Friday, November 27, 2015

How to Root Your Android Devices With BaiduRoot.[No Need Pc]


BaiduRoot ကိုအသုံးပြုပြီး Android ဖုန်းများအလွယ်တကူ Root လုပ်နည်းလေးပါ။
BaiduRoot ဟာအခြား iRoot, KingRoot တိုလို့နာမည်မကြီးပေမယ့် ဖုန်းတော်တော်များများကို Root လုပ်ပေးနိုင်ပါတယ်။
အလွယ်တကူ Root လုပ်ပေးနိုင်တဲ့ Root Tools ပါ။
PC ဗားရှင်းလည်းသက်သက်ရှိပါတယ်...
ဖုန်းတိုင်းတော့မရဘူးဆိုပေမယ့် ဖုန်းတော်တော်များများကို Root Acess ရရှိအောင်ပြုလုပ်ပေးနိုင်ပါတယ်။
iRoot, KingRoot တို့နဲ့မပေါက်တဲ့ဖုန်းတွေ ဒီ BaiduRoot နဲ့ပေါက်တာတွေလည်း ရှိပါတယ်။
ဒီကောင်နဲ့မပေါက်ရင် ဟို iRoot, KingRoot ဖောက်ပေါ့နော်...
Root အပလီကေးရှင်းတော်တော်များများကို ခုနောက်ပိုင်း တစ်ချက်နှိပ် One Click တွေများပါတယ်။
ဘာမှသိပ်များများလုပ်ပေးစရာမလိုပါဘူး...
သက်ဆိုင်ရာ Root Tools တွေကိုဖုန်းမှာ တပ်ဆင်ပြီး တစ်ချက်နှိပ်ပေးရုံပါ...
ဒါပေမယ့်ကျွန်တော်ကတော့ ပိုပိုလိုလိုမသိသေးတဲ့သူတွေအတွက် ခုမှဖုန်းနဲ့ပတ်သက်တာတွေကို လေ့လာဖို့ကြိုးစားနေသူတွေအတွက်ပါ လွယ်လွယ်ကူကူနားလည်နိုင်အောင်
ပုံနဲ့တကွအသေးစိတ် တခြား Root မလုပ်ခင်မိမိဖုန်းကို
ပြင်ဆင်ထားရမယ့်အချက်လေးတွေပါ ဖော်ပြပေးလိုက်ပါတယ်...
ဒီ BaiduRoot ကဗားရှင်းတော်တော်များများက တရုတ်စာတွေဖြစ်နေတဲ့အတွက်
နည်းနည်းကသိကအောင့်ဖြစ်စရာဆိုပေမယ့် Root လိုအပ်နေပြီဆိုရင်
အဓိကက ကိုယ့်ဖုန်းလေး Root Access ရရှိဖို့ပဲလေ...:p
အရင်ဦးဆုံးမိမိဖုန်းကို ဘာမှမလုပ်ခင် Unknown Source ကိုအမှန်ခြစ်တပ်ထားပေးဖို့လိုအပ်ပါတယ်...

ဖုန်းကို Unknown Source ကိုဖွင့်ပေးခြင်း
========================================  
1. ဖုန်းရဲ့ Setting ကိုဝင်ပါ။

Security ကိုဆက်ဝင်ပါ။




  
 
 Unknown Source ဆိုတာလေးကို ရှာပြီးဘေးနားက ကွက်လပ်လေးကို နှိပ်ပေးလိုက်ပါ။

OK ပေးလိုက်ပါ။




အပေါ်ကအပိုင်းပြီးပြီဆိုရင် ကျန်တာတွေကလည်း လွယ်လွယ်လေးပါ...
Root ဖောက်မယ့်ဖုန်းကို WiFi သို့မဟုတ် အင်တာနက်ဒေတာတစ်ခုခု ဖွင့်ထား/ချိတ်ဆက်ထားပေးရပါမယ်။
ပြီးရင် BaiduRoot ကိုအောက်ပါပေးထားတဲ့လင့်ကနေ နောက်ဆုံးဗားရှင်းကို သွားဒေါင်းလိုက်ပါ။

ဗားရှင်းအလိုက် ဒီမှာ သွားရှာဒေါင်းပေးပါ။
နောက်ဆုံးတင်ထားတဲ့ ဗားရှင်းကိုဒေါင်းယူပါ။

