Sunday, May 10, 2015

★ Samsung Galaxy Young GT-S5360 ကိုကွန်ပျူတာမလို Recovery Mode ကနေ Root ဖောက်မယ် ★

  

     Android Version 2.3.6 နဲ့ GT-S5360 ကို ကွန်ပျူတာမလို
Recovery Mode ကနေ Root ဖောက်ကြမယ်။
ဒီဖုန်းတွေက လူသုံးနည်းသွားပြီဆိုပေမယ့် တောင်းထားတဲ့သူတွေရှိတဲ့အတွက်တင်ပေးလိုက်ပါတယ်။
ကဲ...အောက်မှာ Root zip ဖိုင်လေးကိုဒေါင်းလိုက်ပါ။

GT-S5360 Root.zip

ဒေါင်းလို့ရလာတဲ့ ဖိုင်ကို sd ကဒ်ထဲဘယ်ဖိုဒါထဲမှ ထည့်မထားပဲ ဒီတိုင်းအလွတ်ချထားလိုက်ပါ။
ဖုန်းကိုပါဝါပိတ်ပြီး Recovery Mode ကိုဝင်လိုက်ပါ။
Vol Up+Home+Power ခလုတ်သုံးခုကို နည်းနည်းကြာကြာဖိထားလိုက်ပါ။ Recovery Mode ကိုရောက်သွားပါလိမ့်မယ်။
Recovery Mode ကိုရောက်ရင် Screen အလုပ်မလုပ်တော့ပါ။

- အပေါ်တက်ဖို့ Vol Up(အသံချဲ့သည့်ခလုတ်) နဲ့ အောက်ဆင်းဖို့ Vol Down(အသံတိုးသည့်ခလုတ်) နှင့်
Ok ပေးဖို့ Home(အလည်ခလုတ်) တို့ကိုသုံးရပါမယ်။

- Vol Down ခလုတ်ကိုသုံးပြီး Apply Update From Sdcard ကိုရွေးလိုက်ပါ။
Home ခလုတ်ကိုသုံးပြီး Ok ပေးလိုက်ပါ။
- ပြီးရင် GT-S5360 Root,zip ကိုရွေးပြီး Ok ပေးလိုက်ပါ။
- ခနစောင့်ပေးလိုက်ပါ။
- Ok ပါပြီ reboot system row ကိုနှိပ်လိုက်ပါ။
- ဖုန်းကပါဝါပြန်တက်လာပြီ Boot တက်နည်းနည်းကြာပါတယ်။
- ခနစောင့်ပေးလိုက်ပါ။
- ပါဝါပွင့်လာရင် App တွေထဲမှာ Superuser ဆိုတဲ့ App ရောက်နေပါပြီ။
- သင့်ဖုန်းက Root ပေါက်သွားပါပြီ....
- ကဲ...ကလိချင်တာ ကလိကြပေတော့......

Ok ပြီနော် အဆင်မပြေတာရှိရင် Facebook မှာလာရောက်မေးမြန်းနိုင်ပါတယ်။

အဆင်ပြေပါစေ ခွန်ထက်နိုင် (ပအိုဝ်း IT လူငယ်များ)

ကျွန်တော်တို့ ပအိုဝ်း IT လူငယ်များ(Paoh IT Youth) ဘလော့နှင့် ပေ့စ်ကတင်သမျှကို Offline ဖတ်ရူ့နိုင်အောင် App လေးတစ်ခုလုပ်ပြီး Play Store မှာတင်ထားပါတယ်။
ဒေါင်းပေးကြပါဦးနော်..........
Review လေးတွေဝင်ပေးကြပါဦး အားလုံးကို ကျေးဇူးတင်ပါတယ်။ပေးထားတဲ့လင့်ကနေသွားရောက်ဒေါင်းယူပေးကြပါနော်.......
https://play.google.com/store/apps/details?id=com.paoh.it.youth

တင်သမျှ Facebook ပေါ်ကဖတ်ဖို့ ပအိုဝ်း IT လူငယ်များပေ့စ်ကို Like လုပ်ထားပေးပါ။

အောက်ကနေရာတွေမှာလည်း လာရောက်အကူညီတောင်းယူနိုင်ပါတယ်။
သိသမျှ တတ်သမျှလည်း မျှဝေနိုင်ပါတယ်။

နည်းပညာအကြောင်းတွေမေးမြန်းဖြေဆိုမျှဝေကြဖို့ ပအိုဝ်း IT လူငယ်များ Group ကို Join ထားပေးပါ။

Unicode အသုံးပြုချင်သူများနှင့်အသုံးပြုနေသူများ
Myanmar Unicode Area နှင့်
Myanmar PaOh Unicode Area ကို
Join ထားလိုက်ပါ။ 

Admin

ဒီဂျစ်တယ်ခေတ်တွင် နိုင်ငံတကာသုံး စံနှုန်းများအဆင့်မှီသော မြန်မာယူနီကုဒ်ကို သုံးစွဲခြင်းဖြင့် ဘာသာစကားများကို ထိန်းသိမ်းကာကွယ်ပါ။

0 comments:

Post a Comment

 

Copyright @ 2014-2015 ပအိုဝ်း IT လူငယ်များ.

Designed by Templateism | Edited By Khun Htetz Naing | PaOh IT Youth