Friday, November 27, 2015

How to Root Your Android Devices With BaiduRoot.[No Need Pc]

BaiduRoot ကိုအသုံးပြုပြီး Android ဖုန်းများအလွယ်တကူ Root လုပ်နည်းလေးပါ။BaiduRoot ဟာအခြား iRoot, KingRoot တိုလို့နာမည်မကြီးပေမယ့် ဖုန်းတော်တော်များများကို Root လုပ်ပေးနိုင်ပါတယ်။အလွယ်တကူ Root လုပ်ပေးနိုင်တဲ့ Root Tools ပါ။PC ဗားရှင်းလည်းသက်သက်ရှိပါတယ်...ဖုန်းတိုင်းတော့မရဘူးဆိုပေမယ့် ဖုန်းတော်တော်များများကို Root Acess ရရှိအောင်ပြုလုပ်ပေးနိုင်ပါတယ်။iRoot, KingRoot တို့နဲ့မပေါက်တဲ့ဖုန်းတွေ ဒီ BaiduRoot နဲ့ပေါက်တာတွေလည်း ရှိပါတယ်။ဒီကောင်နဲ့မပေါက်ရင် ဟို iRoot, KingRoot ဖောက်ပေါ့နော်...Root အပလီကေးရှင်းတော်တော်များများကို ခုနောက်ပိုင်း တစ်ချက်နှိပ် One Click တွေများပါတယ်။ဘာမှသိပ်များများလုပ်ပေးစရာမလိုပါဘူး...သက်ဆိုင်ရာ Root Tools တွေကိုဖုန်းမှာ တပ်ဆင်ပြီး တစ်ချက်နှိပ်ပေးရုံပါ...ဒါပေမယ့်ကျွန်တော်ကတော့ ပိုပိုလိုလိုမသိသေးတဲ့သူတွေအတွက် ခုမှဖုန်းနဲ့ပတ်သက်တာတွေကို လေ့လာဖို့ကြိုးစားနေသူတွေအတွက်ပါ လွယ်လွယ်ကူကူနားလည်နိုင်အောင်ပုံနဲ့တကွအသေးစိတ် တခြား...

BaiduRoot_v2.8.5.apk

iRoot, KingRoot တိုလို့နာမည်မကြီးပေမယ့် ဖုန်းတော်တော်များများကို Root လုပ်ပေးနိုင်တဲ့BaiduRoot လေး Update 2.8.5 ကိုတင်ပေးလိုက်ပါတယ်။ဒီကောင်လေးကလည်း Root ဖောက်ဖို့ဆောင်ထားသင့်တဲ့ Tools လေးတစ်ခုပါ။iRoot, KingRoot တို့နဲ့မပေါက်တဲ့ဖုန်းတွေ ဒီ BaiduRoot နဲ့ပေါက်တာတွေလည်း ရှိပါတယ်။ဒီကောင်နဲ့မပေါက်ရင် ဟို iRoot, KingRoot ဖောက်ပေါ့နော်...နောက် Update ထွက်တိုင်းလည်း တင်ပေးပါ့မယ်။ဒီ BaiduRoot App ကတော့တရုတ်စာတွေကြီးပါပဲ...ဒီနောက်ဆုံးဗားရှင်းအတွက် အင်္ဂလိပ်ဗားရှင်းမထွက်သေးလို့ပါ။ဒီကောင်နဲ့ Root မဖောက်တတ်ရင် ဒီမှာ ဖောက်နည်းကိုသွားကြည့်နိုင်ပါတယ်။အားလုံးအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ…မည်သူမဆိုလွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါသည်။★ Page ★   ==========ပအိုဝ်း IT လူငယ်များPage : http://facebook.com/paohityouth  ★ Blog ★==========ပအိုဝ်း IT လူငယ်များhttp://www.paohityouth.blogspot.com  ★ Groups★...

Thursday, November 26, 2015

How to Get Lollipop UI On Any Android With MosterUI.[Xposed Module]

မိမိကိုင်နေတဲ့ဖုန်းဟာ Android 5.0 Lollipop Update မရသေးလို့ပဲဖြစ်ဖြစ် မရတော့လို့ပဲဖြစ်ဖြစ်သူများဖုန်းတွေလို Lollipop ပုံစံကိုင်ချင်တဲ့သူတွေအတွက် အဆင်ပြေစေမယ်နည်းလေးကို တင်ပေးလိုက်ပါတယ်။ဖုန်းက Root ဖောက်ပြီးသားဖြစ်ရပါမယ် ပြီးတော့ Xposed Framework သွင်းထားရပါမယ်။တကယ်လို့ပြောခဲ့တဲ့အဆင့်တွေ မိမိတို့ဖုန်းမှာရှိပြီးသားဆိုရင်တော့ အောက်ပိုင်းကိုသာကျော်ပြီးဖတ်နိုင်ပါပြီ။Root မဖောက်ရသေးရင်တော့ Google ကနေဖြစ်ဖြစ် မိမိဖုန်းအတွက် Root လုပ်နည်းကို ရှာပြီးဖောက်ထားလိုက်ပါ။ပြီးရင်မိမိတို့ဖုန်းကို Xposed Framework သွင်းဖို့ ဒီမှာ သွားကြည့်လိုက်ပါ။ပုံနဲ့တကွအသေးစိတ်ရှင်းပြပေးထားပါတယ်။အားလုံးပြီးရင် MonsterUI App ကို Play Store ကနေဖြစ်ဖြစ်အောက်ပါပေးထားတဲ့လင့်ကနေဖြစ်ဖြစ် သွားရောက်ဒေါင်းယူလိုက်ပါ၊Play Store အဆင်ပြေသူများ Play Store ကနေဒေါင်းပေးကြပါ။ဘာလို့လဲဆိုတော့ Play Store ပေါ်မှာကအမြဲ Update ဖြစ်တယ်လေ...ဖိုင်ဆိုဒ်ကလည်း 3...

