Tuesday, May 12, 2015

Samsung Galaxy Young GT-S5360 ဖုန်းကိုင်သူတွေအတွက် 2.3.6 ကို Kitkat Custom Rom တင်မယ် (ကွန်ပျူတာမလို)


       ဒီဖုန်းတွေက သူ့ရဲ့မူရင်းနဂိုဗားရှင်းက Android 2.3.6 ပါ။
ဒါကြောင့်သူ့ကို ဗားရှင်းမြင့်တဲ့ Android 4.4.2 Kitkat ကိုတင်ကြမယ်။
ကွန်ပျူတာမလိုပါဘူး။
Root လုပ်တာက အစ ကွန်ပျူတာသုံးစရာမလိုပါဘူး။
ကဲ... လိုအပ်တဲ့ ဖိုင်တွေကိုအောက်မှာဒေါင်းလိုက်ပါ။
စုစုပေါင်း 80Mb လောက်ပဲရှိပါတယ်။

CWM.zip

CyanogenMod_2.zip

Kitkat Rom.zip

ကဲ.....အားလုံးဒေါင်းပြီးသွားရင်
ဒေါင်းလို့ရလာတဲ့ ဖိုင်တွေအားလုံးကို sd ကဒ်ထဲဘယ်ဖိုဒါထဲမှ ထည့်မထားပဲ ဒီတိုင်းအလွတ်ချထားလိုက်ပါ။
အရင်ဆုံးဖုန်းကို Root လုပ်ထားရပါမယ်။
Root လုပ်နည်းကို ဒီမှာ သွားကြည့်လိုက်ပါ။

Root လုပ်ပြီးသွားရင် CWM သွင်းပြီး Rom တင်ပါတော့မယ်။
ဖုန်းကိုပါဝါပိတ်ပြီး Recovery Mode ကိုဝင်လိုက်ပါ။
Vol Up+Home+Power ခလုတ်သုံးခုကို နည်းနည်းကြာကြာဖိထားလိုက်ပါ။ Recovery Mode ကိုရောက်သွားပါလိမ့်မယ်။
Recovery Mode ကိုရောက်ရင် Screen အလုပ်မလုပ်တော့ပါ။

- အပေါ်တက်ဖို့ Vol Up(အသံချဲ့သည့်ခလုတ်) နဲ့ အောက်ဆင်းဖို့ Vol Down(အသံတိုးသည့်ခလုတ်) နှင့်
Ok ပေးဖို့ Home(အလည်ခလုတ်) တို့ကိုသုံးရပါမယ်။

- Vol Down ခလုတ်ကိုသုံးပြီး Apply Update From Sdcard ကိုရွေးလိုက်ပါ။
Home ခလုတ်ကိုသုံးပြီး Ok ပေးလိုက်ပါ။
- ပြီးရင် CWM ကိုရွေးပြီး Ok ပေးလိုက်ပါ။
- ခနစောင့်ပေးလိုက်ပါ။
- Ok CWM သွင်းပြီးသွားပါပြီ။

- mounts and storage ဝင်လိုက်ပါ။
- mount /_____ ဖြစ်နေတာတွေကို ထောက်ပြီး Ok ပေးလိုက်ပါ။
- unmount / _____ ဖြစ်သွားရင် ရပါပြီ။
- mount / _____ ဖြစ်နေတာအားလုံးကို unmount / _____ ဖြစ်အောင်အကုန်ပြောင်းပေးလိုက်ပါ။
- ပြီးရင် ''++back+++'' ကိုထောက်ပြီးအဲ့ကနေပြန်ထွက်လိုက်ပါ။

- install zip from sd ကိုဝင်ပါ။
- choose zip from sdcard ကိုထပ်ဝင်ပါ။
- CyanogenMod_2.zip ကိုရွေးပေးလိုက်ပါ။
- Yes - install CyanogenMod_2.zip ကိုရွေးပေးပါ။
- ခနစောင့်ပေးလိုက်ပါ။

- ပြီးရင် Power ခလုတ်ကိုနှိပ်ပါ။ Home ကိုပြန်ရောက်သွားပါလိမ့်မယ်။
- advanced ကိုဝင်ပါ။
- reboot recovery ကိုနှိပ်ပါ။
- ခနစောင့်ပေးလိုက်ပါ။

