Wednesday, December 2, 2015

Bitcoin သိမ်းဖို့ Coinbase မှာအကောင့်ဖွင့်နည်း[BTC]


Bitcoin ဆိုတာဘာလဲမသိသေးရင် ဒီမှာ သွားကြည့်ပေးပါနော်...
ကျွန်တော်တို့ Bitcoin ကိုဝယ်ပြီးတော့ပဲဖြစ်ဖြစ် အင်တာနက်မှာရှာပြီးစုဖို့ပဲဖြစ်ဖြစ်
သူ့ကိုသိမ်းဖို့ Wallet တစ်ခုတော့လိုပါမယ်။
Bitcoin သိမ်းလို့ရတဲ့ Wallet အမြောက်အမြားရှိတဲ့ထဲမှာမှ ကျွန်တော်ကတော့
Coinbase ကိုရွေးချယ်လိုက်ပါတယ်။
လူသုံးလဲများပါတယ် လုံခြုံရေးပိုင်းလဲကောင်းပါတယ်။
ကျွန်တော်လည်းလက်ရှိ Coinbase ကိုသုံးနေပါတယ်။

Coinbase အကောင့်ဖွင့်ဖို့ မေးလ်တစ်ခုလိုအပ်ပါတယ်။
Gmail ဖြစ်ဖြစ်ဘာမေးလ်ဖြစ်ဖြစ်ရပါတယ်။
ဖုန်း၊ကွန်ပျူတာကနေအလွယ်တကူအသုံးပြုလို့ရပါတယ်။
ကွန်ပျူတာထက် ဖုန်းအသုံးပြုသူပိုများတဲ့အတွက် ပုံတွေကိုဖုန်းနဲ့ပဲလုပ်ထားပေးပါတယ်။

အကောင့်ဖွင့်ဖို့ပေးထားတဲ့လင့်ကိုနှိပ်လိုက်ပါ။
          www.coinbase.com

အပေါ်ကပေးထားတဲ့လင့်လေးကိုနှိပ်လိုက်ရင် အောက်ပါပုံလိုပေါ်လာပါလိမ့်မယ်။
အဝါရောင်ဝိုင်းပြထားတဲ့ First Name မှာကိုယ့်နာမည်ရဲ့ ပထမအလုံးကို အင်္ဂလိပ်လို့ထည့်ပေးလိုက်ပါ။
ဥပမာ ကိုယ့်နာမည်က ထက်နိုင် ဆိုရင် First Name နေရာမှာ ထက် လို့ထည့်ပေးလိုက်ပါ။

အစိမ်းရောင်ဝိုင်းပြထားတဲ့ Last Name မှာတော့ နုိင် လို့ထည့်ပေးလိုက်ပါ။

အနီရောင်ဝိုင်းပြထားတဲ့ Email နေရာမှာတော့ကိုယ့်ရဲ့မေးလ်ကိုထည့်ပေးလိုက်ပါ။
Gmail, Hotmail, Yahoo အားလုံးရပါတယ်။

အပြာရောင်ဝိုင်းပြထားတဲ့ Password နေရောမှာတော့ ကိုယ်ထည့်သွင်းအသုံးပြုလိုတဲ့ စကားဝှက်ကိုထည့်ပေးလိုက်ပါ။
၈ လုံးနှင့်အထက်ဖြစ်ရပါမယ်။
ပထမဆုံးစာလုံးကို စာလုံးအကြီးနှင့်ရေးရပါမယ်။
အင်္ဂလိပ်ဂဏန်းပါရပါမယ်။
အင်္ဂလိပ်စာလုံးပါရပါမယ်။
အောက်တစ်ပုံမှာကျွန်တော်ဖြည့်ထားတာလေးကို ကြည့်နိုင်ပါတယ်။


အောက်ပါပုံအတိုင်းကျွန်တော်ဖြည့်ထားသလိုဖြည့်ပေးလိုက်ပါ။
နောက်တစ်ခုပြောချင်တာက Password ကိုခက်ခဲတာလေးတွေထားပေးပါ။
ဥပမာ အင်္ဂလိပ်ဂဏန်းလည်းပါမယ်၊ *$#@ တွေလည်းပါမယ်၊ ABCD တွေလည်းပါမယ်။
အဲ့လိုပေါ့ ၈ လုံးနှင့်အထက်ဖြစ်ရပါမယ်။
အောက်ပါပုံအတိုင်းကိုယ်ဖြည့်လိုက်တဲ့ Password လုံခြုံမှုရှိ မရှိသူပြပေးပါလိမ့်မယ်။
ကျွန်တော်ဖြည့်လိုက်တဲ့ Password ကတော့အရမ်းလုံခြုံမှုရှိတဲ့အတွက်
အစိမ်းရောင်စာကြောင်းလေးနဲ့ Excellent လို့ပြပေးထားပါတယ်။
အားလုံးဖြည့်ပြီးရင် မြှားပြထားတဲ့ I agree to the User Agreement and Privacy Policy. ဘေးနားကကွက်လပ်လေးကိုအမှန်ခြစ်တပ်ပေးပါ။
အားလုံးပြီးရင် SIGN UP ဆိုတဲ့ခလုတ်ကိုနှိပ်ပေးပါ။


အောက်ကပုံလိုပြလာရင်တော့ ကိုယ်ထည့်ထားတဲ့မေးလ်ကို
ကိုယ့်ရဲ့အကောင့်အတည့်ပြုဖို့ စာအိတ်ပို့လာလိမ့်မယ်။
မေးလ်ထဲကိုသွားလိုက်ပါ။
 

အောက်ပါပုံအတိုင်း Coinbase ဆိုတဲ့ခေါင်းစဉ်နဲ့ပါ။
ဖွင့်လိုက်ပါ။
 

အောက်ပါပုံအတုိင်း Verify My Email Address ကိုနှိပ်လိုက်ပါ။
 

တကယ်လို့ကိုယ့်ဖုန်းမှာ ဘရောက်ဆာ App နှစ်ခုသုံးခုရှိတယ်ဆိုရင်အောက်ပါပုံအတိုင်း ဘယ်တစ်ခုသုံးမလဲမေးလာပါလိမ့်မယ်။
ကိုယ်စောဏကအကောင့်ဖွင့်ခဲ့တဲ့ ဘရောက်ဆာကိုသာရွေးပေးလိုက်ပါ။
တကယ်လို့ကိုယ့်ဖုန်းမှာ ဘရောက်ဆာတစ်ခုသာရှိတယ်ဆိုရင်တော့ ဘာမှမေးလာမည်မဟုတ်ပါ။
 

အောက်ပါပုံအတိုင်းကိုယ့်ရဲ့မေးလ်အတည်ပြုပြီးသွားပြီဆိုတဲ့ အသိပေးစာလေးပြလာရင်တော့
ကိုယ့် Coinbase အကောင့်ဟာ Verified ဖြစ်သွားပါပြီ။
နောက်ထပ်ကိုယ့်အကောင့်လုံခြုံရေးအတွက်ဆက်ကြည့်ပေးပါဦး....


