Tuesday, February 3, 2015

ကျနော့ ကိုလဲ ခနခနမေးမေးနေလို့ ရေးတာလည်းပျင်းတာနဲ့ myanmar mobile app ကတွေ့လို့ကူးချလာတာ....Email လား Gmail လား





Facebook ပေါ်မှာနာမည်ကြီးနေတဲ့ မြန်မာနိုင်ငံတွင် Email အစား Gmail သုံးစွဲသူ ၁.၉၈ သန်းခန့်ရှိလာ ဆိုတဲ့
ခေါင်းစဉ်နဲ့ပတ်သက်ပြီး email နဲ့ gmail ငြင်းခုန်နေကြပါတယ်။ အမှန်တော့ ဆောင်းပါးကိုကူးချရမှာ
ခေါင်းစဉ်လွဲသွားတာဖြစ်တယ်လို့ မူရင်း စာရေးတဲ့သူကဆိုပါတယ်။
Email နဲ့ Gmail ဘယ်လိုကွာလဲဆိုတာကြည့်ကြရအောင်။ Email ဆိုတာ
electronic mail ရဲ့ အတိုကောက်ဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ်မှာစတင်ပြီး
တစ်ယောက်(သို့)တစ်ယောက်ထဲပိုတဲ့သူတွေဆီကို digital messag
ပို့တဲ့စနစ်ပဲဖြစ်ပါတယ်။ Email address တစ်ခုမှာ Local Part ရယ် Domain Part
ရယ်ဆိုပြီးပါဝင်ပါတယ်။ ဥပမာ myatminsoe@myanmarmobileapp.com
ဆိုရင် @ ရှေ့က myatminsoe ကို local part လို့ခေါ်ပြီး @နောက်က
myanmarmobileapp.com ကို domain part လို့ခေါ်ပါတယ်။ Email Address
ဟာ တစ်ယောက်နဲ့တစ်ယောက်လုံးဝမတူပဲ unique ဖြစ်ပါတယ်။ domain part
တူရင် local part မတူရပါဘူး။ local part တူရင် domain part မတူရပါဘူး။
myatminsoe@myanmarmobileapp.comနဲ့ myatminsoe@gmail.comဟာ
domain part မတူတဲ့အတွက် နှစ်ခုလုံးရှိနိုင်ပါတယ်။ Google ကထုတ်လုပ်တဲ့
Gmail ဟာ email တစ်ခုပဲဖြစ်ပါတယ်။ သူ့ရဲ့ domain part ဟာ gmail.com
နဲ့ဆုံးတာဖြစ်ပြီး မြန်မာနိုင်ငံမှာ @gmail.com အသုံးပြုသူ ၁.၉၈ သန်းရှိတယ်လို့
ဆိုလိုတာဖြစ်ပါတယ်။ @gmail.com အပြင် @yahoo.com, @outlook.com,
@icloud.com အစရှိတဲ့ email တွေအများကြီးရှိပါသေးတယ်။ emailထဲမှာ တော်တော်များများက အခမဲ့ရပြီး တစ်ချို့က
လစဉ်ကြေးပေးရတဲ့ @mptmail.com.mm လိုမျိုး email တွေလဲရှိပါတယ်။ me@myatminsoe.comလိုမျိုး ကိုယ်ပိုင် domain
နဲ့သုံးတဲ့ email တွေလဲရှိပါတယ်။ ဒီလောက်ဆို email နဲ့ gmail ဘာကွာလဲဆိုပြီး မေးစရာမလိုတော့ဘူးထင်ပါတယ်။

zinyaw17 ပအိုဝ်း IT လူငယ်များဘလော့မှ နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ်

နှစ်သစ် ၂၀၁၅ မှ မိတ်ဆွေသူငယ်ချင်းများ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကျန်းမာနိုင်ကြပါစေလို့


ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ.....:)  :)

Admin

ဒီဂျစ်တယ်ခေတ်တွင် နိုင်ငံတကာသုံး စံနှုန်းများအဆင့်မှီသော မြန်မာယူနီကုဒ်ကို သုံးစွဲခြင်းဖြင့် ဘာသာစကားများကို ထိန်းသိမ်းကာကွယ်ပါ။

0 comments:

Post a Comment

 

Copyright @ 2014-2015 ပအိုဝ်း IT လူငယ်များ.

Designed by Templateism | Edited By Khun Htetz Naing | PaOh IT Youth