Tuesday, May 5, 2015

Samsung Galaxy Young GT-S5360 Firmware တင်နည်း



Samsung Galaxy Y GT-S5360 Firmware တင်နည်း ပြန်တင်ပေးလိုက်ပါတယ်....
Firmware ကျလို့ ဒုက္ခရောက်နေသူတွေ Firmware ရှာမတွေ့သူတွေ အတွက်တင်ပေးလိုက်ပါတယ်။
ဒီဖုန်းတွေက ခုသုံးတဲ့လူတွေ တော်တော်နည်းသွားပြီဆိုပေမယ့် သုံးနေတဲ့သူတွေ
လိုအပ်ရင် အဆင်သင့် အသုံးပြုနိုင်အောင်ပုံနဲ့တကွ Firmware တင်နည်းကို မျှဝေပေးလိုက်ပါတယ်။
ဒီဖုန်းက Firmware တော်တော်ရှာရခက်ပါတယ်.....
ဒီကသူငယ်ချင်းတစ်ယောက်ကိုင်နေတာ Firmware ကျသွားတော့ ကျွန်တော့်ကိုအကူညီတောင်းတာနဲ့
Site ပေါင်းစုံလိုက်ရှာလိုက်ရတယ်။
တော်တော်နဲ့မတွေ့ဘူး.... တွေ့တာနဲ့ပြန်တင်ပေးရင် တခြားလိုအပ်နေသူတွေအတွက် ပြန်မျှဝေပေးလိုက်တာပါ။
ကဲ....အောက်မှာ Firmware ဖိုင်လေးကိုဒေါင်းလိုက်ပါ.....
ဖိုင်ဆိုဒ်ကလည်း ဘယ်လောက်မှမရှိပါဘူး 117 MB ပဲရှိပါတယ်......
Zip ဖိုင်ထဲမှာ Odin ရယ် Firmware ရယ်ပါပြီးသားပါ။

Samsung Galaxy Y GT-S5360 Firmware.zip ဒေါင်းရန်

ပြီးရင်အောက်ကပုံလေးတွေကြည့်ပြီးလုပ်လိုက်ပါနော်......
ဒေါင်းလို့ရလာတဲ့ဖိုင်ကို Zip ဖြည်ချလိုက်ပါ။
Odin ကိုဖွင့်လိုက်ပါ။
ပြီးရင်အောက်ကပုံလို PIT ဆိုတဲ့ခလုတ်ကိုနှိပ်လိုက်ပါ........



မိမိဒေါင်းထားတဲ့ Firmware ဖိုဒါထဲက S5360_totoro_0623.pit ဆိုတဲ့ဖိုင်လေးကိုရွေးလိုက်ပါ။




ပြီးရင် PDA ကိုနှိပ်ပါ။





Firmware ဖိုင်ထဲက PDA_S5360B_UTLG1.tar.md5 ကိုရွေးပေးလိုက်ပါ။


ပြီးရင် PHONE ကိုနှိပ်ပါ။
အောက်ပါပုံအတိုင်း......






MODEM_S5360B_UTLG1.tar.md5 ကိုရွေးပေးလိုက်ပါ။


 ပြီးရင် CSC ကိုနှိပ်ပါ။




 CSC_S5360B_ZTOLE1.tar.md5 ကိုရွေးပေးလိုက်ပါ။


ကဲ...အားလုံးရွေးပြီးသွားပြီဆိုရင် Firmware တင်ဖို့အဆင်သင့်ဖြစ်နေပါပြီ.......
ဖုန်းကိုပါဝါပိတ်လိုက်ပါ။
Download Mode ကိုဝင်လိုက်ပါ။
Vol Up+Home+Power ခလုတ်သုံးခုကို တပြိုင်တည်းနည်းနည်းကြာကြာ တွဲနှိပ်ထားပါက Download Mode ကိုရောက်သွားပါလိမ့်မယ်။
ပြီးရင် Vol Up နှိပ်ပေးပါ။
Download Mode မဝင်တတ်သူတွေကို အောက်ကပုံကိုကြည့်ပါ.....
Samsung ဖုန်းအားလုံး Download Mode ဝင်ရင်အောက်ကပုံအတိုင်းဝင်ရပါသည်။
Vol Down+Home+Power ခလုတ်သုံးခုကိုပြိုင်တူနည်းနည်းကြာကြာဖိထားလိုက်ပါ။