- ပြီးရင် mount and storage ကိုဝင်ပါ။
- format /data ကိုဝင်ပါ။ - Yes - format ကိုရွေးပေးပါ။
- format /system ကိုဝင်ပါ။ - Yes - format ကိုရွေးပေးပါ။
- format /cache ကိုဝင်ပါ။ - Yes - format ကိုရွေးပေးပါ။
- အားလုံးပြီးရင် - ++++Go Back ++++ ကိုနှိပ်ပြီးပြန်ထွက်လိုက်ပါ။

- install zip from sdcard ကိုထပ်ဝင်ပါ။
- choose zip from sdcard ကိုဆက်ဝင်ပါ၊
- Kitkat Rom.zip ကိုရွေးပေးလိုက်ပါ။
- Yes - install Kitkat Rom.zip ကိုရွေးပေးပါ။
- ခနစောင့်ပေးလိုက်ပါ။

- ပြီးရင် - ++++ Go Back ++++ ကိုနှိပ်ပြီးပြန်ထွက်လိုက်ပါ။
- wipe data/factory reset ကိုဝင်ပါ။
- Yes - delete all user data ကိုရွေးပေးပါ။
- reboot system now ကိုနှိပ်လိုက်ပါ။
- ဖုန်းက ပါဝါပြန်တက်လာပါပြီ Boot တက်တာနည်းနည်းကြာပါတယ်။
  စောင့်ပေးလိုက်ပါ။

  ရပါပြီ Kitkat Rom နဲ့လန်းနိုင်ပါပြီ။
  အရမ်းလန်းပါတယ်။
  Setting ထဲမှာကလိစရာတွေအများကြီးပါပဲ.....
  ဝင်ကလိလိုက်ကြပါဦး......

 Ok ပြီနော် အဆင်မပြေတာရှိရင် Facebook မှာလာရောက်မေးမြန်းနိုင်ပါတယ်။
 အဆင်ပြေပါစေ
ခွန်ထက်နိုင် (ပအိုဝ်း IT လူငယ်များ)

ကျွန်တော်တို့ ပအိုဝ်း IT လူငယ်များ(Paoh IT Youth) ဘလော့နှင့် ပေ့စ်ကတင်သမျှကို Offline ဖတ်ရူ့နိုင်အောင် App လေးတစ်ခုလုပ်ပြီး Play Store မှာတင်ထားပါတယ်။
ဒေါင်းပေးကြပါဦးနော်..........
Review လေးတွေဝင်ပေးကြပါဦး အားလုံးကို ကျေးဇူးတင်ပါတယ်။ပေးထားတဲ့လင့်ကနေသွားရောက်ဒေါင်းယူပေးကြပါနော်.......
https://play.google.com/store/apps/details?id=com.paoh.it.youth

တင်သမျှ Facebook ပေါ်ကဖတ်ဖို့ ပအိုဝ်း IT လူငယ်များပေ့စ်ကို Like လုပ်ထားပေးပါ။

အောက်ကနေရာတွေမှာလည်း လာရောက်အကူညီတောင်းယူနိုင်ပါတယ်။
သိသမျှ တတ်သမျှလည်း မျှဝေနိုင်ပါတယ်။

နည်းပညာအကြောင်းတွေမေးမြန်းဖြေဆိုမျှဝေကြဖို့ ပအိုဝ်း IT လူငယ်များ Group ကို Join ထားပေးပါ။

Unicode အသုံးပြုချင်သူများနှင့်အသုံးပြုနေသူများ
Myanmar Unicode Area နှင့်
Myanmar PaOh Unicode Area ကို
Join ထားလိုက်ပါ။

Admin

ဒီဂျစ်တယ်ခေတ်တွင် နိုင်ငံတကာသုံး စံနှုန်းများအဆင့်မှီသော မြန်မာယူနီကုဒ်ကို သုံးစွဲခြင်းဖြင့် ဘာသာစကားများကို ထိန်းသိမ်းကာကွယ်ပါ။

0 comments:

Post a Comment

 

Copyright @ 2014-2015 ပအိုဝ်း IT လူငယ်များ.

Designed by Templateism | Edited By Khun Htetz Naing | PaOh IT Youth