Monday, June 29, 2015

ttKeyboard Version 1.5.1 Updated!


    IOS Device ကိုင်ဆောင်သူတွေအတွက် ttKeyboard ပါ။
ttKeyboard ဟာ ios မြန်မာကီးဘုတ်တွေထဲမှာ အကောင်းဆုံးကီးဘုတ်ဖြစ်ပါတယ်။
ယခုဗားရှင်းအသစ်မှာ ယခင်မြန်မာကီးဘုတ်အပြင် တိုင်းရင်းသားကီးဘုတ်တွေပါထပ်မံထည့်သွင်းပေးထားပါတယ်။
မြန်မာယူနီကုဒ်ထည့်သွင်းအသုံးပြုထားသည့်
Ios Device အားလုံးမြန်မာစာအပြင် တိုင်းရင်းသားစာပေများကိုလည်းရေးသားအသုံးပြုနိုင်ပါပြီ။

ယခုဗားရှင်းတွင်ရေးသားနိုင်သောစာများမှာ-
မြန်မာ
ပအိုဝ်း
မွန်
ခမာ
သျှမ်း/ခန္တီသျှမ်း တို့ဖြစ်ပါတယ်..... 

http://j.mp/ttkeyboard

အကြံပြုလိုသည့်အချက်များ Error များရှိခဲ့ပါက ttkeyboard ရေးသည့် ကိုသန့်သက်ခင်ဇော် ဆီသို့ရေးသားပေးပို့နိုင်ပါတယ်။

ttkeyboard Offical page >>> ttkeyboard

ttkeyboard Developer >>> Thant Thet


Description
============

ttKeyboard is the best Myanmar keyboard around on this app store and trusted by thousands of users. You can type even faster with Smart Input feature which is our famous feature. Use Smart Input once, and no doubt, it will become your essential for every character you type.

• Embedded standard QWRTY english keyboard, tap ABC button and type english
• Themes, to refreshen your everyday-keyboard with pretty and colorful themes.
• Keyboards, ZawGyi, MyanSan, Shan-Unicode and ZawGyi-Tai for Myanmar users and Khmer keyboard Khmer users
• Support both iPhone (also iPhone 6 and iPhone 6 Plus) and iPad.

Included Keyboards:
• MyanSan
• ZawGyi
• Shan
• UniZG
• ZawGyi-Tai
• Khmer
• Mon
• Taile Shan
• Khamti Shan
• PaOh
ttKeyboard Support
What's New in Version 1.5.1
Quick fix for Shan Keyboard

What's new in v1.5 Fix
===================
• Fix keyboard crashes New Keyboards
• Mon
• Taile Shan
• Khamti Shan
• PaOh
ScreenShots
===========








  အဆင်ပြေပါစေ

ပအိုဝ်း IT လူငယ်များ
ကျွန်တော်တို့ ပအိုဝ်း IT လူငယ်များ(Paoh IT Youth) ဘလော့နှင့် ပေ့စ်ကတင်သမျှကို 
Offline ဖတ်ရူ့နိုင်အောင်
App လုပ်ပြီး Play Store မှာတင်ထားပါတယ်။
ဒေါင်းပေးကြပါဦးနော်...
Review လေးတွေဝင်ပေးကြပါဦး အားလုံးကို ကျေးဇူးတင်ပါတယ်။ပေးထားတဲ့လင့်ကနေသွားရောက်ဒေါင်းယူပေးကြပါနော်.......
Unicode အသုံးပြုချင်သူများနှင့်အသုံးပြုနေသူများ 
နှင့် 

