Wednesday, December 2, 2015

Bitcoin သိမ်းဖို့ Coinbase မှာအကောင့်ဖွင့်နည်း[BTC]


Bitcoin ဆိုတာဘာလဲမသိသေးရင် ဒီမှာ သွားကြည့်ပေးပါနော်...
ကျွန်တော်တို့ Bitcoin ကိုဝယ်ပြီးတော့ပဲဖြစ်ဖြစ် အင်တာနက်မှာရှာပြီးစုဖို့ပဲဖြစ်ဖြစ်
သူ့ကိုသိမ်းဖို့ Wallet တစ်ခုတော့လိုပါမယ်။
Bitcoin သိမ်းလို့ရတဲ့ Wallet အမြောက်အမြားရှိတဲ့ထဲမှာမှ ကျွန်တော်ကတော့
Coinbase ကိုရွေးချယ်လိုက်ပါတယ်။
လူသုံးလဲများပါတယ် လုံခြုံရေးပိုင်းလဲကောင်းပါတယ်။
ကျွန်တော်လည်းလက်ရှိ Coinbase ကိုသုံးနေပါတယ်။

Coinbase အကောင့်ဖွင့်ဖို့ မေးလ်တစ်ခုလိုအပ်ပါတယ်။
Gmail ဖြစ်ဖြစ်ဘာမေးလ်ဖြစ်ဖြစ်ရပါတယ်။
ဖုန်း၊ကွန်ပျူတာကနေအလွယ်တကူအသုံးပြုလို့ရပါတယ်။
ကွန်ပျူတာထက် ဖုန်းအသုံးပြုသူပိုများတဲ့အတွက် ပုံတွေကိုဖုန်းနဲ့ပဲလုပ်ထားပေးပါတယ်။

အကောင့်ဖွင့်ဖို့ပေးထားတဲ့လင့်ကိုနှိပ်လိုက်ပါ။
          www.coinbase.com

အပေါ်ကပေးထားတဲ့လင့်လေးကိုနှိပ်လိုက်ရင် အောက်ပါပုံလိုပေါ်လာပါလိမ့်မယ်။
အဝါရောင်ဝိုင်းပြထားတဲ့ First Name မှာကိုယ့်နာမည်ရဲ့ ပထမအလုံးကို အင်္ဂလိပ်လို့ထည့်ပေးလိုက်ပါ။
ဥပမာ ကိုယ့်နာမည်က ထက်နိုင် ဆိုရင် First Name နေရာမှာ ထက် လို့ထည့်ပေးလိုက်ပါ။

အစိမ်းရောင်ဝိုင်းပြထားတဲ့ Last Name မှာတော့ နုိင် လို့ထည့်ပေးလိုက်ပါ။

အနီရောင်ဝိုင်းပြထားတဲ့ Email နေရာမှာတော့ကိုယ့်ရဲ့မေးလ်ကိုထည့်ပေးလိုက်ပါ။
Gmail, Hotmail, Yahoo အားလုံးရပါတယ်။

အပြာရောင်ဝိုင်းပြထားတဲ့ Password နေရောမှာတော့ ကိုယ်ထည့်သွင်းအသုံးပြုလိုတဲ့ စကားဝှက်ကိုထည့်ပေးလိုက်ပါ။
၈ လုံးနှင့်အထက်ဖြစ်ရပါမယ်။
ပထမဆုံးစာလုံးကို စာလုံးအကြီးနှင့်ရေးရပါမယ်။
အင်္ဂလိပ်ဂဏန်းပါရပါမယ်။
အင်္ဂလိပ်စာလုံးပါရပါမယ်။
အောက်တစ်ပုံမှာကျွန်တော်ဖြည့်ထားတာလေးကို ကြည့်နိုင်ပါတယ်။


