Friday, March 27, 2015

Android ဖုန်းများ မြန်မာယူနီကုဒ်ထည့်သွင်းနည်း (How To Install Myanmar Unicode In Android)



  #Unicode

                       HUAWEI, HTC, Oppo, LG, Lenovo, imobile, ZTE, Sony, Acer, နှင့် Samsung မဟုတ်သောအခြား Android ဖုန်းဗားရှင်း 4.2.2 မှ 5.0.1 အထိဖုန်းများကိုမြန်မာယူနီကုဒ်ဖောင့်ထည့်သွင်းနည်းလေးပါ။Dragon Uni Font Installer v.1.2.apk လေးအသုံးပြုပြီးထည့်သွင်းမှာပါ။
ယခုဗားရှင်းသည် ဖုန်းအားလုံးနှင့် Error အနည်းဆုံး အဆင်ပြေဆုံး ဖြစ်အောင်ပြုပြင် မွမ်းမံထားပါသည်။ ဤဖောင့်ချိန်းသည် မြန်မာနိုင်ငံ၏မိခင်ဗမာစာ သာမက အခြားတိုင်းရင်းသား ပအိုဝ်း၊ သျှမ်း၊ စကောကရင်၊ ပိုးကရင်၊ ကယား၊ ပလောင်၊ ကချင်၊ မွန်စာပေ အားလုံးပါဝင်ပါသည်။

အသုံးပြုလိုပါက အောက်မှာပုံလေးတွေနဲ့ရှင်းပြထားပါတယ်။
မြန်မာယူနီကုဒ်ဖောင့်ထည့်သွင်းဖို့ လိုအပ်တာတွေကတော့
Root
Dragon Uni Font Installer
Root Expolorer
BusyBox
Myanmar Unicode Keyboard
ဒါတွေပါပဲ
အရင်ဆုံး Dragon Uni Font Installer ကိုအသုံးပြုရန်သင့် Android ဖုန်းကို Root ဖောက်ထားရန်လိုအပ်ပါသည်။
အဆုံးထိကြည့်ပြီးဖတ်ပေးပါ။သင့်ဖုန်းကို မြန်မာစာယူနီကုဒ်ရေးနိုင် ဖတ်နိုင်စေရမည်။
ဘာလို့လဲဆိုတော့ ဖုန်းတွေကတစ်လုံးနဲ့တစ်လုံးမတူတဲ့အတွက် တချို့ဖုန်းမှာဘာမှမလိုပဲ Root ဖောက်ပြီးတာနဲ့ Dragon Uni Font Installer သွင်းလိုက်ရုံပါပဲ။မြန်မာစာယူနီကုဒ်ရေးနိုင်ဖတ်နိုင်ပါပြီ။
ဒါပေမယ့်တချို့ဖုန်းတွေကလက်ရှိမှာ ဇော်ဂျီဖောင့်ထည့်သွင်းအသုံးပြုနေရင်တော့ Root Expolorer ကိုအသုံးပြုပြီးလက်ရှိဇော်ဂျီဖောင့်ကို ဖျက်ထုတ်ပစ်ရမှာ။မိမိဖုန်းမှာ ဘာဖောင့်မှ မသွင်းရသေးရင်တော့ ဒီအဆင့်ကိုကျော်ပြီးကြည့်သွားပေးပါ။နောက်ပြီးနောက်တစ်ခုကတချို့ဖုန်းတွေမှာ BusyBox လိုအပ်ပါတယ်။မိိမိ်ဖုန်းကို Root ဖောက်ပြီး Dragon Uni Font Installer သွင်းလိုက်တဲ့အချိန်းမှာ BusyBox လိုအပ်ကြောင်းပြောရင် BusyBox သွင်းပေးရပါမည်။ဒါကြောင့် လိုအပ်မယ်ထင်တဲ့အရာတွေ Apk တွေကို အကုန်ပေးထား ရှင်းပြထားတဲ့အတွက် မိမိဖုန်းမလိုအပ်သည်များကို ကျော်သွားနိုင်ပါတယ်။
အကုန်ကြည့်ပေးပါနော်

