Friday, April 17, 2015
★ Samsung Galaxy Ace 4 Sm-G313M CWM သွင်း + Root ဖောက်ပြီး + မြန်မာစာထည့်သွင်းနည်း ★
     SM-G313M CWM သွင်း Root ဖောက်ပြီးမြန်မာစာယူနီကုဒ်ထည့်သွင်းနည်းလေးတင်ပေးလိုက်ပါတယ်။
ကျွန်တော်ဒီနည်းနဲ့ Samsung Galaxy Ace SM-G313M နဲ့ SM_G313HU
Model နှစ်မျိုးစလုံးကို စမ်းသပ်အောင်မြင်ထားလို့ပြန်တင်ပေးလိုက်တာပါ။
ဒီဖုန်းတွေက Root ဖောက်ရတော်တော်ခက်ပါတယ်။
သာမန် Root Apk တွေ Root Tool တွေနဲ့ Root မဖောက်နိုင်ပါဘူး။
ဒါကြောင့်သူ့ကို CWM သွင်းပြီး Root ဖောက်ရပါမယ်။
ကွန်ပျုတာသုံးပြီး CWM သွင်းမှာ ဖြစ်တဲ့အတွက် ကွန်ပျုတာလိုအပ်ပါတယ်။
ကွန်ပျုတာမရှိတဲ့သူတွေကတော့နီးစပ်ရာ အင်တာနက်ဆိုင် တစ်ခုမှာသွားထိုင်လိုက်ပါ။
မြန်မာနိုင်ငံမှာနေတဲ့သူတွေကတော့မသိဘူး။ ထိုင်းမှာနေတဲ့သူတွေ အင်တာနက်ဆိုင်သွားရင် တစ်နာရီကို ဘတ် ၁၀/၂၀ လောက်ပါပဲ။
၁ နာရီစာထိုင်လိုက်ပေါ့ ၁ တောင်မကုန်ပါဘူး။
ဖုန်းကို USB Debuggin On ထားပေးရပါမယ်။
ဖုန်းရဲ့ Setting>Developer Options ကိုသွားပါ။
Developer Options မတွေ့ရင် အောက်ကပုံကိုကြည့်ပြီးလုပ်ပါ။
အရင်ဆုံးဖုန်း Setting ကိုဝင်ပါ။
ပြီးရင် About Deviceကိုဝင်ပါ။
Build Number ကိုသုံးလေးချက်လောက် ခပ်မြန်မြန်နှိပ်လိုက်ပါ။
ပြီးရင် Back Key တစ်ချက်နှိပ်ပြီးပြန်ထွက်လိုက်ပါ။
Developer Options ကိုဝင်ပါ။
အောက်ကပုံအတိုင်း နှစ်နေရာစလုံးကို ကိုဖွင့်ပေးပါ။
Ok ပါပြီ။
ပြီးရင်ပထမအဆင့်အနေနဲ့CWM သွင်းပါမယ်။
CWM သွင်းပြီးမှ Root ဖောက်လို့ရပါမယ်။
Root ဖောက်ပြီးမှ မြန်မာစာထည့်လို့ရတာပေါ့။
အရင်ဆုံး CWM သွင်းပြီး Root ဖောက်ဖို့မြန်မာစာထည့်သွင်းဖို့ အောက်မှာလိုအပ်တာတွေအရင်းဒေါင်းလိုက်ပါ။
ကွန်ပျုတာမှာ USB Driver သွင်းပြီးသားဆို ထပ်သွင်းရန်မလိုပါ။
မသွင်းရသေးရင်တော့ အောက်မှာဒေါင်းပြီးသွင်းလိုက်ပါ။
Samsung USB Driver
Odin 3.9
Recovery.tar.md5
UPDATE-SuperSu-v2.0
MmUni Patcher 3.2
အားလုံးဒေါင်းပြီးရင် Samsung USB Driver ကိုအရင်သွင်းလိုက်ပါ။ (သွင်းပြီးသားသူတွေထပ်သွင်းရန်မလိုပါ။)
ပြီးရင် UPDATE-SuperSu-v2.0 နဲ့ MmUni Patcher 3.2 ကိုဖုန်းထဲက SD ကဒ်ထဲကို Copy ကူးထည့်လိုက်ပါ။
UPDATE-SuperSu-v2.0 နဲ့ MmUni Patcher 3.2 ကို SD ကဒ်ထဲက ဘယ်ဖိုဒါထဲမှမထည့်ပဲ ဒီတိုင်းအလွတ်ချထားလိုက်ပါ။
ပြီးရင် Odin 3.9 ကိုဖွင့်လိုက်ပါ။
အောက်ပါပုံအတိုင်း AP ကိုနှိပ်ပါ။
မိမိဒေါင်းလို့ရလာတဲ့ Recovery.tar.md5 သိမ်းထားတဲ့နေရာကိုသွားလိုက်ပါ။
တွေ့ရင်အောက်ပါအတိုင်းရွေးပေးလိုက်ပါ။
ဖုန်းကို ပါဝါပိတ်ပြီး Download Mode သို့ဝင်လိုက်ပါ။
