Sunday, February 22, 2015
Google Chrome သုံးစွဲသူတွေအတွက် အသုံးဝင်မယ့် အချက် (၁၀) ချက်
Google Chrome သုံးစွဲသူတွေအတွက် အသုံးဝင်မယ့် အချက် (၁၀) ချက်
============================================
Statcounter ရဲ့တွက်ချက်မှုအရ ၂၀၁၄ ခုနှစ်မှာအသုံးအများဆုံး Browser ဟာ Google Chrome ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ အမြန်နှုန်း၊ ရိုးရှင်းမှုနဲ့လုံခြုံရေး Feature တွေကြောင့်သုံးစွဲသူတွေများပြားလာခဲ့ရတာပါ။ ဒါ့အပြင်သင့်ရဲ့Chrome Browser ဟာ အင်တာနက်ဝက်ဆိုက်တွေကိုလည်ပတ်ဖို့ထက်ပိုပြီးအသုံးဝင်ပါသေးတယ်။ အခုသူ့ရဲ့စမတ်ကျတဲ့လုပ်ဆောင်ရည်တွေကိုဖော်ပြသွားမှာ ဖြစ်ပါတယ်။
01. Sign-in with multiple accounts
Google အကောင့်ခွဲတွေရှိတဲ့သူတွေအတွက် ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာအကောင့်၊ အလုပ်အတွက်အကောင့်စသဖြင့်ခွဲခြား ထားနိုင်ပါတယ်။ ဒါပေမယ့်အကောင့်တစ်ခုကိုသုံးချင်ရင် လက်ရှိအကောင့်ကို sign out လုပ်ပြီးမှသုံးရတာက အချိန်ကြာပြီး လက်ဝင်စေ တယ်။ Chrome ဟာဒီပြဿနာကိုဖြေရှင်းပေးနိုင်ပြီးတစ်ခုထက်ပိုတဲ့အကောင့်တွေတပြိုင်ထဲ sign in ပြုလုပ်ထားနိုင်တဲ့အတွက် Gmail နဲ့ Google Drive လိုဝန်ဆောင်မှုတွေကို တစ်ခုထက်ပိုတဲ့အကောင့်တွေနဲ့ switch လုပ်ပြီးအသုံးပြုနိုင်မှာပါ။
02. Install apps for use offline
Windows နဲ့ OS X ပလက်ဖောင်းတွေလိုပဲ Chrome browser မှာလဲသီးသန့် app တွေကို install လုပ်နိုင်တယ်။ တစ်ချို့က ရှိပြီးသားဝက်ဘ်ဆိုက်ကို Launch လုပ်ပေးသလို တစ်ချို့ကတော့ Chrome ပေါ်မှာသီးသန့်လုပ်ဆောင်တဲ့ app တွေဖြစ်တယ်။ App အရေအတွက်တိုးပွားလာတာနဲ့အမျှ Offline အသုံးပြုနိုင်တဲ့ Tools တွေပါပါဝင်လာတာကိုတွေ့ရမှာပါ။ Chrome Store ကနေ offline app တွေကိုသွင်းထားပြီး Desktop ပေါ်က Chrome app launcherသို့မဟုတ်Chrome browser ကနေအသုံးပြုနိုင်တယ်။ စိတ်ဝင်စား စရာဂိမ်းတွေကိုလဲ မြင်တွေ့ရမှာပါ။
03. Manage Chrome Processes
Chrome browser ကိုအသုံးပြုနေရင်းနဲ့ Shift + Esc ကိုနှိပ်လိုက်ရင် လက်ရှိ Chrome မှာ run နေတဲ့ process တွေရဲ့ စာရင်းကို ပြသပေးမှာဖြစ်ပြီး ဖွင့်ထားတဲ့ Tabs, extensions နဲ့ app တွေအပါအဝင်ဖြစ်ပါတယ်။ process တစ်ခုစီရဲ့ memory, CPU, Network usage တွေကိုလဲပြသထားမှာပါ။ လေးလံနှေးကွေးနေတယ်လို့ခံစားရရင် Chrome task manager ရဲ့အောက်မှာပါတဲ့ button ကနေပိတ်ပစ်နိုင်ပါတယ်။
04. Use Chrome as a notepad
ဒီတစ်ခုကတော့ Chrome တွက်သီးသန့်မဟုတ်ပဲအခြား HTML-5 ရနိုင်တဲ့ browser တွေမှာလဲသုံးနိုင်တယ်။ အသုံးဝင်တဲ့ feature တစ်ခုဖြစ်ပြီး ကိုယ့်ရဲ့ browser ကို notepad တစ်ခုလိုစာရေးသားနိုင်စေတယ်။
တခြား style နဲ့ feature တွေလဲရှိပြီးသင့်ရဲ့စိတ်ကြိုက် search engine ထဲမှာ “contenteditable” နဲ့ “notepads” လို့ရိုက်ပြီး ရှာဖွေနိုင်ပါတယ်။ ကိုယ်လိုချင်တဲ့ပုံစံနဲ့တစ်ခုကိုတွေ့တာနဲ့ page ကို bookmark ထားပြီး chrome ကိုစွန့်ခွာစရာမလိုပဲနဲ့ notepad တစ်ခုအမြန်ဖွင့်နိုင်ပါတယ်။ ဒါဟာ ဖုန်းခေါ်ဆိုနေတုန်းအမြန်မှတ်သားထားဖို့လိုတဲ့အချိန် စတာတွေမှာအသုံးဝင်ပြီးမှတ်ထားတဲ့စာတွေကို HTML file အနေနဲ့ save ထားနိုင်ပြီး လိုတဲ့အချိန်မှာပြန်လည်ရယူနိုင်ပါတယ်။
05. Voice Search
စာရိုက်ဖို့ထက်စကားပြောဖို့ကိုပိုအားသန်တဲ့လူတွေအတွက်Chrome browser မှာအသံနဲ့ရှာဖွေနိုင်တဲ့Feature ပါဝင်ပါတယ်။ Voice Search ကိုသွားချင်ရင် Google Search စာမျက်နှာကိုသွားပြီး search box ရဲ့ထောင့်က မိုက်ကရိုဖုန်းပုံစံခလုတ်လေးကို နှိပ်လိုက်ရုံပါပဲ။ ထောက်ပံ့ပေးတဲ့ဘာသာစကားတွေအတွက် browser setting ကိုသွားပြီး OK Google search command ကို enable လုပ်ပါ။ ဒါဟာ Google search သို့မဟုတ် tab အသစ်တွေမှာ voice search ကိုချက်ချင်းထွက်ပေါ်လာစေတဲ့ အမိန့်စကားတစ်ခု ဖြစ်ပါတယ်။
Voice search အများစုဟာသုံးစွဲသူကို result စာရင်းကိုပြသလေ့ရှိပေမယ့် Chrome Browser ကတော့သင့်ရဲ့အဖြေကို ပြန်လည်ပြောဆိုမှာဖြစ်ပါတယ်။
06. Access another computer’s desktop
တကယ်လို့နေရာမတူတဲ့ကွန်ပြူတာတွေကို တပြိုင်ထဲအသုံးပြုနေတာ ဒါမှမဟုတ် နည်းပညာနဲ့သိပ်မကျွမ်းဝင်တဲ့လူကိုအမြဲ ကူညီနေရတာမျိုးဆိုရင်တော့ Remote Desktop Tool ဟာအလွန်အသုံးဝင်မှာပါ။ ၄င်းကသုံးစွဲသူကိုမတူညီတဲ့နေရာတစ်ခုက အခြား ကွန်ပြူတာတစ်လုံးကိုချိတ်ဆက်ပေးစေနိုင်သလို remote helper ကနေသင့်ရဲ့ကွန်ပြူတာကိုထိန်းချုပ်နိုင်စေတယ်။