ဒေါင်းလို့ရလာတဲ့ BaiduRoot Apk လေးကိုဖုန်းမှာ Install လုပ်လိုက်ပါ။
အင်တာနက်လိုအပ်ပါတယ် အင်တာနက်ဖွင့်ထားပေးပါ...
သို့မဟုတ် WiFi တစ်ခုခုနဲ့ချိတ်ဆက်ထားပေးပါ။

Install လုပ်ထားအခါအောက်ပါပုံလိုသတိပေးစာတက်လာရင်
I Understand and still want to install it ဘေးနားကကွက်လပ်မှာအမှန်ခြစ်တပ်ပေးပြီး
INSTALL ANYWAY ကိုသာနှိပ်ပေးလိုက်ပါ။
တခြား Root Apk တွေ Install လုပ်လို့ဒီလိုမျိုးစာတက်လာရင်လည်း
ဒီလိုသာနှိပ်ပေးလိုက်ပါ။
 

Install လုပ်လို့ပြီးရင် ဖွင့်လိုက်ပါ။
 

အောက်ကပုံလိုမျိုး တရုတ်စာတွေတက်လာရင် ညာဘက်ခလုတ်ကတရုတ်စာလေးကိုသာနှိပ်ပေးလိုက်ပါ။
 

Root လုပ်ဖို့အောက်ပါပုံအတိုင်း ဝိုင်းပြထားတဲ့နေရာကိုသာနှိပ်ပေးလိုက်ပါ။
 

အောက်ပါပုံအတိုင်းဆိုရင် Root လုပ်နေပါပြီ ခဏစောင့်ပေးလိုက်ပါ။


အောက်ပါပုံလိုမျိုးအမှန်ခြစ်လေးပြလာပြီဆိုရင်သင့်ရဲ့ Android ဖုန်းလေး Root လုပ်ခြင်းအောင်မြင်ပါပြီ။
စိတ်ကြိုက်ကလိပေတော့...:P

 
 တစ်ခုသတိထားရမှာက ဖုန်းက Root ဖောက်ထားတဲ့အတွက်
မိမိတို့လက်လွန်ရင်အချိန်မရွေး Firmware ကျနိုင်ပါတယ်။
ဒါကြောင့်အဆင်ပြေရင်ဖုန်းကို Backup လုပ်ထားပြီးမှကလိစေချင်ပါသည်။
 
အားလုံးအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ

မည်သူမဆိုလွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါသည်။

Page  
  ==========
ပအိုဝ်း IT လူငယ်များ

 
Blog
==========

ပအိုဝ်း IT လူငယ်များ


 
Groups
============
Myanmar Unicode Area

 
Myanmar PaOh Unicode Area

ပအိုဝ်း IT လူငယ်များ

 အားလုံးအဆင်ပြေပျော်ရွင်နိုင်ကြပါစေ 

                                     ပအိုဝ်း ITလူငယ်များ
 

BaiduRoot_v2.8.5.apk


iRoot, KingRoot တိုလို့နာမည်မကြီးပေမယ့် ဖုန်းတော်တော်များများကို Root လုပ်ပေးနိုင်တဲ့
BaiduRoot လေး Update 2.8.5 ကိုတင်ပေးလိုက်ပါတယ်။
ဒီကောင်လေးကလည်း Root ဖောက်ဖို့ဆောင်ထားသင့်တဲ့ Tools လေးတစ်ခုပါ။
iRoot, KingRoot တို့နဲ့မပေါက်တဲ့ဖုန်းတွေ ဒီ BaiduRoot နဲ့ပေါက်တာတွေလည်း ရှိပါတယ်။
ဒီကောင်နဲ့မပေါက်ရင် ဟို iRoot, KingRoot ဖောက်ပေါ့နော်...
နောက် Update ထွက်တိုင်းလည်း တင်ပေးပါ့မယ်။
ဒီ BaiduRoot App ကတော့တရုတ်စာတွေကြီးပါပဲ...
ဒီနောက်ဆုံးဗားရှင်းအတွက် အင်္ဂလိပ်ဗားရှင်းမထွက်သေးလို့ပါ။
ဒီကောင်နဲ့ Root မဖောက်တတ်ရင် ဒီမှာ ဖောက်နည်းကိုသွားကြည့်နိုင်ပါတယ်။

