Monday, August 31, 2015

Samsung Android ဗားရှင်း 4.1.2 ဖုန်းများမြန်မာစာထည့်သွင်းနည်း (2)


    Samsung ဖုန်း Android ဗားရှင်း 4.1.2 ဖုန်းတွေ မြန်မာစာထည့်သွင်းနည်းလေးပါ။
အခြား Samsung ဖုန်းတွေမရပါ 4.1.2 သီးသန့်ဖြစ်ပါတယ်။
အလုံးတိုင်းရမယ်လို့လည်း အာမ မခံပါဘူး။
ဒီဖုန်းတွေကို မြန်မာစာထည့်သွင်းဖို့ နည်းနှစ်နည်းရှိပါတယ်။

ပထမတစ်နည်းကတော့ CWM ကနေ Flash ပေးတဲ့နည်းပါ။
အဲ့ဒီအတွက် မိမိရဲ့ Samsung 4.1.2 လေးကို CWM သွင်းထားဖို့လိုပါမယ်။

ဒုတိယနည်းကတော့ Root ဖောက်ပြီး သွင်းတဲ့နည်းပါ။
အဲ့ဒီအတွက် မိမိရဲ့ Samsung 4.1.2 လေးကို Root ဖောက်ထားဖို့လိုအပ်ပါမယ်။

ကျွန်တော်နှစ်နည်းစလုံးပြောပြပေးသွားမှာပါ။
မိတ်ဆွေကတော့ Root မဖောက်ချင်ရင် CWM နဲ့နည်းကို လုပ်နိုင်ပါတယ်။
CWM မသွင်းချင်ရင်တော့ Root ဖောက်တဲ့နည်းကို သုံးနိုင်ပါတယ်။
မိမိရဲ့ဖုန်း CWM သွင်းနည်း သို့မဟုတ် Root ဖောက်နည်းကို
Google မှာ ဖုန်းရဲ့မော်ဒယ်,ဗားရှင်းအလိုက် ရိုက်ရှာပြီး ဖုန်းကို Root သို့ CWM သွင်းထားလိုက်ပါ။

CWM သွင်းပြီးထည့်တဲ့နည်းကို ဒီမှာ သွားကြည့်ပေးပါ....

Install Myanmar Unicode Font in Samsung 4.1.2 (Need Root Access)
=============================================
ဖုန်းကို Root ဖောက်ထားပြီးမှ ဒီနည်းကိုအသုံးချနိုင်ပါမယ်။
ဖုန်းကို Root အရင်ဖောက်လိုက်ပါ။
ပြီးရင် Root Expolorer နဲ့ Myanmar Unicode 4.1.2.zip ကိုပေးထားတဲ့လင့်ကနေသွားဒေါင်းလိုက်ပါ။

Download >>> Root Expolorer.apk


Download >>> Myanmar Unicode 4.1.2.zip

Root Expolorer လေးကို Install လုပ်လိုက်ပါ။
ပြီးရင် Myanmar Unicode 4.1.2.zip ဖိုင်လေးကို Zip ဖြည်လိုက်ပါ။