 Myanmar PaOh Unicode Area  ကို Join ထားလိုက်ပါ။



➳ 360 Root.apk_v_6.5.8 ➳


 
      Android ဖုန်းတော်တော်များများကို Root ဖောက်ပေးနိုင်တဲ့
အခြား Kingroot ၊ iroot ၊ Baidu root တို့လိုပဲအသုံးဝင်မယ့် 360 Root ဆိုတဲ့ Apk လေးကိုတင်ပေးလိုက်ပါတယ်။
တချို့ Kingroot ၊ iroot ၊ Baidu root တို့နဲ့ Root မဖောက်နိုင်တဲ့ဖုန်းတွေကို
ဒီ 360 Root apk လေးနဲ့ဖောက်လို့ရနိုင်တာလေးတွေရှိပါတယ်။
ဘာပဲဖြစ်ဖြစ် Root apk အားလုံးဆောင်ထားသင့်ပါတယ်။
လောလောဆယ်တချို့ဗားရှင်းနိမ့်တဲ့ဖုန်းတွေမှာ ယူနီကုဒ်ပါမလာသေးတော့
ကိုယ်တိုင် Root ဖောက်ပြီးမြန်မာစာယူနီကုဒ်ထည့်သွင်းရတာလေ...
အဲ့တော့ Root apk လေးတွေတော့ ဆောင်ထားသင့်ပါတယ်။
ကိုယ်မလိုအပ်ရင်လည်း တခြားလိုအပ်သူတွေရှိလာရင် လင်ခ်ချပေးလိုရတာပေါ့.....
ကွန်ပျူတာမရှိတဲ့သူတွေအတွက် အဆင်ပြေစေမှာပါ......

ကဲအောက်မှာဒေါင်းလိုက်ပါဦး >>>>

https://my.pcloud.com/publink/show?code=XZD7QVZxMQETTw7FbmmJWANJoPYz0rKiugV

မိမိဖုန်း Root ပေါက် မပေါက်စစ်ဆေးဖို့ Root Checker apK ကိုအောက်မှာဒေါင်းပြီးစစ်နိုင်ပါတယ်။

https://my.pcloud.com/publink/show?code=XZrS7VZ2vq2TNGv4muBfzNl2SdY0HfdHvc7

  အဆင်ပြေပါစေ

ပအိုဝ်း IT လူငယ်များ
ကျွန်တော်တို့ ပအိုဝ်း IT လူငယ်များ(Paoh IT Youth) ဘလော့နှင့် ပေ့စ်ကတင်သမျှကို 
Offline ဖတ်ရူ့နိုင်အောင်
App လုပ်ပြီး Play Store မှာတင်ထားပါတယ်။
ဒေါင်းပေးကြပါဦးနော်...
Review လေးတွေဝင်ပေးကြပါဦး အားလုံးကို ကျေးဇူးတင်ပါတယ်။ပေးထားတဲ့လင့်ကနေသွားရောက်ဒေါင်းယူပေးကြပါနော်.......
Unicode အသုံးပြုချင်သူများနှင့်အသုံးပြုနေသူများ 
နှင့် 


 Myanmar PaOh Unicode Area  ကို Join ထားလိုက်ပါ။

Sunday, June 28, 2015

မဲစာရင်း.V_1.0

       M3 Keyboard ရေးတဲ့ ကိုအောင်သူရ က
မဲစာရင်း ဆိုတဲ့ App လေးကိုအစမ်းထုတ်ပေးလိုက်ပါတယ်။
Play Store မှာလည်းမတင်ရသေးပါဘူး။
လောလောဆယ်စမ်းသုံးကြည့်ပေးပါ။
အဆင်ပြေမယ်လို့တော့ထင်ပါတယ်။
ကိုယ်တိုင်းတော့မစမ်းကြည့်ရသေးဘူး။
ခုထိုင်းရောက်နေလို့လေ ပြီးတော့အသက်ကလည်းခုမှ ၁၇ ဝင်ကာစဆိုတော့ ပါမှာလည်းမဟုတ်ဘူးလေ....အာ့ကြောင ့်😜😜😜
အဆင်မပြေတာရှိရင်တော့ ကိုအောင်သူရကိုပဲ လှမ်းအော်ပြောလိုက်ကြနော်....