အားလုံးအဆင်ပြေနိုင်ကြပါစေ

                  ခွန်ထက်နိုင်

ကဲ...အရင်ဆုံး Root ဖောက်ရပါမယ် Root မရှိရင်အောက်ကအဆင့်တွေကို လုပ်လို့ရမည့်မဟုတ်ပါ။ကျွန်တော်အမြဲတမ်းသုံးတဲ့အကောင်းဆုံး Root ဖုန်းတော်တော်များများ Root ဖောက်ပေးနိုင်တဲ့ Root Apk သုံးခုပါတင်ပေးထားပါတယ်။ယူပြီးဖောက်ကြည့်လိုက်ပါ။Root ဖောက်ပြီးသားသူတွေကတော့ ကျော်သွားလိုက်ပါ။


Baidu Root v2.6.5.Apk

Iroot v2.1.0.Apk

Kingroot 3.5.0.Apk

စမ်းကြည့်ကြပေါ့နော် မရရင်တော့ မိမိဖုန်းနာမည်အလိုက် Root ဖောက်နည်းကို Google မှာအလွယ်တကူရှာနိုင်ပါတယ်။


ပြီးတော့မိမိတို့ဖုန်းမှာ လက်ရှိဇော်ဂျီဖောင့်သုံးနေရင်လည်း ခုပြောမယ့်အဆင့်ကို လုပ်ရပါမယ်။တကယ်လို့ဖုန်းက ဘာဖောင့်မှမသွင်းရသေးရင်တော့
ခုပြောမယ့်အဆင့်ကိုလည်း ကျော်သွားနိုင်ပါတယ်။


မိမိတို့ဖုန်းမှာ လက်ရှိဇော်ဂျီဖောင့်သုံးနေရင် ဖျက်ထုတ်ရပါမယ်။မဖျက်ရင် ယူနီကုဒ်ဖောင့်တွေနဲ့ အဆင်မပြေမှာစိုးလို့ပါ။ဖြတ်ထုတ်ရင်လည်းမခက်ပါဘူး လွယ်လွယ်လေးပါ။ Root တော့ဖောက်ထားရမယ်နော်။ဇော်ဂျီဖောင့်တွေကို ဖျက်ထုတ်ဖို့ Root Expolorer Apk လေးကိုအသုံးပြုရမှာပါ။အောက်ကပေးထားတဲ့လင့်ကနေအလွယ်တကူဒေါင်းယူနိုင်ပါတယ်။


Root Expolorer v3.2.Apk

ဒေါင်းပြီးရင် Install လုပ်လိုက်ပါ။ပြီးရင်ဖွင့်လိုက်ပါ။အောက်ကပုံအတိုင်းနှိပ်လိုက်ပါ။





Root Permission တောင်းပါလိမ့်မယ်။လက်ခံလိုက်ပါ။


ေေအောက်ကပုံအတိုင်း R/O ပြောင်းနေရင်ရပါပြီ။

ပြီးရင်အောက်ဘက်ကို ဆင်းသွားလိုက်ပါ။ System ဆိုတဲ့ဖိုဒါလေးကို ရှာလိုက်ပါ။အောက်ကပုံအတိုင်းတွေ့ရင်ဖွင့်လိုက်ပါ။