အကောင့်အဝင်အထွက်တိုင်းကိုယ့်ဖုန်းနံပါတ်ကို ကုဒ်တွေပို့လားပြီးအဲ့ကုဒ်တွေကိုရိုက်ထည်ပေးမှ ကိုယ့်အကောင့်ကိုဝင်လိုရမယ်...
အဲ့လိုလုပ်မယ်ဆိုရင်အောက်မှာပြထားတဲ့အတိုင်း အစိမ်းရောင်ဝိုင်းပြထားတဲ့နေရာကိုနှိပ်လိုက်ပါ။
 မလုပ်ချင်ရင်လည်းရပါတယ်...ဒါပေမယ့်လုပ်တာအကောင်းဆုံးပါ။
ကိုယ့်အကောင့်အဟက်မခံရအောင်ကိုယ့်ဖုန်းနံပါတ်နဲ့ကာကွယ်ထားတဲ့ပုံစံလေးပါ။
ဒီလိုဆုိရင်ကိုယ့်အကောင့်ကိုဟက်ချင်တဲ့သူက ကိုယ့်ဖုန်းနံပါတ်ပါရထားမှ ဟက်လို့ရတော့မှာပါပေါ့နော်...


အောက်ပါပုံအတိုင်း Settings ကိုနှိပ်လုိက်ပါ။
 

ပြီးရင် Security ကိုနှိပ်ပါ။
 

ပြီးရင် Verify A Phone ကိုနှိပ်ပေးပါ။
 

အောက်ကပုံမှာအနီရောင်ဝိုင်းပြထားတာလေးကတော့ ကိုယ်လက်ရှိနေထိုင်နေတဲ့နိုင်ငံပါ။
ကျွန်တော်ကတော့ထိုင်းမှာနေတဲ့အတွက် Thailand လို့ပေါ်ပါတယ်။
သူငယ်ချင်းတို့က မြန်မာကဆို Myanmar လို့ပေါ်ပါလိမ့်မယ်။
ဖုန်းနံပါတ်ထည့်ပေးပါ ဆိုတဲ့နေရာမှာတော့ ကိုယ်အမြဲတမ်းသုံးနေတဲ့ဖုန်းနံပါတ်ကို ရှေ့ဆုံးက သုညကိုမထည့်ပဲ နောက်က ၉ လုံးကိုသာထည့်ပေးလိုက်ပါ။
 အောက်တစ်ပုံမှာကျွန်တော်ထည့်ထားတာလေးကိုကြည့်နိုင်ပါတယ်။


အောက်ပါပုံအတိုင်းဖြည့်လိုက်ပါ။
ပြီးရင် Next ကိုနှိပ်ပေးလိုက်ပါ။
 

ပြီးရင်စောဏကကိုယ်ထည့်လိုက်တဲ့ဖုန်းနံပါတ်ကို အောက်ပါပုံလိုကုဒ်တွေပို့လာပေးပါလိမ့်မယ်။
 အဲ့ကုဒ်ဂဏန်းလေးတွေကို သေချာမှတ်ပြီးဟိုထဲသွားရေးထည့်ပေးရမှာပါ။


ကိုယ်မှတ်လာတဲ့ဂဏန်းလေးတွေကို အောက်ပါပုံထဲကလို ကွက်လပ်ထဲမှာ တစ်လုံးမှမမှားအောင် သေချာဂရုစိုက်ရေးထည့်ပေးလိုက်ပါ။
ပြီးရင်တော့ Verify Phone Number ကိုနှိပ်ပေးလိုက်ပါ။


အောက်ပါပုံမှာဝိုင်းပြထားသလို အစိမ်းရောင်လေးနဲ့ Verified လို့ပြနေပြီဆိုရင်အဆင်ပြေပါပြီ...
 

ကျွန်တော်တို့ကိုတစ်ယောက်ယောက်က BTC တွေပို့လာမယ်ဆိုရင်
ကိုယ့်ရဲ့ BTC Address / BTC လိပ်စာလေးပေးရပါတယ်။
ဒါမှသူကအဲ့ BTC Address ကနေ BTC တွေပို့လာမယ်ဆိုရင်
ကျွန်တော်တို့ရဲ့ Wallet ထဲကိုရောက်လာမှာဖြစ်ပါတယ်။
ကိုယ့်ရဲ့ BTC Address ကိုကြည့်ချင်တယ်ဆိုရင်တော့အောက်ပါပုံအတိုင်းနှိပ်လိုက်ပါ။


 Accounts ကိုနှိပ်လိုက်ပါ။


အောက်ပါပုံအတိုင်း Get bitcoin address ဆိုတာလေးကိုနှိပ်လိုက်ပါ။
 

အောက်ပါပုံအတိုင်းမြင်နေရတာကတော့ ကိုယ့်ရဲ့ BTC လိပ်စာလေးပဲဖြစ်ပါတယ်။
BTC Address တွေကပုံထဲကအတိုင်းရှည်လည်းရှည်တယ် ရှုပ်ယှက်ခတ်နေကြပါတယ်။
တစ်ယောက်နဲ့တစ်ယောက်တော့လိပ်စာတော့မတူကြပေမယ့်
ရှုပ်ယှက်ခတ်တာခြင်းကတော့ အကုန်အတူတူပါပဲ...:P
ဒါကြောင့်ကိုယ့်ရဲ့ BTC လိပ်စာတွေကိုအလွတ်ကျက်ထားဖို့ဆိုတာလူတိုင်းမဖြစ်နုိင်တဲ့ကိစ္စတစ်ခုပါ။
ပြီးတော့ဒီလိပ်စာတွေက ပုံသေမရှိပါဘူး အချိန်တိုင်းပြောင်းလဲနေတတ်ပါတယ်။
ဒါကြောင့်တစ်ယောက်ယောက်က BTC ပို့လာတော့မယ်ဆိုမှ
ကိုယ့်ရဲ့အကောင့်ကိုဝင်ပြီး လိပ်စာကိုကော်ပီကူးပြီးပေးသင့်ပါတယ်။
လိပ်စာမှားရင်တော့ ကိုယ့်အကောင့်ထဲကို BTC တွေရောက်လာတော့မည်မဟုတ်တော့ပါ။


