Thursday, August 6, 2015

Android MTK Devices ဖုန်းများ Firmware Backup ယူနည်း


 အကြောင်းအမျိုးမျိုးကြောင့် မိမိကိုင်နေတဲ့ဖုန်း Firmware ကို Firmware Backup
ယူထားချင်သူများအတွက် နည်းလမ်းကောင်းလေး မျှဝေပေးလိုက်ပါတယ်။
ဒါပေမယ့်ဖုန်းဟာ Root ဖောက်ထားပြီးသားဖြစ်ရပါမယ္။
Root မဖောက်ရသေးရင် မိမိဖုန်းအမျိုးစား၊မော်ဒယ်၊ဗားရှင်းအလိုက် Root ဖောက်နည်းကို
Google မှာရှာပြီး ဖောက်ထားလိုက်ပါ။
ပြီးတော့မိမိ Android ဖုန်းဟာ MTK သုံးထားတဲ့ဖုန်းဖြစ်နေရပါမယ်။
MTK သုံးထားတဲ့ဖုန်းတော်တော်များများ ရှိပါတယ် ဥပမာအားဖြင့် LG, Lenovo, Huawei, i-Mobile,
Lava Iris နဲ့အခြား China Clone ဖုန်းတွေပါဝင်ပါတယ်။
မိမိဖုန်းက MTK ဖုန်းဟုတ်မဟုတ် သိချင်ရင် ဒီမှာ သွားကြည့်လိုက်ပါ။
MTK ဆိုတာဘာလဲနဲ့ MTK Device ဟုတ်မဟုတ်စစ်နည်း ကျွန်တော်သိသလောက်ရေးထားပေးပါတယ်။

ခုကျွန်တော်ပြောပြမယ့် Firmware Backup ယူနည်းဟာ တော်တော်များများသိပြီးသား ဖြစ်နေမှာပါ။
ဒါပေမယ့်မသိသေးသူတွေအတွက်တော့ တကယ်အသုံးဝင်တဲ့နည်းလေးပါ။
သင်ဟာဖုန်းကလိသူတစ်ယောက်ဆိုရင် မဖြစ်မနေကိုယ့်ဖုန်းရဲ့ Firmware နဲ့ Data တွေကို
Backup လုပ်ထားသင့်ပါတယ်။
Data တွေကတော့ အလွယ်တကူ Backup လုပ်နိုင်လို့ မပြောတော့ပါဘူး။
နောက်ကျွန်တော်အချိန်ရမှ ပို့စ်အနေနဲ့ ထပ်ရေးပေးပါ့မယ်။

အကြောင်းအမျိုးမျိုးကြောင့်ဖုန်းက Logo မှာရပ်နေပြီး တက်မလာတော့ဘူးဆိုရင်
ဖုန်းကို Firmware ပြန်ရေးရပါတော့မယ်။
အဲ့ဒီအတွက်လိုအပ်တဲ့အခါ အဆင်သင့်သုံးနိုင်အောင် ဖုန်းရဲ့ Firmware ကို
Backup လုပ်ထားမယ်ဆိုရင် အချိန်ကုန်သက်သာစေပြီး ခေါင်းစားစရာမလိုတော့ပါဘူး။
အင်တာနက်မှာ ရှာဒေါင်းစရာလည်းမလို အဆင်ပြေတာပေါ့နော်...
ဖုန်းကိုကြိုက်သလောက်ကလိလို့ရတာပေါ့။
Firmware ရှာရခက်တဲ့ဖုန်းတွေ China Clone ဖုန်းတွေဆိုရင် ပိုပြီးတော့ Backup လုပ်ထားသင့်ပါတယ်။
ပြီးတော့ကိုယ် Backup ယူထားတဲ့ Firmware ကိုအခြားအမျိုးစားတူဖုန်းများ
Firmware ကျနေရင်လည်း ကိုယ် Backup ယူထားတဲ့ Firmware နဲ့ ပြန်တင်ပေးလို့ရပါတယ်။
တစ်ဦးတစ်ယောက်က Firmware လိုအပ်နေလိုရှိရင်လည်း ကိုယ့်ဖုန်းနဲ့အမျိုးအစားတူနေရင် ပေးလို့ရပါတယ်။
Free Hosting တစ်ခုခုကနေတင်ပြီးတော့လည်း အင်တာနက်မှာပြန်မျှဝေလို့ရပါတယ်။

