Wednesday, May 27, 2015

Samsung Galaxy Ace 2 JellyBean 4.1.2 အလုံးတွေကို Root မလို ကွန်ပျူတာမလို မြန်မာစာ(ယူနီကုဒ်) ထည့်သွင်းမယ်


ဒီနည်းက Recovery Mode ကနေ CWM သွင်းပြီး မြန်မာ (ယူနီကုဒ်) zip ဖိုင်လေးကို ဝင် Flash ပေးလိုက်ရုံပါပဲ။
အရင်ဆုံးမိမိ Galaxy Ace 2 က 4.1.2 JellyBean ဖြစ်နေဖို့လိုပါတယ်။
2.3.6 GingerBread ဆိရင်တော့ Setting>About>Software Update ကနေ Upgrade လုပ်ပေးလိုက်ပါ။
အင်တာနက်တော့ ဖွင့်ထားပေးရပါလိမ့်မယ်။
လိုင်းကောင်းရင်တော့ ပိုအဆင်ပြေတာပေါ့။
နည်းနည်းတော့ကြာပါလိမ့်မယ်။
ဒါမှမဟုတ် ကွန်ပျူတာက Samsung Kies နဲ့လည်း Upgrade ပေးလို့လည်းရပါတယ်။
ကျွန်တော်ကတော့ ကွန်ပျူတာမလိုတဲ့ Setting>About>Software Update ကနေပဲ Upgrade လုပ်ပေးလိုက်ပါတယ်။
CWM သွင်းပြီး မြန်မာစာ (ယူနီကုဒ်) လည်းထည့်လို့ရပါပြီ။
2.3.6 GingerBread က မြန်မာ (ယူနီကုဒ်) ထည့်လို့အဆင်မပြေလို့ပါ။
ကျွန်တော် အောက်ကမော်ဒယ် (၃) မျိုးကိုတော့စမ်းထားတာအဆင်ပြေတယ်ဗျ.....

• GT-I8160    Jelly Bean 4.1.2
• GT-I8160P  Jelly Bean 4.1.2
• GT-I8160L  Jelly Bean 4.1.2

တခြား Ace 2 တွေကိုလည်း စမ်းကြည့်နိုင်ပါတယ်။
ကျွန်တော်ပထမက Samsung 4.1.2 အတွက်သီးသန့်လုပ်ထားတဲ့ Android 4.1.2 Unicode.zip ကို
CWM သွင်းပြီး Flash ကြည့်ပါတယ်။
ဒါပေမယ့် အဆင်မပြေဘူးဗျ.....
အခြားနေရာမှာစာတွေ အကုန်မှန်ပေမယ့် ဘရောက်ဆာမှာ စာမမှန်ဘူးဗျ.....
စာတွေရှေ့နောက်လွဲနေတယ်။
အဲ့ဒါနဲ့ UniMM Patcher_3.2. ရော UniMM_3 ရောထပ်သွင်းတယ်....
အဆင်မပြေသေးဘူးဗျ.....
အာ့နဲ့ Firmware ပြန်တင်လိုက် စမ်းလိုက်နဲ့ လုပ်ကြည့်တာ နောက်ဆုံးတော့
UniMM Patcher_3.2.zip ကိုအရင်သွင်းပြီး Android 4.1.2 Unicode.zip ထပ်သွင်းလိုက်တာ အဆင်ပြေသွားတယ်ဗျ.....
လုံးဝစာတွေအကုန်မှန်သွားတယ်။


အောက်မှာ Galaxy Ace 2 အလုံးတွေအတွက်
CWM, UniMM Patcher_3.2.zip နဲ့ Android 4.1.2 Unicode.zip ကိုဒေါင်းလိုက်ပါ။
ဖိုင်ဆိုဒ်က 28Mb လောက်ရှိပါတယ်။

Download >>> CWM.zip

Download >>> UniMM Patcher_3.2.zip

Download >>> Android 4.1.2 Unicode.zip

1. ရလာတဲ့ zip ဖိုင်သုံးခု ကို SD Card ထဲထည့်လိုက်ပါ။
    ဘယ်ဖိုဒါထဲထည့်မထားပဲ ဒီတိုင်းအလွတ်ချထားပါ။

2. ဖုန်းကို Power ပိတ်ပါ..
    ပြီးရင် Volume Up+Home+Power တွဲနှိပ်ပြီး Recovery Mode ကိုဝင်ပါ..

3. Recovery Mode ထဲမှာ apply update from external storage ကို Vol Up/Dwn ခလုတ်တွေသုံးပြီးရွှေ့ပါ..
    ရောက်ရင် Home/Power ကိုတစ်ချက်နှိပ်ပါ..
    ပြီးရင် ခုနက ထည့်ထားတဲ့ zip ဖိုင်သုံးခုထဲက CWM.zip ကိုရွေးပြီး Home/Power ကိုနှိပ်ပါ....
    CWM သွင်းနေတာကို မြင်ရပါလိမ့်မယ်။
    စောင့်ပေးလိုက်ပါ.....