မြင်နေရတဲ့ BTC Address ကိုဖိထားပြီး မြှားပြထားတဲ့စာရွက်ထပ်နေတဲ့ပုံလေးကိုနှိပ်ပြီး
Copy ယူနိုင်ပါတယ်။
 

နောက်တစ်ခုက BTC ပို့နည်းပါ။
ကိုယ်ကသူများကို BTC ပို့မယ်ဆိုရင် အလွယ်တကူပို့လို့ရပါတယ်။
ကိုယ့်ကိုသူများ BTC  ပို့လာရင်ကိုယ့်ရဲ့ BTC လိပ်စာလေးပေးရသလို
ကိုယ်ကသူများကို ပို့မယ်ဆိုရင်လည်း လက်ခံမယ့်သူရဲ့ BTC လိပ်စာလေးကိုတောင်းရမှာဖြစ်ပါတယ်။
ပြီးရင်သူတို့ပေးလာတဲ့ လိပ်စာကိုသေချာကော်ပီကူးပြီးယူထားလိုက်ပါ။
ပြီးရင်အောက်ပါပုံလိုပြထားတဲ့နေရာကိုနှိပ်လိုက်ပါ။


Send/Request ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ။
 

အဝါရောင်ပြထားတဲ့ Email or bitcoin address နေရာမှာကိုယ်BTC ပေးပို့မယ့်သူရဲ့
Email သို့မဟုတ် BTC လိပ်စာလေးကိုထည့်ပေးလိုက်ပါ။
Amount အောက်က အဝါရောင်ဝိုင်းပြထားတဲ့ကွက်လပ်ထဲကိုတော့
ကိုယ်ပို့လိုတဲ့ ပမာဏကိုရိုက်ထည့်ပေးလိုက်ပါ။
အောက်ဆုံးကအနီရောင်ဝိုင်းပြထားတဲ့ကွက်လပ်ထဲကိုတော့ ကိုယ်ရေးလိုတဲ့
Message ကိုရေးထည့်နိုင်ပါတယ်။
အောက်ပုံတစ်ပုံမှာကျွန်တော်ဖြည့်ထားတာလေးကို ကြည့်နိုင်ပါတယ်။


အပေါ်ဆုံးကွက်လပ်တစ်ခုမှာ BTC လိပ်စာလေးထည့်လိုက်ပါတယ်။
ဒုတိယ Amount အောက်ကကွက်လပ်မှာ ပို့လိုတဲ့ပမာဏကိုထည့်လိုက်ပါတယ်။
ကျွန်တော်ကတော့ 0.001 စမ်းပြပေးထားပါတယ်။
အောက်ဆုံးက Message မှာတော့ Hey.../Hello  လို့ပဲထည့်လို့ရပါတယ်။
အားလုံးပြီးရင် Send Funds ကိုနှိပ်ပေးလုိက်ပါ။
 

ဒီမှာသူကကျွန်တော်တို့ဖြည့်ထားတဲ့အချက်အလက်တွေမှန် မမှန်တစ်ခုသေချာပြန်စစ်ပေးပါ။
အဓိကကတော့ BTC လိပ်စာပါ။ လိပ်စာမှားရင်ကိုယ်ပို့လိုက်တဲ့သူဆီရောက်တော့မယ်မဟုတ်တော့ပါ။
အားလုံးသေချာရင် Confirm ကိုနှိပ်ပေးလိုက်ပါ။

 အောက်ပါပုံလို Send Complete လို့ပြလာရင် BTC ပေးပို့ခြင်းပြီးဆုံးပါပြီ...
နာရီဝက်အတွင်းကိုယ်ပို့လိုက်တဲ့ BTC လိပ်စာကိုရောက်သွားပါလိမ့်မယ်။
Back to Account ကိုနှိပ်ပေးလိုက်ပါ။


အောက်ပါပုံအတိုင်းစောဏကကျွန်တော်တို့ BTC ပို့လိုက်တာ Pending ဖြစ်နေပါပြီ။
နာရီဝက်လောက်ကြာရင် Confirm ဖြစ်သွားပါလိမ့်မယ်။
 

တကယ်လို့ကိုယ့်အကောင့်ကနေပြန်ထွက်လိုတယ်ဆိုရင်တော့ အောက်ကပုံလို
Options ခလုတ်ကိုနှိပ်ပြီး အောက်ဆုံးက Sign Out ကိုနှိပ်လိုက်ရုံပါ။
 

ကိုယ့်ရဲ့အကောင့်ကိုပြန်ဝင်ချင်တယ်ဆိုရင်တော့ မည်သည့်ဖုန်း/ကွန်ပျူတာကနေဖြစ်ဖြစ် ဝင်နိုင်ပါတယ်။
www.coinbase.com ကိုသွားလိုက်ပါ။
ပြီးရင်အောက်ကပုံလိုနှိပ်လိုက်ပါ။
 

Sign In ကိုနှိပ်ပါ။
 

Email နေရာမှာ ကိုယ်အကောင့်ဖွင့်တုန်းကထည့်ခဲ့တဲ့ မေးလ်ကိုထည့်ပေးပါ။
Password နေရာမှာလည်းကိုယ်အကောင့်ဖွင့်တုန်းကထည့်ခဲ့တဲ့ Password ကိုထည့်ပေးပါ။
 

ထည့်ပြီးရင်  SIGN IN ကိုနှိပ်ပေးပါ။
 

အောက်ကပုံလိုပေါ်လာပါလိမ့်မယ်...
ကျွန်တော်တို့အပေါ်မှာထည့်ခဲ့တဲ့ဖုန်းနံပါတ်ကို ကုဒ်ဂဏန်းတွေပို့လာပါလိမ့်မယ်။
အဲ့ဂဏန်းလေးတွေကို အောက်ကပုံမှာမြင်နေရတဲ့ကွက်လပ်မှာထည့်ပေးရမှာပါ။
အဲ့ဒါမှကိုယ့်အကောင့်ကိုဝင်လို့ရမှာပါ။
 

အောက်ပါပုံလိုကိုယ့်ဖုန်းနံပါတ်ကိုပို့လာတဲ့ ဂဏန်းတွေကိုသေချာမှတ်ထားပြီး ဟိုထဲကိုသွားရေးထည့်ပေးလိုက်ပါ။
 

မှတ်လာတဲ့ဂဏန်းတွေကို ကွက်လပ်ထဲကို မမှားအောင်စနစ်တကျသေချာရိုက်ထည့်ပေးလိုက်ပါ။
ပြီးရင် Verify ဆိုတဲ့ခလုတ်ကိုနှိပ်ပေးလိုက်ပါ။
ကိုယ့်အကောင့်ကိုရောက်သွားပါလိမ့်မယ်။
 