  အဆင်ပြေပါစေ
ပအိုဝ်း IT လူငယ်များ
ကျွန်တော်တို့ ပအိုဝ်း IT လူငယ်များ(Paoh IT Youth) ဘလော့နှင့် ပေ့စ်ကတင်သမျှကို Offline ဖတ်ရူ့နိုင်အောင်
App လုပ်ပြီး Play Store မှာတင်ထားပါတယ်။
ဒေါင်းပေးကြပါဦးနော်..........
Review လေးတွေဝင်ပေးကြပါဦး အားလုံးကို ကျေးဇူးတင်ပါတယ်။ပေးထားတဲ့လင့်ကနေသွားရောက်ဒေါင်းယူပေးကြပါနော်.......
Unicode အသုံးပြုချင်သူများနှင့်အသုံးပြုနေသူများ 

နှင့် 
Myanmar PaOh Unicode Area  ကို Join ထားလိုက်ပါ။

Saturday, June 27, 2015

M3 Keyboard(Myanmar) v.Beta 5.3.4 Updated!


 
    ဇွန်လ ၂၅ ရက်နေ့က Update ထွက်လာတဲ့ M3 Keyboard လေးပါ။
ယူနီကုဒ်ကီးဘုတ်ထဲမှာတော့ သူ့ကိုကျွန်တော်အကြိုက်ဆုံးပါပဲ။
သူ့ရဲ့လုပ်ဆောင်ချက်ကလည်း တော်တော်စုံတယ်လေ။

Play Store အဆင်ပြေသူများကတော့ Play Store ကနေဒေါင်းပေးကြပါ။

https://play.google.com/store/apps/details?id=mm.co.aty.android.m3keyboardl&hl=en

https://my.pcloud.com/publink/show?code=XZs24VZrwLNfXYgHkzlae3vA6a3QpcUJ6Y7 
M3 Keyboard ရေးသည့် Developer ကိုအောင်သူရ ရေးထားသည်ကို
အနည်းငယ်ထပ်မံဖြည့်စွက်ပြီးပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
================================================================
M3 Keyboard ဟာ မြန်မာစာ ယူနီကုတ် ကီးဘုတ်ပါ။
ယခင် android version 4.4 အထက်ပဲ သုံးလို့ရအောင် ကန့်သက်ထားပေမယ့် Myanmar Unicode Area မှ android version 4.4 အောက်မှာပါ ယူနီကုဒ်သုံးနိုင်အောင် လုပ်ဆောင်နေသဖြင့် 4.0 အထက်ပါသုံးနိုင်အောင် ပြင်ဆင်ပေးထားပါတယ်။
(သို့သော် android version 4.4 အောက် ဖုန်းများတွင် သွင်းထားသော ယူနီကုဒ်သည် ၁၀၀ ရာနှုန်း ပြီးပြည့်စုံမှုမရှိသဖြင့် M3 Keyboard ၏ အထူးလုပ်ဆောင်ချက်များကို ကောင်းစွာ အသုံးချနိုင်မည် မဟုတ်ပါ။)

M3 Keyboard Settings ထဲမှာ အသုံးပြုနည်းနဲ့ အထူးလုပ်ဆောင်ချက်တွေလည်း ထည့်ပေးထားပါတယ်။

ယခင်သုံးနေကျ ဇော်ဂျီဖောင့် နဲ့ မြန်မာစာယူနီကုဒ်ဖောင့်ကို အလွယ်တကူ ပြောင်းလဲပေးနိုင်တဲ့ Z1M3 Converter application ကို တစ်ခါတည်း ထည့်သွင်းပေးထားပါတယ်။
မိမိပြောင်းလိုသော ဇော်ဂျီဖောင့် သို့မဟုတ် မြန်မာစာယူနီကုတ်ဖောင့်ကို select မှတ်ပြီး copy လုပ်လိုက်တာနဲ့ converter က အလိုလို ပွင့်လာပါလိမ့်မယ်။
ဒီ converter service ကို ပိတ်လို/ဖွင့်လိုလျှင် M3 Keyboard Settings ထဲရှိ Advanced Functions အောက်မှာ ၀င်ရောက် လုပ်ဆောင်နိုင်ပါတယ်။

