Wednesday, September 23, 2015

iFont ကိုအသုံးပြုပြီး App တစ်ခုစီကို စာလုံးပုံစံပြောင်း အရောင်ပြောင်းမယ်



    iFont ကိုအသုံးပြုပြီး ကိုယ်ကြိုက်တဲ့ App တွေကိုတစ်ခုချင်းစီကို ကိုယ်ကြိုက်တဲ့ဖောင့် ကြိုက်တဲ့အရောင်ပြောင်းလို့ရပါတယ်။
အားလုံးလည်းသိပြီးသားဖြစ်နေပါလိမ့်မယ် 
 ဒါပေမယ့်မသိသေးတဲ့သူတွေအတွက်တော့ တကယ်အသုံးဝင်စေမယ့်နည်းလေးပါ။                        ဒါပေမယ့်ကိုယ့်ဖုန်းမှာ Root Access လိုအပ်ပါတယ်။                                                        ဥပမာကိုယ်က ဇော်ဂျီပါပြီးသားဖုန်းတစ်လုံးကို ယူနီကုဒ်ပြောင်းလိုက်ပါတယ်။                    ဒါပေမယ့်အားလုံးသိကြတဲ့အတိုင်း ဖုန်းတစ်ခုလုံးမြန်မာစာစနစ်ကို ဇော်ဂျီနဲ့သုံးထားရင်            ယူနီကုဒ်ပြောင်းလိုက်ပေမယ့် နဂိုပါပြီးသားဇော်ဂျီနဲ့ရေးထားတဲ့ 
မြန်မာစာတွေကတော့ ကမောက်ကမဖြစ်ကုန်ပါတော့တယ်။                                                    အဲ့ဒီအခါမှာတော့ ခုကျွန်တော်ပြောပြမယ့်နည်းနဲ့ မြန်မာဇော်ဂျီသုံးထားတဲ့                                          Appတစ်ခုချင်းစီကိုဇော်ဂျီထားပေးခြင်းဖြစ်အဆင်ပြေနိုင်ပါတယ်။ 
ဥပမာSetting ကိုပေါ့နော်Setting App တစ်ခုတည်းကို ဇော်ဂျီဖောင့်ထားပေးခြင်းဖြစ်
Setting ထဲကဇော်ဂျီနဲ့ရေးထားတဲ့ မြန်မာစာတွေကို အမှန်မြင်နိုင်ပါလိမ့်မယ်။             

ဒီတစ်ခုတည်းအသုံးဝင်တာမဟုတ်သေးပါဘူး ကိုယ်ဉာဏ်ရှိသလောက် စိတ်ကြိုက်သုံးနိုင်ပါတယ်။
ဥပမာFacebookကိုသာလွန်ဖောင့်နဲ့သုံးမယ် 
Viber ကိုကျတော့ ပိတောက်ဖောင့်နဲ့သုံးမယ်အဲ့လိုတွေလုပ်လို့ရပါတယ်။ 
ပြီးတော့စာလုံးအရောင်တွေကိုလည်း အဝါ၊အစိမ်း၊ အနီ၊အပြာ ရောင်စုံပြောင်းထားနိုင်ပါသေးတယ်။ ကျွန်တော်သိသလောက် ဒီလိုလုပ်လို့ရတဲ့ App တွေ 
Fonter နဲ့ အခုပြောတဲ့ iFont နှစ်ခုသာတွေ့ဖူးပါသေးတယ်။

ကဲကျွန်တော်ပြောနေတာကြာပါတယ် စလိုက်ကြရအောင်နော်                                               အရင်ဦးဆုံး iFont ကို Play Store ကနေဒေါင်းလိုက်ပါ။ 
Play Store အဆင်မပြေသူများ အောက်ကပေးထားတဲ့လင့်ကနေဒေါင်းယူနိုင်ပါတယ်။


ကျွန်တော် Padauk Grand Pro ဖောင့်နဲ့စမ်းပြမှာ ဖြစ်တဲ့အတွက်                               အောက်ကပေးထားတဲ့ လင့်ကနေ Padauk Grand Pro.ttf ကိုဒေါင်းလိုက်ပါ။                                       Padauk Grand Pro ဖောင့်အစား အခြားမြန်မာဖောင့်တစ်ခုခုကို အသုံးပြုနိုင်ပါတယ်။


ဒေါင်းလို့ရလာတဲ့ iFont ကို Install လုပ်လိုက်ပါ။
ပြီးရင်ဖွင့်လိုက်ပါ...



