Monday, December 29, 2014

Pa-Oh Font & Keyboard Installer

မင်္ဂလာပါဗျား.....
ပအိုဝ်းညီကို၊​မောင်​နှမများအတွက်​ ပအိုဝ်းစာ​ရေးသားနိင်​ဖို့၊မြန်​မာစာလည်း ​ရေးနိုင်​မြင်​နိုင်​​စေမယ့်
Pa-Oh Font & Keyboard installer ​လေးမျှ​ဝေလိုက်​ပါတယ်​....
MMSD Smart Zawgyi ကို အ​ခြေခံ၍ပြုလုပ်​ထားပါသည်​။
ပအိုဝ်း​ဖောင့်​ကို သွင်းယူပါက ကီးဘုတ်​ပါတပါတည်း install ပြုလုပ်​ပြီးသားဖြစ်​​နေပါမည်​။
ကျ​နော်​ version 4.2.2 မှာစမ်းသပ်​အဆင်​​ပြေပါတယ်​...အဲ့တာ​ကြောင့်​ ပအိုဝ်း ညီအကို၊​မောင်​နှမများ အတွက်​ ပြန်​လည်​မျှ​ဝေ​ပေးလိုက်​ပါတယ်​.....
ဒီ apk ကိုအသုံးပြုဖို့အတွက်​ ဖုန်းဟာ Rooted device ဖြစ်​ရပါမယ်​....
Firmware ကျမှာစိုးရင်​လည်း မလုပ်​ပါနဲ့ခင်​ဗျ...ကျ​နော်​အတင်းအဓမ္မ မတိုက်​တွန်းပါဘူး...
မြန်​မာစာ မပီဘူးဆိုတဲ့ဖုန်း(Unicode) ​တွေဆိုရင်​ Root Explorer သုံးပြီး System folder ထဲဝင်​ပါ....
System folder >>> fonts >>> Padauk.ttf ရှာပါ....​တွေ့ရင် အ​ပေါ်နားက
R/W ကို R/O ​​ပြောင်းပြီး Padauk.ttf ကို ဖိထား​ပေးပါ
Options ​တွေ​ပေါ်လာပါ့မယ်​...Padauk.ttf ကို
Sdcard ထဲကို Move နဲ့ဖြစ်​ဖြစ်​​ရွေ့ပါ...ဒါမှမဟုတ်
အပြီးဖျက်​ထုတ်​ချင်​ရင်​ Delete နှိပ်​​ပေးလိုက်​ပါ...
အားလုံးပြီးရင်​​တော့ ပအိုဝ်း​ဖောင့်​ကို သွင်းလို့ရပါပြီး....
Pa-Oh Font & Keyboard Installer ကို ​အောက်​ကလင့်​ခ်​မှာ ​ဒေါင်းယူနိင်​ပါပြီးဗျား....
>>> Copy Link 
>>> Drive Link 
အားလုံး​သောအမျိုး​တွေ အဆင်​​ပြေကြပါ​စေဗျား......

Posted by Yè Naung Tun

★ iOS 8.1.2 ကို Jailbreak ပြုလုပ်နိင်သော TaiG Jailbreak Tool ဗားရှင်းအသစ် ★

မင်္ဂလာပါ
Apple က ဒီဇင်ဘာ ၉ ရက်နေ့တွင် iPhone/Pad/Pod touch များအတွက် iOS 8.1.2 ကိုထုတ်ပေးလိုက်ပြီး ဒီဇင်ဘာ ၁၀ ရက်နေ့တွင် TaiG Jailbreak Team က iOS 8.1.2 ကို Jailbreak ပြုလုပ်နိုင်သော TaiG Jailbreak Tool ဗားရှင်းအသစ် 1.2.0 ကိုထပ်မံထုတ်ပေးလိုက်သည်။ iOS 8.1.2 တင်ပြီး Jailbreak မရမှာစိုးရိမ်နေသူတွေအတွက် သတင်းကောင်းပါပဲ။ iOS 8.1.1 – 8.1.2 တို့ကို Jailbreak ပြုလုပ်နိုင်သော TaiG Jailbreak Tool v1.2.0 ကိုအောက်က link မှာရယူနိုင်ပါတယ်။
          >>>
မှတ်ချက်။   ။ Jailbreak မပြုလုပ်ခင်တွင် Setting > iCloud ထဲမှ Find My iPhone အား off ထားရပါမည်။
အဆင်​​ပြေပါ​စေဗျား....