Chrome Remote Desktop app ကိုထည့်သွင်းထားခြင်းဖြင့် Chrome Browser ကိုသုံးပြီးအခုလိုပြုလုပ်နိုင်မှာပါ။ ဒီ app ကို ကွန်ပြူတာနှစ်ခုလုံးမှာထည့်ထားရမှာဖြစ်ပြီး ကိုယ့်ရဲ့ Desktop ကိုသူများနဲ့ဝေမျှသုံးချင်တဲ့သူက share ခလုတ်ကိုနှိပ်ပြီး code တစ်ခု ရယူရမှာပါ။ ဒီကုဒ်နံပါတ်ကနေသူတို့ရဲ့ကွန်ပြူတာကို ကူညီမယ့်လူက ဝင်ရောက်နိုင်မှာဖြစ်ပါတယ်။ သင့်ရဲ့ကိုယ်ပိုင်ကွန်ပြူတာတွေကို app ထဲမှာထည့်ထားနိုင်ပြီး code နံပါတ်မလိုပဲနဲ့လဲ access လုပ်နိုင်မှာဖြစ်ပါတယ်။
07. Search specific sites from the Omnibar
Chrome Browser ရဲ့Omnibar ကနေဝက်ဆိုက်တွေကိုရှာဖွေနိုင်တယ်။ Chrome ရဲ့ Address bar သို့ Omnibar မှာ ရှာဖွေလိုတဲ့အရာကိုတိုက်ရိုက် Type ပြီးရှာဖွေနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Gmail ထဲမှာရှိတဲ့အီးမေးလ်တစ်စောင် ဒါမှမဟုတ် Google Drive ထဲကဖိုင်တစ်ခုစတာတွေကိုလဲအလားတူရှာဖွေနိုင်မှာဖြစ်ပါတယ်။ settings ထဲက Search heading ထဲမှာ Manage search engines ကိုရွေးချယ်ပါ။ အဲ့ဒီ Chrome နဲ့ရင်းနှီးပြီးဖြစ်တဲ့ search engine တွေကိုတွေ့ရမှာဖြစ်ပြီး ရှိပြီးသားကို edit လုပ်နိုင်သလို အသစ်တစ်ခုကိုလဲ add နိုင်ပါတယ်။
Entry တစ်ခုလုပ်ဖို့ဆိုရင် ရှိပြီးသားဝက်ဆိုက်ရဲ့ keyword ကိုရိုးရှင်းစွာပြောင်းလဲပြီး Trigger လုပ်နိုင်သလို မရှိသေးရင်တော့ ဆိုက်ရဲ့နာမည်နဲ့ URL ကိုထည့်ထားရမှာပါ။ ပြီးတာနဲ့ရွေးချယ်ထားတဲ့ keyword ကို Omnibar မှာရိုက်ပြီး Tab ကီးကိုနှိပ်လိုက်ရင် noti တစ်ခုပေါ်လာမှာပါ။
08. Generate new passwords on sign-up pages
Chrome browser ဟာဝန်ဆောင်မှုအသစ်တွေအတွက် passwords တွေကို generate လုပ်ပေးနိုင်ပါတယ်။ ဝက်ဆိုက်တစ်ခုစီ အတွက် စကားဝှက်အသစ်အသုံးပြုဖို့စဉ်းစားနေရပါသလား။ Chrome ကသင့်အတွက်စဉ်းစားပေးမှာပါ။ ဒါဟာလက်ရှိစမ်းသပ်ဆဲ feature တစ်ခုဖြစ်ပြီးဒါကို activate လုပ်ဖို့အတွက် address bar ထဲမှာ about:flags ဆိုတာကိုရိုက်ထည့်ပါ။ option ထဲမှာ “Enable password generation” ကိုရွေးချယ်ပြီးရင် chrome browser ကို restart လုပ်လိုက်ပါ။
ပြီးသွားတာနဲ့ Chrome browser ဟာ သင်အသုံးပြုလိုတဲ့ ဝက်ဆိုက်တိုင်းရဲ့account creation page တွေကိုသိရှိမှတ်သား ထားနိုင်ပြီ ဖြစ်ပါတယ်။ သင်ဟာ Register form ကိုပုံမှန်အတိုင်းအချက်အလက်တွေဖြည့်ပါ။ ပြီးရင် choose password box ကို click လိုက်ရုံပါပဲ။ noti အသေးလေးတစ်ခုဟာ သင့်အတွက်အကြံပေးထားတဲ့ password တစ်ခုနဲ့အတူပေါ်လာမှာဖြစ်ပြီး အဲ့ဒါကိုသုံးမလား၊ ကိုယ်ပိုင်နောက်တစ်ခုလုပ်မလားဆိုတာကိုလဲရွေးချယ်နိုင်ပါတယ်။
09. View a website as a mobile device
Chrome browser ဟာသုံးစွဲသူတွေကို ဝက်ဆိုက်တစ်ခုရဲ့မိုဘိုင်းဗားရှင်းကိုပါကြည့်ရှုနိုင်စေပါတယ်။ ဒါဟာ web developer တွေအတွက် အသုံးဝင်တဲ့အချက်တစ်ခုဖြစ်ပြီး အသုံးပြုဖို့အတွက်ဆိုရင် F12 ကိုနှိပ်ပြီး browser ရဲ့ developer tool ကိုသွားဖို့ လိုအပ် ပါတယ်။ Loading ပြီးတာနဲ့ ဖုန်းပုံစံ Icon လေးကို click နှိပ်ပြီး drop-down menu ကနေ device-type ကိုရွေးချယ်လိုက်ပါ။
10. Pin tabs to the browser
သင်တစ်ချိန်လုံးဖွင့်ထားချင်တဲ့ဝက်ဘ်ဆိုက်တွေရှိနေမယ်ဆိုရင် ၄င်းတို့ကိုအခါခါ address bar ထဲမှာရိုက်ထည့်နေရမယ့် ပြဿနာကို Chrome ကဖြေရှင်းပေးနိုင်တယ်။ browser မှာ Pin လုပ်ထားချင်တဲ့ tab ကို right-click နှိပ်ပြီးရွေးချယ်ရမှာပါ။
Tab ရဲ့အရွယ်အစားဟာအလွန်သေးငယ်သွားမှာဖြစ်ပြီး tab တွေအားလုံးရဲ့ဘယ်ဘက်ထောင့်ဆုံးကိုရောက်သွားမှာပါ။ tab တွေကိုပြန်ပိတ်ဖို့ဆိုရင် browser ကို restart လုပ်ပြီးရင်တောင်မှ အဲ့ဒီ tab ကိုပြန်ဖွင့်ပြီးမှပိတ်နိုင်မှာပါ။ tab ကို right-click နှိပ်ပြီးတော့ လဲ unpin လုပ်နိုင်ပါတယ်။
Credit : Mobile Informer
Friday, February 20, 2015
Adf.ly ခံထားတဲ့လင့်တွေကို အလွယ်တတကူ ဒေါင်းယူနည်း
'အင်တာနက်သုံးသူတိုင်းဖတ်စေချင်ပါတယ်'
-----------------------------------------------------------------------------------------------------------------------------------------------------------------
   ကျွန်တော်တို့တတွေ အင်တာနက်မှာ သီချင်းတွေ ဆော့ဝဲတွေ Apk တွေနေ့စဉ်ဒေါင်းယူနေကြတယ်။
ဖိုင်တွေတင်တဲ့သူတွေလည်း Dropbox တို့ Pcloud တို့ Mediafire စတဲ့ Free Hosting တွေနဲ့တင်ကြပါတယ်။