အောက်ကပုံလိုမျိုးဘာ Message ပဲတက်လာလာ Ok သာနှိပ်ပေးလိုက်ပါ။



ပြီးရင်ပုံထဲကအတိုင်း MY ကိုနှိပ်လိုက်ပါ။


 Color Font ကိုနှိပ်ပါ။


 အောက်ကပုံလိုမျိုး Apply Custom fonts on a per-App Basis  လို့
Message တက်လာရင် Open ကိုနှိပ်ပေးပါ။


 Root ခွင့်ပြုချက်တောင်းလာပါလိမ့်မယ်။
လက်ခံပေးလိုက်ပါ။


 ပြီးရင်ဖုန်းက Reboot ကျမယ်ဆိုတဲ့အကြောင်း Message တက်လာပါလိမ့်မယ်…OK နှိပ်ပေးလိုက်ပါ။
  ပြီးရင်ဖုန်းက Reboot ကျသွားပါလိမ့်မယ်…ပြန်တက်လာရင် ကိုယ့်ဖုန်းရဲ့ ဖိုင်မန်နေဂျာတစ်ခုခုထဲကိုဝင်ပြီး ကိုယ်သုံးလိုတဲ့ဖောင့်ကို Copy ကူးပြီး
ifont>custom> ထဲကိုသွားချထားပေးပါ။


ကျွန်တော်ကတော့ Padauk Grand Pro ဖောင့်နဲ့စမ်းပြမှာဖြစ်တဲ့အတွက်
Padauk Grand Pro.ttf ကို Copy ကူးလိုက်ပါတယ်။


 ifont ဖိုဒါထဲက Custom ဖိုဒါထဲကို သွားထည့်မှာဖြစ်တဲ့အတွက် ifont ဖိုဒါထဲကို ဝင်လိုက်ပါတယ်။


 ပြီးတော့ Custom ဆိုတဲ့ဖိုဒါထဲကို ဆက်ဝင်လိုက်ပါတယ်။


 Custom ဆိုတဲ့ဖိုဒါထဲကို ရောက်ရင်တော့ Paste ဆိုတာကိုနှိပ်လိုက်ပါတယ်။


 ဒါဆိုရင်အောက်ကပုံအတိုင်း Padauk Grand Pro.ttf လေး ifont>custom> ထဲကိုရောက်နေပါပြီ။
OK အဆင်ပြေပါပြီ…
iFont App ကိုသွားပြန်ဖွင့်ပြီး ဝင်လိုက်ပါ။


 MY ကိုနှိပ်ပြီး Color Font ထဲကိုပြန်ဝင်လိုက်ပါ။


 ကျွန်တော် Facebook ကိုစမ်းပြပါမယ်။
အဲ့ဒီအတွက် Facebook ကိုနှိပ်လိုက်ပါ။


 Enable လုပ်ပေးဖို့ မြှားပြထားတဲ့ ဘားလေးကို ညာဘက်ဆွဲပြီး ဖွင့်ပေးလိုက်ပါ။


 အင်္ဂလိပ်စာလုံးပုံစံတွေကို ကြိုက်သလိုထားဖို့ Font Weight အောက်ကအနီရောင်ဝိုင်းပြထားတဲ့ထဲမှာ ကြိုက်တဲ့ပုံစံကိုရွေးထားနိုင်ပါတယ်။
စာလုံးထူတဲ့ပုံစံထားချင်ရင်တော့ Bold ကိုရွေးပါ။
စာလုံးစောင်းစောင်းလေးထားချင်ရင်တော့ Italic ကိုရွေးပေးပါ။
ထူထူစောင်းစောင်းလေးထားချင်ရင်တော့ Bold & Italic ကိုရွေးနိုင်ပါတယ်။
နဂိုပုံမှန်အတိုင်းပဲထားချင်ရင်တော့ အပေါ်ဆုံးတစ်ခုက
ကျွန်တော်ရွေးထားသလို Default ကိုရွေးထားနိုင်ပါတယ်။