http://adf.ly/1SQ9gz

အားလုံးအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ


မည်သူမဆိုလွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါသည်။


Page  

  ==========
ပအိုဝ်း IT လူငယ်များ

 
Blog
==========

ပအိုဝ်း IT လူငယ်များ


 
Groups
============
Myanmar Unicode Area

 
Myanmar PaOh Unicode Area

ပအိုဝ်း IT လူငယ်များ

 အားလုံးအဆင်ပြေပျော်ရွင်နိုင်ကြပါစေ 

                                     ပအိုဝ်း ITလူငယ်များ

Thursday, November 26, 2015

How to Get Lollipop UI On Any Android With MosterUI.[Xposed Module]


မိမိကိုင်နေတဲ့ဖုန်းဟာ Android 5.0 Lollipop Update မရသေးလို့ပဲဖြစ်ဖြစ် မရတော့လို့ပဲဖြစ်ဖြစ်
သူများဖုန်းတွေလို Lollipop ပုံစံကိုင်ချင်တဲ့သူတွေအတွက် အဆင်ပြေစေမယ်နည်းလေးကို တင်ပေးလိုက်ပါတယ်။
ဖုန်းက Root ဖောက်ပြီးသားဖြစ်ရပါမယ် ပြီးတော့ Xposed Framework သွင်းထားရပါမယ်။
တကယ်လို့ပြောခဲ့တဲ့အဆင့်တွေ မိမိတို့ဖုန်းမှာရှိပြီးသားဆိုရင်တော့ အောက်ပိုင်းကိုသာကျော်ပြီးဖတ်နိုင်ပါပြီ။

Root မဖောက်ရသေးရင်တော့ Google ကနေဖြစ်ဖြစ် မိမိဖုန်းအတွက် Root လုပ်နည်းကို ရှာပြီးဖောက်ထားလိုက်ပါ။
ပြီးရင်မိမိတို့ဖုန်းကို Xposed Framework သွင်းဖို့ ဒီမှာ သွားကြည့်လိုက်ပါ။
ပုံနဲ့တကွအသေးစိတ်ရှင်းပြပေးထားပါတယ်။

အားလုံးပြီးရင် MonsterUI App ကို Play Store ကနေဖြစ်ဖြစ်အောက်ပါပေးထားတဲ့လင့်ကနေဖြစ်ဖြစ် သွားရောက်ဒေါင်းယူလိုက်ပါ၊
Play Store အဆင်ပြေသူများ Play Store ကနေဒေါင်းပေးကြပါ။
ဘာလို့လဲဆိုတော့ Play Store ပေါ်မှာကအမြဲ Update ဖြစ်တယ်လေ...
ဖိုင်ဆိုဒ်ကလည်း 3 MB ကျော်လေးပဲရှိပါတယ်။

http://adf.ly/1SMwdn
http://adf.ly/1SMaX4
အရင်ဦးဆုံးကျွန်တော်ကြိုပြောထားချင်တာက အပေါ်မှာလည်းပြောခဲ့ပြီးပါပြီ....
မိမိတို့ဖုန်းက Xposed သွင်းထားပြီးသားဖြစ်ရမယ်ဆိုတာပါပဲ...
မသွင်းရသေးရင် သွင်းပေးပါ။
Xposed Framework မသွင်းရသေးရင် ဒီ MosterUI လည်းအလုပ်လုပ်မှာမဟုတ်ပါ။
ဒါကြောင့်သွင်းဖြစ်အောင်သွင်းထားပေးပါ။ Root လည်းလိုပါတယ်။

ဒေါင်းလို့ရလာတဲ့ MosterUI ကို Install လုပ်လိုက်ပါ။
ပြီးရင် Open ကိုမနှိပ်ပဲ Done ကိုပဲနှိပ်ပါ။