Download Mode မဝင်တတ်ရင် အောက်ကပုံလို Vol Down+Home+Power ခလုတ်သုံးခုကိုပြိုင်တူနည်းနည်းကြာကြာဖိထားလိုက်ပါ။
အောက်ပါပုံအတိုင်းပေါ်လာရင် Vol Up ကိုနှိပ်ပါ။
အောက်ပါပုံအတိုင်းပေါ်လာရင် Download Mode ကိုရောက်သွားပါပြီ။                                              
ကွန်ပျုတာနဲ့ဖုန်းကို USB ကြိုးသုံးပြီးချိတ်ဆက်လိုက်ပါ။
ဖုန်းကိုကွန်ပျုတာကသိပြီဆိုရင်နံပါတ် 1 ကလိုအပြာရောင်သန်သွားပါလိမ့်မယ်။
ပြီးရင် Start ကိုနှိပ်လိုက်ပါ။
ပြီးရင်ခနစောင့်ပေးလိုက်ပါ။
အစိမ်းရောင်အကွက်နဲ့ Pass လို့ပြရင် Ok ပါပြီ။
ဖုန်းက Auto Reboot ကျသွားပါလိမ့်မယ်။
ဖုန်းကပါဝါပြန်တက်လာပြီဆိုရင် USB ကြိုးကိုဖြုတ်လိုက်ပါ။
ဖုန်းကိုပါဝါပိတ်ပြီး CWM Recovery Mode ကိုဝင်ရပါမယ်။
မဝင်တတ်ရင် အောက်ကပုံလို Vol Up+Home+Power ခလုတ်သုံးခုကိုပြိုင်တူနည်းနည်းကြာကြာဖိထားလိုက်ပါ။
Recovery Mode ကိုရောက်သွားပြီဖြစ်တဲ့အတွက်ဖုန်း screen ကအလုပ်မလုပ်တော့ပါ။
အောက်ဆင်းလုပ်ဖို့ အသံတိုးတဲ့ခလုတ် (Vol Down) နဲ့ အပေါ်တက်ဖို့ အသံချဲ့တဲ့ခလုတ် (Vol Up) တို့ကိုသုံးရပါမယ်။
OK ပေးဖို့ Power ခလုတ်တို့ကိုသုံးရပါမယ်။
အောက်ပါပုံလိုပေါ်လာရင် Vol Down ခလုတ်ကိုသုံးပြီး Install Zip ကိုရွေးလိုက်ပါ။
ပြီးရင် Power ခလုတ်ကိုနှိပ်လိုက်ပါ။
Vol Down ခလုတ်ကိုသုံးပြီး choose zip from /storage/sdcaed1 ကိုရွေးလိုက်ပါ။
ပြီးရင် Power ခလုတ်ကိုနှိပ်လိုက်ပါ။
Root အရင်ဖောက်မှာဖြစ်တဲ့အတွက် Vol Down ခလုတ်ကိုသုံးပြီး
UPDATE-SuperSu-v2.0.zip ကိုရွေးပေးပါ။
ပြီးရင် Power ခလုတ်ကိုနှိပ်လိုက်ပါ။
Vol Down ခလုတ်ကိုသုံးပြီး - Yes - Install UPDATE-SuperSu-v2.0.zip ကိုရွေးလိုက်ပါ။
ပြီးရင် Power ခလုတ်ကိုနှိပ်လိုက်ပါ။
အောက်ကပုံလိုတက်လာပါလိမ့်မယ်။
ခနစောင့်ပေးလိုက်ပါ။
Vol Down ခလုတ်ကိုသုံးပြီး choose zip from /storage/sdcaed1 ကိုပြန်ရွေးလိုက်ပါ။
ပြီးရင် Power ခလုတ်ကိုနှိပ်လိုက်ပါ။
မြန်မာစာသွင်းမှာဖြစ်တဲ့အတွက် MmUni Patcher 3.2.zip ကိုရွေးပေးပါ။
ပြီးရင် Power ခလုတ်ကိုနှိပ်လိုက်ပါ။
Vol Down ခလုတ်ကိုသုံးပြီး - Yes - Install MmUni Patcher 3.2.zip ကိုရွေးလိုက်ပါ။
ပြီးရင် Power ခလုတ်ကိုနှိပ်လိုက်ပါ။
ခနစောင့်ပေးလိုက်ပါ။
အောက်ကပုံလိုတက်လာရင်
Vol Down ခလုတ်ကိုသုံးပြီး ***** Go Back ***** ကိုရွေးပေးပါ။
ပြီးရင် Power ခလုတ်ကိုနှိပ်လိုက်ပါ။
Reboot System Now ရွေးပြီး Power ခလုတ်ကိုနှိပ်လိုက်ပါ။
ဖုန်းကအော်တိုပိတ်ပြီးပြန်ပွင့်လာပါလိမ့်မယ်။
ကဲ Ok ပါပြီ.......