Posted by Yè Naung Tun

Sunday, December 28, 2014

★ Android ဖုန်း​တွေမှာ battery စားသက်​သာ​စေမယ့်​ Battery Saver Pro v2.0.2.apk ★

မင်္ဂလာပါဗျား
Android ဖုန်းတွေမှာ Battery စားသက်သာစေချင်ရင်  ဖုန်းဆော့ဝဲလေး Battery Saver Pro v2.0.2 APK  ကိုသုံးပါ။ Battery Saver Pro  app မှာ
ခလုတ်တစ်ချက်နှိပ်ရုံနဲ့ ဖုန်းမှာအသုံးပြုရတာကိုနှေးကွေးနေစေမယ့် ဖိုင်တွေကိုရှင်းလင်းပေးတဲ့ One-Tap Optimizer
ဖုန်း screen ပိတ်ထားချိန်မှာတောင်မှ ဖုန်းရဲ့ system နဲ့ application တွေက ဖုန်း Power ကိုသုံးစွဲနေပါသေးတယ်။ ဖုန်းကိုအသုံးမပြုချိန်မှာ ဒီ app ထဲမှာပါတဲ့ Sleep Mode ကိုပြောင်းပေးထားခြင်းဖြင့် Battery စားခြင်းကိုအထိုက်အလျောက်သက်သာစေမှာပါ။
Battery သုံးစွဲမှုများပြားလွန်းတဲ့ app တွေကို ဖော်ပြပေးမှာဖြစ်ပြီး ဆော့ဝဲကို ဖျက်ပစ်မလား ၊ အသုံးပြုနေတာကိုရပ်တန့်ထားမလားဆိုတာကို အကြံပြုပေးတဲ့ App Consumption Tracker
ဖုန်းပြောရုံပဲဆိုရင် ၊ ဂိမ်းဆော့မယ်ဆိုရင် ၊ သီချင်းနားထောင်မယ်ဆိုရင် ၊ ဗီဒီယိုကြည့်မယ်ဆိုရင် ၊ အင်တာနက်သုံးမယ်ဆိုရင် ဖုန်းဘက်ထရီဟာ ဘယ်နှနာရီအထိအသုံးပြုလို့ရနိုင်သေးတယ်ဆိုတာကိုဖော်ပြပေးမယ့် Remaining Time Tracker စတဲ့ Function တွေပါဝင်ပါတယ်။
ဒါ့အပြင် Battery Saver Pro丨Boost Doctor ဆော့ဝဲထဲကိုဝင်နေစရာမလိုဘဲ ဆော့ဝဲရဲ့ Function တွေကို ဖုန်းရဲ့ Home Screen ပေါ်ကနေ တိုက်ရိုက် လှမ်းသုံးလို့ရစေဖို့အတွက် Widget အနေနဲ့လည်း ထုတ်ထားလို့ရပါတယ်။

ဖုန်းရဲ့ဘက်ထရီပိုင်းဆိုင်ရာအတွက်မရှိမဖြစ်သွင်းထားသင့်တဲ့ ၊ အသုံးပြုသင့်တဲ့ application လေးပါ။ Battery Saver Pro丨Boost Doctor v2.0.2 for Android ကို Google Play မှာ33Bath နဲ့ဝယ်ယူရရှိနိုင်ပြီး ပအိုဝ်း it လူငယ်များဆိုဒ်​ မှာ​တော့ free ရယူနိင်ပါတယ်။
အောက်​ကလင့်​ခ်​မှာ free ​ဒေါင်းယူနိုင်​ပါပြီိးဗျား.....
             >>>
            >>>
အဆင်​​ပြေပါ​စေဗျား.....

