Thursday, February 5, 2015

မိုဘိုင်းမှတဆင့်ဗီဒီယိုကြည့်ရှုမှုများလာသည်ကိုအသုံးချပြီးဖေ့ဘွတ်ပိုက်ဆံရှာတော့မယ်






Facebook ဟာ မနှစ်ကတည်းက Oculus နဲ့ WhatsAppသူ့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ပြီးတဲ့ နောက်မှာ ပိုက်ဆံရှာဖို့ ထပ်မံ ကြိုးစားလာပါတယ်။ ဒီနှစ်မှာလည်းသူ့ရဲ့ Facebook လူမှုကွန်ရက် ကိုမိုဘိုင်းကနေ တစ်ဆင့် ပိုက်ဆံရှာဖို့ ကြိုးစားလာပါတယ်။

၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ Facebook ဟာ ၃.၈၅ ဘီလီယံ ၀င်ငွေ ရရှိခဲ့ပါတယ်။ အဲဒီထဲကမှ ၃.၅၉ ဘီလီယံဟာ ကြော်ငြာကနေ ရခဲ့တာပါ။ ထိုကြော်ငြာဝင်ငွေ ရဲ့ ၆၉ ရာခိုင်နှုန်းဟာမိုဘိုင်း ads တွေက ရခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Facebooဟာ အခုချိန်အထိ အအောင်မြင်ဆုံးလူမှု ကွန်ရက်တစ်ခုဖြစ်နေသေးတာကိုတော့ အံ့သြစရာမရှိပါဘူး။ တစ်လမှာ Facebook သုံးစွဲသူ ၁.၃၉ ဘီလီယံရှိပါတယ်။ ဒါဟာ မနှစ်ကထက် ၁၃ ရာခိုင်နှုန်းတိုးလာပါတယ်။ အဲဒီထဲကမှ ၁.၁၉ ဘီလီယံဟာမိုဘိုင်းဖုန်းကနေ သုံးစွဲခဲ့ကြတာဖြစ်ပါတယ်။

Facebook ဟာနေ့စဉ် သုံးစွဲသူ ၈၉၀ သန်းရှိနေသလို Facebook ရဲ့ အခြားအစိတ်အပိုင်းနဲ့ ဆက်စပ် ကွန်ရက်တွေဖြစ်တဲ့ Instagramမှာ သုံးစွဲသူသန်း ၃၀၀ ၊ Messenger ဟာ သုံးစွဲသူသန်း ၅၀၀ နဲ့ WhatsAppဟာ သုံးစွဲသူသန်း ၇၀၀ အထိရှိလာပါတယ်။

ဒါ့အပြင် Facebook ရဲ့တိုးတက်လာမှုတွေထဲမှာ ဗီဒီယိုတွေလည်း ပါလာပါပြီ။ Facebook ကို စတင်တည်ထောင်ခဲ့သူ Mark Zuckerbergရဲ့ ပြောကြားချက်အရတော့ Facebook မှာဗီဒီယို ကြည့်ရှုသူ တစ်န့ကို ၃ ဘီလီယံရှိတယ်လို့ ဆိုပါတယ်။ ထိုလူဦးရေရဲ့ ၆၅ ရာခိုင်နှုန်းဟာ မိုဘိုင်းလ် ဖုန်းတွေက တစ်ဆင့် ကြည့်ရှုနေကြတယ်လို့လည်း သိရပါတယ်။

ဒါကြောင့် Facebook ဟာသူ့ရဲ့ တိုးတက်မှုတွေကို ဗီဒီယိုတွေဘက် ကိုပြောင်းလဲဖို့ ကြိုးစားလာပြီး ဗီဒီယိုနဲ့ ကြော်ငြာတဲ့ စီးပွားရေးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ စတင်တော့မယ်လို့ ကုမ္ပဏီ အကြီးအကဲ တစ်ယောက်ဖြစ်တဲ့ Sheryl Sandberg က ဆိုထားပါတယ်။
Trend Myanmar


ပအိုဝ်း IT လူငယ်များဘလော့မှ နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ်

နှစ်သစ် ၂၀၁၅ မှ မိတ်ဆွေသူငယ်ချင်းများ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကျန်းမာနိုင်ကြပါစေလို့


ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ.....:)  :)

Admin

ဒီဂျစ်တယ်ခေတ်တွင် နိုင်ငံတကာသုံး စံနှုန်းများအဆင့်မှီသော မြန်မာယူနီကုဒ်ကို သုံးစွဲခြင်းဖြင့် ဘာသာစကားများကို ထိန်းသိမ်းကာကွယ်ပါ။

0 comments:

Post a Comment

 

Copyright @ 2014-2015 ပအိုဝ်း IT လူငယ်များ.

Designed by Templateism | Edited By Khun Htetz Naing | PaOh IT Youth