နောက်တစ်ခုက ကိုယ်အကောင့်ဖွင်းတုန်းက ဖုန်း/ကွန်ပျူတာနဲ့မဟုတ်ပဲ အခြားဖုန်း/ကွန်ပျူတာ တစ်ခုခုနဲ့ကိုယ့်အကောင့်ကိုဝင်မယ်ဆိုရင်တော့ အပေါ်ပြောခဲ့တဲ့အဆင့်တွေထက်နောက်ထပ်တစ်ဆင့်ပိုလာလိမ့်မယ်။
အဲ့ဒါကတော့ကိုယ်ကကိုယ့်ရဲ့အကောင့်ကို IP အသစ်မှာအသုံးပြုမှာဖြစ်တဲ့တွက် သူကအတည်ပြုခိုင်းနေတာပါ။
အဲ့ဒီအခါမျိုးဆုိရင်ကိုယ့်ရဲ့ Coinbase မှာသုံးတဲ့ Email ကိုစာအိတ်ပို့လာပါလိမ့်မယ်။
ဖွင့်ပြီးတော့သူတို့ပေးတဲ့လင့်ကိုနှိပ်ပေးမှ ကိုယ့်အကောင့်ကိုဝင်လို့ရမှာပါ။

OK ဒီလောက်ဆိုရင် Bitcoin တွေသိမ်းဖို့ ကျွန်တော် Coinbase ကိုရွေးချယ်ခဲ့တာ ဘာကြောင့်လဲဆိုတာနားလည်ကြပြီထင်ပါတယ်။
အွန်လိုင်းမှာငွေရှာဖို့ဆိုရင် လုံခြုံရေးကအင်မတန်အရေးပါပါတယ်။
ကိုယ်ကြိုးစားပန်းစားရှာဖွေထားသမျှကို ဟက်ကာတစ်ယောက်ယောက်ကအလွယ်တကူဟက်သွားမယ်ဆို ဘယ်လိုလုပ်တော့မလဲ...?
ဒါကြောင့်လုံခြုံးရေးကိုအဓိကထားရပါမယ်။
အခုကျွန်တော်ပြောခဲ့တဲ့ Coinbase ကတော့ ဟက်ဖို့ဆိုတာတော်တော်ခက်ခဲသွားပါပြီ။
ကျွန်တော်တို့မေးလ်ရောဖုန်းနံပါတ်ပါရထားမှ သူကျွန်တော်တို့အကောင့်ကိုဝင်မွှေလို့ရမှာပါ...ဟဟ

အားလုံးအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ

မည်သူမဆိုလွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါသည်။

Page  
  ==========
ပအိုဝ်း IT လူငယ်များ

 
Blog
==========

ပအိုဝ်း IT လူငယ်များ

 
Groups
============
Myanmar Unicode Area

 
Myanmar PaOh Unicode Area

ပအိုဝ်း IT လူငယ်များ

 အားလုံးအဆင်ပြေပျော်ရွင်နိုင်ကြပါစေ 

                                     ပအိုဝ်း ITလူငယ်များ
 

Tuesday, December 1, 2015

Bitcoin ဆိုတာဘာလဲ...?








Bitcoin ဆိုတာဘာလဲ....?
မသိရင် www.youtube.com/watch?v=U3i2yR0A5m4 မှာဝင်ကြည့်နိုင်ပါတယ်။