Posted by Yè Naung Tun

✏ Facebook က Video ကို​ဒေါင်းယူနည်း ✏


မင်္ဂလာပါဗျား
ဖေ့ဘွတ်​ကဗီဒီယိုကို ​ဒေါင်းယူနည်း​လေးပါ...မသိ​သေးတဲ့သူငယ်​ချင်းများ အတွက်​ပါ
သိပြီးသားသူများက​ကျော်​သွားလိုက်​ပါ....
အရင်​ဆုံး Tubemate.apk ကို ​အောက်​မှာ​ဒေါင်းယူလိုက်​ပါ...
ရှိပြီးသားသူများက​တော့ ​​အောက်​ကပုံ​လေး​တွေကိုကြည့်​ပြီး ဆက်​လုပ်​ကြတာ​ပေါ့...
           (OR)
           (OR)
ဒေါင်းယူပြီးရင်​ ​အောက်​ကပုံ​လေးအတိုင်း ဆက်​လုပ်​ကြတာ​ပေါ့.....
Tubemate ထဲဝင်​ရင်​ Upgrade ### No ​ပေါ်လာရင်​ No ကိုနှိပ်​ပြီးဆက်​လုပ်​ပါ....
အဆင်​​ပြေပါ​စေဗျား.....

Posted by Yè Naung Tun

Saturday, December 27, 2014

★ Huawei Rom များ စုစည်းမှု ★


မင်္ဂလာပါဗျား....
Huawei ဖုန်းရဲ့ ROM များပြန်​လည်​မျှ​ဝေ​ပေးလိုက်​ပါသည်​။
ပါဝင်​တဲ့ ​မော်​ဒယ်​အမျိုးအစားများကို ​အောက်​မှာ​ဖော်​ပြထား​ပေးပါတယ်​ခင်​ဗျ...
Huawei Ascend D1 U9500-1
Huawei Ascend D1 Quad XL U9510E
Huawei Ascend D2 0082
Huawei Ascend G300 U8815
Huawei Ascend G302D U8812D
Huawei Ascend G330 U8825-1
Huawei Ascend G500 Pro U8836D
Huawei Ascend G510 0010
Huawei Ascend G510 0100
Huawei Ascend G510 0200
Huawei Ascend G510 0251
Huawei Ascend G600 U8950-1
Huawei Ascend G525-U00
Huawei Ascend G6
Huawei Ascend G610-C00
Huawei Ascend G610 U20
Huawei Ascend G630
Huawei Ascend G700-U00
Huawei Ascend G700-U10
Huawei Ascend G700-U20
Huawei Ascend G750
Huawei Ascend Mate MT1-U06
Huawei Ascend P1 U9200
Huawei Ascend P2-6011
Huawei Ascend P6-U06
Huawei Ascend P7
Huawei Ascend W1-U00
Huawei Ascend Y200 U8655-1
Huawei Ascend Y201 U8666-1
Huawei Ascend Y300-0000
Huawei Ascend Y300-0100
Huawei Ascend Y320-U10
Huawei Ascend Y320-U30
Huawei Ascend Y320-U151
Huawei Ascend Y511-U30
Huawei Honor U8860
Huawei Honor 2 U9508
Huawei Honor 3 HN3-U00
Huawei Honor 3 HN3-U01
Huawei Honor 3C
Huawei Honor 3X
Huawei U8110
Huawei U8150
Huawei U8160
Huawei U8180
Huawei U8185-1 Y100
Huawei U8186-1 Y101
Huawei U8230
Huawei U8350
Huawei U8500
Huawei U8650-1
Huawei U8800
Huawei U8800 Pro
Huawei Vision U8850
Huawei MediaPad X1 7D-501U/501L/503L
Huawei MediaPad M1 S8-301U/301L/301W
Huawei MediaPad 10 FHD S10-101u
Huawei MediaPad 10 FHD S10-101w
Huawei MediaPad 10FHD S10-101L
Huawei MediaPad 10 Link S10-201u
Huawei MediaPad 10 Link S10-201L
Huawei MediaPad 10 Link S10-201wa
Huawei MediaPad 7 Vogue S7-601u
Huawei MediaPad 7 Youth S7-701u
Huawei MediaPad 7 Lite S7-931u
Huawei MediaPad S7-301u
Huawei S7-201u
Huawei Ideos S7-101
Huawei Ideos S7-105
QXDM Pro 3.14.594
QPST 2.7.411
Huawei E3131s-1
Huawei E8231
လိုအပ်​ရင်​​အောက်​ကလင့်​ခ်​က​နေ ဝင်​​ရောက်​​ဒေါင်းယူပါခင်​ဗျ... :-) :-) :-)
အဆင်​​ပြေပါ​စေဗျား.....