ပြီးရင် Xposed Installer App ကိုသွားဝင်လိုက်ပါ။


ပြီးရင်အောက်ပါပုံအတိုင်း Modules ကိုနှိပ်ပေးလိုက်ပါ။

ပြီးရင်ပုံထဲကအတိုင်း Moster UI ဘေးနားကကွက်လပ်လေးကို နှိပ်ပေးလိုက်ပါ။

 အောက်ပါပုံအတိုင်း အမှန်ခြစ်တပ်သွားပြီဆိုရင် ရပါပြီ။
ပြီးရင် Monster UI ဆိုတဲ့စာသားလေးကိုနှိပ်ပေးလိုက်ပါ။ 

အောက်ပါပုံအတိုင်းသတိပေးစာတက်လာရင် Not Now သာနှိပ်ပေးလိုက်ပါ။
တကယ်လို့ Play Store ကဒေါင်းရင်တော့ အောက်ပါပုံလိုသတိပေးစာတက်လာမည်မဟုတ်ပါ။
အခြားနေရာကဒေါင်းပြီး Install လုပ်ရင်တော့ အောက်ပါအတိုင်းတက်လာပါမယ်။

အရင်ဦးဆုံးဖုန်းကို Lollipop အရောင်လိုပြောင်းမှာမို့လို့  Colors ကိုနှိပ်ပေးပါ။


အောက်ပါပုံအတို်င်းကိုယ်ထားလိုတဲ့အရောင်ကိုထားပြီး Apply ကိုနှိပ်ပေးလိုက်ပါ။
ကိုယ်ထားတဲ့အရောင်ကိုအစမ်းကြည့်ချင်တယ်ဆိုရင်တော့ Preview ကိုနှိပ်ပြီးကြည့်နိုင်ပါတယ်။

 

Apply ကိုနှိပ်လိုက်ရင်အောက်ပါပုံလိုဖုန်းက Reboot ကျသွားမယ့်အကြောင်း အသိပေးစာတက်လာပါလိမ့်မယ်။
Reboot Now သာနှိပ်ပေးလိုက်ပါ။


Root ခွင့်ပြုချက်တောင်းရင် လက်ခံပေးလိုက်ပါ။


ဖုန်းက Reboot ကနေပြန်တက်လာရင် Lollipop ပုံစံလိုမျိုးလေးဖြစ်နေပါပြီ...
တခြားကလိစရာတွေရှိပါသေးတယ်။ Moster UI App ထဲသွားပြီးတခြားဟာတွေစမ်းကြည့်နိုင်ပါတယ်။
ဒါပေမယ့် Lollipop တစ်လုံးလိုတော့ မပြည့်စုံသေးပါ။
မိမိတို့ဖုန်းမှာ Xposed Framework သွင်းထားပြီးပြီဆိုတော့
လုံးဝတူအောင်လုပ်ဆောင်နိုင်တဲ့ App တွေသုံးပေးရင်ရပါတယ်။
တစ်ခုသတိထားရမှာက ဖုန်းက Root ဖောက်ထားတဲ့အတွက်
မိမိတို့လက်လွန်ရင်အချိန်မရွေး Firmware ကျနိုင်ပါတယ်။
ဒါကြောင့်အဆင်ပြေရင်ဖုန်းကို Backup လုပ်ထားပြီးမှကလိစေချင်ပါသည်။
တခြားဖုန်းကိုလှပစေမယ့် App များကိုအချိန်ရရင် ရသလိုဆက်တင်ပေးသွားပါမယ်။


အားလုံးအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ


မည်သူမဆိုလွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါသည်။




Page  
  ==========
ပအိုဝ်း IT လူငယ်များ

Blog
==========

ပအိုဝ်း IT လူငယ်များ


 
Groups
============
Myanmar Unicode Area

Myanmar PaOh Unicode Area

ပအိုဝ်း IT လူငယ်များ

 အားလုံးအဆင်ပြေပျော်ရွင်နိုင်ကြပါစေ 

                                     ပအိုဝ်း ITလူငယ်များ

How to Install Xposed Framework For Android 5.0 Lollipop & Android 6.0 MarshMallow.

