Thursday, November 20, 2014
Samsung Andriod 4.1.2 က​နေ 4.4.2 အထိ ပအိုဝ်းစာ (သို့မဟုတ်​) မြန်​မာစာ ထည့်သွင်းနည်း
လိုအပ်​တာ​တွေအရင်​​ဒေါင်းလိုက်​ပါ။ပအိုဝ်းစာ (သို့မဟုတ်​) မြန်​မာစာ မြင်​ရဖို့ ​ဖောင့်​အရင်​​ဒေါင်းပါ။
ZawGyiPaOh(ifont)​ ​ဒေါင်းရန်​ ခွန်​စိုး​ဇော်​သူ ကပြုလုပ်​ထားတာပါ လင့်​နှစ်​ခုနဲ့ တင်​​ပေးလိုက်​ပါတယ်​။ကြိုက်​လင့်​က ​ဒေါင်းလိုက်​​နော်​>>>>>
Drop က​နေ ​ဒေါင်းချင်​သူများအတွက်​>>>>>>>ဒီမှာဒေါင်းပါ
Mediafire က​နေ​ ဒေါင်းချင်​သူများအတွက်>>>>>>>ဒီမှာဒေါင်းပါ
ဖောင့်​ပြီးရင်​ ​ရေးနိုင်​ဖို့ ကီးဘုတ်​​ဒေါင်းပါ PaOh Dragon Keyboard ​ဒေါင်းရန်​ လင့်​နှစ်​ခုနဲ့ တင်​​ပေးလိုက်​တယ်​​နော်
Dropbox က​နေ​ဒေါင်းချင်​သူများ အတွက်​>>>>>>>>ဒီမှာဒေါင်းပါ
Mediafire က​နေ​ဒေါင်းချင်​သူများအတွက်​>>>>>>>ဒီမှာဒေါင်းပါ
အားလုံး​ဒေါင်းပြီးသွားရင်​ စ လိုက်​ကြရ​အောင်​ ​အောက်​က ပုံ​လေး​တွေ အတိုင်းလိုက်​လုပ်​ကြပါဦး။
အဆင်​​ပြေပါ​စေ
4.1.2 ကိုလုပ်ပြမယ်နော်
  1. setting ကိုနှိပ်ပါ
2 . Security ကိုနှိပ်ပါ
3 . Unknown Sources ကိုအမှန်ခြစ်လေး တပ်ပေးလိုက်ပါ တပ်ပြီးရင် တပ်စရာမလိုတော့ပါ။ပြီးရင် ဒေါင်းထားတဲ့ ဖောင့်နဲ့ ကီးဘုတ်ဆီကိုသွားပါ
4 . PaOh Dragon Keyboard ကို install လုပ်ရန်နှိပ်ပါ
5 .install ကိုနှိပ်ပါ။ပြီးရင် ခနစောင့်
6 . ပြီးရင် Done ကိုနှိပ်ပါ
7 .Zawgyi PaOhO(ifont) ကို Insatall လုပ်ရန်နှိပ်ပါ
8 .Instll နှိပ်ပြီးခနစောင့်ပါ 
9 . Done နှိပ်ပြီး ပြန်ထွက်လိုက်ပါ 
10 .Setting ကိုနှိပ်ပါ
11 .Language and Keyboard ကိုနှိပ်ပါ
12 . PaOh Dragon Keyboard ကိုအမှန်ပေးလိုက်ပါ
13 .Default ကိုနှိပ်ပါ
14 .PaOh Dragon Keyboard ကိုရွေးပေးပါ။ပြီးရင် Back KEY တချက်နှိပ်ပါ
15 .Display ကိုနှိပ်ပါ
16 .Font Style ကိုနှိပ်ပါ
