Sunday, August 30, 2015

Android ဗားရှင်း 4.2.2 အထက်ရှိ Samsung ဖုန်းများ #Root မလိုမြန်မာစာအလွယ်တကူထည့်သွင်းနည်း






   Android ဗားရှင်း 4.4.4 အောက် Samsung ဖုန်းတော်တော်များများမှာ မြန်မာစာမပါကြပါဘူး။
ပါခဲ့ရင်လည်း ဇော်ဂျီသာတော်တော်များများပါလာသေးတဲ့အတွက် ယူနီကုဒ်ပြောင်းသုံးချင်တဲ့သူတွေအတွက်
#Root လုပ်စရာမလိုပဲ မြန်မာစာအလွယ်တကူထည့်သွင်းနိုင်မယ့်နည်းလေးကိုပြောပြပေးလိုက်ပါတယ်။
Samsung ဖုန်းမှာဖောင့်စတိုင်ပြောင်းနည်းဆိုရင် ပိုမှန်ပါလိမ့်မယ်။
ဒါပေမယ့် မြန်မာဖောင့်တွေကိုလည်း ဒီနည်းအတိုင်းထည့်သွင်းနိုင်ပါတယ်။
Samsung ဖုန်းကိုင်တဲ့သူတွေတော်တော်များများသိကြမှာပါ။
မိမိဖုန်းမှာမြန်မာစာယူနီကုဒ်ကို အမှန်မြင်နေရပြီဆိုရင်လည်း အခြားမြန်မာဖောင့်စတိုင်းအလန်းလေးတွေ
ပြောင်းသုံးချင်သူတွေအတွက် လုံးဝ အဆင်ပြေစေမှာပါ။
အလွယ်ကူဆုံးနည်းဆိုတဲ့အတိုင်း လွယ်လွန်းလို့ရတဲ့ဖုန်းမှလည်း ရနိုင်မှာပါ။
ဒီနည်းနဲ့မြန်မာစာထည့်သွင်းလို့ မရခဲ့ရင်တော့ မိမိဖုန်းကို Root သို့မဟုတ် CWM တစ်ခုခုလိုအပ်ပါလိမ့်မယ်။
Root သို့မဟုတ် CWM ရှိပါက မည်သည့်ဖုန်းမဆိုမြန်မာစာကိုထည့်သွင်းအသုံးပြုနိုင်မှာပါ။
လောလောဆယ်တော့ ဒီနည်းနဲ့မိမိရဲ့ Samsung ဖုန်းကို မြန်မာယူနီကုဒ်ထည့်သွင်းကြည့်လိုက်ပါ။

ပြီးတော့ဖုန်းက Android ဗားရှင်း 4.2.2 အထက်ဖြစ်နေရပါမယ်။
4.1.2 ဆိုရင်တော့ Root or CWM လိုပါမယ်။

အရင်ဦးဆုံး Padauk Grand Pro.apk ကိုဒေါင်းလိုက်ပါ။
Padauk Grand Pro အစားအခြားမြန်မာယူနီကုဒ်ဖောင့် apk တွေရှာဒေါင်းပြီး အသုံးပြုနိုင်ပါတယ်။
ဒီပို့စ်ရဲ့အောက်မှာပေးထားတဲ့ ဂရုတွေမှာလည်း လာရောက်တောင်းယူနိုင်ပါတယ်။
ကျွန်တော်ကတော့ ဒီ Padauk Grand Pro နဲ့ပြောပြပေးသွားမှာပါ။
Padauk Grand Pro ဖောင့်က မြန်မာ၊ ပအိုဝ်း၊ ကရင် နဲ့အခြားဘာသာအားလုံး
စာလုံးများပူးခြင်းမရှိပဲ ရှင်းရှင်းလင်းလင်းမြင်နိုင်လို့ပါ။

Download >>> Padauk Grand Pro.apk


1. ဒေါင်းလို့ပြီးရင် Install လုပ်လိုက်ပါ။
2. ပြီးရင်မိမိဖုန်းရဲ့ Setting ထဲကိုဝင်လိုက်ပါ။
3. Display ထဲရင်ဆက်ဝင်လိုက်ပါ။
4. Font Style ကိုနှိပ်ပြီး စောနက Install လုပ်ထားတဲ့ Padauk Grand Pro(iFont) ကိုရွေးပေးလိုက်ပါ။
    OK ပါပြီ.....

စာရိုက်ဖို့အတွက် M3 Keyboard, MUA ဗေ ကီးဘုတ်, သို့မဟုတ် မြန်မာယူနီကုဒ်ကီးဘုတ်တစ်ခုခုကို
Play Store ကနေရှာဒေါင်းပြီး Install လုပ်လိုက်ပါ။

1. Setting ကိုသွားပါ။
2. Language & input ထဲကိုဝင်လိုက်ပါ။
3. မိမိတို့ Install လုပ်ထားတဲ့ကီးဘုတ်ရဲ့ဘေးမှာ အမှန်ခြစ်တပ်ပေးလိုက်ပါ။
4. ပြီးရင် Default ကိုနှိပ်ပြီး မိမိတို့အမှန်ခြစ်တပ်လိုက်တဲ့(သုံးလိုတဲ့)ကီးဘုတ်ကို ရွေးပေးလိုက်ပါ။
    ပြီးရင်တစ်နေရာရာမှာ စာရိုက်ကြည့်လိုက်ပါ။

အဆင်ပြေရင်ပြေ မပြေသေးရင်တော့ မိမိဖုန်းကို CWM သို့မဟုတ် Root လိုအပ်ပါပြီ။
အောက်ပါဂရုများသို့ မိမိတို့ရဲ့ဖုန်း၊ ကွန်ပျူတာများ မြန်မာယူနီကုဒ်ထည့်သွင်းရန်
လိုအပ်သောအကူညီများ လာရောက်တောင်းယူ မေးမြန်းနိုင်ပါတယ်။

ယူနီကုဒ်သုံးရင်း Facebook မှာသတင်းများဖတ်ရူ့လိုပါက ဒီမှာ သွားကြည့်လိုက်ပါ။
ယူနီကုဒ်ပေ့စ်များ စုစည်းပေးထားပါတယ်။
Like လုပ်ပြီးနေ့စဉ်သတင်းများ ဖတ်ရူ့နိုင်ပါသည်။


Page
==========
ပအိုဝ်း IT လူငယ်များ


Blog
==========
ပအိုဝ်း IT လူငယ်များ

PaOh Dragon App
Groups
============
Myanmar Unicode Area

Myanmar PaOh Unicode Area

ပအိုဝ်း IT လူငယ်များ
 အားလုံးအဆင်ပြေပျော်ရွင်နိုင်ကြပါစေ  

                                     ပအိုဝ်း ITလူငယ်များ

Admin

ဒီဂျစ်တယ်ခေတ်တွင် နိုင်ငံတကာသုံး စံနှုန်းများအဆင့်မှီသော မြန်မာယူနီကုဒ်ကို သုံးစွဲခြင်းဖြင့် ဘာသာစကားများကို ထိန်းသိမ်းကာကွယ်ပါ။

0 comments:

Post a Comment

 

Copyright @ 2014-2015 ပအိုဝ်း IT လူငယ်များ.

Designed by Templateism | Edited By Khun Htetz Naing | PaOh IT Youth