Posted by Yè Naung Tun

ဖုန်းဖြင့် Gmail အကောင့်ဖွင့်နည်း

                   အားလုံးမင်္ဂလာပါနော် ကျွန်တော်ဒီနေ့ gmail အကောင့်ဖွင့်နည်းကို တင်ပြသွားမှာပါ။တော်တော်များများကတော့ လုပ်တတတ်ကြပါတယ်။ခုကျွန်တော်မလုပ်တတ်သေးတဲ့သူတွေ အတွက်ရည်ရွယ်ပြီးတော့ ပုံနဲ့တကွ တင်ပေးလိုက်ပါတယ်နော်။အဓိက နည်းပညာပိုင်းမှာအားနည်းတဲ့ ပအိုဝ်း  ညီအစ်ကိုမောင်နှမတွေအတွက်ပါ။အဲ့လိုပြောလိုက်လို့ စိတ်မဆိုးကြနဲ့နော် ပအိုဝ်း ကိုကိုမမတွေ ကျွန်တော်ကိုယ်တိုင်လည်း ပအိုဝ်းစစ်စစ်တစ်ယောက်ပါ။ဆရာလုပ်တာဟုတ်ဘူးနော်။အားလုံးကိုတတ်စေချင်လို့ပါ  အင်တာနက်သုံးသူတစ်ယောက်အနေနဲ့ Gmail ဟာမရှိမဖြစ်လိုအပ်ပါတယ်။ facebook အကောင့်ပဲ ဖွင့်ဖွင့် play store ထဲက ဂိမ်းတွေ app တွေဝင်ယူဖို့ gmail ဟာ အဓိကလိုအပ်ပါတယ်။တချို့ facebook သုံးနေတာတောင် gmail ကိုမသိကြဘူး။ဒါကလည်း ဒီလိုရှိတယ်လေ တချို့က သူများကိုဖွင့်ခိုင်းတယ်ဗျ။ တချို့ကကျတော့ ဖုန်းနံပါတ်နဲ့ဖွင့်ကြတယ်ဗျ။ကျွန်တော်ကတော့ gmail နဲ့ဖွင့်တာကိုပိုကြိုက်တယ် သူက ဖုန်းနံပါတ်လို ၀ယ်ရတာမဟုတ်ဘူးလေ ကြိုက်သလောက်ဖွင့် free ပဲ။ကျွန်တော်လေ တော်တော်ရှည်သွားပြီဗျ။စမယ်နော်  မစခင် play store ရှိတဲ့သူတွေ google play service ကို update လုပ်လိုက် ခု version က သုံးလို့ အဆင်ပြေတယ်ဗျ။ play store မရှိရင်လည်း  အောက်မှာဒေါင်းသွားပါ။play store မ၀င်ချင်သူတွေကော ဒေါင်းသွားကြပေါ့။ပြီးရင် install လုပ်ပါ။andriod ဖုန်းတွေမှာ gmail အကောင့်ဖွင့်လို့ရတဲ့နေရာ သုံးနေရာရှိတယ်ဗျ။အဲ့ဒါတွေကတော့ gmail ကနေ၀င်ဖွင့်တယ်၊play store ကနေ၀င်ပြီးဖွင့်တယ်၊ပြီးတော့ setting ထဲက add account ကနေ၀င်ဖွင်တာပါ။ဘယ်ကနေပဲ ဖွင့်ဖွင့် အတူတူပါပဲ ခုကျွန်တော်ပြမှာက setting ကနေ ၀င်ဖွင့်မယ့်နည်းလေးပါ။



အရင်ဆုံး google play service update မလုပ်ရသေးသူတွေ ဒေါင်းပြီး install လုပ်ပေးလိုက်ပါနော်

google play servicer lastest version ဒေါင်းရန် ကြိုက်တဲ့ လင့်ကနေဒေါင်းယူပါနော်

Dropbox ကနေဒေါင်းရန်

Mediafire ကနေဒေါင်းရန်

Pcloud ကနေဒေါင်းရန်

Copy  ကနေဒေါင်းရန်


ပြီးရင် gmail apk နောက်ဆုံးဗားရှင်းကိုဒေါင်းပါ။ရှိပြီးသားတွေလည်း update မလုပ်ရသေးရင် ဒေါင်းသွားကြပါ။နောက်ဆုံးဗားရှင်းဆိုတော့ သုံးလို့အရမ်းအဆင်ပြေလို့ပါ။
ကြိုက်တဲ့လင့်ကနေဒေါင်းကြနော်