17 . Zawgyi Paoh(ifont) ကိုရွေးပေးပါ
18 .အားလုံး Ok တယ်နော်
           အားလုံးအဆင်နိုင်ကြပါစေ
မရှင်းတာများ နားမလည်တာများရှိရင် Comment Box မှ ၄င်း၊
Facebook >>>http://www.facebook.com/khun.htetz.naing ၄င်း
Facebook Group >>>http://www.facebook.com/groups/khunhtetznaing ၄င်း
Facebook Page >>>http://www.facebook.com/paoh.myanmarsoftware ၄င်း
Thailand Phone >>>0882225970
 မေးမြန်းနိုင်ပါတယ်။
သိလို့တတ်လို့ဆရာလုပ်နေတာ မဟုတ်ပါဘူး
သိသမျှတတ်သမျှပြန်လည် မျှဝေခြင်းသာဖြစ်ပါတယ်။
တတ်သမျှ ပိုစ့်များ Facebook ကနေဖတ်ချင်ရင် အပေါ်ကပေးထားသော Facebook Page
ကနေ၀င်ရောက် Like နှိပ်ထားပေးပါ။
                           Khun Htetz Naing
Wednesday, November 12, 2014
Samsung 2.3.6 Andriod ပအိုဝ်းစာ (သို့မဟုတ်) မြန်မာစာ ထည့်သွင်းနည်း
         ကဲကျွန်တော် ခု Samsung 2.3.6 ဗားရှင်းဖုန်း ပအိုဝ်းစာထည့်သွင်းနည်းကိုပြောပြပေးမှာ
 ဖြစ်ပါတယ်။ဒီ ဗားရှင်းတွေဟာအသုံးပြုသူတွေ တော်တော်နည်းနေပါပြီ ဒါကြောင့် ဒီဗားရှင်းထက် နိမ့်တဲ့
ဖုန်းတွေကျွန်တော် မပြောပြတော့ပါဘူး။ဒီဗားရှင်းကိုတော့ သုံးနေသူတွေရှိသေးတာမို့ ဖော်ပြပေးလိုက်
ပါတယ်နော်။ ပအိုဝ်းစာဆိုတာကတော့ မြန်မာစာတွေနဲ့ သိပ်မကွာပါဘူး။ ပအိုဝ်းစာမှာက မြန်မာစာထက် မဲုင်ငါ နဲ့ မဲုင်ပတ်ငါ ဆိုတဲ့ အက္ခရာနှစ်လုံးသာကွာသွားပါတယ်။ဒါကြောင့်ဒီပအိုဝ်းစာ ထည့်သွင်းနည်းကို မြန်မာစာလိုအပ်သူများလည်း လိုက်လုပ်ပါက မြန်မာစာလည်းရေးနိုင်ဖတ်နိုင်မှာဖြစ်ပါတယ်။နောက်နေ့တွေမှာ ခု ဗားရှင်းထက်မြင့်တာတွေ ပအိုဝ်းစာ (သို့မဟုတ်) မြန်မာစာ ထည့်သွင်းနည်းကိုတင်ပေးသွားမှာပါ။ ကဲပြောနေမှတာကြာတယ်
 အောက်မှာပုံလေးတွေနဲ့ရှင်းပြထားပါတယ် လိုက်သာလုပ်ကြည့်ကြတော့နော် လွယ်လွယ်လေးပါပဲ ..........................