အောက်ပါပုံအတိုင်းကျွန်တော်ဖြည့်ထားသလိုဖြည့်ပေးလိုက်ပါ။
နောက်တစ်ခုပြောချင်တာက Password ကိုခက်ခဲတာလေးတွေထားပေးပါ။
ဥပမာ အင်္ဂလိပ်ဂဏန်းလည်းပါမယ်၊ *$#@ တွေလည်းပါမယ်၊ ABCD တွေလည်းပါမယ်။
အဲ့လိုပေါ့ ၈ လုံးနှင့်အထက်ဖြစ်ရပါမယ်။
အောက်ပါပုံအတိုင်းကိုယ်ဖြည့်လိုက်တဲ့ Password လုံခြုံမှုရှိ မရှိသူပြပေးပါလိမ့်မယ်။
ကျွန်တော်ဖြည့်လိုက်တဲ့ Password ကတော့အရမ်းလုံခြုံမှုရှိတဲ့အတွက်
အစိမ်းရောင်စာကြောင်းလေးနဲ့ Excellent လို့ပြပေးထားပါတယ်။
အားလုံးဖြည့်ပြီးရင် မြှားပြထားတဲ့ I agree to the User Agreement and Privacy Policy. ဘေးနားကကွက်လပ်လေးကိုအမှန်ခြစ်တပ်ပေးပါ။
အားလုံးပြီးရင် SIGN UP ဆိုတဲ့ခလုတ်ကိုနှိပ်ပေးပါ။


အောက်ကပုံလိုပြလာရင်တော့ ကိုယ်ထည့်ထားတဲ့မေးလ်ကို
ကိုယ့်ရဲ့အကောင့်အတည့်ပြုဖို့ စာအိတ်ပို့လာလိမ့်မယ်။
မေးလ်ထဲကိုသွားလိုက်ပါ။
 

အောက်ပါပုံအတိုင်း Coinbase ဆိုတဲ့ခေါင်းစဉ်နဲ့ပါ။
ဖွင့်လိုက်ပါ။
 

အောက်ပါပုံအတုိင်း Verify My Email Address ကိုနှိပ်လိုက်ပါ။
 

တကယ်လို့ကိုယ့်ဖုန်းမှာ ဘရောက်ဆာ App နှစ်ခုသုံးခုရှိတယ်ဆိုရင်အောက်ပါပုံအတိုင်း ဘယ်တစ်ခုသုံးမလဲမေးလာပါလိမ့်မယ်။
ကိုယ်စောဏကအကောင့်ဖွင့်ခဲ့တဲ့ ဘရောက်ဆာကိုသာရွေးပေးလိုက်ပါ။
တကယ်လို့ကိုယ့်ဖုန်းမှာ ဘရောက်ဆာတစ်ခုသာရှိတယ်ဆိုရင်တော့ ဘာမှမေးလာမည်မဟုတ်ပါ။
 

အောက်ပါပုံအတိုင်းကိုယ့်ရဲ့မေးလ်အတည်ပြုပြီးသွားပြီဆိုတဲ့ အသိပေးစာလေးပြလာရင်တော့
ကိုယ့် Coinbase အကောင့်ဟာ Verified ဖြစ်သွားပါပြီ။
နောက်ထပ်ကိုယ့်အကောင့်လုံခြုံရေးအတွက်ဆက်ကြည့်ပေးပါဦး....


အကောင့်အဝင်အထွက်တိုင်းကိုယ့်ဖုန်းနံပါတ်ကို ကုဒ်တွေပို့လားပြီးအဲ့ကုဒ်တွေကိုရိုက်ထည်ပေးမှ ကိုယ့်အကောင့်ကိုဝင်လိုရမယ်...
အဲ့လိုလုပ်မယ်ဆိုရင်အောက်မှာပြထားတဲ့အတိုင်း အစိမ်းရောင်ဝိုင်းပြထားတဲ့နေရာကိုနှိပ်လိုက်ပါ။
 မလုပ်ချင်ရင်လည်းရပါတယ်...ဒါပေမယ့်လုပ်တာအကောင်းဆုံးပါ။
ကိုယ့်အကောင့်အဟက်မခံရအောင်ကိုယ့်ဖုန်းနံပါတ်နဲ့ကာကွယ်ထားတဲ့ပုံစံလေးပါ။
ဒီလိုဆုိရင်ကိုယ့်အကောင့်ကိုဟက်ချင်တဲ့သူက ကိုယ့်ဖုန်းနံပါတ်ပါရထားမှ ဟက်လို့ရတော့မှာပါပေါ့နော်...