Android 5.0 အထက်ဖုန်းများ Xposed Framework သွင်းနည်းကိုတင်ပေးလိုက်ပါတယ်။
ဒီဗားရှင်းမြှင့်တဲ့ဖုန်းတွေမှာတော့ ပြင်စရာကလိစရာအချက်တွေ သိပ်မရှိတော့ပေမယ့်
ကျွန်တော်လိုမျိုးလက်ကမြင်းတဲ့သူတွေ ကမြင်းနိုင်အောင်တင်ပေးလိုက်ပါတယ်...ခိခိ(စတာပါ)
ဒီဖုန်းတွေမှာ Xposed Framework ထည့်သွင်းဖို့ Custom Recovery တစ်ခုခုလိုအပ်ပါတယ်။
CWM Recovery ဖြစ်ဖြစ် TWRP ဖြစ်ဖြစ်အဆင်ပြေတဲ့ Custom Recovery တစ်ခုခုရှာပြီးဖုန်းမှာအရင်သွင်းထားပေးပါ။
ပြီးရင်ကျွန်တော်ဆက်ပြောမယ့်အဆင့်တွေကို လုပ်ဆောင်နိုင်ပါပြီ...
Android 5.0 အောက်ဖုန်းတွေအတွက် Xposed Framework သွင်းချင်ရင်တော့
ဒီမှာ သွားကြည့်လိုက်ပါ။

ကျွန်တော်မူရင်း Xposed Developer တင်ထားတဲ့လင့်ပဲညွန်းပေးလိုက်မယ်နော်...
ဘာလို့လဲဆိုတော့ အဲ့မှာကလိုအပ်တဲ့ဖိုင်တွေ အမြဲ Update ဖြစ်နေတဲ့အတွက် ပိုအဆင်ပြေလို့ပါ။

ဒီမှာပါ >>> Go


အားလုံးအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ


မည်သူမဆိုလွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါသည်။



Page  
  ==========
ပအိုဝ်း IT လူငယ်များ

Blog
==========

ပအိုဝ်း IT လူငယ်များ


 
Groups
============
Myanmar Unicode Area

Myanmar PaOh Unicode Area

ပအိုဝ်း IT လူငယ်များ

 အားလုံးအဆင်ပြေပျော်ရွင်နိုင်ကြပါစေ 

                                     ပအိုဝ်း ITလူငယ်များ
 


VoiceTra_v5.0.1.apk



VoiceTra ကတော့ကျွန်တော်တို့လက်ရှိတော်တော်များများသုံးနေကြတဲ့ Google Translate နဲ့နည်းနည်းဆင်ပါတယ်။
သူကကိုယ်ပြောတဲ့စကားကိုပါ ဘာသာပြန်ပေးနိုင်ပါတယ်။
မြန်မာဘာသာလည်းပါဝင်တာကြောင့် ကိုယ်ကမြန်မာလိုစကားပြောပြီး ကိုယ်ဘာသာပြန်စေချင်တဲ့ဘာသာစကားကို ပြန်ခိုင်းလို့ရပါတယ်။
လက်ရှိအချိန်မှာတော့ Google Translate ကမြန်မာဘာသာနဲ့ပြောလို့မရသေးပါ။
ဒီကောင်လေးကတော့ ရနေပါပြီ...
Google Translate မှာတော့နောက်ပိုင်းပါလာမယ်လို့ မျှော်လင့်ပါတယ်...:P

ကျွန်တော်လည်းနည်းနည်းပဲသုံးကြည့်ရပါသေးတယ်။
ကိုယ်တိုင်သာစမ်းသုံးကြည့်ကြပါ...:D
Play Store အဆင်ပြေသူများ Play Store ကနေဒေါင်းပေးကြပါ။


http://adf.ly/1SMHzM

http://adf.ly/1SMHs1









အားလုံးအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ

မည်သူမဆိုလွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါသည်။


Page  
  ==========
ပအိုဝ်း IT လူငယ်များ





Blog
==========

ပအိုဝ်း IT လူငယ်များ


 
Groups
============
Myanmar Unicode Area

Myanmar PaOh Unicode Area

ပအိုဝ်း IT လူငယ်များ

 အားလုံးအဆင်ပြေပျော်ရွင်နိုင်ကြပါစေ 

                                     ပအိုဝ်း ITလူငယ်များ

 

Copyright @ 2014-2015 ပအိုဝ်း IT လူငယ်များ.

Designed by Templateism | Edited By Khun Htetz Naing | PaOh IT Youth