လိုအပ်တာတွေ အရင်ဒေါင်းလိုက်ပါဦးနော်>>>>>>>>>>>>>
ပအိုဝ်းဖောင့်ဒေါင်းရန် >>>>>>>ပအိုဝ်းဖောင့်နှစ်မျိုးတင်ပေးလိုက်ပါတယ် ကြိုက်တဲ့တစ်ခုဒေါင်းပြီးသုံးနိုင်ပါတယ်။နှစ်မျိုးစလုံးဒေါင်းပြီးသုံးချင်ရင်လည်း သုံးနိုင်ပါတယ်။ခွန်စိုးဇော်သူ လုပ်ထားတာပါ။ခွန်စိုးဇော်သူ ကို Credit ပေးပါတယ်။လင့်နှစ်ခုနဲ့တင်းပေးထားတယ်နော် ကြိုက်တဲ့လင့်ကနေဒေါင်းပေတော့
Zawgyi PaOh Font ဒေါင်းရန်>>>>>>>>>>>>>>>
Dropbox လင့်ကဒေါင်းချင်သူများအတွက်>>>>>>>
http://adf.ly/8213022/khun-htetz-naing
Mediafire လင့်နေဒေါင်းချင်သူများအတွက်>>>>>>>>>http://adf.ly/8213022/mdf1
ဒါက Zawgyi PaOh(ifont)ပါ >>>>>>>>> ဒေါင်းရန်
Dropbox လင့်ကဒေါင်းချင်သူများအတွက် >>>>>>>>>http://adf.ly/8213022/htetz-naing
Mediafire လင့်ကဒေါင်းချင်သူများအတွက် >>>>>>>>http://adf.ly/8213022/mdf
ပအိုဝ်းကီးဘုတ်ဒေါင်းရန် PaOh Dragon Keyboard >>>>>>>Dropbox လင့်ကဒေါင်းချင်သူများအတွက်>>>>>>
http://adf.ly/8213022/htetz-naing1
Mediafire လင့်နေဒေါင်းချင်သူများအတွက်>>>>>>
http://adf.ly/8213022/mdf2
ကဲအားလုံးဒေါင်ပြီးပြီဆိုရင် စကြမယ်
အောက်ကပုံလေးတွေကြည့်ပြီးလိုက်လုပ်ကြတော့နော်
  1. Samsung 2.3.6 ကိုလုပ်ပြမှာပါနော်
  1. အရင်ဆုံး Setting ကိုဝင်ပါ
2. ပြီးရင် Application ကိုနှိပ်ပါ
3. Unknown Sources အမှန်ခြစ်လေးတပ်ပေးလိုက်ပြီး။ ဒေါင်းထားတဲ့                                           ပအိုဝ်းဖောင့်နဲ့ကီးဘုတ်ဆီကိုသွားပါ
4. Dragon Keyboard ကိုနှိပ်ပါ
5. Install ကိုနှိပ်ပါ                                                                                                          
6. ပြီးရင် Done နှိပ်ပြီးထွက်လိုက်ပါ                                                                                   
ပြီးရင် Zawgyi(ifont) ကိုလည်း Install လုပ်ပေးလိုက်ပါ                                                  
ပြီးရင် Done ပဲနှိပ်ပြီးပြန်ထွက်ပေးလိုက်ပါ                                                                    
 7. Setting ဆီကိုပြန်သွားပါ                                                                                              
 8. Locale & Text ကိုနှိပ်ပါ                                                                                               
9. Dragon Keyboard ကိုအမှန်ခြစ်လေးတပ်ပေးလိုက်ပါ                                                          