ပြီးတော့လင့်တွေပြန်ချပေးကြပါတယ်။ဒီတိုင်းလင့်ပြန်ချပေးတော့ ဒေါင်းယူတဲ့သူတွေကအလွယ်တကူဒေါင်းယူနိုင်ကြပါတယ်။
ခုကျွန်တော်ပြောပြမှာက adf.ly ခံပြီးတင်တဲ့ဖိုင်တွေကို ဒေါင်းယူနည်းပါ။
adf.ly ခံထားတဲ့လင့်တွေက ဒေါင်းရတာ ခက်လို့လည်း မဟုတ်ပါဘူး။တော်တော်များများဒေါင်းတတ်ကြပါတယ်။
ဒါပေမယ့် ခုမှအင်တာနက်စသုံးတဲ့သူတွေအတွက်တော့ အခက်ခဲရှိပါတယ်။
ဒါကလည်း ခုမှအစမို့ မသိကြသေးတာပါ။
ကျွန်တော် အင်တာနက်စသုံးတုန်းကလည်း ဒီလိုပါပဲ မဒေါင်းတတ်ဘူး။
adf.ly ဆိုတာက ကြော်ငြာတစ်မျိုးပါ။
ဖိုင်တင်တဲ့သူတွေက adf.ly ခံပြီးတင်ရင် လာဒေါင်းတဲ့သူတွေက အဲ့ကြော်ငြာလင့်ကို နှိပ်ရင်
ဖိုင်တင်တဲ့သူက ပိုက်ဆံရတယ်ဗျ။အများကြီးလားဆိုတော့ မဟုတ်ပါဘူး။
မဖြစ်စလောက်လေးပါ။ဒါပေမယ့် လာဒေါင်းကြတဲ့သူတွေအပေါ်လည်း မူတည်ပါတယ် လာဒေါင်းတဲ့သူများရင် များသလို ပိုက်ဆံရတာပေါ့။အင်တာနက်ဖိုးလေး ကာမိလေမလား ဆိုတဲ့အတွေးနဲ့ပေါ့။ကျွန်တော်တင်သမျှတွေ adf.ly ခံထားတယ်ဗျ။
ကျွန်တော်တစ်ယောက်တည်းလား ဆိုတော့မဟုတ်ပါဘူး။
တော်တော်များသုံးကြပါတယ်။အောက်မှာ ဘယ်လိုဒေါင်းရမလဲဆိုတာပုံနဲ့ပြပေးထားပါတယ်။
မခက်ပါဘူး ၆စက္ကန့်လောက်ပဲ ကြည့်ပေးရတာပါ။
ပြီးရင် skip ad နှိပ်လိုက်ရင် ဒေါင်းဖို့ဆိုဒ်ကိုရောက်ပါပြီ။
ကိုယ်ဒေါင်းချင်တာဒေါင်းလို့ရပါပြီ။
အားလုံးအဆင်ပြေနိုင်ကြပါစေ
Page
==========
ပအိုဝ်း IT လူငယ်များ
Blog
==========
ပအိုဝ်း IT လူငယ်များ
PaOh Dragon App
Groups
============
Myanmar Unicode Area
Myanmar PaOh Unicode Area
ပအိုဝ်း IT လူငယ်များ
 အားလုံးအဆင်ပြေပျော်ရွင်နိုင်ကြပါစေ  
                                     ပအိုဝ်း ITလူငယ်များ
Sunday, February 15, 2015
Android ဖုန်းတွေအတွက် Android Recycle Bin Pro v_1.5 အမှိုက်ပုံး
Pcloud ကနေဒေါင်းရန်
Dropbox ကနေဒေါင်းရန်
တင်ချင်တာတင်ဖို့ ပအိုဝ်းခွို Group ကို Join ထားပေးပါ။
-----------------------------------------------------------------------------------------------------------------------
For Unicode User
============
Android ဖုန်းတွေအတွက် Android Recycle Bin Pro v_1.5 ကိုတင်ပေးလိုက်ပါတယ်။
ဒီကောင်လေးကို မိမိဖုန်းထဲမှာ Install လုပ်ထားရုံနဲ့ မှားဖြတ်မိလိုက်တာတွေကို ပြန်ယူလို့ရနိုင်ပါတယ်။Play Store မှာ ထိုင်းဘတ် ၆၀ ကျော်နဲ့ရောင်းနေပါတယ်။ပအိုဝ်း IT လူငယ်များ မှာတော့ Free ပေါ့။
ဒီကောင်လေးက အမိုှက်ပုံးပုံစံလေးပေါ့ ပစ်လိုက်သမျှ အဲ့ထဲအကုန်ပုံ ထားပေးတယ်။ပြန်ယူချင်ရင် အမိုှက်ပုံးထဲ ပြန်ရှာယူပေါ့။ကျွန်တော်တို့ ကွန်ပျူ တာ Recycle Bin လိုပါပဲ။သုံးရတာလည်း အရမ်းလွယ်ပါတယ်။လွယ်လွန်းလို့ ပုံနဲ့မပြတော့ဘူးနော်။ကိုယ်တိုင်ပဲ ကလိကြပေတော့။apk လေးထဲဝင် ကိုယ်ပြန်ယူချင်တာကို အမှန်ခြစ်တပ် ပြီးရင် Restore ကိုနှိပ် ရပါပြီ သူနေရာ သူုပြန်ရောက်နေပါပြီ။ဒါပေမယ့် ဒီကောင်လေးက သူ့ကို Install လုပ်ပြီးမှ ဖြတ်လိုက်တဲ့ဟာတွေကိုပဲ ပြန်ယူလို့ရန်ိုင်မှာပါ။ဟိုအရင် သူမရှိတဲ့အချိန်က ဖြတ်မိသမျှကိုတော့ ပြန်ယူလို့ရန်ုိင်မှာ မဟုတ်ပါဘူး။အမှိုက်ပုံးပုံစံပါ အမိုှက်ပုံးရှိမှ အမိုှက်ပုံးထဲ ပစ်ထည့်တာလေ အမှိုက်ပုံးထဲက ဟာကိုုပဲ ပြန်ယူလို့ရမှာ။ဖိုင်ဆိုဒ်ကလည်း 6 MB ကျော်ပဲရှိပါတယ်။အာက်မှာလင့်သုံးခုနဲ့တင်ပေးထားပါတယ် ကြိုက်တဲ့လင့်ကနေ ဒေါင်းပါအားလုံးတုူတူပါပဲ
Pcloud ကနေဒေါင်းရန်
Mediafire ကနေဒေါင်းရန်
Dropbox ကနေဒေါင်းရန်
အားလုံးအဆင်ပြေနု်ိင်ကြပါစေ
ခွန်ထက်နိုင် (ပအိုဝ်း IT လူငယ်များ)
 တင်သမျှ Facebook ပေါ်ကဖတ်ဖို့ ပအိုဝ်း IT လူငယ်များပေ့စ်ကို Like လုပ်ထားပေးပါ။
နည်းပညာအကြောင်းတွေမေးမြန်းဖြေဆိုမျှဝေကြဖို့ Group ကို Join ထားပေးပါ။
တင်ချင်တာတင်ဖို့ ပအ်ိုဝ်းခွို Group ကို Join ထားပေးပါ။
Saturday, February 14, 2015
Wednesday, February 11, 2015
ချစ်သူများနေ့အတွက် Apk လက်ဆောင်ပြုလုပ်နည်း (Happy Valentines Day v-3.3 .apk)
Pcloud ကနေဒေါင်းရန်
Dropbox ကနေဒေါင်းရန်
Pcloud ကနေဒေါင်းရန်
Dropbox ကနေဒေါင်းရန်
 Pcloud ကနေဒေါင်းရန်
Dropbox ကနေဒေါင်းရန်
Pcloud ကနေဒေါင်းရန်
Dropbox ကနေဒေါင်းရန်
           ခွန်ထက်နိုင်
----------------------------------------------------------------------------------------------------------------------
For Unicode User
===============
                         ချစ်သူများနေ့ရောက်တော့မယ်ဆိုတော့ လက်ဆောင်ပေးဖို့ စိတ်ညစ်နေသလား?