Bitcoin ဆိုတာအွန်လိုင်းမှာသုံးတဲ့ငွေကြေးတစ်မျိုးပါ။ မြန်မာကျပ်ငွေ၊ ဂျပန်ယန်းငွေ၊ အမေရိကန်ဒေါ်လာ လိုမျိုး ငွေတစ်မျိုးပဲ ဖြစ်ပါတယ်။ ကွာခြားတာက Bitcoin ကို Internet ပေါ်မှာပဲ Internet ငွေကြေးအနေနဲ့ အသုံးပြုနိုင်မှာဖြစ်ပြီး၊ ပြင်ပလောက မှာ ငွေသားအနေနဲ့ အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ Money Exchanger ဆိုတဲ့ ငွေလဲဌာန တွေမှာ US Dollar နဲ့ လဲယူနိုင်သလို Bitcoin ကို အသုံးပြုတဲ့ ဆိုက်တွေက တိုက်ရိုက်ဝယ်ယူတာတွေလဲလုပ်နိုင်ပါတယ်။ နောက်ကွာခြားတာတစ်ခုက Bitcoin က Decentralized Currency ဖြစ်ပါတယ်။  ဥပမာ မြန်မာကျပ်ငွေဆိုရင် မြန်မာဗဟိုဘဏ်က တာဝန်ယူထုတ်လုပ် တဲ့ ငွေကြေးဖြစ်ပါတယ်။ ဆိုလိုတာ က Bitcoin တွေကို အဓိကပိုင်တဲ့ပိုင်ရှင်ဆိုတာ မရှိပါဘူး။
Bitcoin ဆိုတာ Virtual Currency တစ်ခုဖြစ်ပြီး အင်တာနက်ကနေ လူတစ်ယောက်နဲ့တစ်ယောက်
(peer to peer )တိုက်ရိုက် ငွေလွှဲပို့  လက်ခံ လို့ရပါတယ်။ Paypal လို Payment Processor တွေမလို အပ်တဲ့အတွက် ငွေလွှဲ ခလည်းကုန်ကျခြင်းမရှိပါဘူး။ အင်တာနက်မှာ Bitcoin တွေဝယ်လို့ ရောင်းလို့ရတဲ့နေရာတွေရှိပါတယ်။ Bitcoin တွေရှာလို့ရတဲ့ ဝက်ဆိုက်တွေလည်းရှိပါတယ်။ သင့်ကွန်ပြူတာ ကနေလည်း Bitcoin တွေထုတ်လုပ်နိုင်ပါသေးတယ်။ သင့်ကွန်ပြူတာကနေ ငွေရှာနိုင်တဲ့သဘောပါပဲ။ Bitcoin တွေ များများထုတ်နိုင်အောင် Hardware တွေကို Upgrade လုပ်နိုင်ပါတယ်။
အဲ့ဒီလို Hardware တွေကို Bitcoin Miner လို့ခေါ်ပါတယ်။
ဒီပို့စ်ကတော့လက်ရှိကမ္ဘာပေါ်မှာ အအောင်မြင်ဆုံး၊ အဆင်ပြေဆုံး အရများဆုံးဖြစ်တဲ့ အွန်လိုင်းငွေရှာဆိုက်တစ်ခုဖြစ်တဲ့ MMM Global အတွက် Bitcoin အကြောင်းကိုအရင်ပြောပြတဲ့သဘောပါ။
ဘာလို့လဲဆိုတော့ MMM Global မှာကျွန်တော်တို့ ငွေအသွင်းအထုတ်လုပ်ဖို့
အခုပြောနေတဲ့ဒီ Bitcoin(BTC) အသုံးပြုကြရမှာပါ။
ဒါကြောင့်ဒီ Bitcoin အကြောင်းလေးတွေကို ရှာဖွေစုဆောင်းပြီးတင်ပေးလိုက်တာပါ။
အင်တာနက်မှာ Bitcoin တွေအသုံးပြုလို့ရတဲ့ ဝက်ဆိုက်တွေတော်တော်များများရှိပြီး WordPress , OK Cupid, Online Shopping တို့မှာလည်း အသုံးပြုနိုင်ပါတယ်။ Bitcoin အသုံးပြုလို့ရတဲ့ ဝက်ဆိုက်တွေကို https://en.bitcoin.it/wiki/Trade မှာလေ့လာပါ။ Bitcoin ကနေ တကယ့်ငွေကိုလွှဲပြောင်းထုတ်ယူနိုင်မယ့် Bitcoin ATM စက်တွေလည်း ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာရှိနေပါပြီ...
အာဆီယံနိုင်ငံတွေမှာလည်း Bitcoin ATM တွေရှိနေပါပြီ...
ဒီပို့စ်ကတော့ ဘစ်ကွိုင်နဲ့ လုံးလုံးမှ မရင်းနှီး မနီးစပ်သေးတဲ့ သူတွေအတွက်ပါနားလည်လာအောင်ရေးသားထားပေးပါတယ်။
ဘစ်ကွိုင်ဆိုတဲ့ အွန်လိုင်း ဒစ်ဂျစ်တယ် ကာရန်စီကိုနိုင်ငံခြားအနောက်နိုင်ငံက ကုန်သည်တွေ ငွေပေးချေမှုမှာလွယ်ကူသည့်အတွက် တော်တော်များများ အသုံးပြုကြပါတယ် ဘစ်ကွိုင်ကိုလဲ အွန်လို်င်းမှ ရှာဖွေစုဆောင်းသူများလဲ အမြောက်အများ ရှိကြပါတယ် ဘစ်ကွိုင်ကို အမျိုးမျိုးသောရှာဖွေနည်းမျိုးစုံနဲ့
ရှာဖွေ စုကြပါတယ်.....ဥပမာ ဘစ်ကွိုင်ဖရီး စတိုရှီအနည်းစီပေးတဲ့ ဆိုဒ်များ..ပီတီစီ ဆိုဒ်များ...မိုင်းတွင်းတူးသည့် Miner Pool များ ...ဂိမ်းဆော့ပြီးရှာဖွေနိုင်သည့်ဆိုဒ်များ....
Inverstmet ရင်းနှီးမြုပ်နှံမှုလုပ်သည့် ဆိုဒ်များ...
ဘစ်ကွိုင် ဝယ်ရောင်း buy/sell သည့် Trade ဆိုဒ်များ ...အမျိုးစားမျိုးစုံနဲ့ ရှာဖွေစုကြပါတယ်...
မိမိမှာ ကွန်ပြူတာ၁လုံးသို့မဟုတ် ဖုန်း၁လုံးရှိတာနဲ့ ဘစ်ကွိုင်စုဆောင်းတာကို လုပ်နိုင်ပါတယ်....ကျနော်တို့နိုင်ငံမှာလဲဘစ်ကွိုင်စုဆောင်းသူတွေ တဖြေးဖြေးများပြားလာပါပြီ.....ဘစ်ကွိုင်ကဘယ်လိုငွေချေမှုမှာအသုံးဝင်ခဲ့လဲဆိုတာ အောက်မှာဆက်လက်ဖတ်ရှု့နိုင်ပါသည်ခင်ဗျာ...

ဘစ်ကွိုင် Bitcoin ဆိုတာ(online digital currency) အမျိုးစားတစ်ခုဖြစ်ပါတယ်
ဘစ်ကွိုင်ကို Nakamoto က  (6.11.2008) ခုနှစ်မှာ စတိုရှီနဲ့ ငွေပေးချေမှုကိုစတင်တီထွင်ခဲ့ပါတယ်
2009 ခုနှစ်စပိုင်းမှာ open source system နဲ့ ငွေပေးချေမှုကိုလူတစ်ဦးနဲ့တစ်ဦး  ကြားခံမလိုဘဲ တိုက်ရိုက် peer to peer စနစ်ဖြင့်စတင်အသုံးပြုနိုင်ခဲ့ကြပါတယ်....




အဆို ပါ ဘစ်ကွိုင် ကိုင်ပိုင်ငွေချေမှုစနစ်Virtual ငွေကြေးကိုအသုံးပြုချင်းဖြင့် အမေရိကန် ဘဏ္ဍာရေးစနစ်မှာ အုပ်ချုပ်ရေးမှူးမလိုအပ်ဘဲနဲ့ အလုပ်ဖြစ်စေခဲ့ပြီး မြန်ဆန်တွင်ကျယ်လာခဲ့ပါတယ်
Bitcoin ကိုပထမဆုံးသော cryptocurrency ဟုစတင်ခေါ်ဝေါ်သုံးစွဲခဲ့ကြလေတယ်....







ထိုသို့ အစောပိုင်းတွင် ဘစ်ကွိုင်ကို ငွေပေးချေမှု တစ်ခုထဲတွင် ကုန်သည်များတွင်တွင်ကျယ်ကျယ် အသုံးများသထက် များပြားလာခဲ့တယ်....ဥရောပမှာ အကြွေးဝယ်ကဒ်နဲ့ ဝယ်တာတွေထက်ကို မက်လုံးပေးပြီးတော့ 3% 4% ဒစ်စကောင့်အသုံးပြုကာ ဘစ်ကွိုင်နဲ့ ငွေချေတာကိုကုန်သည်တွေအသုံးပြုလာကြတယ်....
ဘစ်ကွိုင်ကို ကုန်သည်များအရေတွက် များပြားစွာ လက်ခံလာသည့်အတွက် ဘစ်ကွိုင်ရဲ့ cryptocurrency
လက်လီလက်ကားဝယ်ယူမှုကြောင့် နေ့စဉ် စျေးအတက်ကျများ
ဟုန်တိုးပြီးတော့ဖြစ်ပေါ်လာခဲ့ပါတယ် ဥရောပ ဘဏ် အာဏာပိုင်အဖွဲစည်းကတော့ bitcoin အသုံးပြုသူများကို လူအခွင့်အရေး သို့မဟုတ် chargebacks နဲ့ကာကွယ်ထားသည်မဟုတ်ကြောင်း ကြေညာခဲ့ပါတယ်... ဘစ်ကွိုင်နဲ့ပက်သက်လို့ ငြင်းခုံမှုတွေ အမြောက်များ ပေါ်ပေါက်ခဲ့ပါတယ်



