Sunday, May 17, 2015

ANDROID PHONE မှ အင်တာနက်ကွန်နက်ရှင်ကို ပီစီတွင် အသုံးပြုသည့်အခါ ဘရောက်စာ၏ ဒေတာစားသုံးမှုကို နည်းပါးအောင် ပြုလုပ်ခြင်း



Desktop Version Website များဟာ Broadband Connection တွေအတွက် 
ဒီဇိုင်းထုတ်ထားတာ ဖြစ်လို့ မိုဘိုင်းဗားရှင်းဝက်ဆိုက် အပါအဝင် အခြားဝက်ဆိုက်များထက် အရွယ်အစားကြီးမားပါတယ်။ 
အဲဒီအတွက် ဖုန်းမှာ Tether ပြုလုပ်ပြီး ကွန်ပြူတာမှာ အင်တာနက် အသုံးပြုရင် တစ်နည်းအားဖြင့် ဖုန်းမှ အင်တာနက်ကို ကွန်ပြူတာသို့ ထုတ်လွှင့်အသုံးပြုရင် သင့်ရဲ့ မိုဘိုင်းဒေတာများစွာ ကုန်ကျမှာ ဖြစ်ပါတယ်။
အောက်ပါနည်းလမ်းတွေကတော့ မိုဘိုင်းဒေတာပမာဏကို ချွေတာ အသုံးပြုနေရသူတွေအတွက် အသုံးဝင်မှာ ဖြစ်ပါတယ်။
Click-To-Play Plugins
ကို Enable လုပ်ပါ။
ဝက်ဆိုက်တော်တော်များများဟာ ကြော်ညာနဲ့ ဗီဒီယိုတွေအတွက် Flash Content တွေကို Embed လုပ်ထည့်သွင်းထားကြပါတယ်။ အဲဒီ Flash Content တွေဟာ အရွယ်အစားအားဖြင့် ကြီးမားကြပါတယ်။ Flash Content တွေကို Load ပြုလုပ်ခြင်းမှ ပိတ်ပင်ထားဖို့ ဘရောက်စာတွေမှာ ပါတဲ့ Click-To-Play Plugin Feature ကို Enable လုပ်ရမှာပါ။ ဒါဆိုရင် ဝက်ဆိုက်တွေ ဖွင့်ရင် Flash Content တွေကို အလိုအလျှောက် ပြသပေးမှာ မဟုတ်ဘဲ “ Click to run Flash” ကိုနှိပ်မှသာ ပြသပေးမှာ ဖြစ်ပါတယ်။ ဘရောက်စာတွေမှာ Click-To-Play Plugin ကို Enable လုပ်ဖို့အတွက်

Chrome 

Settings ထဲသွားပြီး စာမျက်နှာအောက်ဆုံးရှိ Show advanced settings လင့်ကို နှိပ်ပါ။ Privacy Section အောက်မှ Content Settings ခလုတ်ကို နှိပ်ပါ။ Plug-ins ကဏ္ဍအောက်မှ Click to play ကို ရွေးချယ်ပေးပါ။

Firefox 

Firefox Address Bar မှာ about:config လို့ရိုက်ပါ။ နောက်အဆင့်မှာ “ I’ll be careful… “ ကိုနှိပ်ပါ။ Search Box မှာ plugins.click_to_play လို့ရိုက်ပြီး ရှာပါ။ ရှာတွေ့ရင် နှစ်ချက်နှိပ်ပြီး Value မှာ True ဖြစ်အောင် ပြောင်းပေးပါ။ ပြီးရင် Firefox ကို Restart လုပ်ပေးပါ။ 
Images များကို Disable ပြုလုပ်ပါ။
ဓါတ်ပုံတွေကလည်း Bandwidth ကို တော်တော်စားသုံးပါတယ်။ ဒတ်စတော့ဗားရှင်း ဝက်ဆိုက်တွေမှ ဓါတ်ပုံတွေဆိုရင် ပိုမိုအသေးစိတ်ကျပြီး အရွယ်ကြီးမားပါတယ်။ အဲဒီဓါတ်ပုံတွေကို မပြသအောင် ပိတ်ထားနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ ဓါတ်ပုံတွေကို ပိတ်ထားရင်တော့ ဝက်ဆိုက်တစ်ခုကိုဖွင့်ကြည့်ရင် အောက်ကပုံမှာလို ဓါတ်ပုံတွေကို ပြသပေးခြင်း မရှိတော့ပါဘူး။

Chrome 

Settings ထဲသွားပြီး စာမျက်နှာ အောက်ခြေရှိ Show advanced settings ကို နှိပ်ပါ။ Privacy ကဏ္ဍအောက်ရှိ Content Settings ခလုတ်ကို နှိပ်ပြီး Do not show any images ကို ရွေးပေးပါ။

FirefoxAddress Bar
မှာ about:config လို့ရိုက်ပြီး အန်းတားနှိပ်ပါ။ Search Box မှာ permissions.default.image လို့ရိုက်ရှာပါ။ ရှာတွေ့ရင် အဲဒီအပေါ်ကို Mouse Cursor ချပြီး Right-Click နှိပ်ပါ။ Modify ကိုရွေးပြီး Value ကို 2 ပြောင်းပေးပါ။ 