ချစ်သူများနေ့မှာ ကိုယ်ချစ်သူအတွက် ကိုယ်တိုင် Apk လေးလုပ်ပြီး မပေးချင်ကြဘူးလား?
လုပ်မယ်နည်းကလွယ်လွယ်လေးပါ ကုဒ်တွေဘာတွေရေးစရာမလိုပါဘူး။
     Happy Valentines Day ဆိုတဲ့ Apk လေးကို အသုံးပြုပြီးလုပ်ရမှာပါ။ဒီ Apk လေးနဲ့ မိမိချစ်သူ သူငယ်ချင်းများအတွက် မွေးနေ့လက်ဆောင်ဖြစ်ဖြစ် ချစ်သူများနေ့လက်ဆောင်ဖြစ်ဖြစ် မိမိကိုယ်တိုင်ပြုလုပ်ပြီး ပေးနိုင်ပါတယ်။
အသုံးပြုနည်းကလည်း လွယ်လွယ်လေးပါ။အောက်မှာလုပ်နည်းကို ပုံလေးတွေနဲ့လုပ်ပြထားပါတယ်။ အထဲမှာ မိမိချစ်သူပုံ သူငယ်ချင်းပုံဖြစ်ဖြစ် မိမိကြိုက်တဲ့ပုံအားလုံးထည့်ပြီးလုပ်နိုင်ပါတယ်။ပြီးတော့ မိမိကြိုက်တဲ့ သီချင်း ထည့်သွင်းအသုံးပြုလို့ရပါတယ်။ကဲပြောနေတာကြာပါတယ် အောက်မှာဒေါင်းပြီး ကလိပေတော့။ခုကျွန်တော်က  Apk လေးပြုလုပ်မယ်ပုံလေးလုပ်ပြလိုက်ပါတယ်။ကိုယ်တိုင်ပဲကလိရင်လည်းရပါတယ်။လုပ်တတ်တဲ့သူတွေကတော့ ဒေါင်းပြီးကိုယ်တိုင်ပဲ လုပ်ကြပေါ့။မလုပ်တတ်တဲ့သူတွေကတော့ အောက်မှာပုံလေးတွေနဲ့ ကြည့်လုပ်ကြပါ။အောက်မှာကြိုက်တဲ့လင့်ကဒေါင်းပါ
Pcloud ကနေဒေါင်းရန်
Mediafire ကနေဒေါင်းရန်
Dropbox ကနေဒေါင်းရန်
ပြီးတော့ Apk မှာအသုံးပြုဖိုပုံတစ်ချို့နဲ့သီချင်းနှစ်ပုဒ်ပါတင်ပေးလိုက်ပါတယ်။အရင်ဦးဆုံးပုံကိုအရင်ဒေါင်းပါ။ပုံ 9 ပုံပါ
လိုချင်အောက်မှာ ယူသွားပါဖိုဒါလိုက်တင်ပေးထားပါတယ်။
 အောက်ပုံလေးအတိုင်းပါ။ကြိုက်တဲ့လင့်ကဒေါင်းပါ
Pcloud ကနေဒေါင်းရန်
Mediafire ကနေဒေါင်းရန်
Dropbox ကနေဒေါင်းရန်
ပုံတွေဒေါင်းပြီးသွားရင် သီချင်းလိုချင်ရင်ဒေါင်းသွားပါ။ချစ်သူများနေ့မှာ ပျော်ရွှင်ရမယ့်သူများအတွက် ဆိုတေး ရဲ့ အမှတ်တရနေ့။အောက်မှာကြိုက်တဲ့လင့်ကဒေါင်းပါ
 Pcloud ကနေဒေါင်းရန်
Mediafire ကနေဒေါင်းရန်
Dropbox ကနေဒေါင်းရန်
ချစ်သူများနေ့မှာ လွမ်းနေရမယ့်သူတွေအတွက် ပြည့်ဖြိုး၊အာဒဏ်၊လမင်းတို့ရဲ့ မင်းနဲ့ Valentines  သီချင်းပါ။အရမ်းမိုက်တယ် နာမည်သာမကြီးတာပါ။ကျွန်တော်ကတော့ဘဝတူနေတော့ အရမ်းကြိုက်တယ်။အောက်မှာကြိုက်တဲ့လင့်ကဒေါင်းယူပါ
Pcloud ကနေဒေါင်းရန်
Mediafire ကနေဒေါင်းရန်
Dropbox ကနေဒေါင်းရန်
အားလုံးစုံပြီဆို စကြမယ်
ကဲအားလုံးအဆင်ပြေနိုင်ကြပါစေ
         ခွန်ထက်နိုင်
Happy Valentines Day v-3.3 .apk ကိုဖြင့္လိုက္ပါ
ပေါ်လာတဲ့စာကြောင်းနှစ်ကြောင်းထဲမှာ အပေါ်ကြောင်းကို မိမိနာမည်နဲ့ အောက်ကြောင်းကို မိမိချစ်သူနာမည်ရိုက်ထည့်လိုက်ပါ။အောက်ကပုံအတိုင်း
ရေးပြီးရင် Save ကိုနှိပ်ပါ။အောက်ကပုံအတိုင်း
မိမိနှစ်သက်တဲ့ပုံတွေထည့်သွင်းရန်အောက်ကပုံလိုနှိပ်ပါ
အောက်ကပုံအတိုင်းဆက်နှိပ်ပါ
 နှိပ်ပြီးမိမိနှစ်သက်ရာပုံ တစ်ပုံရွေးလိုက်ပါ
ရွေးပြီးရင် Save ကိုနှိပ်ပါ
ပုံထည့်သွင်းပြီးသွားရင်အောက်ကပုံကို အမှန်ခြစ်လေးပြနေပါလိမ့်မယ်။ပုံ ၈ ပုံထည့်သွင်းပေးရမှာဖြစ်ပါတယ် ကျန် ၇ ပုံကို စောနအတိုင်းထည့်လိုက်ပါ။
အားလုံးပြီးသွားရင် ၈ ပုံစလုံးအမှန်ခြစ်ပြနေပါလိမ့်မယ်။အောက်ကပုံအတိုင်း Save ကိုနှိပ်လို့ရပါပြီ
ပြီးသွားရင် မိမိကြိုက်တဲ့သီချင်းထည့်သွင်းဖို့ အောက်ကပုံမှာပြထားတဲ့အတိုင်းနှိပ်ပါ
