Saturday, April 18, 2015

Lava Iris 708 ဖုန်းကိုအလွယ်ကူဆုံး Root ဖောက်ပြီး မြန်မာစာယူနီကုဒ်ထည့်သွင်းနည်း



       Lava Iris 708 ဖုန်းကိုမြန်မာစာယူနီကုဒ်ထည့်သွင်းမယ်သာေပြာတာ
အမှန်ကဒီဖုန်းတွေမှာ Built-In မြန်မာစာပါပြီးသားပါ။
Setting>Language & Input>Language မှာ ဗမာ ကိုရွေးပေးပါ။
ဖုန်းတစ်ခုလုံးမြန်မာစာနဲ့လန်းနိုင်ပါတယ်။
ဝယ်ကတည်းကမြန်မာစာပါပြီးသားဖြစ်တဲ့အတွက် မိမိကြိုက်တဲ့ကီးဘုတ်ထည့်သွင်းအသုံးပြုရုံပါပဲ။
ဒါပေမယ့်သူ့ဖုန်းမှာ ပါလာတဲ့ဖောင့်က ပိတောက်ဖောင့်ပါ။
ပိတောက်ဖောင့်ပုံစံကသိပ်မလန်းပါဘူး။
ဒါကြောင့်တခြားယူနီကုဒ်ဖောင့်အလန်းတွေထည့်သွင်းအသုံးပြုချင်သူတွေ အတွက်ဒီပို့စ်ကိုတင်ပေးလိုက်တာပါ။
ဒီနည်းကမခက်ပါဘူး။
သူနဂိုပါလားတဲ့ ပိတောက်ဖောင့်ကိုတခြားကိုယ်ကြိုက်တဲ့ဖောင့်နဲ့အစားထိုးတဲ့နည်းပါ။
Root ဖောက်ထားဖုိ့တော့လိုပါတယ်။
ဒါပေမယ့်ဘာမှမပူပါနဲ့ဒီဖုန်းက Root ဖောက်ရတာလွယ်ပါတယ်။
Kingroot Apk နဲ့ဖုန်းထဲမှာတင် Root ဖောက်နိုင်ပါတယ်။
ကျွန်တော်က ကိုစိုးဇော်သူရေးထားတဲ့ Myanmar PaOh ဖောင့်နဲ့လုပ်ပြပေးသွားမှာပါ။
တခြားဖောင့်တွေကိုလည်းဒီနည်းအတိုင်းသာလုပ်ပေးလိုက်ပါ။
Root ဖောက်ပြီး Root Explorer / Root Browser / ES File Explorer ကြိုက်တာသုံးနုိင်ပါတယ်။
ကျွန်တော်ကတော့ ES File Explorer ကိုသုံးပါတယ်။

ကဲစမယ်......
အောက်မှာလိုအပ်တာတွေဒေါင်းလိုက်ပါ.....
Root ဖောက်ပြီးသားသူတေွကတော့ King Root v.3.5.0 ကိုဒေါင်းရန်မလိုပါ။
King Root v3.5.0

ES File Explorer v3.2.4.1

Myanmar PaOh.ttf

ဒေါင်းလို့ရလာတဲ့ Apk တွေကို Install လုပ်လိုက်ပါ။
ပြီးရင် Root အရင်ဖောက်ပါမယ်။
အင်တာနက်ဖွင့်ထားပေးရန်လိုအပ်သည်။
အင်တာနက်မရှိတဲ့သူတွေကတော့ဝိုင်ဖိုင်တစ်ခုခုချိတ်ဆက်ထားပေးပါ။
Root ဖောက်ပြီးသားသူတွေကတော့ ဒီအဆင့်ကိုကျော်သွားလိုက်ပါ။
Root မဖောက်ရသေးတဲ့သူတွေကတော့
King Root ကိုဖွင့်လိုက်ပါ။






အစိမ်းရောင်အဝိုင်းကြီးကိုနှိပ်လိုက်ပါ။


ပြီးရင်အဝိုင်းလေးလည်နေပါလိမ့်မယ်။
ခနစောင့်ပေးလိုက်ပါ။





အောက်ကပုံလိုအမှန်ခြစ်ပြပြီဆိုရင် ရပါပြီ။
Ok ပါပြီ အဲ့ကနေပြန်ထွက်လိုက်ပါ။





ES File Explorer ကိုဖွင့်လိုက်ပါ။





အနီရောင်ဝိုင်းပြထားတဲ့ နေရာနှိပ်လိုက်ပါ။





Tools ကိုနှိပ်ပါ။


အနီရောင်နဲ့ဝိုင်းပြီးပြထားတဲ့နေရာကိုနှိပ်လိုက်ပါ။


Root Permission တောင်းပါလိမ့်မယ်။
လက်ခံပေးလိုက်ပါ။


ပြီးရင် ဒေါင်းလို့ရလာတဲ့ Myanmar PaOh.ttf သိမ်းထားတဲ့နေရာကိုသွားပါ။
တွေ့ရင်သုံးစက္ကန့်လောက်ဖိထားပေးလိုက်ပါ။
အောက်ကပုံလို အမှန်ခြစ်လေးတပ်သွားပြီဆိုရင် အနီရောင်ဝိုင်းပြထားတဲ့ Copy ကိုနှိပ်လိုက်ပါ။



 အနီရောင်ဝိုင်းပြထားတဲ့ Sdcard ကိုနှိပ်လုိက်ပါ။


 အနီရောင်ဝိုင်းပြထားတဲ့  /  ကိုနှိပ်ပေးပါ။


အနီရောင်ဝိုင်းပြထားသလို Device ကိုရောက်ရင်ရပါပြီ။
အစိမ်းရောင်ဝိုင်းပြထားသလို System ဆိုတဲ့ဖိုဒါကိုရှာ ပြီးဝင်လိုက်ပါ။


