်ကပုံလို MY ကိုနှိပ်ပေးပါ။


ပြီးရင် Setting ကိုဝင်ပေးပါ။


Change font mode ကိုနှိပ်ပြီး မိမိတို့ဖုန်းအလိုက်ရွေးပေးရမှာဖြစ်ပါတယ်။
မရွေးရင်လည်းရပါတယ်...ဒါပေမယ့်ရွေးပေးရင် ပိုကောင်းမယ်လို့ ကျွန်တော်ထင်လို့ပါ။


မိမိတို့ရဲ့ဖုန်းဟာ Huawei ဖုန်းဆိုရင် အပြာရောင်ဝိုင်းပြပေးထားတဲ့
Huawei mode(for Huawei) ကိုရွေးပေးပါ။
မိမိတို့ရဲ့ဖုန်းဟာ ဥပမာ Xiomi လိုမျိုး MIUI Rom သုံးထားတာဆိုရင်တော့
အစိမ်းရောင်ဝိုင်းပြထားတဲ့ MIUI mode(for MIUI) ကိုရွေးပေးပါ။
ColorOS သုံးထားတဲ့ဖုန်းမျိုးဆိုရင်တော့ ပန်းရောင်နဲ့ဝိုင်းပြထားတာကိုရွေးပေးပါ။
Samsung ဆိုရင်တော့ မြင်တဲ့အတိုင်း သီးသန့်ပါပါတယ်...Root လည်းမလိုဘူးပေါ့နော်...
အဲ့ထဲမှာကိုယ့်ရဲ့ဖုန်းအမျိုးစားတွက်မပါခဲ့ရင်တော့ အနီရောင်နဲ့ဝိုင်းပြထားတဲ့ နှစ်ခုထဲက ကြိုက်ရာရွေးနိုင်ပါတယ်။
ကျွန်တော်ကတော့ အများအားဖြင့်အပေါ်ဆုံးက Auto(Smart match) ကိုပဲအမြဲတမ်းသုံးဖြစ်ပါတယ်။
ပြီးရင်တော့ အဲ့ကနေပြန်ထွက်နိုင်ပါတယ်။


အပေါ်ကအတိုင်းလုပ်လို့ပြီးရင် အောက်ပုံအတိုင်း My Font ကိုဝင်ပါ။


အောက်ကပုံအတိုင်း စာကြောင်းကြီးကိုသာနှိပ်ပေးလိုက်ပါ။
ဖုန်းရဲ့ Stroage ထဲကိုခေါ်သွားပါလိမ့်မယ်။

ပြီးရင်တော့ စောဏက ဒေါင်းထားတဲ့ Padauk Grand Pro ဖောင့်ရှိတဲ့ဖိုဒါထဲကို ဝင်ပြီးရွေးပေးရမှာပါ။
ကျွန်တော့်ဖုန်းမှာတော့ sdcard0 ထဲမှာရှိတဲ့အတွက် ဝင်လိုက်ပါတယ်။


ပြီးတော့ Download ဆိုတဲ့ဖိုဒါထဲမှာရှိတဲ့ အတွက်ဝင်လိုက်ပါတယ်။


ပြီးရင်အောက်ကပုံအတိုင်း Padauk Grand Pro.ttf ကိုရွေးပေးလိုက်ပါတယ်။
မှတ်ချက်။   ။ ဒီနေရာမှာကိုယ်က အခြားဖောင့်ကိုထည့်သွင်းချင်တာဆိုရင်တော့ အခြားဖောင့်ကိုရွေးပေးပါ။
ကျွန်တော်ကတော့ Padauk Grand Pro နဲ့စမ်းပြတာမလို့ Padauk Grand Pro.ttf ကိုရွေးလုိက်တာပါ။


ပြီးရင်အောက်ပုံအတိုင်း SET ကိုနှိပ်ပေးပါ။


ပထမဆုံးအသုံးပြုတာဖြစ်တဲ့အတွက် အောက်ပုံလိုတက်လာပါလိမ့်မယ္။
SKIP ကိုသာနှိပ်ပေးပါ။


ပြီးရင်တော့ Root ခွင့်ပြုချက်တောင်းလာပါလိမ့်မယ် လက်ခံပေးလိုက်ပါ။


ကျွန်တော်တို့မြန်မာဖောင့်ကို ဘယ်ဖောင့်မှာသွားထပ်မလဲမေးတာပါ။
အကုန်လုံးသာ အမှန်ခြစ်ပေးလိုက်ပါ။


ပြီးရင်တော့ ဖုန်းက Reboot ကျမှာဖြစ်တဲ့အတွက် ချမှာလား မချဘူးလားမေးပါလိမ့်မယ်။
ချမှာဖြစ်တဲ့အတွက် ok ကိုနှိပ်ပေးလိုက်ပါ။


ဖုန်းပြန်ပွင့်လာရင် မြန်မာစာမြင်နိုင်ပါပြီ။
အဆင်မပြေသေးရင်တော့ အခြားမြန်မာစာထည့်သွင်းနည်းတွေနဲ့ ထပ်စမ်းကြည့်ပါ။
အခြားမြန်မာစာထည့်သွင်းနည်းတွေကို ဒီမှာ သွားကြည့်ပေးပါ။

စာရိုက်ဖို့အတွက် M3 Keyboard, MUA ဗေကီးဘုတ် သို့မဟုတ်
မိမိနှစ်သက်ရာ ကီးဘုတ်ကို Play Store ကနေဒေါင်းနိုင်ပါတယ်။
Play Store အဆင်မပြေသူများကတော့ M3 Keyboard ကို ဒီမှာ သွားယူလိုက်ပါ။
MUA ဗေကီးဘုတ်ကို ဒီမှာ သွားယူလိုက်ပါ။
ပြီးရင် Install လုပ်.....
   Setting ကိုဝင် Language & Input ကိုဆက်ဝင်ပြီး မိမိတို့ထည့်သွင်းထားတဲ့
   ကီးဘုတ်ရဲ့ဘေးနားက ကွက်လပ်လေးကို အမှန်ခြစ်တပ်...
   Default ကိုနှိပ်ပြီး ကိုယ်သုံးမယ့်ကီးဘုတ် ရွေးပေးလိုက်ပါ....
   ပြီးရင်တော့ စာရိုက်ကြည့်လိုက်ပါ။
   မြန်မာ၊ ပအိုဝ်း၊ ကရင်၊ သျှမ်း၊ ကယား၊ မွန် အားလုံးရေးနိုင်ဖတ်နိုင်မှာပါ။


Page

==========

ပအိုဝ်း IT လူငယ်များ



Blog
==========
ပအိုဝ်း IT လူငယ်များ

PaOh Dragon App

Groups
============
Myanmar Unicode Area

Myanmar PaOh Unicode Area

ပအိုဝ်း IT လူငယ်များ

 အားလုံးအဆင်ပြေပျော်ရွင်နိုင်ကြပါစေ  

                                     ပအိုဝ်း ITလူငယ်များ



Admin

ဒီဂျစ်တယ်ခေတ်တွင် နိုင်ငံတကာသုံး စံနှုန်းများအဆင့်မှီသော မြန်မာယူနီကုဒ်ကို သုံးစွဲခြင်းဖြင့် ဘာသာစကားများကို ထိန်းသိမ်းကာကွယ်ပါ။

0 comments:

Post a Comment

 

Copyright @ 2014-2015 ပအိုဝ်း IT လူငယ်များ.

Designed by Templateism | Edited By Khun Htetz Naing | PaOh IT Youth