နောက်ပိုင်းတွင် ဘစ်ကွိုင်အသုံးပြုသူများပြားစွာပေါ်ပေါက်လာတော့ မီဒီယာတွေနဲ့ ဘဏ္ဍာရေးစနစ် အားပြိုင်မှုတွေ ဖြစ်ပေါ်လာခဲ့ပြီး နောက်ဆုံး Bitcoin ကို အမေရိကန် ဘဏ္ဍာရေးစနစ်မှာ တရားဝင် ဝန်ဆောင်မှု ပေးနိုင်ခဲ့ပါတယ်




Bitcoin ရဲ့ Unit ကို BTC လို့သုံးပါတယ်။
အဲ့သည် BTC Unit ရဲ့အောက်မှာ mBTC / uBTC / kBTC ဆိုပြီးလက်ခွဲလေးတွေရှိတယ်ဗျ..
အဲ့သည်ထဲမှာမှ Full Stop (.)BTC Unit ကတော့အကြီးဆုံးပေါ့ဗျာ...
နောက်ထပ် Unit တွေထပ်ခွဲရင်ရသေးတယ်ဗျ...
ဒါပေမယ့်ရှုပ်ကုန်မှာစိုးလို့ မပြောပြတော့ပါဘူး...
ဒီလောက်သိထားရင်လုံလောက်ပါပြီ...

( Satoshi ) Satoshi 0.00000001 Bitcoin ဘစ်ကွိုင်ရဲ့ တစ်ရာသန်းကို ကိုယ်စားပြုတဲ့ အသေးငယ်ဆုံးပမာဏ ကိုဖော်ပြတဲ့ ဟာပါ စတိုရှီဆိုတာကတော့.............

2014 ခု အောက်တိုဘာလ 7 ၇က်နေ့မှာ bitcoin ဖောင်ဒေးရှင်းကို ထောင်ပြီးတော့ ISO 4217
နဲ့ဖြန့်ချိပြီး ဘစ်ကွိုင်မှ ငွေကြေးကို ကုဒ်တွေ evouncher တွေနဲ့အသုံးပြုပြီး BTC ,XBT ကို ဖန်တီးသတ်မှတ်ခဲ့ကြပါတယ်.......





Bitcoin ကိုအွန်လိုင်းမှ payment တွေတော်တော်များများ ချေလို့ရပါတယ် ဘစ်ကွိုင်နဲ့တခြား ကာရန်စီ အမျိုးစားများကိုလဲ လဲလှယ် exchange လုပ်လို့ရပါတယ်
ဥပမာ bitcoin to perfect money , bitcoin to paypay ,bitcoin to Giftcard
itune Giftcard တွေ Playstore Giftcard တွေ website domain တို့ တခြား ဂစ်ကဒ်ပေါင်းစုံ လဲဝယ်ယူလို့ရပါတယ်
နိုင်ငံခြား အွန်လိုင်း e-Commerce ဆိုဒ်တွေမှာ ဘစ်ကွိုင်ကိုတော်တော်များများ
ငွေချေဖို့ လက်ခံထားပါတယ်
စသည်ဖြင့်ပေါ့ကျနော်ကတော့ ကျနော်တို့ဆီမှာ အသုံးများတဲ့ဟာတွေလောက်ဘဲ ရေးပြသွားတာပါ
တခြားနိုင်ငံတွေမှာသုံးတဲ့ ကာရန်စီ မျိုးစုံကိုလဲ ဘစ်ကွိုင်မှ လဲလှယ်လို့ရပါတယ်
ရွှေလိုမျိုးပေါ့ ကြိုက်တဲ့ဟာနဲ့ လိုက်လဲလို့ရပါတယ် ဒေါ်လာ ယူရို ပေါင် စသည်ဖြင့်ကျွန်တော်အကြမ်းဖျင်းလောက် ပြောပြတာပါ။




We accept Bitcoin Here လို့ ဘစ်ကွိုင်ပုံလေးနဲ့ပြထားရင် ဘစ်ကွိုင်နဲ့ငွေချေပေးလိုက်ယုံပါဘဲ
အရမ်းလွယ်ကူတဲ့ ငွေချေစနစ်ပါ သူတို့ သူတို့ အကောင့်ရဲ့ QR code ကုဒ်လေး ကို ပြပေးထားပါလိမ့်မယ်
ကျနော်တို့က အကောင့်ထဲကနေ မိုဘိုင်းဖြင့် ကုဒ်စကန်နာနဲ့ဖတ်ပြီးတော့ တန်းပို့လိုက်ယုံနဲ့ ငွေပေးချေမှုပြီးဆုံးပါတယ် seller အတွက်လဲ ငွေပေးချေမှုကိုလက်ခံဖို့ QR code သို့မဟုတ် ဘစ်ကွိုင်လိပ်စာ တစ်ခုဘဲလိုပါတယ်
Buyer အနေနဲ့လဲ စကမ်ဖတ်ပေးပြီးငွေပေးချေမှုကို လွယ်ကူစွာ လုပ်ဆောင်ယုံပါဘဲ။




အွန်လိုင်းမှာငွေချေဖို့အတွက် တခြား ကာရန်စီ တွေကိုသုံးရင် မြန်မာနိုင်ငံကို ခွင့်ပြုထားတဲ့ကာရန်စီ အမျိုးစားတွေက နည်းပါတယ် အကောင့်တွေ ဗယ်ရီဖိုင်းဖြစ်ဖို့လဲ တော်တော်လေး လက်ဝင်အောင်ခက်ခက်ခဲခဲ ပြုလုပ်ရပါတယ် ဖိစ်ခ fees တွေ စျေးကြီးပါတယ်။




ဘစ်ကွိုင်ကတော့ ဘယ်လောက်များများနည်းနည်း အထွက် ဖိစ်ခ က satoshi 20000 အပြင်မကျပါဘူး
အကောင့်ဖွင့်ရလွယ်ကူပြီးတော့ သုံးရတာလဲ လွယ်ကူလွန်းပါတယ်
မြန်မာနိုင်ငံမှာလဲ ဘစ်ကွိုင်ကို မြန်မာ အိတ်ချိန်းဆိုဒ်မှာ မြန်မာငွေနဲ့ တရားဝင်ဝယ်ရောင်းပေးလုပ်ထားပါတယ်။
ဒါပေမယ့်မြန်မာနိုင်ငံမှာတော့လက်ရှိအချိန်ထိ Bitcoin ဝယ်ဖို့ရောင်းဖို့ ဘဏ်တွေနဲ့ချိတ်ဆက်အသုံးမပြုနိုင်သေးပါ။
လာမယ့်အစိုးရသစ်လက်ထက်မှာတော့ အဆင်ပြေလာလိမ့်မယ်လို့မျှော်လင့်ကြရတာပေါ့...