အောက်ပါပုံအတိုင်း Settings ကိုနှိပ်လုိက်ပါ။
 

ပြီးရင် Security ကိုနှိပ်ပါ။
 

ပြီးရင် Verify A Phone ကိုနှိပ်ပေးပါ။
 

အောက်ကပုံမှာအနီရောင်ဝိုင်းပြထားတာလေးကတော့ ကိုယ်လက်ရှိနေထိုင်နေတဲ့နိုင်ငံပါ။
ကျွန်တော်ကတော့ထိုင်းမှာနေတဲ့အတွက် Thailand လို့ပေါ်ပါတယ်။
သူငယ်ချင်းတို့က မြန်မာကဆို Myanmar လို့ပေါ်ပါလိမ့်မယ်။
ဖုန်းနံပါတ်ထည့်ပေးပါ ဆိုတဲ့နေရာမှာတော့ ကိုယ်အမြဲတမ်းသုံးနေတဲ့ဖုန်းနံပါတ်ကို ရှေ့ဆုံးက သုညကိုမထည့်ပဲ နောက်က ၉ လုံးကိုသာထည့်ပေးလိုက်ပါ။
 အောက်တစ်ပုံမှာကျွန်တော်ထည့်ထားတာလေးကိုကြည့်နိုင်ပါတယ်။


အောက်ပါပုံအတိုင်းဖြည့်လိုက်ပါ။
ပြီးရင် Next ကိုနှိပ်ပေးလိုက်ပါ။
 

ပြီးရင်စောဏကကိုယ်ထည့်လိုက်တဲ့ဖုန်းနံပါတ်ကို အောက်ပါပုံလိုကုဒ်တွေပို့လာပေးပါလိမ့်မယ်။
 အဲ့ကုဒ်ဂဏန်းလေးတွေကို သေချာမှတ်ပြီးဟိုထဲသွားရေးထည့်ပေးရမှာပါ။


ကိုယ်မှတ်လာတဲ့ဂဏန်းလေးတွေကို အောက်ပါပုံထဲကလို ကွက်လပ်ထဲမှာ တစ်လုံးမှမမှားအောင် သေချာဂရုစိုက်ရေးထည့်ပေးလိုက်ပါ။
ပြီးရင်တော့ Verify Phone Number ကိုနှိပ်ပေးလိုက်ပါ။


အောက်ပါပုံမှာဝိုင်းပြထားသလို အစိမ်းရောင်လေးနဲ့ Verified လို့ပြနေပြီဆိုရင်အဆင်ပြေပါပြီ...
 

ကျွန်တော်တို့ကိုတစ်ယောက်ယောက်က BTC တွေပို့လာမယ်ဆိုရင်
ကိုယ့်ရဲ့ BTC Address / BTC လိပ်စာလေးပေးရပါတယ်။
ဒါမှသူကအဲ့ BTC Address ကနေ BTC တွေပို့လာမယ်ဆိုရင်
ကျွန်တော်တို့ရဲ့ Wallet ထဲကိုရောက်လာမှာဖြစ်ပါတယ်။
ကိုယ့်ရဲ့ BTC Address ကိုကြည့်ချင်တယ်ဆိုရင်တော့အောက်ပါပုံအတိုင်းနှိပ်လိုက်ပါ။