ကဲ...စကြမယ်အရင်ဦးဆုံး MTKdroid Tools ကိုအောက်မှာပေးထားတဲ့လင့်ကနေ သွားဒေါင်းလိုက်ပါ။
10 MB ပဲရှိပါတယ်။


MTKdroid Tools ကိုမဖွင့်ခင် ကွန်ပျူတာမှာ သက်ဆိုင်ရာ USB Driver သွင်းထားရပါမယ်။
Driver မသွင်းရသေးရင် MTK Device တွေအတွက် USB Driver ကို ဒီမှာ သွားယူပြီး သွင်းလိုက်ပါ။

 ပြီးရင်ဒေါင်းလို့ရလာတဲ့ MtkDroid Tools ကို Zip ဖြည်လိုက်ပါ။
ပြီးရင်အောက်ကပုံလို MTKdroidTools.exe ကို Run လိုက်ပါ။



Run ကိုနှိပ်ပေးပါ။



USB Debuggin Mode ကိုလည်း On ထားပေးဖို့လိုပါတယ်။
Setting > Developer Options > USB Debugging ကို On ပေးလိုက်ပါ OK ဆိုရင် ရပါပြီ။
Setting ထဲမှာ Developer Options ကိုမတွေ့ရင်
Setting > About Device ကိုဝင်ပြီး Build Number ကို လေးငါးချက်လောက် ခပ်မြန်မြန်ခေါက်ပေးလိုက်ပါ။
Back Key တစ်ချက်နှိပ်ပြီးပြန်ထွက်လိုက်ပြီး Developer Options ကိုဝင်ပါ။
အောက်ကပုံအတိုင်း USB Debugging ကို အမှန်ခြစ်တပ်ပေးလိုက်ပါ။

 


 ပြီးရင်ဖုန်းနဲ့ ကွန်ပျူတာကို USB ကြိုးနဲ့ချိတ်ဆက်ပေးပါ။ 
ဖုန်းမှာအောက်ကပုံလိုတက်လာရင် ပုံထဲကအတိုင်း အမှန်ခြစ်တပ်ပြီး OK ပေးလိုက်ပါ။



MTKdroid Tools ကဖုန်းကိုသိပြီဆိုရင် အောက်ကပုံလို MTKdroid Tools မှာ ဖုန်းရဲ့အကြောင်းအရာတွေတက်လာပါလိမ့်မယ်။
အောက်ဘက်ဘယ်ဘက်ဒေါင့်မှာလည်း အဝါရောင်လေး ပြနေပါလိမ့်မယ်။
အဲ့လိုပြလာရင်  Root ကိုနှိပ်လိုက်ပါ။



 အောက်ပါပုံလို To try to receive root shell through already established SU? လို့ Message တက်လာရင် Yes ကိုနှိပ်ပေးလိုက်ပါ။
 ဖုန်းမှာ Root Permission တောင်းလာရင် Grant or Allow ပေးလိုက်ပါ။


 အောက်မှာမြှားပြထားသလို အဝါရောင်နေရာမှာ အစိမ်းရောင်လေးဖြစ်သွားပြီဆိုရင် Ok ပါပြီ အနီရောင်ဝိုင်းပြထားတဲ့ root, backup, recovery ကိုနှိပ်ပေးလိုက်ပါ။



ပြီးရင်အောက်ပါပုံထဲကလို Backup ကိုနှိပ်ပါ။


မြှားပြထားတဲ့အတိုင်း အစိမ်းရောင်အတန်းလေး တက်လာပြီဆိုရင် စောင့်ပေးလိုက်ပါ။
USB ကြိုးကို လုံးဝ မပြုတ်အောင် မထိမိအောင် သတိထားပေးပါ။ 


အောက်ကပုံလို Packing backup? လို့ Message တက်လာခဲ့ရင် Yes ကိုနှိပ်ပေးပါ။ 
နည်းနည်းတော့ကြာပါလိမ့်မည် စောင့်ပေးလိုက်ပါ။


 အောက်ပါပုံထဲက မြှားပြထားသလိုအောက်ဆုံးအကြောင်းမှာ ---task is complate--- လို့ပြလာရင် OK ပါပြီ။
Firmware Backup လုပ်ခြင်းပြီးဆုံးပါပြီ။
ဒါပေမယ့် မပြီးသေးပါဘူး အောက်ပုံဆက်ကြည့်ပါ။