ယခုလက်ရှိကျွန်တော်ဒီစာကိုရေးနေချိန်1 BTC = 355.6 USD ပေါက်စျေးရှိပါတယ်။
သူလဲရွှေလိုပါဘဲ နေ့တိုင်းစျေးအတက်ကျရှိပါတယ်။
BTC စျေးအတက်အကျတွေကို http://preev.com/ မှာကြည့်နိုင်ပါတယ်။
ယခင်က ဘစ်ကွိုင် 1BTC ကို 1100 USD ကျော်ထိရောက်ခဲ့ဖူးပါတယ်...
ဒါကြောင့်ကျွန်တော်တို့ BTC တွေစျေးကျနေချိန်မှာဝယ်ထားပြီး
စျေးတက်တဲ့အချိန်ပြန်ရောင်းရင် အမြတ်ရနိုင်ပါတယ်။
ဘစ်ကွိုင်ရဲ့ငွေကြေးတည်ငြိမ်မှုမရှိခြင်း အွန်လိုင်းလောင်းကစား များပေါ်ပေါက်လာခြင်း Web မှတဆင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှုများနဲ့ဒုစရိုက်မှုများတွင် ဘစ်ကွိုင်နဲ့အွန်လိုင်းငွေပေးချေမှုများကြောင့် တရားမဝင်ကုန်ပစ္စည်းများ တင်သွင်းမှုတွေနဲ့ ဘဏ္ဍာရေး ပြသနာများပေါ်လာပြီး အမေရိကန်ရဲ့ ရွှေစျေး ခေါင်ခိုက်အောင်တက်သွားချိန်တွင် ကုန်ကျစရိတ်များစွာနဲ့ဘစ်ကွိုင် မိုင်းတူးသည့်ကုပ္ပဏီများ စိတ်ဓါတ်တွေကျကာ မျှော်လင့်ချက်တွေ အရောင်မှိန်ခဲ့ပါတယ်။









2015 နွေဦးပေါက်အချိန်တွင်
ဘစ်ကွိုင်စျေးဟာ တဟုန်ထိုး ထိုးကျသွားခဲ့တာပါ မိုင်းတွင်းတူးတဲ့ ကုပ္ပဏီများ အကျိုးမြတ်များစွာ ဆုံးရှုံးခဲ့ကြပါတယ်....



Web black market များ မူးယစ်ဆေးဝါးရောင်းဝယ်မှုများ ဘစ်ကွိုင်ဖြင့် လက်နက်ရောင်းဝယ်ဖောက်ကားမှုများကို အမေရိကန်အာဏာပိုင်များ လိုက်လံ ပိတ်ပစ်ပါတယ်။



ဘစ်ကွိုင်နဲ့ ငွေချေမှုပြုလုပ်များတဲ့ ဆိုဒ်တွေကို အင်တာနက်ဖောင်ဒေးရှင်း ဖွဲ့ကာ ဘလက်မားကတ်များကို
အမေရိကန် အာဏာပိုင်များက စောင့်ကြည့်ခဲ့ပါတယ် သတင်းဆိုးများစွာဖြင့် ဘစ်ကွိုင်စျေးထိုးကျမှုကြောင့် သုံးစွဲသူအများပြား ကြောက်လန့်ကာ အတင်းထိုးရောင်းမှုကြောင့် ဘစ်ကွိုင် စျေးအဆမတန်ထိုးကျသွားခဲ့ပါတယ်... ဝယ်သူနည်းပြီး ရောင်းချသူအမြောက်များကြောင့် စျေးကွက်မတည်ငြိမ်မှုပေါ်ပေါက်ခဲ့တာပါ



၂၀၁၅ ဇန်နဝါရီ လမှာ Business Value ကို IBM ၏Institute မှ network ချိတ်ဆက်ပြီး BitTorrent , Telehash နှင့် Bitcoin အပါဝင် လွတ်လပ်စွာရရှိသောနည်းပညာကိုအသုံးပြုမှု အင်တာနက်ပေါ်ရှိ Device များ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ဗဟိုချုပ်ကိုင်မှုလျော့ချ မှု peer-to -peer Telemetry ကိုတရားဝင်ထုတ်ပြန်ခဲ့ပါတယ်



မေလေ 2015 ခုနှစ် မှာ NASDAQ OMX Group က Nasdaq ပုဂ္ဓလိကစျေးကွက် Pre- IPO ကုန်သွယ်ရှယ်များကို ကိုယ်စားပြုလွဲပြောင်း ရန်နဲ့ ရောင်စုံ ဒင်္ဂါးခေါ်ဘစ်ကွိုင်တန်ဖိုးကို အသုံးပြုမဲ့ ရည်ရွယ်ချက်ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်...အခုလက်ရှိမှာ ဘစ်ကွိုင်စျေးကျနေတာပါ
ဒါပေမဲ့ အခု ၂၀၁၅ မှာ $240 ကနေ $320 ဝန်းကျင်ကို တက်လိုက်ကျလိုက်သွားနေပါတယ် တနေ့ထဲ ထိုးမကျပါဘူး အများကြီးနဲ့ တိုးလဲမတက်ပါဘူး ၁ ဘီတီစီကို $5 မှ $10 ကြား နေ့စဉ်ပြောင်းလဲရှိနေပါတယ်
ဘစ်ကွိုင်ကိုများသောအားဖြင့် ရိုးရှင်းစွာစျေးတက်ရင်ရောင်းထုတ်ပြီး စျေးနည်းနည်းပြန်ကျရင် ဝယ်စုတဲ့လူ များပါတယ် buy and sell လုပ်ကြပါတယ် ထရိတ်လုပ်တာရဲ့အခြေခံပေါ့...