ပြီးရင် Fonts ဆိုတဲ့ဖိုဒါကိုရှာပါ။အောက်ကပုံအတိုင်းတွေ့ရင် ဖွင့်လိုက်ပါ။



ပြီးရင် ဇော်ဂျီဖောင့် ttf ကိုရှာပြီးဖျက်ရမှာပါ။ဒီနေရာမှာ ကိုယ်သုံးထားတဲ့ဖောင့်ချိန်းဂျားပေါ်မူတည်ပြီး ဖုန်းတစ်လုံးနဲ့တစ်လုံးဖျက်ရမယ့် ဇော်ဂျီဖောင့်တွေရဲ့နာမည်တွေမတူပါဘူး။အောက်ကပုံက ကျွန်တော်ဖုန်းမှာက MMSD Smart Zawgyi ဖောင့်ချိန်းဂျားကိုသုံးထားတာပါ။ဒါကြောင့် ဖျက်ရမယ့်ဖောင့် ttf က mmsdsmart.ttf ပါ။တခြားဖုန်းတွေမှာလည်း ဖောင့်နာမည်တွေမတူပေမယ့် ဇော်ဂျီဖောင့်ချိန်းဂျားတွေဖြစ်တဲ့အတွက် ဖျက်ရမယ့်ဖောင့်နာမည်တွေက
smartpro.ttf
zawgyi.ttf
smartzawgyi.ttf
mmsdsmart.ttf
zawgyione.ttf
တစ်ခုမဟုတ်တစ်ခုပါပဲ ရှာကြည့်ပါ။အပေါ်ကပြောတဲ့နာမည်တွေ တစ်ခုမဟုတ်တစ်ခုတွေ့ပါလိမ့်မယ်။
အပေါ်ကပြောခဲ့သလိုမတွေ့ခဲ့ရင်လည်း zawgyi ဆိုတဲ့နာမည်ပါတဲ့ ဖောင့် ttf ကိုဖျက်ရပါမယ်။မတွေ့ခဲ့ မရခဲ့
အဆင်မပြေရင် Facebook မှာကျွန်တော်ကိုလာမေးနိုင်ပါတယ်။
ကျွန်တော် Facebook က Khun Htetz Naing ပါ။ဒီကနေလည်းသွားရောက်နိုင်ပါတယ်။
တွေ့ရင်အောက်ကပုံအတိုင်း ဘေးကကွက်လပ်မှာ အမှန်ခြစ်ပေးပြီး အမှိုက်ပုံးပုံစံလေးကိုနှိပ်လိုက်ပါ။


ပြီးရင် အောက်ကပုံအတိုင်း Yes ပေးလိုက်ပါ။


ဒါဆိုရင်Ok ပါပြီ။အဲ့ကနေထွက်လို့ရပြီ။


Dragon Uni Font Installer ကိုဒေါင်းလိုက်ပါ။အောက်မှာလင့်ပေးထားပါတယ်။

Dragon Uni Font Installer <<>>Play Store ကနေဒေါင်းရန်

အဆင်ပြေမယ်ဆိုရင် Play Store ကနေပဲ ဒေါင်းယူပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။
Play Store အဆင်မပြေသူများကတော့ ​အောက်ကလင့်နေဒေါင်​းယူကြပါ။

Dragon Uni Font Installer <<>>Pcloud ကနေဒေါင်းရန်

ကဲ ဒေါင်းပြီးရင် Install လုပ်လိုုက်ပါ။

Dragon Uni Font Installer ကိုဖွင့်ပါ။
Check Root ကိုနှိပ်ပါ။

အောက်ကပုံလေးအတိုင်း Message တက်လာရင် Ok ပေးလိုက်ပါ။
ဒီနေရာမှာ တချို့ဖုုန်းတွေက BusyBox လိုအပ်ရင် လိုအပ်ကြောင်း Message တက်လာပါမယ်။
အောက်ကပုံလိုတက်လာရင်တော့ ဆက်လုပ်သွားပါ။BusyBox လိုအပ်ရင်တော့ သွင်းပေးရမှာပါ။
ဟိုအောက်ဆုံးကို ဆင်းကြည့်လိုက်ပါ။BusyBox Apk နဲ့ သွင်းနည်း ပြပေးထားပါတယ်။မလိုအပ်ရင်ဆက်လုပ်သွားပါ။


ပြီးရင် Install MmUni Font  ဆိုတဲ့စာတန်းကိုနှိပ်ပါ။


Root Permission တောင်းပါလိမ့်မည်။ လက်ခံပေးလိုက်ပါ။


အောက်ကပုံလေးအတိုင်း Message တက်လာရင် OK ကိုနှိပ်လိုက်ပါ။


  ဖုန်းကအော်တို Reboot ကျသွားပါလိမ့်မယ်။သူဟာသူ အော်တိုပိတ်သွားမှာပါ။ပိတ်ပြီးဖုန်းပြန်ဖွင့်လာရင်
 မြန်မာယူနီကုဒ်ဖောင့်လန်းနိုင်ပါပြီ။

အချို့ Android ဖုန်းသည် BusyBox လိုအပ်ပါသည်။ မလိုအပ်သောဖုန်းများကထည့်စရာမလိုပါ။ BusyBox ကိုလိုအပ်ပါက ဖောင့်ချိန်းသည့်အခါ လိုအပ်ကြောင်းပြောပါလိမ့်မည်။
လိုအပ်ရင် BusyBox ကိုပေးထားသောလင့်ကနေသွားရောက်ဒေါင်းယူပါ။

