Thursday, November 26, 2015

How to Get Lollipop UI On Any Android With MosterUI.[Xposed Module]


မိမိကိုင်နေတဲ့ဖုန်းဟာ Android 5.0 Lollipop Update မရသေးလို့ပဲဖြစ်ဖြစ် မရတော့လို့ပဲဖြစ်ဖြစ်
သူများဖုန်းတွေလို Lollipop ပုံစံကိုင်ချင်တဲ့သူတွေအတွက် အဆင်ပြေစေမယ်နည်းလေးကို တင်ပေးလိုက်ပါတယ်။
ဖုန်းက Root ဖောက်ပြီးသားဖြစ်ရပါမယ် ပြီးတော့ Xposed Framework သွင်းထားရပါမယ်။
တကယ်လို့ပြောခဲ့တဲ့အဆင့်တွေ မိမိတို့ဖုန်းမှာရှိပြီးသားဆိုရင်တော့ အောက်ပိုင်းကိုသာကျော်ပြီးဖတ်နိုင်ပါပြီ။

Root မဖောက်ရသေးရင်တော့ Google ကနေဖြစ်ဖြစ် မိမိဖုန်းအတွက် Root လုပ်နည်းကို ရှာပြီးဖောက်ထားလိုက်ပါ။
ပြီးရင်မိမိတို့ဖုန်းကို Xposed Framework သွင်းဖို့ ဒီမှာ သွားကြည့်လိုက်ပါ။
ပုံနဲ့တကွအသေးစိတ်ရှင်းပြပေးထားပါတယ်။

အားလုံးပြီးရင် MonsterUI App ကို Play Store ကနေဖြစ်ဖြစ်အောက်ပါပေးထားတဲ့လင့်ကနေဖြစ်ဖြစ် သွားရောက်ဒေါင်းယူလိုက်ပါ၊
Play Store အဆင်ပြေသူများ Play Store ကနေဒေါင်းပေးကြပါ။
ဘာလို့လဲဆိုတော့ Play Store ပေါ်မှာကအမြဲ Update ဖြစ်တယ်လေ...
ဖိုင်ဆိုဒ်ကလည်း 3 MB ကျော်လေးပဲရှိပါတယ်။

http://adf.ly/1SMwdn
http://adf.ly/1SMaX4
အရင်ဦးဆုံးကျွန်တော်ကြိုပြောထားချင်တာက အပေါ်မှာလည်းပြောခဲ့ပြီးပါပြီ....
မိမိတို့ဖုန်းက Xposed သွင်းထားပြီးသားဖြစ်ရမယ်ဆိုတာပါပဲ...
မသွင်းရသေးရင် သွင်းပေးပါ။
Xposed Framework မသွင်းရသေးရင် ဒီ MosterUI လည်းအလုပ်လုပ်မှာမဟုတ်ပါ။
ဒါကြောင့်သွင်းဖြစ်အောင်သွင်းထားပေးပါ။ Root လည်းလိုပါတယ်။

ဒေါင်းလို့ရလာတဲ့ MosterUI ကို Install လုပ်လိုက်ပါ။
ပြီးရင် Open ကိုမနှိပ်ပဲ Done ကိုပဲနှိပ်ပါ။


ပြီးရင် Xposed Installer App ကိုသွားဝင်လိုက်ပါ။


ပြီးရင်အောက်ပါပုံအတိုင်း Modules ကိုနှိပ်ပေးလိုက်ပါ။

ပြီးရင်ပုံထဲကအတိုင်း Moster UI ဘေးနားကကွက်လပ်လေးကို နှိပ်ပေးလိုက်ပါ။

 အောက်ပါပုံအတိုင်း အမှန်ခြစ်တပ်သွားပြီဆိုရင် ရပါပြီ။
ပြီးရင် Monster UI ဆိုတဲ့စာသားလေးကိုနှိပ်ပေးလိုက်ပါ။ 