10.Select Input Method ကိုနှိပ်ပါ                                                                                    
11. Dragon Keyboard ကိုရွေးပေးပါ။ပြီးရင် Back Key တချက်နှိပ်ပါ
12. Display ကိုနှိပ်ပါ
13. Screen Display ကိုနှိပ်ပါ
14. Font Style ကိုနှိပ်ပါ
15. Zawgyi(ifont) ကိုရွေးပေးပါ
16. ပြီးရင် Ok နှိပ်ပေးလိုက်ပါ
17. ပြီးရင် Restart Now ကိုးရွေးပေးပါ။ဒါဆို မိမိဖုန်းက အော်တို ပိတ်ပြီးသူ့ဟာသူ ပြန်ပွင့်လာပါလိမ့်မယ်
18. ပြန်ဖွင့်လာရင် ပအိုဝ်းစာ (သို့မဟုတ်) မြန်မာစာ ရေးနိုင် ဖတ်နိုင်ပါပြီ
Samsung 2.3.6 ဖုန်းနှင့် အထက်တွေကို ဒီနည်းအတိုင်း ပအိုဝ်းစာ (သို့မဟုတ်) မြန်မာစာ ထည့်သွင်းရေးသားနိုင်ပါတယ်။နောက်အားရင် Samsung 4.1.2 နှင့်အထက်ဖုန်းတွေ ပအိုဝ်းစာ (သို့မဟုတ်) မြန်မာစာ ထည့်သွင်းနည်းကို တင်ပေးပါ့မယ်။
               အားလုံးအဆင်နိုင်ကြပါစေ
မရှင်းတာများ နားမလည်တာများရှိရင် Comment Box မှ ၄င်း၊
Facebook >>>http://www.facebook.com/khun.htetz.naing ၄င်း
Facebook Group >>>http://www.facebook.com/groups/khunhtetznaing ၄င်း
Facebook Page >>>http://www.facebook.com/paoh.myanmarsoftware ၄င်း
Thailand Phone >>>0882225970
 မေးမြန်းနိုင်ပါတယ်။
သိလို့တတ်လို့ဆရာလုပ်နေတာ မဟုတ်ပါဘူး
သိသမျှတတ်သမျှပြန်လည် မျှဝေခြင်းသာဖြစ်ပါတယ်။
တတ်သမျှ ပိုစ့်များ Facebook ကနေဖတ်ချင်ရင် အပေါ်ကပေးထားသော Facebook Page
ကနေ၀င်ရောက် Like နှိပ်ထားပေးပါ။
                           Khun Htetz Naing
Sunday, November 9, 2014
Andriod ဖုန်း wifi လွှင့်နည်း
            ခုကျွန်တော်ပြောပြမှာကတော့ ကိုယ့် Andriod ဖုန်းကနေ WiFi ပြန်လွှင့်မယ်နည်းလေးပါ။ သိပြီးသားများကျော်ခွသွားကြပါ။မသိသေးသူတွေ အတွက်ပါ။
ကျွန်တော်အရင်လ က ဒီက သူငယ်ချင်းသုံးယောက်နဲ့ပေါင်းပြီး အင်တာနက် တစ်လ စမက်လိုက်တယ်ဗျာ ကျွန်တော်ဖုန်းကို စမက်လိုက်တယ်် Dtac ၃၉၉ ဘတ်တန်ပေါ့။ပြောတာတော့ ၃၉၉ ဘတ်ပါ တကယ်တမ်းပေးရတာက ၄၂၅ ဘတ်ပါ အခွန်ခတွေ ဘာတွေပါသေးတာကို။
အဲ့ဒါကို သုံးယောက်စုပြီး ကျွန်တော့်ဖုန်းကို စမက်လုပ်လိုက်တယ်။ ပြီးတော့ ကျွန်တော့်ဖုန်းကနေ သူတို့ကို WiFi ပြန်လွှင့်ပေးတယ်။ လိုင်းကတော့ ကောင်းပါတယ် ဒီတိုင်းတစ်ယောက်ထဲသုံးတာလဲ အတူတူပဲ သူတို့နှစ်ယောက်ကို ပြန်လွှင့်ပေးပြီး သုံးတာလဲ အတူတူပဲ။တွက်ချေကိုက်တာပေါ့ဗျာ တလကို ၄၂၅ ပဲကုန်တော့တယ် သုံးယောက်ကို။ တစ်ယောက်ချင်း စမက်လို့ကတော့ တစ်ယောက် ၄၂၅ သုံးယောက် ၁၂၇၅ ပေါ့ဗျာ။ ဒီလိုလုပ်လိုက်တော့ သုံးယောက် ပေါင်းမှ ၄၂၅ ပဲကုန်တော့တယ်။အင်တာနက်သုံးတာ ပိုက်ဆံ သိပ်မကုန်တော့ဘူးပေါ့ဗျာ။အရမ်းမိုက်တယ် ကျွန်တော်တော့ တော်တော် ကြိုက်သွားတယ်။ဒီလလည်း ပြန်စမက်မလို့ဟာကို ဖုန်းပျောက်သွားတယ်။ လုပ်ရတော့ဘူး။ သူငယ်ချင်းနှစ်ယောက်ကတော့ လုပ်နေကြပါတယ်။ ခုတောင်ကျွန်တော် သူတို့ဖုန်းနဲ့ သုံးနေတာပါ။ မြန်မာနိုင်ငံ က သူငယ်ချင်းတွေကတော့ လိုင်းကောင်းမကောင်း သိဘူးနော်။ ကျွန်တော် ထို်င်းက Dtac Sim နဲ့လုပ်တာတော့ လုံးဝအဆင်ပြေတယ်ဗျာ။ အာ့ကြောင့် သူငယ်ချင်းတွေလည်း အဆင်ပြေအောင်ပြန်ပြောပြပေးလိုက်တာပါ။သူက စမက်ထားတဲ့ ဖုန်းနဲ့တော့ သိပ်ဝေးဝေး နေလို့မရဘူးနော်။ အဝေးကြီးတော့ သူမလွှင့်နိုင်ဘူး။ ပြီးတော့သူ့ကို ကြိုက်တဲ့ နာမည်ပေးလို့ရတယ်။ တခြားလူတွေ သုံးလို့မရအောင်Password ပေးထားလို့ရတယ်။ ပိုက်ဆံ စိုက်တဲ့ သူကိုပဲ password ပြောပြပေါ့။ တကယ်လို့ တစ်ယောက်ယောက်က password ကိုသိသွားရင် အချိန်မရွေး ပြန်ပြောင်းလို့ရပါတယ်။ သင်ရဲ့ Wifi ကို လူဘယ်နှယောက် သုံးလဲ ဆိုတာ သင့်ရဲ့ Noti Bar မှာ ပြပေးထားတယ်ဗျာ။ ဘယ်လောက်မိုက်သလဲနော်။ စိတ်ဝင်စားလို့ လုပ်ချင်တယ် ဆိုရင် အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်။ ဘာဆော့ဝဲမှ မလိုပါဘူး။
တခြားလူတွေအတွက် Share ပေးလိုက်ကြဦးနော်>>>>>>>>>>>>>>>>>>
>အောက်ကပုံလေးတွေကြည့်ပြီးလိုက်လုပ်ကြပေတော့
ခွန်ထက်နိုင်
    အဆင်ပြေပါစေ
ခွန်ထက်နိုင် (ပအိုဝ်း IT လူငယ်များ)
ကျွန်တော်တို့ ပအိုဝ်း IT လူငယ်များ(Paoh IT Youth) ဘလော့နှင့် ပေ့စ်ကတင််သမျှကို Offline ဖတ်ရူ့နိုင်အောင် App လေးတစ်ခုလုပ်ပြီး Play Store မှာတင်ထားပါတယ်။
ဒေါင်းပေးကြပါဦးနော်..........
Review လေးတွေဝင်ပေးကြပါဦး အားလုံးကို ကျေးဇူးတင်ပါတယ်။ပေးထားတဲ့လင့်ကနေသွားရောက်ဒေါင်းယူပေးကြပါနော်.......
https://play.google.com/store/apps/details?id=com.paoh.it.youth
တင်သမျှ Facebook ပေါ်ကဖတ်ဖို့ ပအိုဝ်း IT လူငယ်များပေ့စ်ကို Like လုပ်ထားပေးပါ။
အောက်ကနေရာတွေမှာလည်း လာရောက်အကူညီတောင်းယူနိုင်ပါတယ်။
သိသမျှ တတ်သမျှလည်း မျှဝေနိုင်ပါတယ်။
နည်းပညာအကြောင်းတွေမေးမြန်းဖြေဆိုမျှဝေကြဖို့ ပအိုဝ်း IT လူငယ်များ Group ကို Join ထားပေးပါ။
Unicode အသုံးပြုချင်သူများနှင့်အသုံးပြုနေသူများ
Myanmar Unicode Area နှင့်
Myanmar PaOh Unicode Area ကို
Join ထားလိုက်ပါ။
Copyright @ 2014-2015 ပအိုဝ်း IT လူငယ်များ.
Designed by Templateism | Edited By Khun Htetz Naing | PaOh IT Youth