မိမိဖုန်းလေးက Root လည်းဖောက်ပြီးသား မြန်မာစာလည်းသွင်းပြီးသားဖြစ်သွားပါပြီ။
ပြီးရင် Play Store မှာ ဗေကီးဘုတ်၊ M3 Keyboard ကြိုက်နှစ်သက်ရာယူနီကုဒ်ကီးဘုတ်တစ်ခုခုဒေါင်းပြီး
ဖုန်းရဲ့ Setting>Language & Input မှာအမှန်ခြစ်တပ်ပေးလိုက်ပါ
ပြီးရင် Default နေရာမှာ စောနကကိုယ်အမှန်ခြစ်ထားတဲ့ကီးဘုတ်ကိုရွေးပေးလိုက်ပါ။
ပြီးရင်စာရိုက်ကြည့်လိုက်ပါ။
အောက်ကပုံမှာ ကျွန်တော်စာရိုက်ထားတာကြည့်လိုက်ပါ။
၁၀၀% မှန်နေပါတယ်။
ကီးဘုတ်က M3 Keyboard ကိုသုံးထားတာပါ။
Play Store အဆင်မပြေတဲ့သူတွေအောက်ကလင့်မှာ ဒေါင်းသွားကြပါ။
ဗေကီးဘုတ် ဒေါင်းရန်
M3 Keyboard ဒေါင်းရန်
Ok ပြီနော် အဆင်မပြေတာရှိရင် Facebook မှာလာရောက်မေးမြန်းနိုင်ပါတယ်။
အဆင်ပြေပါစေ
ခွန်ထက်နိုင် (ပအိုဝ်း IT လူငယ်များ)
ကျွန်တော်တို့ ပအိုဝ်း IT လူငယ်များ(Paoh IT Youth) ဘလော့နှင့် ပေ့စ်ကတင််သမျှကို Offline ဖတ်ရူ့နိုင်အောင် App လေးတစ်ခုလုပ်ပြီး Play Store မှာတင်ထားပါတယ်။
ဒေါင်းပေးကြပါဦးနော်..........
Review လေးတွေဝင်ပေးကြပါဦး အားလုံးကို ကျေးဇူးတင်ပါတယ်။ပေးထားတဲ့လင့်ကနေသွားရောက်ဒေါင်းယူပေးကြပါနော်.......
https://play.google.com/store/apps/details?id=com.paoh.it.youth
တင်သမျှ Facebook ပေါ်ကဖတ်ဖို့ ပအိုဝ်း IT လူငယ်များပေ့စ်ကို Like လုပ်ထားပေးပါ။
အောက်ကနေရာတွေမှာလည်း လာရောက်အကူညီတောင်းယူနိုင်ပါတယ်။
သိသမျှ တတ်သမျှလည်း မျှဝေနိုင်ပါတယ်။
နည်းပညာအကြောင်းတွေမေးမြန်းဖြေဆိုမျှဝေကြဖို့ ပအိုဝ်း IT လူငယ်များ Group ကို Join ထားပေးပါ။
Unicode အသုံးပြုချင်သူများနှင့်အသုံးပြုနေသူများ
Myanmar Unicode Area နှင့်
Myanmar PaOh Unicode Area ကို
Join ထားလိုက်ပါ။
Admin
ဒီဂျစ်တယ်ခေတ်တွင် နိုင်ငံတကာသုံး စံနှုန်းများအဆင့်မှီသော မြန်မာယူနီကုဒ်ကို သုံးစွဲခြင်းဖြင့် ဘာသာစကားများကို ထိန်းသိမ်းကာကွယ်ပါ။
2 comments:
  1. Pdf ​​လေ.
    ReplyDelete
  2. Pdf ​​လေ.
    ReplyDelete
Copyright @ 2014-2015 ပအိုဝ်း IT လူငယ်များ.
Designed by Templateism | Edited By Khun Htetz Naing | PaOh IT Youth