BusyBox <<>> Play Store ကနေဒေါင်းရန်

BusyBox <<>> Pcloud ကနေဒေါင်းရန်

ဒေါင်းပြီင်္းရင် BusyBox ကို Install လုပ်ပါ.ပြီးရင်ဖွင့်ပါ။


Root Permission တောင်းပါလိမ့်မည်။ လက်ခံပေးလိုက်ပါ။




Message တက်လာရင် အောက်ကပုံလိုနှိပ််လိုက်ပါ။


ပြီးရင် Install ခလုတ်ကိုနှိပ်ပါ။

အောက်ကပုံလို Message တက်လာရင် OK ပါပြီ။ပြထားတဲ့နေရာကိုပဲ နှိပ်လိုက်ပါ။

ပြီးရင် အပေါ်က Dragon Uni Font Installer ကိုပြန်သွင်းနိုင်ပါပြီ။
စာရိုက်ဖို့အတွက် မြန်မာယူနီကုဒ်ကီးဘုတ်ကိုတော့
MUA Keyboard-ဗေကီးဘုတ်
PaOh Language Keyboard
M3 Keyboard(Myanmar)

Play Store မှာ မိိမိကြိုက်နှစ်သက်ရာ ဒေါင်းယူပြီးရေးသားနိုင်ပါပြီ။
ပေးထားသောလင့်များကနေလည်းသွားရောက်ဒေါင်းယူနိုင်ပါတယ်။

MUA Keyboard-ေဗကီးဘုတ္ >>> Play Store ကနေဒေါင်းရန်
Play Store အဆင်မပြေသူတွေ အောက်ကလင့်ကနေဒေါင်းပါ

MUA Keyboard-ေဗကီးဘုတ္>>> Pcloud ကနေဒေါင်းရန်

PaOh Language Keyboard ကတော့ Anysoft Keyboard နဲ့တွဲသုံးရမှာပါ။တွဲမသုံးရင်မပေါ်ပါဘူး။

Anysoft Keyboard >>> Play Store ကနေဒေါင်းရန်
PaOh Language Keyboard >>> Play Store ကနေဒေါင်းရန်

Play Store အဆင်မပြေသူတွေ အောက်ကလင့်ကနေဒေါင်းပါ

Anysoft Keyboard >>> Pcloud ကနေဒေါင်းရန်
PaOh Language Keyboard >>> Pcloud ကနေဒေါင်းရန်




M3 Keyboard(Myanmar)  Play Store ကနေဒေါင်းရန်


Play Store အဆင်မပြေသူများ အောက်ကလင့်ကနေဒေါင်းပါ


M3 Keyboard(Myanmar) >>> Pcloud ကနေဒေါင်းရန်

ကီးဘုတ်သွင်းပြီး Setting>Language & Input> မှာ ကိုယ်သွင်းတဲ့ကီးဘုတ်အမှန်ခြစ်ပေးပြီး သွားရွေးလိုက်ပါ။ပြီးရင် Default နေရာမှာလည်းကိုသုံးမယ့်ကီးဘုတ်ကိုရွေးပေးလိုက်ပါ။
မလုပ်တတ်တဲ့သူတွေအောက်မှာပုံဆက်ကြည့်ပါ။ကျွန်တော် PaOh Language Keyboard ကိုလုပ်ပြထားပါတယ်။AnySoft Keyboard နဲ့ PaOh Language Keyboard နှစ်ခုစလုံး Install လုပ်လိုက်ပါ။
မိမိဖုန်းရဲ့ Setting ထဲကိုဝင်ပါ


Language & Input ထဲကိုဝင်ပါ

ပြီးရင် AnySoft Keyboard ကိုအမှန်ခြစ်ပေးပါ
ပြီးရင် Default ကိုနှိပ်ပါ
AnySoft Keyboard ကိုရွေးပေးပါ
ကဲပြီးပါပြီ
မြန်မာစာရေးနိုင်ဖတ်နိုင်ပါပြီ။
မြန်မာစာယူနီကုဒ်စာရိုက်စနစ်သည် ဇော်ဂျီနဲ့မတူပါ။
ဥပမာ မြို့ လို့စာရိုက်လိုလျှင် ဇော်ဂျီမှာက
ြ   ၊ မ ၊  ိ၊ ု ၊ ့ ၊ = မြို့ဟုရိုက်သည်။ ယူနီကုဒ်မှာက
မ ၊ ြ   ၊  ိ၊ ု ၊ ့ ၊ = မြို့ဟုရိုက်ရသည်။