Dropbox ကနေဒေါင်းရန်

Mediafire ကနေဒေါင်းရန်

Pcloud ကနေဒေါင်းရန်

Copy ကနေဒေါင်းရန်

ပြီးရင် အောက်ကပုံလေးတွေအတိုင်းလိုက်လုပ်ကြပါနော်

အရင်းဦးဆုံး Setting ကိုဝင်ပါ







ပြီးရင်အောက် add account ကိုနှိပ်ပါ။


ပြီးရင် google ကိုရွေးပါ



ပြီးရင်အကောင့်အသစ်ဖွင့်မှာဆိုတော့ new ဆိုတာကိုနှိပ်ပါ



ပြီးရင် နာမည်ထည့်ရပါမယ် first name နဲ့ last name ဆိုပြီး နှစ်ကြောင်းဖြည့်ရပါမယ်။ကြိုက်တဲ့နာမည်ထည့်ပါ ။နာမည် နှစ်လုံးအထက်ဖြစ်ရပါမယ်။အပေါ်တစ်လုံး အောက်တစ်လုံး ပေါ့ နာမည်ရှည်ရင်အဆင်ပြေသလို ခွဲထည့်ပါ။အင်္ဂလိပ်လိုပဲ ထည့်လို့ရမယ်နော်


ပြီးရင်အောက်ကပုံလို ၁နဲ့၂ ဖြည့်ပြီးရင် ၃ ပြထားတဲ့နေရာကိုနှိပ်ပါ



ကိုယ်လိုချင်တဲ့နာမည်ထည့်ပါ အောက်မှာကြည့်ပါ ကျွန်တော်ထည့်ထားသလို တစ်ဆက်တည်းရေးရမှာနော် စာကြောင်းခြားရေးလို့မရပါ



ကိုယ်ရေးလိုက်တဲ့နာမည်ဟာ နာမည်တူရှိနေလျှင်အောက်ကလိုမျိုးပြပါလိမ့်မယ် သူကထပ်ရွေးခိုင်းပါလိမ့်မယ် နာမည်မတူအောင် 123 တွေထပ်ရွေးခိုင်းပါတယ်။အောက်က ပြတဲ့နေရာကိုနှိပ်ပေးပါ


 အောက်ပုံအတိုင်းကိုယ်အသုံးပြုလို့ ရနိုင်တဲ့နာမည်တွေကျလာပါလိမ့်မယ်။အဲ့ဒီထဲက ကိုယ်ကြိုက်တဲ့တစ်ခုကိုရွေးလိုက်ပါ။ကိုယ်ရွေးလိုက်တဲ့နာမည်ကို မှတ်ထားပါ အဲ့တာ ကိုယ်ရဲ့ gmail လိပ်စာပါ။အမြဲတမ်းမှတ်ထားပါ။မေ့မှာကြောက်ရင် စာအုပ်တစ်ခုခုမှာ ရေးထားပါ။ကျွန်တော်က 91 နဲ့တစ်ခုကိုရွေးလိုက်တယ်။တစ်ယောက်လုပ်တာ ရလာတဲ့နာမည်မတူဘူးနော်

ပြီးရင်း Try Again ကိုနှိပ်ပါ

ပြီးရင်အောက်က ပုံကိုကြည့်ပါ လျို့ဝှက်နံပါတ်ထည့်ရမှာပါ အဲ့ဒီနံပါတ်ကို သေချာမှတ်ထားရပါမယ် စာအုပ်ထဲမှာ မှတ်ရင်မှတ်ထားပါ။နှစ်ကြောင်းစလုံးအပေါ်နဲ့အောက်တူအောင်ထည့်ရမှာပါ။


အပေါ်ကြောင်းက ဥပမာ ၁၂၃၄၅၆၇၈ လို့ထည်ရင်အောက်ကြောင်းကိုလည်း အဲ့ဒီအတိုင်းထည့်ရမှာပါ။ပြီးတော ၈ လုံးနှင့်အထက်ထည့်ရမှာပါ။မြန်မာစာတော့ထည့်လို့မရဘူးနော်။အင်္ဂလိပ်သီးသန့်ပါ။ပြီးရင်ရှေ့ဆက်။ပြီးရင်
အောက်ပုံကပြထားတဲ့အတိုင်းဆက်နှိပ်ပါ