ဒီနေ့ $ 240 နဲဝယ်ထားရင် မနက်ဖြန် $250 ထိတက်သွားတယ်ဆို $10 လာမြတ်ပါမယ်
မြန်မာငွေနဲ့ဆို ၁၀ ဒေါ်လာကို ၁၄၀၀၀ ကျော်မြတ်နိုင်ပါတယ် ....
အကယ်လို့ 2btc ဝယ်စုထားတဲ့သူဆိုရင် ၂၆၀၀၀ မြတ်ပါမယ် စျေးအတက်ကျကတော့ မနက်ပိုင်းအစောပိုင်းတွေမှာ ကျတက်ပြီးတော့ ညပိုင်းလောက်မှာ ဘစ်ကွိုင်စျေး ပြန်တက်လေ့ရှိပါတယ် မြန်မာနိုင်ငံရဲ့အချိန်အရပြောပြတာပါ....
ဘစ်ကွိုင်အကြောင်းကတော့ ဆက်ရေးရင်တော်တော်ရှည်သွားမယ်ခင်မျ smile emoticon အားလုံး ဘဲဒီလောက်ဆို ဘစ်ကွိုင်လာလဲဆိုတာ အကြမ်းဖျင်းလောက် သိလောက်ပြီထင်ပါတယ်ခင်မျ......လိုရင်းလေးရောက်ရင်ဘဲရေးပေးလိုက်တာပါ.....
အခုလောလောဆယ် ဘစ်ကွိုင်ကို စုဖို့အတွက် Wallet ၁ ခုလိုအပ်ကြောင်းဆက်ပြောမှာပါ အကြမ်းဖျင်းပေါ့။
နောက်ပြီးရင် ဘစ်ကွိုင်ကို အွန်လိုင်းပေါ်ဘယ်လိုရှာဖွေရမလဲ ဆိုတာဆက်ရေးပြပေးပါ့မယ်။
သင်ဘစ်ကွိုင် ရှာဖွေစုဖို့အတွက်ဘစ်ကွိုင် Wallet တစ်ခုတော့ ရှိရပါမယ်ကိုယ်က Wallet ကို web ကနေအသုံးများမှာလား ဒါမှမဟုတ် Application ကဘဲသုံးမှာလား ဆိုတာခွဲခြားပါ။
တကယ်တော့ ၂ ခုလုံးသုံးလို့ရပါတယ် ကိုယ့်စိတ်ကြိုက်အားသန်ရာပေါ့ ရွေးပြီးတော့ Wallet ၁ခု အကောင့်ဖွင့်လိုက်ပါ။
ဒါပေမယ့် App ကနေသုံးတာက ကိုယ့်အကောင့်အဟက်ခံရဖို့အရမ်းလွယ်ကူပါတယ်။
ဒါကြောင့်ဘရောက်ဆာကနေ သုံးတာကပိုကောင်းပါတယ်။
ဘစ်ကွိုင် Wallet ၁ခုအကောင့်ဖွင့်ပြီးရင် ဘစ်ကွိုင် လိပ်စာ ၁ခုရပါမယ် အဲ့လိပ်စာကိုမှတ်ထားရမှာပါပြီးရင်ငွေထုတ်သွင်းကို အဲ့လိပ်စာ နဲ့လုပ်ရပါတယ် ကိုယ့်ဆီ ကို ဘစ်ကွိုင် ပို့မယ်ဆိုရင် ကိုယ့်လိပ်စာ BTC Address ပေးထည့်ပေးရပါတယ်။
ဒါမှကိုယ့် Wallet ထဲကိုရောက်လာမှာပါ။
ဒါမှကိုယ်စုလို့ရမဲ့ ဘစ်ကွိုင်တွေကို ကိုယ့်ဝေါလက်ထဲမှာ သိမ်းထားလို့ရမှာပါ....
တစ်နည်းပြောရင် Bitcoin Wallet ဆိုတာ အွန်လိုင်းပိုက်ဆံအိတ် တမျိုးဆိုတာမျိုးပါ....
မိမိပိုက်ဆံတွေကို အွန်လိုင်းမှာသိမ်းထားရတဲ့ ပုံစံမျိုးပေါ့..


ပုံထဲက ဝေါလက်ကတော့ Coinbase Wallet ပါ လူသုံးလဲများပါတယ် လုံခြုံရေးပိုင်းလဲကောင်းပါတယ်။
ကျွန်တော်လည်းလက်ရှိ Coinbase ကိုသုံးနေပါတယ်။
Coinbase မှာမြန်မာနိုင်ငံကိုဘဏ်နဲ့ချိတ်ပြီးတော့အသုံးပြုခွင့်မပေးထားပါဘူး။
ထုတ်သွင်းတော့အကုန်သုံးလို့ရပါတယ် အထဲမှာတင် buy and sell ရောင်းဝယ်လို့မရသေးတာပါ။
ထိုင်းနိုင်ငံလည်း Coinbase ကနေ BTC တွေကိုတိုက်ရိုက်ဝယ်/ရောင်းလို့မရသေးပါ။
ဘစ်ကွိုင် wellet တွေမျိုးစုံ ထွက်ပါတယ် တခုနဲ့တစ်ခု အပြိုင်ဆိုင်ဝန်ဆောင်မှုတွေမတူအောင်ပေးထားကြပါတယ် ကိုယ်အသုံးတည့်မဲ့ အသုံးများမဲ့ ဟာကို ရွေးပြီးတော့ အသုံးပြုနိုင်ပါတယ်
ဒီပို့စ်မှာတော်တော်ရှည်သွားပြီခင်မျ.....


Walletအသုံးပြုနည်းနဲ့ အကောင့်ဖွင့်နည်းကို နောက်၁ပို့စ်မှာပြည့်ပြည့်စုံစုံ ရေးသားပေးပါ့မယ်...

ပြီးရင် MMM Global အကြောင်းကိုလည်း ဆက်လက်ရေးသားပေးသွားပါမယ်...






အားလုံးအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ


မည်သူမဆိုလွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါသည်။

Page  
  ==========
ပအိုဝ်း IT လူငယ်များ

 
Blog
==========

ပအိုဝ်း IT လူငယ်များ

 
Groups
============
Myanmar Unicode Area

 
Myanmar PaOh Unicode Area

ပအိုဝ်း IT လူငယ်များ

 အားလုံးအဆင်ပြေပျော်ရွင်နိုင်ကြပါစေ 

                                     ပအိုဝ်း ITလူငယ်များ

 

Copyright @ 2014-2015 ပအိုဝ်း IT လူငယ်များ.

Designed by Templateism | Edited By Khun Htetz Naing | PaOh IT Youth