 Accounts ကိုနှိပ်လိုက်ပါ။


အောက်ပါပုံအတိုင်း Get bitcoin address ဆိုတာလေးကိုနှိပ်လိုက်ပါ။
 

အောက်ပါပုံအတိုင်းမြင်နေရတာကတော့ ကိုယ့်ရဲ့ BTC လိပ်စာလေးပဲဖြစ်ပါတယ်။
BTC Address တွေကပုံထဲကအတိုင်းရှည်လည်းရှည်တယ် ရှုပ်ယှက်ခတ်နေကြပါတယ်။
တစ်ယောက်နဲ့တစ်ယောက်တော့လိပ်စာတော့မတူကြပေမယ့်
ရှုပ်ယှက်ခတ်တာခြင်းကတော့ အကုန်အတူတူပါပဲ...:P
ဒါကြောင့်ကိုယ့်ရဲ့ BTC လိပ်စာတွေကိုအလွတ်ကျက်ထားဖို့ဆိုတာလူတိုင်းမဖြစ်နုိင်တဲ့ကိစ္စတစ်ခုပါ။
ပြီးတော့ဒီလိပ်စာတွေက ပုံသေမရှိပါဘူး အချိန်တိုင်းပြောင်းလဲနေတတ်ပါတယ်။
ဒါကြောင့်တစ်ယောက်ယောက်က BTC ပို့လာတော့မယ်ဆိုမှ
ကိုယ့်ရဲ့အကောင့်ကိုဝင်ပြီး လိပ်စာကိုကော်ပီကူးပြီးပေးသင့်ပါတယ်။
လိပ်စာမှားရင်တော့ ကိုယ့်အကောင့်ထဲကို BTC တွေရောက်လာတော့မည်မဟုတ်တော့ပါ။


မြင်နေရတဲ့ BTC Address ကိုဖိထားပြီး မြှားပြထားတဲ့စာရွက်ထပ်နေတဲ့ပုံလေးကိုနှိပ်ပြီး
Copy ယူနိုင်ပါတယ်။
 

နောက်တစ်ခုက BTC ပို့နည်းပါ။
ကိုယ်ကသူများကို BTC ပို့မယ်ဆိုရင် အလွယ်တကူပို့လို့ရပါတယ်။
ကိုယ့်ကိုသူများ BTC  ပို့လာရင်ကိုယ့်ရဲ့ BTC လိပ်စာလေးပေးရသလို
ကိုယ်ကသူများကို ပို့မယ်ဆိုရင်လည်း လက်ခံမယ့်သူရဲ့ BTC လိပ်စာလေးကိုတောင်းရမှာဖြစ်ပါတယ်။
ပြီးရင်သူတို့ပေးလာတဲ့ လိပ်စာကိုသေချာကော်ပီကူးပြီးယူထားလိုက်ပါ။
ပြီးရင်အောက်ပါပုံလိုပြထားတဲ့နေရာကိုနှိပ်လိုက်ပါ။


Send/Request ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ။
 

အဝါရောင်ပြထားတဲ့ Email or bitcoin address နေရာမှာကိုယ်BTC ပေးပို့မယ့်သူရဲ့
Email သို့မဟုတ် BTC လိပ်စာလေးကိုထည့်ပေးလိုက်ပါ။
Amount အောက်က အဝါရောင်ဝိုင်းပြထားတဲ့ကွက်လပ်ထဲကိုတော့
ကိုယ်ပို့လိုတဲ့ ပမာဏကိုရိုက်ထည့်ပေးလိုက်ပါ။
အောက်ဆုံးကအနီရောင်ဝိုင်းပြထားတဲ့ကွက်လပ်ထဲကိုတော့ ကိုယ်ရေးလိုတဲ့
Message ကိုရေးထည့်နိုင်ပါတယ်။
အောက်ပုံတစ်ပုံမှာကျွန်တော်ဖြည့်ထားတာလေးကို ကြည့်နိုင်ပါတယ်။


အပေါ်ဆုံးကွက်လပ်တစ်ခုမှာ BTC လိပ်စာလေးထည့်လိုက်ပါတယ်။
ဒုတိယ Amount အောက်ကကွက်လပ်မှာ ပို့လိုတဲ့ပမာဏကိုထည့်လိုက်ပါတယ်။
ကျွန်တော်ကတော့ 0.001 စမ်းပြပေးထားပါတယ်။
အောက်ဆုံးက Message မှာတော့ Hey.../Hello  လို့ပဲထည့်လို့ရပါတယ်။
အားလုံးပြီးရင် Send Funds ကိုနှိပ်ပေးလုိက်ပါ။
 