Zip ဖိုင်ဖြည်နည်း
========
Zip ဖိုင်ဖြည်တတ်ရင်တော့ ဒီအဆင့်ကို ကျော်ပြီးအောက်ကအဆင့်ကို ကြည့်ပေးပါ။
Zip ဖိုင်မဖြည်တတ်ရင်တော့ Root Expolorer ကိုဖွင့် Sdcard ကိုဝင်ပြီး
ဒေါင်းထားတဲ့ Myanmar Unicode 4.1.2.zip ရှိတဲ့ဖိုဒါထဲကို ဆက်ဝင်ပါ။
တွေ့ရင် Myanmar Unicode 4.1.2.zip ကိုသုံးစက္ကန့်ခန့်ဖိလိုက်ပြီး Extract All ကိုနှိပ်ပေးလိုက်ပါ။
ပြီးရင်ခနစောင့်ပေးလိုက်ပါ zip ဖြည်ပေးနေပါလိမ့်မယ်။
ပြီးရင် Stay ကိုပဲနှိပ်ပေးလိုက်ပါ။
zip ဖြည်ထားတဲ့ဖိုင်တွေကတော့ Speedsoftware ဆိုတဲ့ဖိုဒါထဲမှာရောက်နေပါလိမ့်မယ်။
Speedsoftware ဆိုတဲ့ ဖိုဒါကိုဝင်လိုက်ပါ။
ပြီးရင် Extracted ဆိုတဲ့ဖိုဒါကိုဆက်ဝင်လိုက်ပါ အဲ့မှာ စောဏက
ကိုယ် zip ဖြည်ထားတဲ့ Myanmar Unicode 4.1.2 ဆိုတဲ့ဖိုဒါကို တွေ့ရပါလိမ့်မယ်။
OK နော် zip ဖြည်ပြီးသွားပါပြီ....
မလုပ်တတ်သေးရင်တော့ ES File Expolorer နဲ့ ဖုန်းထဲမှာ
အလွယ်တကူ zip ဖြည်နည်းကို ဒီမှာ သွားကြည့်လိုက်ပါ။
ပြီးရင်တော့ အောက်ကအဆင့်တွေအတိုင်းလုပ်ဆောင်နိုင်ပါပြီ။

1. Myanmar Unicode 4.1.2 ရဲ့ဘေးနားက ကွက်လပ်လေးကို အမှန်ခြစ်တပ်လိုက်ပါ။
   ညာဘက်အောက် ဒေါင့်နားက အစက်ကလေးသုံးစက်ဆင့်နေတဲ့ ကောင်လေးကိုနှိပ်ပြီး Permissions ကိုနှိပ်လိုက်ပါ။
   ပြီးရင် Enter Octal ဆိုတဲ့ခလုတ်ကိုနှိပ်ပြီး 0644 လို့ရိုက်ထည့် Ok ပေးလိုက်ပါ။
   ပြီးရင် OK နှိပ်ပြီး ဖိုဒါထဲကို ဝင်လိုက်ပါ။
2. Myanmar Unicode 4.1.2 ဖိုဒါထဲမှာ.....
- etc
- fonts
- lib
ဆိုတဲ့ဖိုဒါသုံးခုပါပါတယ်။
အဲ့ဖိုဒါထဲက ဖိုင်တွေကိုသက်ဆိုင်ရာနေရာတွေမှာ သွားထားပေးရမှာပါ။

3. အရင်ဦးဆုံး etc ဆိုတဲ့ဖိုဒါထဲကို ဝင်ပါ။
ဖိုင်သုံးခုကို တွေ့ရပါလိမ့်မယ် သုံးခုစလုံးရဲ့ဘေးက ကွက်လပ်တွေမှာ အမှန်ခြစ်တပ်ပြီး Copy ကူးမှာဖြစ်တဲ့အတွက်
ဘယ်ဘက်အောက်ဒေါင့်နားက စာရွက်ထပ်နေတဲ့ပုံကိုနှိပ်လိုက်ပါ။
ဒါဆို အဲ့ဖိုင်သုံးခုကို Copy ကူးလိုက်ပါပြီ system ထဲက etc ဆိုတဲဖိုဒါထဲမှာ Paste သွားချပေးရမှာပါ။
အဲ့ဒီအတွက် ညာဘက်အောက်နားလေးက အသည်းပုံလေးကို နှိပ်လိုက်ပါ။
ပြီးရင် Root Folder ကိုနှိပ်ပေးပါ။
ပြီးရင်တော့ ဟိုးအောက်ကိုဆင်းပြီး system ဆိုတဲ့ဖိုဒါကိုရှာပြီးဝင်လိုက်ပါ။
ပြီးရင် etc ဆိုတဲ့ဖိုဒါကိုဝင်ပြီး ဘယ်ဘက်အောက်နားက Copy Here ဆိုတဲ့ခလုတ်ကို နှိပ်နိုင်ပါပြီ။
ဘာ Message ပဲတက်လာလာ Yes သာပေးလိုက်ပါ။