ပြီးရင်မိမိကြိုက်တဲ့ သီချင်းတစ်ပုဒ်ရွေးထည့်လိုက်ပါ။ရွေးပြီးရင် Ok ကိုနှိပ်ပါ
ပြီးရင် Save နှိပ်ပါ
ပြီးရင် Done ကိုနှိပ်ပါ။အားလုံးပြီးသွားပါပြီ။
မိမိတို့လုပ်ထားတဲ့ Apk ဘယ်မှာရှိလဲဆိုတော့ မိမိတို့သက်ဆိုင်ရာ
Filemanager ထဲကိုဝင်ပါ ပြီးရင် HappyValentinesDay ဆိုတဲ့ဖိုဒါလေးကိုရှာပါ။အောက်ကပုံအတိုင်း တွေ့ရင်ဖွင့်လိုက်ပါ
အထဲမှာ စောနကမိမိတို့ ပြုလုပ်ထားတဲ့ Apk ရောက်ရှိနေပါပြီ။ဖွင့်ပြီး Install လုပ်လို့ရပါပြီ။
ပြီးရင်ဖွင့်လိုက်ပါ အရမ်းလန်းပါတယ်။
        အားလုံးပဲ အဆင်ပြေပျော်ရွှင်နိုင်ကြပါစေ
တင်ချင်တာတင်ဖို့ ပအိုဝ်းခွို Group ကို Join ထားပေးပါ
zinyaw17 ပအိုဝ်း IT လူငယ်များဘလော့မှ နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ်
နှစ်သစ် ၂၀၁၅ မှ မိတ်ဆွေသူငယ်ချင်းများ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကျန်းမာနိုင်ကြပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ.....:)  :)
Tuesday, February 10, 2015
MPT ဖုန်းဖြင့် Facebook ဖုန်း lock ကျတာဖြေနိုင်ပြီ
မင်္ဂလာပါ ခင်ဗျာ. . .
Mpt သုံးတဲ့သူတွေ မိမီ Facebook phone Lock ကျရင်
Mpt နဲ့ lock ဖြေလို့ရပြီ
ကျွ န်တော် တောင် ဒီpost တင်နေတဲ့ နေ့ မှ သိတာ
Mpt နဲ့အရင်က ဖုန်းလော့ကျရင် ဖြေလို့မရဘူး သိမယ်ထင်ပါတယ်
phone နံပါတ်ထည့်ခိုင်းပြီး sending me text နဲ့ဆို 
fb က confirmation code မပေးပါဘူး
အခုတော့ ချက်ချင်းကို ပြန်ပို့ပါတယ် ခင်ဗျာ. . 
facebook account ဖွင့်ဖွင့်ချင်း လော့ကျနေသူများ
အဆင်ပြေပါပြီ. . .
အဆင်ပြေပါစေ ခင်ဗျာ. . .
Admin--khunmyowai
zinyaw17 ပအိုဝ်း IT လူငယ်များဘလော့မှ နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ်
နှစ်သစ် ၂၀၁၅ မှ မိတ်ဆွေသူငယ်ချင်းများ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကျန်းမာနိုင်ကြပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ.....:)  :)
Monday, February 9, 2015
မြန်မာနိုင်ငံက Opreator အားလုံးအတွက် Easy Top Up v 1.0 (For Android)
မင်္ဂလာပါဗျား.....
မြန်မာနိုင်ငံမှာ ဆက်သွယ်ရေး အော်ပရေတာတွေပေါလာသလို
သက်ဆိုင်ရာ App များလည်း ထွက်ပေါ်လာပါတယ်
အခု ပေးမယ့် App လေးကတော့ ဆက်သွယ်ရေး အော်ပရေတာ အားလုံးအတွက်
အစုံလင်ဆုံး App လေးဖြစ်ပါတယ်
Easy Top Up v 1.0 ကို Smart zawgyi font ကိုရေးသားတဲ့
ကိုကျော်စွာသွင် က ထုတ်လုပ်ပေးထားပါတယ်...။
                                                   Download Here 
Credit ကိုကျော်စွာသွင်
အဆင်​​ပြေပါ​စေဗျား......
Posted by သထုံသား​လေး
Sunday, February 8, 2015
Unicode Myanmar Fonts & Keyboards
မင်္ဂလာပါဗျား......
                              ယူနီကုဒ်​အသုံးပြုလိုသူများအတွက် ယူနီကုဒ်​​ဖောင့်​နှင့်
                                        ကီးဘုတ်​​တွေမျှ​ဝေလိုက်​ပါတယ်​ဗျား.....
                                  အသုံးပြုလိုလျှင်​​အောက်​မှာ ​ဒေါင်းယူပါခင်​ဗျ....