4. ပြီးရင် install zip from sdcard ကိုဝင်ပါ။
   choose zip from sdcard ထပ်ဝင်ပါ။
   ပြီးရင် UniMM Patcher_3.2.zip ကိုရွေးပြီး Home/Power ကိုနှိပ်ပါ....
   မြန်မာစာသွင်းနေပါပြီ....
   စောင့်ပေးလိုက်ပါ....
   ပြီးသွားရင် ''++back+++'' ကိုထောက် Home/Power ကိုနှိပ်ပြီး အဲ့ကနေပြန်ထွက်လိုက်ပါ။
   Reboot System ကိုရွေးပြီး Home/Power ကိုတစ်ချက်နှိပ်လိုက်ပါ...   
   ဖုန်းက Reboot ကျသွားပါလိမ့်မယ်....    
   ပြန်တက်လာရင်တော့ ဖုန်းက မြန်မာစာ သွင်းပြီးသွားပါပြီ....

   စာရိုက်ကြည့်ဖို့ M3 Keyboard ကို ဒီမှာ သွားဒေါင်းလိုက်ပါ။
   ပြီးရင် Install လုပ်.....
   Setting>Language & Input>M3 Keyboard ကိုအမှန်ခြစ်တပ်.....
   Default ကိုနှိပ်ပြီး M3 Keyboard ကိုရွေးပေးပါ....
   စာရိုက်ကြည့်ပါ.....
   ဘရောက်ဆာတွေထဲဝင်ကြည့်ပါ....
   Facebook, Viber, အကုန်စစ်ကြည့်ပါ....
   စာလုံးတွေ ရှေ့နောက်လွဲနေသေးရင်တော့......

1. ဖုန်းကို Power ပိတ်ပါ...
    ပြီးရင် Volume Up+Home+Power တွဲနှိပ်ပြီး Recovery Mode ကိုဝင်ပါ..

2. Recovery Mode ထဲမှာ apply update from external storage ကို Vol Up/Dwn ခလုတ်တွေသုံးပြီးရွှေ့ပါ..
    ရောက်ရင် Home/Power ကိုတစ်ချက်နှိပ်ပါ..
    ပြီးရင် ခုနက ထည့်ထားတဲ့ zip ဖိုင်သုံးခုထဲက CWM.zip ကိုရွေးပြီး Home/Power ကိုနှိပ်ပါ....
    CWM သွင်းနေတာကို မြင်ရပါလိမ့်မယ်။
    စောင့်ပေးလိုက်ပါ.....

3. ပြီးရင် install zip from sdcard ကိုဝင်ပါ။
   choose zip from sdcard ထပ်ဝင်ပါ။
   ပြီးရင် Android 4.1.2 Unicode.zip ကိုရွေးပြီး Home/Power ကိုနှိပ်ပါ....
   မြန်မာစာသွင်းနေပါပြီ....
   စောင့်ပေးလိုက်ပါ....
   ပြီးသွားရင် ''++back+++'' ကိုထောက် Home/Power ကိုနှိပ်ပြီး အဲ့ကနေပြန်ထွက်လိုက်ပါ။
   Reboot System ကိုရွေးပြီး Home/Power ကိုတစ်ချက်နှိပ်လိုက်ပါ...   
   ဖုန်းက Reboot ကျသွားပါလိမ့်မယ်....    
   ပြန်တက်လာရင်တော့ ဖုန်းကမြန်မာစာ အမှန်ကန်မြင်ရနေပါပြီ.....
   အကုန်လိုက်စစ်ကြည့်ပါ။
   လုံးဝ Ok နေတာကိုတွေ့ရပါလိမ့်မယ်.....
   တခြားဖောင့်အလန်းတွေကို Font Style ကနေဖြစ်ဖြစ်
   ifont နဲ့ပဲဖြစ်ဖြစ်ထည့်သွင်းပြီး ထပ်လန်းနိုင်ပါတယ်......
 
   တကယ်လို့ Root ဖောက်ချင်ရင်လည်း ဒီမှာ သွားကြည့်လိုက်ပါ။
   ကွန်ပျူတာမလိုပါဘူး။

  

    အဆင်ပြေပါစေ....


 အဆင်မပြေတာရှိရင် Facebook မှာလာရောက်မေးမြန်းနိုင်ပါတယ်။



ကျွန်တော်တို့ ပအိုဝ်း IT လူငယ်များ(Paoh IT Youth) ဘလော့နှင့် ပေ့စ်ကတင်သမျှကို Offline ဖတ်ရူ့နိုင်အောင် App လေးတစ်ခုလုပ်ပြီး Play Store မှာတင်ထားပါတယ်။
ဒေါင်းပေးကြပါဦးနော်..........
Review လေးတွေဝင်ပေးကြပါဦး အားလုံးကို ကျေးဇူးတင်ပါတယ်။ပေးထားတဲ့လင့်ကနေသွားရောက်ဒေါင်းယူပေးကြပါနော်.......
အောက်ကနေရာတွေမှာလည်း လာရောက်အကူညီတောင်းယူနိုင်ပါတယ်။
သိသမျှ တတ်သမျှလည်း မျှဝေနိုင်ပါတယ်။
Unicode အသုံးပြုချင်သူများနှင့်အသုံးပြုနေသူများ 
Myanmar Unicode Area နှင့် 
Join ထားလိုက်ပါ။


Admin

ဒီဂျစ်တယ်ခေတ်တွင် နိုင်ငံတကာသုံး စံနှုန်းများအဆင့်မှီသော မြန်မာယူနီကုဒ်ကို သုံးစွဲခြင်းဖြင့် ဘာသာစကားများကို ထိန်းသိမ်းကာကွယ်ပါ။

0 comments:

Post a Comment

 

Copyright @ 2014-2015 ပအိုဝ်း IT လူငယ်များ.

Designed by Templateism | Edited By Khun Htetz Naing | PaOh IT Youth