မင်္ဂလာပါ = မ + င + ် + လ + ာ +ပ+ ါ

နေကောင်းလား= န+ေ+က + ေ + ာ +လ+ ာ + း

ကြောင်း = က + ြ + ေ +ာ + င် + း

မြှင့် = မ+ ြ + ှ+င+ ်+

ယခုဖောင့်ချိန်းနဲ့ပတ်သက်ပြီး လွတ်လပ်စွာမေးမြန်း အကြံပြုနိုင်ပါတယ်။
Khon Soe Zaw Thu

Khun Htetz Naing

သို့လာရောက်မေမြန်း အကြံပြုနိုင်ပါတယ်။

မြန်မာယူနီကုဒ်အသုံးပြုထားသော ဂရုများသို့ မိမိသိလိုသောအကြောင်းအရာများကို လာရောက်မေးမြန်းနိုင်ပါတယ်။
သိသမျှကိုလည်း ပြန်လည်မျှဝေနိုင်ပါတယ်။

MUA (Myanmar Unicode Area) >>>

MPUA (Myanmar PaOh Unicode Area) >>>


အားလုံးအဆင်ပြေပျော်ရွင်နိုင်ကြပါစေ

ခွန်ထက်နိုင် (ပအိုဝ် IT လူငယ်များ)

Myanmar PaOh Unicode Area နှင့် ပအိုဝ်း IT လူငယ်များ


အဆင်ပြေပါစေ

ခွန်ထက်နိုင် (ပအိုဝ်း IT လူငယ်များ)

ကျွန်တော်တို့ ပအိုဝ်း IT လူငယ်များ(Paoh IT Youth) ဘလော့နှင့် ပေ့စ်ကတင််သမျှကို offline ဖတ်ရူ့နိုင်အောင် app လေးတစ်ခုလုပ်ပြီး play store မှာတင်ထားပါတယ်။ဒေါင်းပေးကြပါဦးနော်။review လေးတွေဝင်ပေးကြပါဦး အားလုံးကို ကျေးဇူးတင်ပါတယ်။ပေးထားတဲ့လင့်ကနေသွားရောက်ဒေါင်းယူပေးကြပါနော်.......

https://play.google.com/store/apps/details?id=com.paoh.it.youth

တင်သမျှ Facebook ပေါ်ကဖတ်ဖို့ ပအိုဝ်း IT လူငယ်များပေ့စ်ကို Like လုပ်ထားပေးပါ။

Paoh Youth ပေ့စ်ကိုလည်း Like လုပ်ထားပေးပါ။

သထုံသားလေး-Android App များမျှဝေခြင်း မှာတင်ပေးနေပါတယ် Like လုပ်ထားပေးပါ။

ပါနည်းပညာအကြောင်းတွေမေးမြန်းဖြေဆိုမျှဝေကြဖို့ ပအိုဝ်း IT လူငယ်များ Group ကို Join ထားပေး။

တင်ချင်တာတင်ဖို့ ပအ်ိုဝ်းခွို Group ကို Join ထားပေးပါ။

Admin

ဒီဂျစ်တယ်ခေတ်တွင် နိုင်ငံတကာသုံး စံနှုန်းများအဆင့်မှီသော မြန်မာယူနီကုဒ်ကို သုံးစွဲခြင်းဖြင့် ဘာသာစကားများကို ထိန်းသိမ်းကာကွယ်ပါ။

2 comments:

  1. အဆင်​မ​ပြေဘူးဖြစစ်​​နေတယ်​ huawei h30 u10 မှာ zawgyi font ကိုဖျက်​လို့မရဘူး

    ReplyDelete
  2. အဆင်​မ​ပြေဘူးဖြစစ်​​နေတယ်​ huawei h30 u10 မှာ zawgyi font ကိုဖျက်​လို့မရဘူး

    ReplyDelete

 

Copyright @ 2014-2015 ပအိုဝ်း IT လူငယ်များ.

Designed by Templateism | Edited By Khun Htetz Naing | PaOh IT Youth