အောက်ပါပုံအတိုင်းပေါ်လာရင် Vol Up ကိုနှိပ်ပါ။
 
အောက်ပါပုံအတိုင်းပေါ်လာရင် Download Mode
ကိုရောက်သွားပါပြီ။                                              
                                      

ကွန်ပျုတာနဲ့ဖုန်းကို USB ကြိုးသုံးပြီးချိတ်ဆက်လိုက်ပါ။
ဖုန်းကိုကွန်ပျုတာကသိပြီဆိုရင်အောက်ကပုံလို Odin ကအဝါရောင်ပြပါလိမ့်မယ်။
အဝါရောင်ပြပြီဆိုရင် Firmware တင်လို့ရပါပြီ။
Start ကိုနှိပ်လိုက်ပါ။
ပြီးရင် ဖုန်းနဲ့ကွန်ပျူတာ ချိတ်ဆက်နေတာကို မဖြုတ်ပါနဲ့
ကြိုးကို (လုံးဝ) မထိမိပါစေနဲ့.....
စောင့်ပေးလိုက်ပါ။
ဘယ်လောက်မှမကြာပါဘူး။


အောက်ကပုံလို အစိမ်းရောင်နဲ့ Pass လို့ပြလာရင် Firmware တင်လို့အောင်ပါပြီ။
USB ကြိုးကိုဖြုတ်လို့ရပါပြီ။
ဖုန်းက Boot တက်တာနည်းနည်းကြာပါလိမ့်မယ်.....
စောင့်ပေးလိုက်ပါ။





OK အားလုံးပြီးသွားပါပြီ.....
အဆင်ပြေသွားပါပြီ..........
အဆင်မပြေတာများ ရှိခဲ့ရင်  Facebook မှာလာရောက်မေးမြန်းနိုင်ပါတယ်......

 အဆင်ပြေပါစေ
ခွန်ထက်နိုင် (ပအိုဝ်း IT လူငယ်များ)

ကျွန်တော်တို့ ပအိုဝ်း IT လူငယ်များ(Paoh IT Youth) ဘလော့နှင့် ပေ့စ်ကတင််သမျှကို Offline ဖတ်ရူ့နိုင်အောင် App လေးတစ်ခုလုပ်ပြီး Play Store မှာတင်ထားပါတယ်။
ဒေါင်းပေးကြပါဦးနော်..........
Review လေးတွေဝင်ပေးကြပါဦး အားလုံးကို ကျေးဇူးတင်ပါတယ်။ပေးထားတဲ့လင့်ကနေသွားရောက်ဒေါင်းယူပေးကြပါနော်.......
https://play.google.com/store/apps/details?id=com.paoh.it.youth

တင်သမျှ Facebook ပေါ်ကဖတ်ဖို့ ပအိုဝ်း IT လူငယ်များပေ့စ်ကို Like လုပ်ထားပေးပါ။

အောက်ကနေရာတွေမှာလည်း လာရောက်အကူညီတောင်းယူနိုင်ပါတယ်။
သိသမျှ တတ်သမျှလည်း မျှဝေနိုင်ပါတယ်။

နည်းပညာအကြောင်းတွေမေးမြန်းဖြေဆိုမျှဝေကြဖို့ ပအိုဝ်း IT လူငယ်များ Group ကို Join ထားပေးပါ။

Unicode အသုံးပြုချင်သူများနှင့်အသုံးပြုနေသူများ
Myanmar Unicode Area နှင့်
Myanmar PaOh Unicode Area ကို
Join ထားလိုက်ပါ။






Admin

ဒီဂျစ်တယ်ခေတ်တွင် နိုင်ငံတကာသုံး စံနှုန်းများအဆင့်မှီသော မြန်မာယူနီကုဒ်ကို သုံးစွဲခြင်းဖြင့် ဘာသာစကားများကို ထိန်းသိမ်းကာကွယ်ပါ။

0 comments:

Post a Comment

 

Copyright @ 2014-2015 ပအိုဝ်း IT လူငယ်များ.

Designed by Templateism | Edited By Khun Htetz Naing | PaOh IT Youth