ဒီနေရာမှာ အရေးကြီးပါတယ်။တော်တော်များများက ဒီအဆင့်ကိုကျော်သွားကြ
တယ်။တကယ်တမ်းက ဖြည့်ပေးရမှာပါ။ကိုယ့်ရဲ့ gmail က ဘာပဲဖြစ်ဖြစ် ဟက်ခံရလို့ပဲဖြစ်ဖြစ် ပြန်ဆည်းယူနိုင်ဖို့ ဒီနေရာလေးက အရေးပါပါတယ်။လျို့ဝှက်နံပါတ်မေ့လို့ပဲ ဖြစ်ဖြစ်ပေါ့။ကျွန်တော်ရွေးသလိုရွေးပေးပါ ဖုန်းနံပါတ်ကိုရွေးပါတ်ကိုရွေးပြီးထည့်ပေးပါ။တစ်ခုခုဖြစ်ရင် ဖုန်းနံပါတ်ကနေ လှမ်းအကြောင်းပါလိမ့်မယ်။အောက်ကပုံအတိုင်းပါ။ကျွန်တော်ဖုန်းနံပါတ်နေရာမှာ မိမိတို့ဖုန်းနံပါတ်ထည့်ကြပါ။ 1 နေရာမှာ ကျွန်တော်ရွေးလိုက်ပါ။ 2 မှာ မိမိရဲ့ဖုန်းနံပါတ်ထည့်ပါ။3 နေရာမှာတော့မထည်ပါနဲ့တော့ ဖုန်းနံပါတ်နဲ့တင် လုံလောက်ပါပြီ။ပြီးရင်ရှေ့ဆက်သွားပါ။

ပြီးရင် Not Now ကိုပဲနှိပ်ပါ။

အောက်ကပုံမှာက ပေါ်ကသူပြထားတဲ့ စာလုံးကို အောက်က ကွက်လပ်ထဲကို ရိုက်ထည့်ရမှာပါ။သူပြထားတဲ့စာက တစ်ခါနဲ့တစ်ခါမတူပါဘူး။အောက်ကကျွန်တော်ပြတဲ့အတိုင်းကွက်လပ်
နေရာကိုဖိလိုက်ပါ။

ပြီးရင်အောက်ကအတိုင်းသေချာကြည့်ပြီးရိုက်ထည့်ပါ။ပြီးရင်ရှေ့ဆက်သွားပါ။

 Not Now ကိုပဲနှိပ်ပါ။

ရှေ့ဆက်သွားပါ


ပြီးပါပြီးအောက်ကပုံလေးအတိုင်းသင့် gmail အလုပ်လုပ်နေပါပြီ။

အားလုံးအဆင်ပြေကြပါစေနော်။ခုဆိုရင်သင် gmail တစ်ခုကိုပိုင်ဆိုင်နေပါပြီ။ဒီနည်းအတိုင်း gmail အများကြ်ီးဖွင့်လို့ရပါတယ်။play store မှာ ဂိမ်းတွေယူမလား app တွေယူမလား အွန်လိုင်းမှာငွေရှာမလားရှာနိုင်ပြီ။ gmail လုံခြုံရေးအတွက်နောက်မှ ထပ်တင်ပေးပါ့မယ်။ facebook အကောင့်ဖွင့်တို့ ဘာတို့ညာတို့နောက်မှတင်ပေးပါ့မယ်နော်။

ကျွန်တော်တို့ Facebook ပေ့စ်ကိုလည်း like လေးပေးပြီး အားပေးခဲ့ပါဦး

group မှာလည်း သိချင်တာလေးတွေမေးဖို့ သိသမျှ မျှဝေဖို့ member ၀င်ပေးကြပါဦး

        ခွန်ထက်နိုင် (ပအိုဝ်း IT လူငယ်များ)