                                        Unicode Myanmar Fonts
                                                    Myanmar 3 
                              NotoSansMyanmar-Regular(ifont) 
                                    Myanmar PaOh One(ifont) 
                                                 Padauk(ifont) 
                                 Unicode Myanmar Keyboards
                                                  Burmese Uni 
                                                   Myanmar 3 
                             Myanmar Unicode Area Keyboard 
                            Myanmar PaOh Keyboard(Zg & Uni) 
                                         Bagan Keyboard v.4.4 
# အသုံးပြုနည်း #
မိမိနှစ်​သက်​ရာ ယူနီ​ဖောင့်​ကို ​ဒေါင်းယူပါ။
ဖုန်းတွင်းသို့ install ပြုလုပ်​ပါ။
ပြီးလျှင်​ Settings >>> Display >>> Font Style
Font Style ထဲမှာ Install ပြုလုပ်​ထား​သော Uni Font ကို ​ရွေး​ပေးလိုက်​ပါ။
မိမိနှစ်​သက်​ရာ ကီးဘုတ်​ကို ​ဒေါင်းယူပါ။
ဖုန်းတွင်းသို့ Install ပြုလုပ်​ပါ။
ပြီးလျှင်​ Settings >>> Language & Input
Install ပြုလုပ်​ထား​သော ကီးဘုတ်​ကို အမှတ်​ခြစ်​​ပေးပါ။
Keyboard and input methods မှာ ကီးဘုတ်​​ရွေး​ပေးလိုက်​ပါ။
အဆင်​​ပြေပါ​စေဗျား....။
Posted by သထုံသား​လေး
Saturday, February 7, 2015
မိမိရုပ်ချောလား ဆိုးလား သိချင်တဲ့ ကိုကိုမမတွေအတွက် စစ်ဆေးဖို့ Ugly Meter v-1.0.4 မြန်မာဗားရှင်း
Pcloud ကနေဒေါင်းရန်
Dropbox ကနေဒေါင်းရန်
For Unocode User
===============
        မိမိရုပ်ချောလား ဆိုးလား သိချင်တဲ့ ကိုကိုမမတွေအတွက် စစ်ဆေးဖို့ Ugly Meter v-1.0.4 ဆိုတဲ့ Camera Apk အလန်းလေးတစ်ခုတင်ပေးလိုက်ပါတယ်။
    တော်တော်မိုက်တယ်ဗျ...အသုံးပြုပုံကတော့ အရမ်းကိုလွယ်ပါတယ်။အောက်မှာ ပုံလေးတွေနဲ့နည်းနည်း ဆရာလုပ်ထားတယ်နော်...ခိခိ ။Screenshot ရိုက်ထားတာလေးတော့ အောက်မှာပြထားပေးပါတယ်။
လင့်သုးခုနဲ့တင်ပေးထားတယ်နော် ကြိုက်တဲ့လင့်ကနေဒေါင်းပေါ့
Mediafire ကနေဒေါင်းရန်
Pcloud ကနေဒေါင်းရန်
Dropbox ကနေဒေါင်းရန်
အားလုံးအဆင်ပြေနိုင်ကြပါစေ
 ခွန်ထက်နိုင် (ပအိုဝ်း IT လူငယ်များ)
ဒေါင်းလို့ရလာတဲ့ apk ကို install လုပ်ပြီးဖွင့် ကျားကိုစစ်မလို့ဆို ကျားပုံကိုရွေး
မကိုစစ်မယ်ဆို မပုံကိုရွေးပေါ့
ပြီးရင် ပုံရိုက်ပြီး အမှန်ခြစ်နှိပ်။အောက်ကလိုပေါ်လာလိမ့်မယ်
Ok နော်
တင်ချင်တာတင်ဖို့ ပအိုဝ်းခွို Group ကို Join ထားပေးပါ
ပအိုဝ်း IT လူငယ်များဘလော့မှ နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ်
နှစ်သစ် ၂၀၁၅ မှ မိတ်ဆွေသူငယ်ချင်းများ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကျန်းမာနိုင်ကြပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ.....:)  :)
Thursday, February 5, 2015
မိုဘိုင်းမှတဆင့်ဗီဒီယိုကြည့်ရှုမှုများလာသည်ကိုအသုံးချပြီးဖေ့ဘွတ်ပိုက်ဆံရှာတော့မယ်
Facebook ဟာ မနှစ်ကတည်းက Oculus နဲ့ WhatsAppသူ့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ပြီးတဲ့ နောက်မှာ ပိုက်ဆံရှာဖို့ ထပ်မံ ကြိုးစားလာပါတယ်။ ဒီနှစ်မှာလည်းသူ့ရဲ့ Facebook လူမှုကွန်ရက် ကိုမိုဘိုင်းကနေ တစ်ဆင့် ပိုက်ဆံရှာဖို့ ကြိုးစားလာပါတယ်။
၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ Facebook ဟာ ၃.၈၅ ဘီလီယံ ၀င်ငွေ ရရှိခဲ့ပါတယ်။ အဲဒီထဲကမှ ၃.၅၉ ဘီလီယံဟာ ကြော်ငြာကနေ ရခဲ့တာပါ။ ထိုကြော်ငြာဝင်ငွေ ရဲ့ ၆၉ ရာခိုင်နှုန်းဟာမိုဘိုင်း ads တွေက ရခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
Facebooဟာ အခုချိန်အထိ အအောင်မြင်ဆုံးလူမှု ကွန်ရက်တစ်ခုဖြစ်နေသေးတာကိုတော့ အံ့သြစရာမရှိပါဘူး။ တစ်လမှာ Facebook သုံးစွဲသူ ၁.၃၉ ဘီလီယံရှိပါတယ်။ ဒါဟာ မနှစ်ကထက် ၁၃ ရာခိုင်နှုန်းတိုးလာပါတယ်။ အဲဒီထဲကမှ ၁.၁၉ ဘီလီယံဟာမိုဘိုင်းဖုန်းကနေ သုံးစွဲခဲ့ကြတာဖြစ်ပါတယ်။
Facebook ဟာနေ့စဉ် သုံးစွဲသူ ၈၉၀ သန်းရှိနေသလို Facebook ရဲ့ အခြားအစိတ်အပိုင်းနဲ့ ဆက်စပ် ကွန်ရက်တွေဖြစ်တဲ့ Instagramမှာ သုံးစွဲသူသန်း ၃၀၀ ၊ Messenger ဟာ သုံးစွဲသူသန်း ၅၀၀ နဲ့ WhatsAppဟာ သုံးစွဲသူသန်း ၇၀၀ အထိရှိလာပါတယ်။
