Tuesday, November 24, 2015

How to Root Your Android Devices With iRoot.[Without Computer]


iRoot ကိုအသုံးပြုပြီး Android ဖုန်းများအလွယ်တကူ Root လုပ်နည်းလေးပါ။
iRoot ဟာအခြားနာမည်ကြီးတဲ့ KingRoot တို့ BaiduRoot , 360Root တို့လိုပဲ မိမိတို့ဖုန်းထဲကနေပင်
အလွယ်တကူ Root လုပ်ပေးနိုင်တဲ့ Root Tools ပါ။
PC ဗားရှင်းလည်းသက်သက်ရှိပါတယ်...
ဖုန်းတိုင်းတော့မရဘူးဆိုပေမယ့် ဖုန်းတော်တော်များများကို Root Acess ရရှိအောင်ပြုလုပ်ပေးနိုင်ပါတယ်။
ဒီ iRoot နဲ့ဖောက်မရရင် အခြား KingRoot တို့ BaiduRoot , 360Root တို့နဲ့ထပ်စမ်းဖို့ တောင်းဆိုပါရစေ...
တစ်ခုမရရင်နောက်ထပ်တစ်ခုနဲ့ ထပ်စမ်းပါ...
အားလုံးမရရင်တော့ ကွန်ပျူတာကနေဖောက်ပေးဖို့လိုအပ်ပါမယ်...
ဒါပေမယ့်ဘာပဲဖြစ်ဖြစ်ကိုယ့်ဖုန်းကနေအလွယ်တကူဖောက်ကြည့်ပါ မရတော့မှကွန်ပျူတာနဲ့ဖောက်ပေါ့နော်...
Root အပလီကေးရှင်းတော်တော်များများကို ခုနောက်ပိုင်း တစ်ချက်နှိပ် One Click တွေများပါတယ်။
ဘာမှသိပ်များများလုပ်ပေးစရာမလိုပါဘူး...
သက်ဆိုင်ရာ Root Tools တွေကိုဖုန်းမှာ တပ်ဆင်ပြီး တစ်ချက်နှိပ်ပေးရုံပါ...
ဒါပေမယ့်ကျွန်တော်ကတော့ ပိုပိုလိုလိုမသိသေးတဲ့သူတွေအတွက် ခုမှဖုန်းနဲ့ပတ်သက်တာတွေကို လေ့လာဖို့ကြိုးစားနေသူတွေအတွက်ပါ
လွယ်လွယ်ကူကူနားလည်နိုင်အောင်ပုံနဲ့တကွအသေးစိတ် တခြား Root မလုပ်ခင်မိမိဖုန်းကို ပြင်ဆင်ထားရမယ့်အချက်လေးတွေပါ
ဖော်ပြပေးလိုက်ပါတယ်...

အရင်ဦးဆုံးမိမိဖုန်းကို ဘာမှမလုပ်ခင် Unknown Source ကိုအမှန်ခြစ်တပ်ထားပေးဖို့လိုအပ်ပါတယ်...

ဖုန်းကို Unknown Source ကိုဖွင့်ပေးခြင်း
========================================  
1. ဖုန်းရဲ့ Setting ကိုဝင်ပါ။

Security ကိုဆက်ဝင်ပါ။



  

 Unknown Source ဆိုတာလေးကို ရှာပြီးဘေးနားက ကွက်လပ်လေးကို နှိပ်ပေးလိုက်ပါ။


OK ပေးလိုက်ပါ။




အပေါ်ကအပိုင်းပြီးပြီဆိုရင် ကျန်တာတွေကလည်း လွယ်လွယ်လေးပါ...
Root ဖောက်မယ့်ဖုန်းကို WiFi သို့မဟုတ် အင်တာနက်ဒေတာတစ်ခုခု ဖွင့်ထား/ချိတ်ဆက်ထားပေးရပါမယ်။
ပြီးရင် iRoot ကိုအောက်ပါပေးထားတဲ့လင့်ကနေ နောက်ဆုံးဗားရှင်းကို သွားဒေါင်းလိုက်ပါ။

ဗားရှင်းအလိုက် ဒီမှာ သွားရှာဒေါင်းပေးပါ။
နောက်ဆုံးတင်ထားတဲ့ ဗားရှင်းကိုဒေါင်းယူပါ။

ဒေါင်းလို့ရလာတဲ့ iRoot Apk လေးကိုဖုန်းမှာ Install လုပ်လိုက်ပါ။
အင်တာနက်လိုအပ်ပါတယ် အင်တာနက်ဖွင့်ထားပေးပါ...
သို့မဟုတ် WiFi တစ်ခုခုနဲ့ချိတ်ဆက်ထားပေးပါ။

Install လုပ်ထားတဲ့ iRoot ကိုဖွင့်လိုက်ပါ။


အောက်ပါပုံအတိုင်း Root Now ဆိုတာလေးကို နှိပ်ပေးလိုက်ပါ။

အောက်ပါပုံအတိုင်းဆိုရင် Root လုပ်နေပါပြီ...
ခဏစောင့်ပေးလိုက်ပါ။

အောက်ပါပုံအတိုင်း အမှန်ခြစ်တပ်သွားတဲ့ပုံလေးနဲ့ Root Successed လို့ပေါ်လာရင်
သင့် Android ဖုန်းကို Root လုပ်လို့အောင်မြင်သွားပါပြီ...






အားလုံးအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ


မည်သူမဆိုလွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါသည်။

 


Page  
  ==========
ပအိုဝ်း IT လူငယ်များ






Blog
==========

ပအိုဝ်း IT လူငယ်များ


 
Groups
============
Myanmar Unicode Area

Myanmar PaOh Unicode Area

ပအိုဝ်း IT လူငယ်များ

 အားလုံးအဆင်ပြေပျော်ရွင်နိုင်ကြပါစေ 

                                     ပအိုဝ်း ITလူငယ်များ

Admin

ဒီဂျစ်တယ်ခေတ်တွင် နိုင်ငံတကာသုံး စံနှုန်းများအဆင့်မှီသော မြန်မာယူနီကုဒ်ကို သုံးစွဲခြင်းဖြင့် ဘာသာစကားများကို ထိန်းသိမ်းကာကွယ်ပါ။

0 comments:

Post a Comment

 

Copyright @ 2014-2015 ပအိုဝ်း IT လူငယ်များ.

Designed by Templateism | Edited By Khun Htetz Naing | PaOh IT Youth