Saturday, June 13, 2015

4.2.2 အထက် ဖုန်းတော်တော်များများကို One Click နဲ့ Root အလွယ်တကူ လုပ်နည်း (ကွန်ပျူ တာမလို)


မင်္ဂလာပါခင်ဗျာ
ဒီနေ့ကျနော်ပြန်လည်မျှဝေချင်တာကတော့
အားလုံးအတွက်အဆင်ပြေစေမယ့်
Android Root လုပ်နည်းလေးပါ။
နည်းလမ်းလေးက မခက်ပါဘူး....
ကွန်ပျူတာလည်းမလိုပါဘူး....
ကိုယ်တိုင်စမ်းတယ် အဆင်ပြေပြီးမှ တခြားဘော်ဒါတွေအတွက်
ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်....
ဖုန်းအားလုံးရနိုင်မယ်လို့လည်း အာမ မခံပါဘူး
ဒါပေမယ့် Samsung တော်တော်များများကိုတော့ ရနိုင်ပါတယ်...
စမ်းကြည့်ကြပါ...:d

 ၁။ ဖုန်းကို Root လုပ်တော့မယ်ဆိုရင် ဖုန်းရဲ့ Setting > Security >
Unknown Sources ကိုအမှန်ခြစ်ပေးဖို့လိုပါတယ်။


၂။ USB Debuggin Mode ကိုလည်း On ထားပေးဖို့လိုပါတယ်။
ပုံမှန်အားဖြင့် 4.2.2 အထက်တွေဆိုရင်တော့ Samsung Device မှန်ရင်
Setting > Developer Options > USB Debugging ကို On ပေးလိုက်ပါ OK ဆိုရင် ရပါပြီ။
Setting ထဲမှာ Developer Options ကိုမတွေ့ရင်
Setting > About Device ကိုဝင်ပြီး Build Number ကို လေးငါးချက်လောက် ခပ်မြန်မြန်ခေါက်ပေးလိုက်ပါ။



 ၃။ Back Key တစ်ချက်နှိပ်ပြီးပြန်ထွက်လိုက်ပြီး Developer Options ကိုဝင်ပါ။
အောက်ကပုံအတိုင်း USB Debugging ကို အမှန်ခါစ်တပ်ပေးလိုက်ပါ။


၄။ TowelRoot.apk ကိုအောက်ကလင့်ကနေ သွားဒေါင်းလိုက်ပါ။
 သူ့ရဲ့ Offical မူရင်းဆိုက်ပါ။
၅။ Root Apk ဆိုက်ကိုရောက်တဲ့အခါ အောက်ကပုံလေးကို
တစ်ချက်ထောက်လိုက်ပါ။


 
၆။ အောက်ကပုံအတိုင်းပြနေခဲ့ရင်တော့
ဒေါင်းလော့ရယူဖို့ရန်ဖြစ်တဲ့အတွက် OK ကိုနှိပ်လိုက်ပါ။

တစ်ချို့ဖုန်းတွေမှာ အောက်ကပုံအတိုင်း
ပြမှာမဟုတ်ပါ တစ်ခါတည်း ဒေါင်းလော့နေပါလိမ့်မယ်။


တကယ်လို့ Root Apk ကိုဒေါင်းလော့ရတာ
အဆင်မပြေဘူးဆို
အောက်ကလင့်ကနေသွားဒေါင်းလိုက်ပါ။
ကျနော်ပြန်တင်ပေးထားတာလေးပါ....


Download Here

၇။ ဒေါင်းလို့ရလာတဲ့ Root Apk ကို install လုပ်လိုက်ပါ။


  
၈။ ပြီးရင်ဖွင့်ပါ။



၉။ Root လုပ်ဖို့ရန်အတွက် Make it Ra1n ဆိုတာကိုနှိပ်လိုက်ပါ။



၁၀။ အောက်ကပုံအတိုင်းပြနေရင်တော့
Root လုပ်ဖို့ရန်အသင့်အနေအထား ဖြစ်နေပါပြီ
 Make it Ra1n ဆိုတာကို ထပ်နှိပ်ပေးလိုက်ပါ။


၁၁။ အောက်ကပုံလိုပြလာရင်တော့
Root လုပ်ခြင်းကိစ္စပြီးပါပြီ ဖုန်းက သူ့အလိုလို
 Reboot လုပ်ပါလိမ့်မယ် ခနလေးစောင့်နေလို်က်ပါ။


 Reboot ကျပြီးလို့ ပြန်တက်လာတဲ့အခါ
မိမိဖုန်း Root Access ရှိလား မရှိလား သိချင်ရင်တော့
Root Checker လေးနဲ့ စမ်းသပ်ကြည့်လိုက်ပါ။

 Root Checker ကိုဒေါင်းပြီးဖုန်းမှာ install လုပ်လိုက်ပါ။



ပေးထားတဲ့လင့်ကနေဒေါင်းယူနိုင်ပါတယ်။

Download >>> From Play Store

 OR

Download Here  

ဒေါင်းလို့ရလာတဲ့ Root Checker ကို install လုပ်ပြီးဖွင့်လိုက်ပါ။
ပြီးရင် Verify Root ဆိုတာကို နှိပ်လိုက်ပါ။



အောက်ကပုံလို အစိမ်းရောင်စာတန်းနဲ
Congratulations!
This device has root access!

ဆိုရင်တော့ Root ဖောက်လို့အောင်မြင်သွားပါပြီ.....





  အဆင်ပြေပါစေ

ပအိုဝ်း IT လူငယ်များ
ကျွန်တော်တို့ ပအိုဝ်း IT လူငယ်များ(Paoh IT Youth) ဘလော့နှင့် ပေ့စ်ကတင်သမျှကို Offline ဖတ်ရူ့နိုင်အောင်
App လုပ်ပြီး Play Store မှာတင်ထားပါတယ်။
ဒေါင်းပေးကြပါဦးနော်..........
Review လေးတွေဝင်ပေးကြပါဦး အားလုံးကို ကျေးဇူးတင်ပါတယ်။ပေးထားတဲ့လင့်ကနေသွားရောက်ဒေါင်းယူပေးကြပါနော်.......
Unicode အသုံးပြုချင်သူများနှင့်အသုံးပြုနေသူများ 
နှင့်
Join ထားလိုက်ပါ။

Admin

ဒီဂျစ်တယ်ခေတ်တွင် နိုင်ငံတကာသုံး စံနှုန်းများအဆင့်မှီသော မြန်မာယူနီကုဒ်ကို သုံးစွဲခြင်းဖြင့် ဘာသာစကားများကို ထိန်းသိမ်းကာကွယ်ပါ။

0 comments:

Post a Comment

 

Copyright @ 2014-2015 ပအိုဝ်း IT လူငယ်များ.

Designed by Templateism | Edited By Khun Htetz Naing | PaOh IT Youth