နောက်ထပ် လုပ်ဆောင်ချက် တစ်ခုကတော့ M3 Keyboard ကို သုံးခြင်းဖြင့် မြန်မာစာရိုက်ရာတွင် လက်ရေးမူ(မြန်မာစာ သက်ပုံ) အတိုင်း ရိုက်နိုင်မှာပဲဖြစ်ပါတယ်။
ဥပမာ - သင်္ဘော = သ + င + ် + ္ + ​ေ + ဘ + ာ
M3 Keyboard>Advanced Functions>Typing Method မှာ Real Myanmar ကိုရွေးပေးပါ။

နှစ်ချက်ထိစနစ်ကိုလည်း ထည့်ပေးထားပါတယ်။
shift နှိပ်ပြီးရိုက်ရမည့် စာလုံးများအား shift နှိပ်စရာမလိုပဲ ၎င်းနေရာရှိ စလုံးကို နှစ်ချက်ထိရုံဖြင့် ပေါ်လာမည်ဖြစ်သည်။
ဥပမာ - ဗ ပေါ်ရန် shift + ​ေ ရိုက်ရန်မလိုတော့ပဲ ​ေ ကို ၂ ချက်ထိရုံဖြင့် ဗ ပေါ်လာပါလိမ့်မည်။

အတိုကောက်စာလုံးများကိုလည်း ထည့်သွင်းအသုံးပြုနိုင်ပါပြီ။
M3 Keyboard>Advanced Functions>Shortcut manager ကိုဝင်ပြီး ကိုယ်သုံးလိုသည့် အတိုကောက်စာလုံးများ ထည့်သွင်းနိုင်ပါတယ်။
စာရိုက်ရာမှာ မကြာခဏ မှားတတ်လေ့ရှိတဲ့ စာလုံးများအား အလိုအလျောက်ပြင်ဆင်ပေးပါတယ်။
ဥပမာ - စ+ျ နှင့် စျ မှားခြင်း

ယူနီကုဒ်ကို အသုံးပြုထားခြင်းကြောင့် တိုင်းရင်းသားစာပေများကိုလည်း အသုံးပြုနိုင်ပါတယ်။
လက်ရှိတွင် မြန်မာ၊ ပအိုဝ်း၊ သျှမ်း၊ မွန်၊ ကရင်၊ သက္ကတ/ပါဠိ၊ ကယား တို့ကိုအသုံးပြုနိုင်ပါပြီ။
စာရိုက်နေတုန်းတခြားတိုင်းရင်းသားစာကို ရိုက်လိုပါက ကီးဘုတ်ရဲ့ Space Bar (စာလုံးများခြားစေသည့်ခလုတ်) ကိုဖိထားပါ။
ပြီးရင်မိမိရိုက်လိုတဲ့ ဘာသာကိုရွေးနိုင်ပါတယ်။
နောက်ထွက်မည့်ဗားရှင်းများတွင်လည်း ကျန်ရှိသေးသည့် တိုင်းရင်းသားစာပေများကို ထပ်ထည့်သွင်းပေးသွားပါမည်။
ကီးဘုတ်ဒီဇိုင်းအမျိုးမျိုးပြောင်းလဲနိုင်ပါတယ်။
M3 Keyboard>Advanced Functions>Keyboard Theme မှာရွေးချယ်နိုင်ပါတယ်။
flat theme သုံးသူများအနေဖြင့် ကီးဘုတ်၏ နောက်ခံအ​ရောင်ကို မိမိကြိုက်နှစ်သက်ရာအရောင်နှင့် ပြောင်းလဲအသုံးပြုနိုင်ပါသည်။
ပိုမိုရှင်းလင်းသော Setting အထားအသိုများဖြင့် key tone, vibrate, converter, typing method, keyboard height, key preview, font embed, keyboard language များကို အလွယ်တကူ ထိန်းချုပ်နိင်ပါသည်။

