Tuesday, August 4, 2015

Android ဗားရှင်း 4.2.2 အထက်ရှိ Android ဖုန်းများမြန်မာယူနီကုဒ်ဖောင့်နှင့်ကီးဘုတ် ထည့်သွင်းနည်း


Huawei, HTC, Lava Iris, LG, Lenovo,
ASUS, imobile, ZTE, Coolpad, အခြား Android ဖုန်းအားလုံးမြန်မာယူနီကုဒ်ထည့်သွင်းနိုင်မယ့်နည်းလေးပါ။
Android ဗားရှင်း 4.2.2 ကနေ 4.4.4 အထိ Android Phone/Tablet အားလုံး မြန်မာစာစနစ်ကို အပြည့်အစုံအသုံးပြုနိုင်မှာဖြစ်ပါတယ်။
အားလုံးမရနိုင်ရင်တောင် ဖုန်းတော်တော်များများရနိုင်မှာပါ။
မြန်မာစာထည့်သွင်းမည့် Android ဖုန်းဟာ Root ဖောက်ပြီးသားဖြစ်ရပါမယ်။

မှတ်ချက် ။ Samsung ဖုန်းများမပါပါ။

၁။ မြန်မာစာထည့်သွင်းဖို့ အရင်ဆုံးလိုအပ်တဲ့ Root Expolorer
Fallback_fonts.xml နဲ့ မြန်မာဖောင့်ကို အောက်မှာအရင်ဒေါင်းလိုက်ပါ။


Root Expolorer


MyanmarUnicode.ttf


fallback_fonts.xml


၂။ စာရိုက်ဖို့အတွက်မြန်မာကီးဘုတ်ကို အောက်မှာဒေါင်းပါ။
Myanmar Unicode Area ဗေကီးဘုတ် နဲ့ M3 Keyboard နှစ်ခုပေးထားပါတယ်။
မိမိနှစ်သက်တဲ့ကီးဘုတ်ကိုရွေးဒေါင်းနိုင်ပါတယ်။
ကျွန်တော်ကတော့ဗေကီးဘုတ်သုံးပါတယ်။ Play Store အဆင်ပြေသူတွေ
Play Store ကနေလိုချင်တဲ့ ကီးဘုတ်ကိုရှာရိုက်ပြီး ဒေါင်းပေးကြပါ။

Play Store အဆင်မပြေသူတွေကတော့ အောက်မှာပေးထားတဲ့လင့်ကနေဝင်ဒေါင်းနိုင်ပါတယ်။

Myanmar Unicode Area keyboard

M3 Keyboard



ဒေါင်းလို့ရလာတဲ့ App အားလုံးကို Install လုပ်ပါ။

ပြီးရင် Root Expolore ကိုဖွင့်ပါ။





Mount R/W ကိုနှိပ်လိုက်ပါ။
                                                  အောက်ပုံအတိုင်း




Root Permission တောင်းလာရင် Grant or Allow ပေးလိုက်ပါ။





Mount R/W ကနေ Mount R/O ပြောင်းသွားရင်ရပါပြီ။
Stroage ကိုဝင်ပါ အောက်ပါပုံအတိုင်း
ဒေါင်းလို့ရလာတဲ့ ဖိုင်တွေရှိတဲ့ဖိုဒါထဲကိုဝင်လိုက်ပါ။






အဲဒီထဲက MyanmarUnicode.ttf ဆိုတဲ့ဖိုင်ဘေးနားက Box အလွတ်လေးကို အမှန်ခြစ်တပ်ပေးလိုက်ပါ။ အောက်ပါပုံအတိုင်း






အောက်ကပုံလို အမှန်ခြစ်တပ်သွားပြီဆိုရင် အနီရောင်ဝိုင်းပြထားတဲ့
                                    Copy ကူးတဲ့ပုံကို နှိပ်လိုက်ပါ။





ပြီးရင် Root ဆိုတာကိုနှိပ်ပြီး System ဆိုတဲ့ဖိုဒါကိုရှာပြီးဝင်လိုက်ပါ။ 
                                              အောက်ပါပုံအတိုင်း




Fonts ဆိုတဲ့ဖိုဒါထဲကို ထပ်ဝင်လိုက်ပါ။




Fonts ဖိုဒါထဲကို Copy ကူးလာတဲ့ MyanmarUnicode.ttf လေးကို
Paste ချဖို့ အောက်ကပုံလို Copy Here ကိုနှိပ်လိုက်ပါ။