                 အားလုံးအဆင်ပြေပျော်ရွင်နိုင်ကြပါစေ

Whatsapp မှာလည်း Voice Call ပါဝင်လာတော့မည်


မင်္ဂလာပါဗျား....
လူသုံးများတဲ့ Messagging app တစ်ခုဖြစ်တဲ့ Whatsapp မှာလည်း Voice Call feature ပါဝင်လာတော့မယ်လို့သိရပါတယ်။ မကြာခင်ထွက်ရှိလာတော့မယ့် Version Update အသစ်မှာစတင်ပါဝင်လာမယ်လို့ယူဆရပါတယ်။ မကြာသေးခင်ကပဲ Whatsapp ဆော့ဝဲဗားရှင်းအသစ်ရဲ့ Screenshot တစ်ချို့ဟာလည်း Online ပေါ်မှာထွက်ရှိလာခဲ့ပါတယ်။
ယခုထွက်ရှိလာတဲ့ Screenshot ပုံများအရ Call Log screen နဲ့ Ongoing Call အနေအထား ၊ ဖုန်းပြောနေစဉ် Screen အနေအထားပုံများကိုတွေ့မြင်ရပါတယ်။ ဒါပေမယ့် ယခုပုံများမှ app ဟာ Beta version သာဖြစ်နိုင်ပါသေးတယ်။
၂၀၁၅ နှစ်လယ်လောက်ကနေစပြီး Voice Call feature ကို Whatsapp မှာစတင်အသုံးပြုနိုင်မယ်လို့သိရပါတယ်။ ယခုအချိန်မှာတော့ Whatsapp ဟာ တခြား နာမည်ကြီး Messaging app တွေဖြစ်တဲ့ Line, Viber , WeChat တို့နဲ့ယှဉ်ပြိုင်ရပြီး ယင်း app များဟာ Voice Call feature ပါဝင်ခဲ့တာကြာနေပါပြီ။ Whatsapp ဟာ လက်ရှိအနေအထားမှာတော့ အသုံးပြုသူသန်း ၆၀၀ ခန့်ရှိတာကြောင့် အသုံးပြုသူအများဆုံး Messaging app တစ်ခုအနေနှင့် ရပ်တည်နေဆဲဖြစ်ပါတယ်။

Posted by Yè Naung Tun

Thursday, December 25, 2014

✏Settings တွင်​ မြန်မာစာမပါသော Android ဖုန်းတချို့တွင် Built In မြန်မာစာစနစ်ထည့်သွင်းနည်း ✏


မင်္ဂလာပါ
ဒီနေ့ တင် ပေးလိုက်တဲ့ နည်းပညာလေးကတော့ Built Inမြန်မာစာမပါသော Android ဖုန်းတချို့တွင် Built In မြန်မာစာစနစ်ထည့်သွင်းနည်းလေးကို မျှဝေပေးလိုက်ပါတယ်။ Locale & Language Pro Donate.apk File လေးကိုအသုံးပြုရမှာပါ။ ပြီးတော့ Android Version 4.2+ အထက် Device ဖြစ်ပြီ Rootလုပ်ထားဖို့လည်း လိုပါတယ်။ ဆော့ဝဲလ်​ကို  ဒီ​နေရာမှာ ယူပါ​နော်​...။
လုပ်နည်းကိုလည်း ပုံနဲ့တကွရှင်းပြထားပါတယ်။
အဆင့် ၁။ အပေါ်ကပေးထားတဲ့ Locale & Language Pro.apk File Download ဆွဲပြီဖုန်းထဲကို Install လုပ်ပြီ ဖွင့်လိုက်ပါ။ အောက်ပုံကို ကြည့်ပါ။

ပထမ ပုံအတိုင်း + ပုံလေးကို နှိပ်ပါ၊ ဒုတိယ ပုံအတိုင်း ထွက်လာပါက Languageနှင့် Country နေရာမှာ Select ကိုနှိပ်ပြီးရွေးပေးလိုက်ပါ။ တိုက်ရိုက်ရေးထည့်ချင်ရင်တော့ Language – my | Country – MM လို့ရေးထည့်ပေးလိုက်ရုံပါပဲ။ Select ကိုနှိပ်ပြီးရွေးရင်တော့ အောက်ပုံကိုကြည့်ပါ။
အပေါ်က ပုံအတိုင်းမြင်တော့ ရပြီဆိုရင်OK ခလုတ် ကို နှိပ်ပြီ Permission တောင်းရင်တော့ Allowပေးပြီး ဖုန်းကို Rebootလုပ်ပေးပါ…. ပြန်တက်လာရင်တော့မြန်မာစာလေးနဲ့လန်းနေပြီနော်....
မှတ်​ချက်​။ ။ဖုန်းတိုင်းမရပါ....
★ ★ ★ပြီးပါပြီ★ ★ ★

Posted by Yè Naung Tun

 

Copyright @ 2014-2015 ပအိုဝ်း IT လူငယ်များ.

Designed by Templateism | Edited By Khun Htetz Naing | PaOh IT Youth