4. ပြီးရင်တော့ Myanmar Unicode 4.1.2 ထဲကိုပြန်သွားပြီး fonts ဖိုဒါထဲက
ဖိုင်ကိုအပေါ်က ဖိုင်တွေကို Copy ကူးခဲ့သလိုမျိုး Copy ကူးပြီး အပေါ်ကအတိုင်း system ဆိုတဲ့ဖိုဒါထဲကို ဝင်ခဲ့ပါ။
system ထဲရောက်ရင်တော့ fonts ဆိုတဲ့ဖိုဒါကို လာချပေးလိုက်ပါ။

5. ပြီးရင် Myanmar Unicode 4.1.2 ဖိုဒါကိုပြန်သွားပြီး lib ဖိုဒါထဲကဖိုင်ကို Copy ယူပြီး
system ထဲက lib ဖိုဒါကိုလာချပေးလိုက်ပါ။
ပြီးရင်တော့ ဖုန်းကို Restart သို့မဟုတ် ပိတ်ပြီးပြန်ဖွင့် ပေးလိုက်ပါ။

စာရိုက်ဖို့အတွက် M3 Keyboard, MUA ဗေကီးဘုတ် သို့မဟုတ်
မိမိနှစ်သက်ရာ ကီးဘုတ်ကို Play Store ကနေဒေါင်းနိုင်ပါတယ်။
Play Store အဆင်မပြေသူများကတော့ M3 Keyboard ကို ဒီမှာ သွားယူလိုက်ပါ။
MUA ဗေကီးဘုတ်ကို ဒီမှာ သွားယူလိုက်ပါ။
ပြီးရင် Install လုပ်.....
   Setting ကိုဝင် Language & Input ကိုဆက်ဝင်ပြီး မိမိတို့ထည့်သွင်းထားတဲ့
   ကီးဘုတ်ရဲ့ဘေးနားက ကွက်လပ်လေးကို အမှန်ခြစ်တပ်...
   Default ကိုနှိပ်ပြီး ကိုယ်သုံးမယ့်ကီးဘုတ် ရွေးပေးလိုက်ပါ....
   ပြီးရင်တော့ စာရိုက်ကြည့်လိုက်ပါ။
  
အဆင်ပြေရင်ပြေ မပြေသေးရင်တော့ ဒီမှာ သွားကြည့်လိုက်ပါ။
အဲ့ဒီနည်းနဲ့ထပ်စမ်းကြည့်နိုင်ပါသေးတယ်။

အဆင်မပြေသေးရင်တော့ အောက်ကပေးထားတဲ့ဂရုတွေမှာ
လာရောက်အကူညီတောင်း မေးမြန်နိုင်ပါတယ်။

Credit to Myanmar Unicode 4.1.2.zip Creator.

အားလုံးအဆင်ပြေပျော်ရွင်နိုင်ကြပါစေ....


Page
==========
ပအိုဝ်း IT လူငယ်များ


Blog
==========
ပအိုဝ်း IT လူငယ်များ

PaOh Dragon App

Groups
============
Myanmar Unicode Area

Myanmar PaOh Unicode Area

ပအိုဝ်း IT လူငယ်များ

 အားလုံးအဆင်ပြေပျော်ရွင်နိုင်ကြပါစေ  

                                     ပအိုဝ်း ITလူငယ်များ

Admin

ဒီဂျစ်တယ်ခေတ်တွင် နိုင်ငံတကာသုံး စံနှုန်းများအဆင့်မှီသော မြန်မာယူနီကုဒ်ကို သုံးစွဲခြင်းဖြင့် ဘာသာစကားများကို ထိန်းသိမ်းကာကွယ်ပါ။

0 comments:

Post a Comment

 

Copyright @ 2014-2015 ပအိုဝ်း IT လူငယ်များ.

Designed by Templateism | Edited By Khun Htetz Naing | PaOh IT Youth