    အောက်ကပုံလို Message တက်လာရင် YES ကိုနှိပ်ပေးလိုက်ပါ။




Permissions ပေးဖို့ MyanmarUnicode.ttf ကို သုံးစက္ကန့်ခန့်ဖိထားလိုက်ပါ။

 


အောက်ကပုံလိုပေါ်လာရင် Permissions ကိုနှိပ်လိုက်ပါ။

 



အနီရောင်ဝိုင်းပြထားတဲ့ လေးခုကိုသာချန်ခဲ့ပြီး ကျန်တဲ့ကောင်အားလုံးကို အမှန်ခြစ်ဖြုတ်ပေးလိုက်ပါ။





အောက်ကပုံလို အမှန်ခြစ်ထားတာ လေးခုသာရှိပြီး
Enter Octal မှာလည်း 0644 နဲ့ rw-r--r-- ဖြစ်နေရင် အဆင်ပြပါပြီ။





အောက်ပုံလိုအပေါ်ညာဘက်ကိုနှိပ်လိုက်ရင် မိမိတို့ဒေါင်းထားတဲ့ဖိုင်တွေရှိတဲ့နေရာကို ပြန်ရောက်သွားပါလိမ့်မယ်။
Fallback_fonts.xml ဘေးနားက Box အလွတ်လေးကို အမှန်ခြစ်တပ်ပေးလိုက်ပါ။






အမှန်ခြစ်တပ်သွားပြီဆိုရင် အောက်ကပုံလို
Copy ကူးတဲ့ပုံကို နှိပ်လိုက်ပါ။



အောက်ကပုံလို Fonts ကိုနှိပ်ပြီး Back Key သို့မဟုတ် ပုံပါအတိုင်းဆက်နှိပ်ပါ။



ပြီးရင် etc ဆိုတဲ့ဖိုဒါထဲကို ဝင်လိုက်ပါ။
 အောက်ပါပုံအတိုင်း



etc ဖိုဒါထဲရောက်ရင် Copy ကူးလာတဲ့ Fallback_fonts.xml ကို
Paste ချဖို့ Copy Here ကိုနှိပ်လိုက်ပါ။
အောက်ပုံအတိုင်းပါ



အောက်ပုံလို Message တက်လာရင် Yes သာနှိပ်ပေးလိုက်ပါ။




Permissions ပေးဖို့ Fallback_fonts.xml ကိုသုံးစက္ကန့်ခန့်ဖိထားပေးပါ။

 


အောက်ကပုံလိုပေါ်လာရင် Permissions ကိုနှိပ်လိုက်ပါ။

 



အနီရောင်ဝိုင်းပြထားတဲ့ လေးခုကိုသာချန်ခဲ့ပြီး ကျန်တဲ့ကောင်အားလုံးကို အမှန်ခြစ်ဖြုတ်ပေးလိုက်ပါ။




အောက်ကပုံလို အမှန်ခြစ်ထားတာ လေးခုသာရှိပြီး
Enter Octal မှာလည်း 0644 နဲ့ rw-r--r-- ဖြစ်နေရင် အဆင်ပြပါပြီ။




ပြီးရင်ဖုန်းကို Restart/Reboot ချလိုက်ပါ။
Restart/Reboot ချမရရင် ဖုန်းကိုပိတ်ပြီး ပြန်ဖွင့်လိုက်ပါ။




ဖုန်းပြန်ဖွင့်လာရင် မြန်မာစာကောင်းကောင်းလန်းနိုင်ပါပြီ
မြန်မာစာအပြင်တိုင်းရင်းသားစာပေများလည်း ရေးနိုင်ဖတ်နိုင်ပါတယ်။
ကျွန်တော်သိသလောက်တော့ ဗမာစာ၊ ပအိုဝ်ႏစာ၊ မွန်စာ၊ ကရင်စာ၊ ပိုးကရင်စာ၊ ကယားစာ၊ ပလောင်စာ၊ သျှမ်းစာ တို့ရေးနိုင်ဖတ်နိုင်ပါတယ်။
စာရိုက်ဖို့အတွက် ဗေ ကီးဘုတ် App ထဲကိုဝင်လိုက်ပါ။




Select input language ထဲကိုဝင်လိုက်ပါ။
 



မိမိတို့ရေးသားလိုတဲ့ ဘာသာကိုအမှန်ခြစ်တပ်ပေးပါ။
ကျွန်တော်ကတော့ မြန်မာကိုအမှန်ခြစ်တပ်လိုက်ပါတယ်။
ပြီးရင် Back Key တစ်ချက်ပြန်ထွက်လိုက်ပါ။
 