ဒါ့အပြင် Facebook ရဲ့တိုးတက်လာမှုတွေထဲမှာ ဗီဒီယိုတွေလည်း ပါလာပါပြီ။ Facebook ကို စတင်တည်ထောင်ခဲ့သူ Mark Zuckerbergရဲ့ ပြောကြားချက်အရတော့ Facebook မှာဗီဒီယို ကြည့်ရှုသူ တစ်န့ကို ၃ ဘီလီယံရှိတယ်လို့ ဆိုပါတယ်။ ထိုလူဦးရေရဲ့ ၆၅ ရာခိုင်နှုန်းဟာ မိုဘိုင်းလ် ဖုန်းတွေက တစ်ဆင့် ကြည့်ရှုနေကြတယ်လို့လည်း သိရပါတယ်။
ဒါကြောင့် Facebook ဟာသူ့ရဲ့ တိုးတက်မှုတွေကို ဗီဒီယိုတွေဘက် ကိုပြောင်းလဲဖို့ ကြိုးစားလာပြီး ဗီဒီယိုနဲ့ ကြော်ငြာတဲ့ စီးပွားရေးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ စတင်တော့မယ်လို့ ကုမ္ပဏီ အကြီးအကဲ တစ်ယောက်ဖြစ်တဲ့ Sheryl Sandberg က ဆိုထားပါတယ်။
Trend Myanmar
ပအိုဝ်း IT လူငယ်များဘလော့မှ နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ်
နှစ်သစ် ၂၀၁၅ မှ မိတ်ဆွေသူငယ်ချင်းများ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကျန်းမာနိုင်ကြပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ.....:)  :)
သင့်ကိုယ်ပိုင်ဖုန်းဖြင့်လည်းဓားစာခံဖြစ်သွားနိုင်
သင်ဟာ သင်ကိုယ်ပိုင်ဖုန်း အသုံးပြုနေလျှက်နဲ့ပဲ ဓားစာခံဖြစ်သွားနိုင်ပါတယ်။ ဆိုက်ဘာတိုက်ခိုက်မှုတွေဟာ သင့်ကို ဥပဒေနဲ့ ညှိစွန်းအောင် လုပ်မှာပါ။ သီချင်းတစ်ပုဒ် အသစ်ထွက်လို့ link တစ်ခုကို နှိပ်ကြည့်မိတာမျိုးကနေ အစပြုတာပါပဲ။ တစ်ခါက အမေရိကန်၊ Tennessee ပြည်နယ်က အသက်၁၂နှစ် အရွယ်ရှိ မိန်းကလေးတစ်ယောက်ဟာ သီချင်း link တစ်ခုကို နှိပ်မိရာကနေ သီချင်းပွင့်လာရမယ့်အစား အနှောင့်အယှက် ဆော့ဖ်ဝဲလ် တစ်ခုပွင့်လာပြီး ကလေးငယ်ညစ်ညမ်း ဗီဒီယိုတွေကို download လုပ်ပါတော့တယ်။ ဖုန်းဟာလည်း lock ကျသွားပြီး ဒေါ်လာ ၅၀၀ မပေးဘူးဆိုရင် FBI ကို သတင်းပို့တိုင်တန်းမယ်လို့ အကျပ်ကိုင်ပါတော့တယ်။ ဒါပေမဲ့ သူမကတော့ သက်ဆိုင်ရာကို အကြောင်းကြားခဲ့ပါတယ်။
ဒါကို Ransomware (အကျပ်ကိုင်ညွှန်ကြားချက်ပါ ဆော့ဖ်ဝဲလ်) လို့ခေါ်ပါတယ်။ သင်ပိုက်ဆံမပေးရင် သင့်ဒေတာတွေကို ဖျက်တဲ့ မူကွဲတွေလဲရှိပါတယ်။ ဒီ ransomeware တွေဟာ ဒေါ်လာ ၁၀၀ ကနေ ၆၀၀ အတွင်းတောင်းခံပြီး ရက်တစ်ရာအတွင်း ကန်ဒေါ်လာ သန်း ၃၀ နီးပါးရှာနေနိုင်ပါတယ်။ ဖုန်းအသုံးပြုသူ သန်း ၆၀မှာ ၄သန်းလောက်က ဒီအကျပ်ကိုင်မှုမျိုးကို ခံရတယ်လို့ သိရပါတယ်။ ဒါကြောင့် App ဒေါင်းမယ်ဆိုရင် Google Play Store နဲ့ Apple App Store ကလွဲရင် ဘယ်ဟာမှ စိတ်မချရပါဘူး။
Ref:CNet
Trend Myanmar
ပအိုဝ်း IT လူငယ်များဘလော့မှ နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ်
နှစ်သစ် ၂၀၁၅ မှ မိတ်ဆွေသူငယ်ချင်းများ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကျန်းမာနိုင်ကြပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ.....:)  :)
......MB ဆိုတာဘာလဲ....
                                                             မှတ်ချက်။    ။သည်ဆောင်းပါးသည် နည်းပညာမှာ ကျွမ်းကျင်သောသူများနှင့် နိုင်ငံခြားနေသောသူများအတွက်ရေးသားခြင်းမဟုတ်။ခုမှ ဖုန်းကဒ်တစ်ကဒ် ၁၅၀၀ နဲ့ ရသော မြန်မာနိုင်ငံတွင်နေသော ကျနောတို့လို တောသားများတွက် ရေးထားခြင်းဖြစ်ပါသည်။mb ဆိုတာ ဘာလဲလို့ ခနခနမေးခံရသောကြောင့် သိသလောက်လေးရေးလိုက်ခြင်းလည်းဖစ်ပါသည်။ထိုကြောင့်သင့်အနေဖြစ် မလိုအပ်ပါက အချိန်ကုန်ခံမဖတ်ပါနှင့်။……
           မြန်မာနိုင်ငံမှာ data unit နဲ့ ကျသလောက်ကောက်တဲ့ operators  တွေပေါ် လာပြီးဆိုတော့ အရင်က ကျွန်တော်တို့ရဲ့ အ၀ိုင်းလည်သိုင်းဆရာကြီး MPT ရဲ့ အချိန်ပိုင်းလိုက်ကောက်ခံတဲ့ စနစ်နဲ့ အသားကျလာတဲ့ ကျွန်တော်တို့ဟာ 1mb သုံးရင် ၆ကျပ်/၁၀ကျပ် ကျမယ်ဆိုတဲ့ operators သစ်တွေရဲ့ ကောက်ခံနည်းအသစ်မှာ 1mb ဆိုတာဘာလဲတဲ့….?.....ရူး…..တိုးတိုးလေးမေးပါဗျာ။အခြားနိုင်က  ကလေးတွေကြားရင် ဟာသဖြစ်နေပါ့မယ်။ဒီအရွယ်ရောက်တဲ့အထိ ဒီ 1mb ဆိုတာကြီးကို မသိတာကလည်း မိတ်ဆွေတို့ကျူပ်တို့ အပြစ်မဟုတ်ပါဘူး။နည်းပညာ တိုးတက်တက်ပြီး သတင်းတွေပေါက်ကြားသွားမှာ စိုးလို့ဖုန်းကဒ်၁ကဒ်ကို ၁၅သိန်း/သိန်း၂၀ လောက်ဈေးတင်ထားတဲ့ အစိုးရခေတ်မှာ အင်တာနက်ဆိုပိုဝေးပေါ့ဗျာ။ooh…no..no.. နိုင်ငံရေးတွေပါလာကုန်ပြီး….