landscape mode တွင်လည်း အဆင်ပြေစွာ အသုံးပြုနိုင်ပါသည်။

အသုံးပြုရလွယ်ကူအောင် အခြားလုပ်ဆောင်ချက်များလည်း ထည့်သွင်းပေးထားပါတယ်။
ဝင်ပြင်ကြည့်နိုင်ပါတယ်။

မြန်မာယူနီကုဒ်စာရိုက်စနစ်သည် ဇော်ဂျီနဲ့မတူပါ။
ဥပမာဇော်ဂျီမှာက မြို့ ကို
ြ+မ+ိ+ု++့ (ရရစ် မ လုံးကြီးတင် တချောင်းငင် အောက်ကမြစ်)လို့ရိုက်ရသည်။
ယူနီကုဒ်မှာက မြန်မာစာအတိုင်း (အပြင်မှာစာရေးသည့်အတိုင်းရေးရပါသည်)
မ+ြ+ိ+ု+့ (မ ရရစ် လုံးကြီးတင် တချောင်းငင် အောက်ကမြစ်) လို့ရိုက်ရပါသည်။
တခြားစာလုံးများကို လည်းဒီအတိုင်း (အပြင်ကရေးသည့်အတိုင်း) ရိုက်ရပါမည်။

စလုံးဆင့်များရိုက်လိုပါက ဥပမာအားဖြင့်

ဗုဒ္ဓ ။  ။ဗ+ု+္+ဓ
ကမ္ဘာ ။   ။ က+မ+္+ဘ+ာ
မန္တလေး ။  ။ မ+္+တ+ေ+လ+း
လို့ရိုက်ရပါမည်။


  အဆင်ပြေပါစေ

ပအိုဝ်း IT လူငယ်များ
ကျွန်တော်တို့ ပအိုဝ်း IT လူငယ်များ(Paoh IT Youth) ဘလော့နှင့် ပေ့စ်ကတင်သမျှကို Offline ဖတ်ရူ့နိုင်အောင်
App လုပ်ပြီး Play Store မှာတင်ထားပါတယ်။
ဒေါင်းပေးကြပါဦးနော်..........
Review လေးတွေဝင်ပေးကြပါဦး အားလုံးကို ကျေးဇူးတင်ပါတယ်။ပေးထားတဲ့လင့်ကနေသွားရောက်ဒေါင်းယူပေးကြပါနော်.......
Unicode အသုံးပြုချင်သူများနှင့်အသုံးပြုနေသူများ 
နှင့် 
Myanmar PaOh Unicode Area  ကို Join ထားလိုက်ပါ။

Wednesday, June 17, 2015

ပအိုဝ်ႏလိတ်မွူးစောင်ႏ

မင်္ဂလာႏဒျာႏဩ ပအိုဝ်ႏလိတ်မွူးစောင်ႏယိုနောဝ်ꩻအွန်ႏဒန်ႏဖေႏယမ်းဒျာႏ နီပအိုဝ်ႏလိုꩻမျိုꩻအတာႏဩ မဲဉ်ႏမဉ်ဟော်ꩻဖတ်တွမ်ႏ Pdf တဲ့ အောဝ်ႏလꩻဒျာႏဩ Download Here







































အမာႏမဲဉ်ႏပါတဲင်ခွင်ꩻလွတ်ဖေႏခွေသွဉ်းနေား။ ကေꩻဇူꩻတင်ႏငါႏဩ. ခွန်စိုးဇော်သူ

 

Copyright @ 2014-2015 ပအိုဝ်း IT လူငယ်များ.

Designed by Templateism | Edited By Khun Htetz Naing | PaOh IT Youth