ဒီမှာသူကကျွန်တော်တို့ဖြည့်ထားတဲ့အချက်အလက်တွေမှန် မမှန်တစ်ခုသေချာပြန်စစ်ပေးပါ။
အဓိကကတော့ BTC လိပ်စာပါ။ လိပ်စာမှားရင်ကိုယ်ပို့လိုက်တဲ့သူဆီရောက်တော့မယ်မဟုတ်တော့ပါ။
အားလုံးသေချာရင် Confirm ကိုနှိပ်ပေးလိုက်ပါ။

 အောက်ပါပုံလို Send Complete လို့ပြလာရင် BTC ပေးပို့ခြင်းပြီးဆုံးပါပြီ...
နာရီဝက်အတွင်းကိုယ်ပို့လိုက်တဲ့ BTC လိပ်စာကိုရောက်သွားပါလိမ့်မယ်။
Back to Account ကိုနှိပ်ပေးလိုက်ပါ။


အောက်ပါပုံအတိုင်းစောဏကကျွန်တော်တို့ BTC ပို့လိုက်တာ Pending ဖြစ်နေပါပြီ။
နာရီဝက်လောက်ကြာရင် Confirm ဖြစ်သွားပါလိမ့်မယ်။
 

တကယ်လို့ကိုယ့်အကောင့်ကနေပြန်ထွက်လိုတယ်ဆိုရင်တော့ အောက်ကပုံလို
Options ခလုတ်ကိုနှိပ်ပြီး အောက်ဆုံးက Sign Out ကိုနှိပ်လိုက်ရုံပါ။
 

ကိုယ့်ရဲ့အကောင့်ကိုပြန်ဝင်ချင်တယ်ဆိုရင်တော့ မည်သည့်ဖုန်း/ကွန်ပျူတာကနေဖြစ်ဖြစ် ဝင်နိုင်ပါတယ်။
www.coinbase.com ကိုသွားလိုက်ပါ။
ပြီးရင်အောက်ကပုံလိုနှိပ်လိုက်ပါ။
 

Sign In ကိုနှိပ်ပါ။
 

Email နေရာမှာ ကိုယ်အကောင့်ဖွင့်တုန်းကထည့်ခဲ့တဲ့ မေးလ်ကိုထည့်ပေးပါ။
Password နေရာမှာလည်းကိုယ်အကောင့်ဖွင့်တုန်းကထည့်ခဲ့တဲ့ Password ကိုထည့်ပေးပါ။
 

ထည့်ပြီးရင်  SIGN IN ကိုနှိပ်ပေးပါ။
 

အောက်ကပုံလိုပေါ်လာပါလိမ့်မယ်...
ကျွန်တော်တို့အပေါ်မှာထည့်ခဲ့တဲ့ဖုန်းနံပါတ်ကို ကုဒ်ဂဏန်းတွေပို့လာပါလိမ့်မယ်။
အဲ့ဂဏန်းလေးတွေကို အောက်ကပုံမှာမြင်နေရတဲ့ကွက်လပ်မှာထည့်ပေးရမှာပါ။
အဲ့ဒါမှကိုယ့်အကောင့်ကိုဝင်လို့ရမှာပါ။
 

အောက်ပါပုံလိုကိုယ့်ဖုန်းနံပါတ်ကိုပို့လာတဲ့ ဂဏန်းတွေကိုသေချာမှတ်ထားပြီး ဟိုထဲကိုသွားရေးထည့်ပေးလိုက်ပါ။
 