သံသရာရှည်တယ်။ကျွန်တော်တို့ 1mb အကြောင်းဘဲ ဆက်ပြောကြတာပေါ့။Telenor နဲ့ အင်တာနက်သုံးတာ တစ်မိနစ်တောင်မရှိသေးဘူး တစ်ရာကျော် ဖြတ်သွားတယ်။ပြောတော့ 1mb ၆ကျပ် တဲ့ဗျာ လုပ်ပါဦး။1mb ကဘာကိုပြောတာလဲ???...ဒီလိုမေးခွန်းတွေ မိတ်ဆွေ မြန်မာနိုင်ငံမှာ နေမယ်ဆိုရင် ကြားဖူးမှာပါ။2015 ရဲ့ Top Ten question မှာတောင်ထည့်လို့ရတယ်။okလေ အမေးရှိရင် အဖြေရှိမှာပါ။data ကို မြန်မာတိုက်ရိုက်ဘာသာပြန်ရင် အချက်အလက်လို့ အဓိပါယ်ရတယ်။data(အချက်အလက်)ကို ဥပမာအနေနဲ့ ပြမယ်ဆို ကျွန်တော်တို့ငယ်ငယ်က ဆော့တဲ့အိမ်ဆောက်တဲ့ခါသုံးတဲ့ ရောင်စုံကော်အပိုင်းအစ လေးတွေနဲ့တူတယ်။ ကျွန်တော်တို့ဟာ ကစားစရာအိမ်ပုံဆောက်တုန်းက ကော်အပိုင်းအစလေးတွေကို သုံးခဲ့သလို ခုအင်တာနက်မှာလည်း ဘာဘဲလုပ်လုပ် data (အချက်အလက်)တွေကို သုံးရပါတယ်။ကျွန်တော်တို့ ငယ်ငယ်တုန်းက ကော်အပိုင်းအစလေးတွေကို ကိုယ့်လုပ်တဲ့ပုံပေါ်မူတည်ပြီး အနည်းအများမတူညီခဲ့သလို ခုအင်တာနက်သုံးတဲ့ခါမှာလည်း အသုံးပြုတဲ့ပေါ်မူတည်ပြီး data(အချက်အလက်)အနည်းအများ မတူပါဘူး။ကော်အပိုင်းအစအနည်းအများကို ၁ခု၂ခုစသည်ဖြစ် ရေတွက်ခဲ့သလို ခုdata(အချက်အလက်)အနည်း အများကိုတော့ kb(ကီလိုဘိုက်) MB(မီဂါဘိုက်)စသည်ဖြင့် တိုင်းတာတွက်ချက်တာလေ။ ကိုယ်များများသုံးရင် data ပိုစားတော့ MBပိုတက်ပြီး ပိုက်ဆံပိုဖြတ်မှာပေါ့။ဟုတ်ပါပြီး….အချိန်နဲ့ဖြတ်တုန်းက ၁မိနစ် ၂/၄ကျပ် တိုင်းတာတော့  ဘယ်လောက်ကျပြီး ဘယ်လောက်ဖြတ်သွားတယ်ဆိုတာက လူတိုင်းထင်သာမြင်သာရှိပြီး နားလည်ပေမဲ့ ဒီလို MB နဲ့ကျတော့ ဘယ်လိုကြည့်ပြီး ဖြတ်တာလဲတဲ့။နည်းနည်းတော့ ခေါင်းစားမယ်နော်။ဒါပေမဲ့ ကျနော အတက်နိုင် ရှင်းပြပေးမှာပါ။နည်းနည်းလေးသာဂရုစိုက်ဖတ်ပေးပါ။(စာပြောတာနော်)….data unit ရဲ့ ပုံသေနည်းအရ  A ဆိုတဲ့အင်္ဂလိပ်စာလုံး 1024 ဟာ  1kb(1ကီလိုဘိုက်)နဲ့ ညီတယ်။1024kb(1024ကီလိုဘိုက်)ဟာ 1mb(1မီဂါဘိုက်) နဲ့ညီတယ်။ဒါကြောင့် viber မှာ အင်္ဂလိပ်စာလုံး 1024လုံး ကို အကြိမ်ပေါင်း 1024 ခါ ပို့လိုက်တဲ့အခါ ကျနော်တို့ data ပမာဏ 1mb သုံးတာနဲ့ တူတူပါဘဲ။ဒီလိုပါဘဲ…ကျနော်တို့အခြားသူထံမှ အင်္ဂလိပ်စာလုံး 1024လုံးကို အခါ1024 ခါ လက်ခံရရှိတဲ့အခါ မှာလဲ 1mb အသုံးပြုတာနဲ့တူပါတယ်။ဒါဆိုရင် 1mbကို သုံးလိုက်တဲ့ အတွက် ၆ကျပ်/၁၀ ဖြတ်ပြီးဗျာ။3MB လောက်        ရှိတဲ့ ပုံတစ်ပုံ (သို့) သီချင်းတစ်ပုဒ် ပို့မယ် ဒါမှ မဟုတ် လက်ခံ ရရှိမယ်ဆိုလည်း  3mb သုံးလိုက်တဲ့အတွက် 3mb စာ ဘေ ဖြတ် မှာပေါ့။အင်း…..ဒါဆိုသိပြီး 1mb ဆိုတာကိုတော့- ဒါပေမဲ့ ဘာလို့ ၁မိနစ်လေး fb ကြည့်လိုက်တာ ၁၆၀လောက်ကုန်တာကရော…????ဟုတ်ကဲ့ ဒါကဒီလိုရှိပါတယ်။မိတ်ဆွေရဲ့ ဖုန်း မှာ ထည့်ထားတဲ့ သတင်းစုံ ဆော့ဝဲက မိတ်ဆွေ မသိအောင်  auto သတင်းယူနေတာလေ။သတင်းမှာပါတဲ့ စာလုံးတွေ  သတင်းဓါတ်ပုံတွေပေါ်အောင် အင်တာနက်ပေါ်data တွေ ယူရတဲ့အတွက် mb တွေ အများ ကြီး ကုန်တော့ ခနလေးနဲ့ ဘေ အများကြီး ဖြတ်တာပေါ့။သတင်းဆော့ဝဲမှ မဟုတ်ပါဘူး။အင်တာနက် ကော်နရှင်လေး ရတာနဲ့ auto တန်းပြီး update လုပ်တဲ့  ဆော့ဝဲတွေလည်းရှိသေးတယ်လေးဗျာ။ကဲ 1mb အကြောင်းလဲ နားလည်ပြီး ဘာကြောင့် ဘေတအားဖြတ်တာလဲ သိလောက်ပြီးလို့ ယူဆလိုက်တော့မယ်နော်။ဒီတော့ ဘေကုန်နည်းအောင် ဘယ်ဘယ် လုပ်မှာလဲ။မေးခွန်းရှိခဲ့လို့ အဖြေထွက်ခဲ့သလို ပြသနာပေါ်လာတော့လည်း ဖြေရှင်းစရာနည်းလမ်းတစ်ခုခုတော့ ရှိမှာပေါ့။လွယ်ပါတယ် မိတ်ဆွေတို့ရဲ့ ဖုန်းထဲကို Data Usage Defender တို့လို့ ဆော့ဝဲတွေထဲပြီး ကိုယ်အသုံးပြုတဲ့ ဆော့ဝဲတွေလောက်ဘဲ network connection ဖွင့်ပေးထားခြင်းဖစ် ကုန်သက်သာအောင် လုပ်လို့ရပါသေးတယ်။ကျနော်ဆို viber ဘဲဖွင့်ပေးထားတာ တပတ်ကို ၁ထောင်လောက်ဘဲ ကုန်တာနော်။ ဒီလောက်ပါဘဲနော်….အချိန်ပိုင်းလိုက် ခံခြင်းစနစ်နဲ့ data အလိုက်ကောက်ခံခြင်း စနစ်တို့မှာ အားနည်းချက် အားသာချက် ကိုယ်စီရှိသေးတယ်နော်….အားနည်းချက်အားသာချက်တွေကိုယ်တော့ ကိုယ်ဘာသာကိုယ်စဉ်းစားကြည့်လိုက်တော့နော်….
zinyaw17 ပအိုဝ်း IT လူငယ်များဘလော့မှ နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ်
နှစ်သစ် ၂၀၁၅ မှ မိတ်ဆွေသူငယ်ချင်းများ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကျန်းမာနိုင်ကြပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ.....:)  :)
Copyright @ 2014-2015 ပအိုဝ်း IT လူငယ်များ.
Designed by Templateism | Edited By Khun Htetz Naing | PaOh IT Youth