 

 Firmware ဖိုင်က SP Flash Tool နဲ့တင်လို့မရသေးပါဘူး။
ခုဟာက MD5 ဖိုင်အနေနဲ့သာထွက်လာသေးတာပါ။
SP Flash Tool ကနေတင်နိုင်အောင် .img ဖိုင်တွေ scatter ဖိုင်တွေဖြစ်လာအောင်ခွဲပေးရပါဦးမယ်။
မခက်ပါဘူး အောက်ပါပုံထဲကလို To prepare blocks for FlashTool ကိုနှိပ်ပေးပါ။


ပြီးရင်စောဏက Backup လုပ်ထားတဲ့ Firmware ဖိုင်ကိုရွေးပေးရပါမယ်။
မိမိတို့ဖုန်းအမျိုးအစား၊ နာမည်အလိုက် ဖိုဒါဆောက်ထားပေးပါလိမ့်မယ္ သက်ဆိုင်ရာဖိုဒါကို ဝင်ပေးလိုက်ပါ။
ကျွန်တော့်ဖုန်းက iris405+ ဖြစ်တဲ့အတွက် iris405+XXXX ဆိုတဲ့ဖိုဒါကို ဝင်ပေးလိုက်တယ်။



  ပြီးရင် Files.md5 ဆိုတဲ့ကောင်ကိုရွေးပေးလိုက်ပါ။



ပြီးရင်အောက်ပါပုံထဲက မြှားပြထားသလို အစိမ်းရောင်အတန်းလေး တက်လာပါလိမ့်မယ် စောင့်ပေးလိုက်ပါ။



မြှားပြထားသလို အောက်ဆုံးမှာ ---copying is complate--- လို့ပြလာရင် OK ပါပြီ။
Firmware Backup ယူခြင်းအောင်မြင်ပါပြီ



မိမိတို့ Backup ယူထားတဲ့ Firmware ဖိုင်ဘယ်မှာရှိနေလဲဆိုေတာ့ MTKdroids Tools ဖိုဒါထဲကိုဝင်ပါ။
ပြီးရင် Backups ဆိုတဲ့ဖိုဒါထဲကို ဝင်ပါ။



ပြီးရင်မိမိတို့ဖုန်းအမျိုးစာ၊နာမည်အလိုက် ဖိုဒါဆောက်ပေးထားပါလိမ့်မယ် ဝင်လိုက်ပါ။



 !Files_to_FlashTool ဆိုတဲ့ဖိုဒါထဲမှာ မိမိတို့ Firmware ဖိုင် SP Flash Tool နဲ့ပြန်တင်လို့ရတဲ့ ဖိုင်တွေရောက်ပါပြီ။


OK ပါပြီ...ဖုန်းကိုအချိန်မရွေး Firmware ပြန်တင်နိုင်ပါပြီ။ SP Flash Tool နဲ့ Firmware တင်တာမတင်တတ်သေးရင် ဒီမှာ သွားကြည့်ပါ။ အသေးစိတ်ရှင်းပြပေးထားပါတယ်။




အားလုံးအဆင်ပြေပျော်ရွင်နိုင်ကြပါစေ  
                                    
ပအိုဝ် ITလူငယ်များ

Blog & Page App
======================= 
PaOh IT Youth ( ပအိုဝ်း IT လူငယ်များ)

Page
==========
ပအိုဝ်း IT လူငယ်များ


Blog
==========
ပအိုဝ်း IT လူငယ်များ

PaOh Dragon App


Groups
============
Myanmar Unicode Area

Myanmar PaOh Unicode Area

ပအိုဝ်း IT လူငယ်များ
အားလုံးအဆင်ပြေပျော်ရွင်နိုင်ကြပါစေ  

                                     ပအိုဝ်း ITလူငယ်များ

Admin

ဒီဂျစ်တယ်ခေတ်တွင် နိုင်ငံတကာသုံး စံနှုန်းများအဆင့်မှီသော မြန်မာယူနီကုဒ်ကို သုံးစွဲခြင်းဖြင့် ဘာသာစကားများကို ထိန်းသိမ်းကာကွယ်ပါ။

0 comments:

Post a Comment

 

Copyright @ 2014-2015 ပအိုဝ်း IT လူငယ်များ.

Designed by Templateism | Edited By Khun Htetz Naing | PaOh IT Youth