အောက်ပါပုံအတိုင်းသတိပေးစာတက်လာရင် Not Now သာနှိပ်ပေးလိုက်ပါ။
တကယ်လို့ Play Store ကဒေါင်းရင်တော့ အောက်ပါပုံလိုသတိပေးစာတက်လာမည်မဟုတ်ပါ။
အခြားနေရာကဒေါင်းပြီး Install လုပ်ရင်တော့ အောက်ပါအတိုင်းတက်လာပါမယ်။

အရင်ဦးဆုံးဖုန်းကို Lollipop အရောင်လိုပြောင်းမှာမို့လို့  Colors ကိုနှိပ်ပေးပါ။


အောက်ပါပုံအတို်င်းကိုယ်ထားလိုတဲ့အရောင်ကိုထားပြီး Apply ကိုနှိပ်ပေးလိုက်ပါ။
ကိုယ်ထားတဲ့အရောင်ကိုအစမ်းကြည့်ချင်တယ်ဆိုရင်တော့ Preview ကိုနှိပ်ပြီးကြည့်နိုင်ပါတယ်။

 

Apply ကိုနှိပ်လိုက်ရင်အောက်ပါပုံလိုဖုန်းက Reboot ကျသွားမယ့်အကြောင်း အသိပေးစာတက်လာပါလိမ့်မယ်။
Reboot Now သာနှိပ်ပေးလိုက်ပါ။


Root ခွင့်ပြုချက်တောင်းရင် လက်ခံပေးလိုက်ပါ။


ဖုန်းက Reboot ကနေပြန်တက်လာရင် Lollipop ပုံစံလိုမျိုးလေးဖြစ်နေပါပြီ...
တခြားကလိစရာတွေရှိပါသေးတယ်။ Moster UI App ထဲသွားပြီးတခြားဟာတွေစမ်းကြည့်နိုင်ပါတယ်။
ဒါပေမယ့် Lollipop တစ်လုံးလိုတော့ မပြည့်စုံသေးပါ။
မိမိတို့ဖုန်းမှာ Xposed Framework သွင်းထားပြီးပြီဆိုတော့
လုံးဝတူအောင်လုပ်ဆောင်နိုင်တဲ့ App တွေသုံးပေးရင်ရပါတယ်။
တစ်ခုသတိထားရမှာက ဖုန်းက Root ဖောက်ထားတဲ့အတွက်
မိမိတို့လက်လွန်ရင်အချိန်မရွေး Firmware ကျနိုင်ပါတယ်။
ဒါကြောင့်အဆင်ပြေရင်ဖုန်းကို Backup လုပ်ထားပြီးမှကလိစေချင်ပါသည်။
တခြားဖုန်းကိုလှပစေမယ့် App များကိုအချိန်ရရင် ရသလိုဆက်တင်ပေးသွားပါမယ်။


အားလုံးအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ


မည်သူမဆိုလွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါသည်။




Page  
  ==========
ပအိုဝ်း IT လူငယ်များ

Blog
==========

ပအိုဝ်း IT လူငယ်များ


 
Groups
============
Myanmar Unicode Area

Myanmar PaOh Unicode Area

ပအိုဝ်း IT လူငယ်များ

 အားလုံးအဆင်ပြေပျော်ရွင်နိုင်ကြပါစေ 

                                     ပအိုဝ်း ITလူငယ်များ

Admin

ဒီဂျစ်တယ်ခေတ်တွင် နိုင်ငံတကာသုံး စံနှုန်းများအဆင့်မှီသော မြန်မာယူနီကုဒ်ကို သုံးစွဲခြင်းဖြင့် ဘာသာစကားများကို ထိန်းသိမ်းကာကွယ်ပါ။

0 comments:

Post a Comment

 

Copyright @ 2014-2015 ပအိုဝ်း IT လူငယ်များ.

Designed by Templateism | Edited By Khun Htetz Naing | PaOh IT Youth