Enable Keyboard ကိုဝင်ပါ။
 



MUA Keyboard ကိုအမှန်ခြစ်တပ်ပေးလိုက်ပါ။




အောက်ကပုံလို အမှန်ခြစ်တပ်သွားပြီဆိုရင် Back Key တစ်ချက်နှိပ်ပြီး ပြန်ထွက်လိုက်ပါ။




Choose Keyboard ကီးဘုတ်ကိုနှိပ်ပါ။
 



ပေါ်လာတဲ့ ကီးဘုတ်တွေထဲမှာ အောက်ကပုံလို MUA Keyboard ကိုရွေးပေးပါ။




ပြီးရင်အဆင်ပြေမယ့် တစ်နေရာရာမှာ စာရိုက်ကြည့်ပါ။
အောက်ကပုံလိုအဆင်ပြေနေတာကို တွေ့ရပါလိမ့်မယ်။
 





အကယ်၍အဆင်မပြေသေးရင်တော့
Roboto-Regular.ttf နဲ့ Roboto-Light ကို
အောက်မှာပေးထားတဲ့လင့်ကနေ ဒေါင်းပြီးအပေါ်က MyanmarUnicode.ttf ကို Copy ကူးပြီးSystem>Fonts မှာသွားထည့်သလို နှစ်ခုစလုံးသွားထည့်ပေးကြည့်ပါ။





အဆင်မပြေသေးဘူးဆိုရင်တော့ အောက်မှာပေးထားတဲ့ဂရုတွေမှာ လာရောက်အကူညီတောင်းနိုင်ပါတယ်။

စာရိုက်နည်း
=========
မြန်မာယူနီကုဒ်စာရိုက်စနစ်သည် ဇော်ဂျီနဲ့မတူပါ။
ဥပမာ   ။မြို့ကို ဇော်ဂျီမှာ
ြ+မ+ိ+ု++့ (ရရစ် မ လုံးကြီးတင် တချောင်းငင် အောက်ကမြစ်)လို့ရိုက်ရသည်။

ယူနီကုဒ်မှာတော့ မြန်မာစာအတိုင်း (အပြင်မှာစာရေးသည့်အတိုင်းရေးရပါသည်)
မ+ြ+ိ+ု+့ (မ ရရစ် လုံးကြီးတင် တချောင်းငင် အောက်ကမြစ်) လို့ရိုက်ရပါသည်။
တခြားစာလုံးများကို လည်းဒီအတိုင်း (အပြင်ကရေးသည့်အတိုင်း) ရိုက်ရပါမည်။

စာလုံးဆင့်များရိုက်လိုပါက ဥပမာအားဖြင့်

ဗုဒ္ဓ ။  ။ဗ+ု+္+ဓ
ကမ္ဘာ ။   ။ က+မ+္+ဘ+ာ
မန္တလေး ။  ။ မ+္+တ+ေ+လ+း လို့ရိုက်ရပါမည်။

Facebook ပေါ်မြန်မာစာမြင်ရသည့်ပုံစံ
============================


      


  

အားလုံးအဆင်ပြေပျော်ရွင်နိုင်ကြပါစေ  
                                    
ပအိုဝ် ITလူငယ်များ

Blog & Page App
======================= 
PaOh IT Youth ( ပအိုဝ်း IT လူငယ်များ)

Page
==========
ပအိုဝ်း IT လူငယ်များ


Blog
==========
ပအိုဝ်း IT လူငယ်များ

PaOh Dragon App


Groups
============
Myanmar Unicode Area

Myanmar PaOh Unicode Area

ပအိုဝ်း IT လူငယ်များ

အားလုံးအဆင်ပြေပျော်ရွင်နိုင်ကြပါစေ  

                                     ပအိုဝ်း ITလူငယ်များ

Admin

ဒီဂျစ်တယ်ခေတ်တွင် နိုင်ငံတကာသုံး စံနှုန်းများအဆင့်မှီသော မြန်မာယူနီကုဒ်ကို သုံးစွဲခြင်းဖြင့် ဘာသာစကားများကို ထိန်းသိမ်းကာကွယ်ပါ။

0 comments:

Post a Comment

 

Copyright @ 2014-2015 ပအိုဝ်း IT လူငယ်များ.

Designed by Templateism | Edited By Khun Htetz Naing | PaOh IT Youth