 မြန်မာစာလုံးပုံစံတွေကို ကြိုက်တဲ့ဖောင့်ရွေးထားဖို့ Change Font Family ကိုနှိပ်ပြီးစောဏက ifont>custom> ထဲကိုထည့်ထားတဲ့ ဖောင့်ကိုသွားရွေးပေးရမှာပါ။
အဲ့ဒါကြောင့်အခြားကိုယ်ကြိုက်တဲ့ဖောင့်အားလုံးအဲ့မှာထားပြီး သွားရွေးပေးနိုင်ပါတယ်။
Change Font Family ကိုနှိပ်လိုက်ပါ။

 ကျွန်တော် Padauk Grand Pro ဖောင့်တစ်ခုသာ အဲ့ဖိုဒါထဲကိုထည့်ထားသေးတဲ့အတွက်
System ဖောင့်နဲ့ Padauk Grand Pro ဖောင့်ကိုသာတွေ့ရမှာပါ။ အခြားဖောင့်တွေအများကြီးထည့်ထားရင်တော့ အများကြီးတွေ့ရမှာပါ။
ကျွန်တော်တို့ Padauk Grand Pro ကို Facebook ထဲကမြန်မာစာလုံးပုံစံတွေ ထားမှာဖြစ်တဲ့အတွက်နှိပ်ပေးလိုက်ပါ။


 ကဲ…အခုဆိုရင် Facebook ထဲက Font Family မှာ Padauk Grand Pro ဖြစ်နေပါပြီ။
အရောင်ပြောင်းဖို့အတွက် အောက်ကိုဆက်ကြည့်ပေးပါ။


 Facebook ထဲကစာလုံးတွေကို အရောင်ပြောင်းဖို့ Choose Color ကိုနှိပ်လိုက်ပါ။

ကြိုက်တဲ့အရောင်ကို ရွေးနှိပ်လိုက်ပါ။
အခြားကြိုက်တဲ့အရောင်တွေထပ်ရွေးထားချင်ရင်တော့ More Color ကိုနှိပ်ပြီးရွေးချယ်နိုင်ပါသေးတယ်။
ကျွန်တော်ကတော့ အစိမ်းရောင်လေးကို ရွေးလိုက်ပါတယ်။


 ပြီးရင်တော့ All Text Color နဲ့ Force Fonts ကို ညာဘက်ဆွဲပြီး ဖွင့်ပေးလိုက်ပါ။


 ပြီးရင်စမ်းဖွင့်ကြည့်ချင်ရင်တော့ အနီရောင်ဝိုင်းပြထားတဲ့ နေရာကိုနှိပ်ပြီးဖွင့်ကြည့်နိုင်ပါတယ်။


 ကဲ…အောက်ကပုံမှာမြင်ရတဲ့အတိုင်း Padauk Grand Pro ဖောင့်နဲ့အစိမ်းရောင်လေး ဖြစ်နေပါပြီ။




အခြားApp တွေမှာလည်း ဒီပုံစံအတိုင်းပဲ ပြောင်းနိုင်ပါတယ်။
အရောင်တွေ ဖောင့်တွေကိုလည်း အချိန်မရွေးဝင်ပြောင်းနုိင်ပါတယ်။
မထားချင်တော့ရင်လည်း ကျွန်တော်တို့ ပထမဆုံး Facebook App ထဲကို စဝင်တုန်းက
Enabled လုပ်ခဲ့တဲ့ခလုတ်လေးကိုသာ ပြန်ပိတ်ပေးလိုက်ရုံပါ။
အားလုံးအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ


Page


==========

ပအိုဝ်း IT လူငယ်များ




Blog
==========
ပအိုဝ်း IT လူငယ်များ

PaOh Dragon App

Groups
============
Myanmar Unicode Area

Myanmar PaOh Unicode Area

ပအိုဝ်း IT လူငယ်များ

 အားလုံးအဆင်ပြေပျော်ရွင်နိုင်ကြပါစေ  

                                     ပအိုဝ်း ITလူငယ်များ

Admin

ဒီဂျစ်တယ်ခေတ်တွင် နိုင်ငံတကာသုံး စံနှုန်းများအဆင့်မှီသော မြန်မာယူနီကုဒ်ကို သုံးစွဲခြင်းဖြင့် ဘာသာစကားများကို ထိန်းသိမ်းကာကွယ်ပါ။

0 comments:

Post a Comment

 

Copyright @ 2014-2015 ပအိုဝ်း IT လူငယ်များ.

Designed by Templateism | Edited By Khun Htetz Naing | PaOh IT Youth