How to Install Xposed Framework For Android 5.0 Lollipop & Android 6.0 MarshMallow.

Android 5.0 အထက်ဖုန်းများ Xposed Framework သွင်းနည်းကိုတင်ပေးလိုက်ပါတယ်။ဒီဗားရှင်းမြှင့်တဲ့ဖုန်းတွေမှာတော့ ပြင်စရာကလိစရာအချက်တွေ သိပ်မရှိတော့ပေမယ့်ကျွန်တော်လိုမျိုးလက်ကမြင်းတဲ့သူတွေ ကမြင်းနိုင်အောင်တင်ပေးလိုက်ပါတယ်...ခိခိ(စတာပါ)ဒီဖုန်းတွေမှာ Xposed Framework ထည့်သွင်းဖို့ Custom Recovery တစ်ခုခုလိုအပ်ပါတယ်။CWM Recovery ဖြစ်ဖြစ် TWRP ဖြစ်ဖြစ်အဆင်ပြေတဲ့ Custom Recovery တစ်ခုခုရှာပြီးဖုန်းမှာအရင်သွင်းထားပေးပါ။ပြီးရင်ကျွန်တော်ဆက်ပြောမယ့်အဆင့်တွေကို လုပ်ဆောင်နိုင်ပါပြီ...Android 5.0 အောက်ဖုန်းတွေအတွက် Xposed Framework သွင်းချင်ရင်တော့ဒီမှာ သွားကြည့်လိုက်ပါ။ ကျွန်တော်မူရင်း Xposed Developer တင်ထားတဲ့လင့်ပဲညွန်းပေးလိုက်မယ်နော်...ဘာလို့လဲဆိုတော့ အဲ့မှာကလိုအပ်တဲ့ဖိုင်တွေ အမြဲ Update ဖြစ်နေတဲ့အတွက် ပိုအဆင်ပြေလို့ပါ။ဒီမှာပါ >>> Goအားလုံးအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ…မည်သူမဆိုလွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါသည်။★ Page ★   ==========ပအိုဝ်း IT လူငယ်များPage : http://facebook.com/paohityouth ★ Blog...

VoiceTra_v5.0.1.apk

VoiceTra ကတော့ကျွန်တော်တို့လက်ရှိတော်တော်များများသုံးနေကြတဲ့ Google Translate နဲ့နည်းနည်းဆင်ပါတယ်။သူကကိုယ်ပြောတဲ့စကားကိုပါ ဘာသာပြန်ပေးနိုင်ပါတယ်။မြန်မာဘာသာလည်းပါဝင်တာကြောင့် ကိုယ်ကမြန်မာလိုစကားပြောပြီး ကိုယ်ဘာသာပြန်စေချင်တဲ့ဘာသာစကားကို ပြန်ခိုင်းလို့ရပါတယ်။လက်ရှိအချိန်မှာတော့ Google Translate ကမြန်မာဘာသာနဲ့ပြောလို့မရသေးပါ။ဒီကောင်လေးကတော့ ရနေပါပြီ...Google Translate မှာတော့နောက်ပိုင်းပါလာမယ်လို့ မျှော်လင့်ပါတယ်...:Pကျွန်တော်လည်းနည်းနည်းပဲသုံးကြည့်ရပါသေးတယ်။ကိုယ်တိုင်သာစမ်းသုံးကြည့်ကြပါ...:DPlay Store အဆင်ပြေသူများ Play Store ကနေဒေါင်းပေးကြပါ။အားလုံးအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ…မည်သူမဆိုလွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါသည်။★ Page ★   ==========ပအိုဝ်း IT လူငယ်များPage : http://facebook.com/paohityouth ★ Blog ★==========ပအိုဝ်း IT လူငယ်များhttp://www.paohityouth.blogspot.com  ★ Groups★ ============Myanmar Unicode Areahttps://www.facebook.com/groups/mmUnicodeMyanmar PaOh Unicode Areahttps://www.facebook.com/groups/PaOhUnicodeပအိုဝ်း IT လူငယ်များ https://www.facebook.com/groups/khunhtetznaing အားလုံးအဆင်ပြေပျော်ရွင်နိုင်ကြပါစေ            ...

 

Copyright @ 2014-2015 ပအိုဝ်း IT လူငယ်များ.

Designed by Templateism | Edited By Templateism | PaOh IT Youth