Opera Turbo ကို အသုံးပြုပါ။ 
Opera မှာ အခြား နာမည်ကြီး ဘရောက်စာများမှာ မပါတဲ့ စွမ်းဆောင်ချက်တစ်ခုပါရှိပါတယ်။ Opera ဘရောက်စာမှာ Opera Turbo ကို အသုံးပြုရင် သင်ကြည့်ရှုတဲ့ Web Pages များကို Opera ရဲ့ ဒေတာတွေကို ချုံ့ပေးတဲ့ Proxy ကနေ ဖြတ်သန်းစေမှာ ဖြစ်ပါတယ်။ အဲဒီအတွက် သင့် မိုဘိုင်းဖုန်းရဲ့ ဒေတာပမာဏကို သက်သာစေမှာပါ။ 
Opera Turbo ကို Enable လုပ်ဖို့အတွက် ဘရောက်စာရဲ့ အောက်ခြေမှ Opera Turbo Icon ကို နှိပ်ပြီး Enable Opera Turbo ကိုရွေးပါ။ 
Opera က HTTPS Pages များကိုတော့ သူတို့ရဲ့ Proxy ကနေ ဖြတ်သန်းစေမှာမဟုတ်ပါဘူး။ အဲဒီအတွက် သင့်ရဲ့ ပုဂ္ဂလိက ဒေတာများဟာ လုံခြုံစေမှာဖြစ်ပေမယ့် အဲဒီ Web Page များကို ချုံ့ပေးမှာ မဟုတ်ပါဘူး။

M
obile Website
များကို Request လုပ်ပါ။

မိုဘိုင်းဝက်ဆိုက်များဟာ ဒတ်စတော့ဝက်ဆိုက်များထက်စာရင် Bandwidth အနည်းငယ်ကိုသာ အသုံးပြုပါတယ်။ သင့် ဒတ်စတော့ ဘရောက်စာရဲ့ User Agent ကို ပြောင်းလဲခြင်းဖြင့် မိုဘိုင်းဝက်ဆိုက်များအနေနဲ့ ကြည့်ရှုနိုင်ပါတယ်။ ဒတ်စတော့ ဘရောက်စာရဲ့ User Agent ကို ပြောင်းလဲပေးဖို့အတွက် အလွယ်ကူဆုံးက Extension များကို အသုံးပြုတာပါ။ Chrome နဲ့ Firefox အတွက် User Agent ကို ပြောင်းလဲပေးနိုင်တဲ့ Extension များကို Google Search မှာ user agent switcher for chrome or firefox စသဖြင့် ရှာဖွေနိုင်ပါတယ်။
ကြော်ညာများကို ပိတ်ပင်ပါ။
ဝက်ဆိုက်တွေမှာသာမက Facebook လို လူမှုကွန်ရက်တွေမှာပါ ကြော်ညာများစွာ ထည့်သွင်းထားကြပါတယ်။ အဲဒီကြော်ညာတွေက သင့်ရဲ့ မိုဘိုင်းဒေတာကို ကုန်ကျစေပါတယ်။ အဲဒီ ကြော်ညာတွေကို ပိတ်ပင်ထားနိုင်ဖို့ Browser Extension များကို အသုံးပြုနိုင်ပါတယ်။ Ad Blocker များစွာ ရှိပေမယ့် နာမည်အကြီးဆုံးကတော့ AdBlock Plus ဖြစ်ပါတယ်။ AdBlock Plus ကို Chrome, Firefox တို့မှာ အင်စတောလုပ်နိုင်ပါတယ်။
အထက်ပါနည်းလမ်းများအပြင် ဘရောက်စာ အလိုအလျှောက် Update ပြုလုပ်ခြင်းကို ပိတ်ထားခြင်း၊ အလိုအလျှောက် Windows Update ပြုလုပ်ခြင်းကို ပိတ်ထားခြင်းများကလည်း သင့်ရဲ့ မိုဘိုင်းဖုန်းမှ အင်တာနက် ကွန်နက်ရှင်ကို ပီစီမှာ အသုံးပြုတဲ့ အခြေအနေမှာ ဒေတာပမာဏ သက်သာစေမှာ ဖြစ်ပါတယ်။

လေးစားစွာဖြင့်......။
Credit; Digital Life Journa

Admin

ဒီဂျစ်တယ်ခေတ်တွင် နိုင်ငံတကာသုံး စံနှုန်းများအဆင့်မှီသော မြန်မာယူနီကုဒ်ကို သုံးစွဲခြင်းဖြင့် ဘာသာစကားများကို ထိန်းသိမ်းကာကွယ်ပါ။

0 comments:

Post a Comment

 

Copyright @ 2014-2015 ပအိုဝ်း IT လူငယ်များ.

Designed by Templateism | Edited By Khun Htetz Naing | PaOh IT Youth