မှတ်လာတဲ့ဂဏန်းတွေကို ကွက်လပ်ထဲကို မမှားအောင်စနစ်တကျသေချာရိုက်ထည့်ပေးလိုက်ပါ။
ပြီးရင် Verify ဆိုတဲ့ခလုတ်ကိုနှိပ်ပေးလိုက်ပါ။
ကိုယ့်အကောင့်ကိုရောက်သွားပါလိမ့်မယ်။
 
နောက်တစ်ခုက ကိုယ်အကောင့်ဖွင်းတုန်းက ဖုန်း/ကွန်ပျူတာနဲ့မဟုတ်ပဲ အခြားဖုန်း/ကွန်ပျူတာ တစ်ခုခုနဲ့ကိုယ့်အကောင့်ကိုဝင်မယ်ဆိုရင်တော့ အပေါ်ပြောခဲ့တဲ့အဆင့်တွေထက်နောက်ထပ်တစ်ဆင့်ပိုလာလိမ့်မယ်။
အဲ့ဒါကတော့ကိုယ်ကကိုယ့်ရဲ့အကောင့်ကို IP အသစ်မှာအသုံးပြုမှာဖြစ်တဲ့တွက် သူကအတည်ပြုခိုင်းနေတာပါ။
အဲ့ဒီအခါမျိုးဆုိရင်ကိုယ့်ရဲ့ Coinbase မှာသုံးတဲ့ Email ကိုစာအိတ်ပို့လာပါလိမ့်မယ်။
ဖွင့်ပြီးတော့သူတို့ပေးတဲ့လင့်ကိုနှိပ်ပေးမှ ကိုယ့်အကောင့်ကိုဝင်လို့ရမှာပါ။

OK ဒီလောက်ဆိုရင် Bitcoin တွေသိမ်းဖို့ ကျွန်တော် Coinbase ကိုရွေးချယ်ခဲ့တာ ဘာကြောင့်လဲဆိုတာနားလည်ကြပြီထင်ပါတယ်။
အွန်လိုင်းမှာငွေရှာဖို့ဆိုရင် လုံခြုံရေးကအင်မတန်အရေးပါပါတယ်။
ကိုယ်ကြိုးစားပန်းစားရှာဖွေထားသမျှကို ဟက်ကာတစ်ယောက်ယောက်ကအလွယ်တကူဟက်သွားမယ်ဆို ဘယ်လိုလုပ်တော့မလဲ...?
ဒါကြောင့်လုံခြုံးရေးကိုအဓိကထားရပါမယ်။
အခုကျွန်တော်ပြောခဲ့တဲ့ Coinbase ကတော့ ဟက်ဖို့ဆိုတာတော်တော်ခက်ခဲသွားပါပြီ။
ကျွန်တော်တို့မေးလ်ရောဖုန်းနံပါတ်ပါရထားမှ သူကျွန်တော်တို့အကောင့်ကိုဝင်မွှေလို့ရမှာပါ...ဟဟ

အားလုံးအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ

မည်သူမဆိုလွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါသည်။

Page  
  ==========
ပအိုဝ်း IT လူငယ်များ

 
Blog
==========

ပအိုဝ်း IT လူငယ်များ

 
Groups
============
Myanmar Unicode Area

 
Myanmar PaOh Unicode Area

ပအိုဝ်း IT လူငယ်များ

 အားလုံးအဆင်ပြေပျော်ရွင်နိုင်ကြပါစေ 

                                     ပအိုဝ်း ITလူငယ်များ
 

Admin

ဒီဂျစ်တယ်ခေတ်တွင် နိုင်ငံတကာသုံး စံနှုန်းများအဆင့်မှီသော မြန်မာယူနီကုဒ်ကို သုံးစွဲခြင်းဖြင့် ဘာသာစကားများကို ထိန်းသိမ်းကာကွယ်ပါ။

1 comments:

  1. လွမ်းတယ်ဒီအချိန်တွေ😊

    ReplyDelete

 

Copyright @ 2014-2015 ပအိုဝ်း IT လူငယ်များ.

Designed by Templateism | Edited By Khun Htetz Naing | PaOh IT Youth