 ပြီးရင် Fonts ဆိုတဲ့ဖိုဒါထဲကိုဝင်လိုက်ပါ။


 Fonts ဖိုဒါထဲရောက်ပြီဆိုရင် အနီရောင်ဝိုင်းပြထားတဲ့ Paste ကိုနှိပ်လိုက်ပါ။


Padauk.ttf ကိုရှာလိုက်ပါ။
တွေ့ရင်သုံးစက္ကန့်လောက်ဖိထားပေးလိုက်ပါ။
ပြီးရင် အနီရောင်ဝိုင်းပြထားတဲ့ Delete ကိုနှိပ်လိုက်ပါ။


 Ok ပေးလိုက်ပါ။


စောနကမိမိ Paste ချလိုက်တဲ့ Myanmar PaOh.ttf ကိုရှာလိုက်ပါ။
တွေ့ရင်သုံးစက္ကန့်လောက်ဖိထားပေးလိုက်ပါ။
ပြီးရင် အနီရောင်ဝိုင်းပြထားတဲ့ Rename ကိုနှိပ်လိုက်ပါ။


 အနီရောင်ဝိုင်းပြထားတဲ့ Myanmar PaOh ကို Padauk လို့ပြောင်းရေးလိုက်ပါ။


အောက်ကပုံလို Padauk လို့ပြောင်းရေးပြီးရင် Ok ပေးလိုက်ပါ။
ပြီးရင်ဖုန်းကို Reboot Or Restart ချလိုက်ပါ။
အော်တိုပြန်တက်လာပါလိမ့်မယ်။


Play Store မှာ ဗေကီးဘုတ်၊ M3 Keyboard ကြိုက်နှစ်သက်ရာယူနီကုဒ်ကီးဘုတ်တစ်ခုခုဒေါင်းပြီး
ဖုန်းရဲ့ Setting>Language & Input မှာအမှန်ခြစ်တပ်ပေးလိုက်ပါ
ပြီးရင် Default နေရာမှာ စောနကကိုယ်အမှန်ခြစ်ထားတဲ့ကီးဘုတ်ကိုရွေးပေးလိုက်ပါ။
ပြီးရင်စာရိုက်ကြည့်လိုက်ပါ။
အောက်ကပုံမှာ ကျွန်တော်စာရိုက်ထားတာကြည့်လိုက်ပါ။
ဝိုင်းဝိုင်းစက်စက် Myanmar PaOh ဖောင့်နဲ့လန်းနေပါပြီ။
၁၀၀% မှန်နေပါတယ်။
ကီးဘုတ်က M3 Keyboard ကိုသုံးထားတာပါ။
Play Store အဆင်မပြေတဲ့သူတွေအောက်ကလင့်မှာ ဒေါင်းသွားကြပါ။


ခုကျွန်တော်ပြောခဲ့တဲ့နည်းနဲ့ ဖုန်းမှာကြိုက်တဲ့ဖောင့်အလန်းတွေထည့်သွင်းနိုင်ပါတယ်။
တခြားဖောင့်တွေလိုချင်ရင်တော့ ဒီမှာ သွားကြည့်လိုက်ပါ။
ကျွန်တော်မှာရှိသလောက်တင်ပေးထားပါတယ်။
ထပ်လိုချင်သေးရင် Myanmar Unicode Area မှာလာရောက်အကူညီတောင်းနိုင်ပါတယ်။

အဆင်ပြေပါစေ
ခွန်ထက်နိုင် (ပအိုဝ်း IT လူငယ်များ)

ကျွန်တော်တို့ ပအိုဝ်း IT လူငယ်များ(Paoh IT Youth) ဘလော့နှင့် ပေ့စ်ကတင်သမျှကို Offline ဖတ်ရူ့နိုင်အောင် App လေးလုပ်ပြီး Play Store မှာတင်ထားပါတယ်။
ဒေါင်းပေးကြပါဦးနော်..........
Review လေးတွေဝင်ပေးကြပါဦး အားလုံးကို ကျေးဇူးတင်ပါတယ်။ပေးထားတဲ့လင့်ကနေသွားရောက်ဒေါင်းယူပေးကြပါနော်.......
https://play.google.com/store/apps/details?id=com.paoh.it.youth

တင်သမျှ Facebook ပေါ်ကဖတ်ဖို့ ပအိုဝ်း IT လူငယ်များပေ့စ်ကို Like လုပ်ထားပေးပါ။

အောက်ကနေရာတွေမှာလည်း လာရောက်အကူညီတောင်းယူနိုင်ပါတယ်။
သိသမျှ တတ်သမျှလည်း မျှဝေနိုင်ပါတယ်။

နည်းပညာအကြောင်းတွေမေးမြန်းဖြေဆိုမျှဝေကြဖို့ ပအိုဝ်း IT လူငယ်များ Group ကို Join ထားပေးပါ။

Unicode အသုံးပြုချင်သူများနှင့်အသုံးပြုနေသူများ
Myanmar Unicode Area နှင့်
Myanmar PaOh Unicode Area ကို
Join ထားလိုက်ပါ။




Admin

ဒီဂျစ်တယ်ခေတ်တွင် နိုင်ငံတကာသုံး စံနှုန်းများအဆင့်မှီသော မြန်မာယူနီကုဒ်ကို သုံးစွဲခြင်းဖြင့် ဘာသာစကားများကို ထိန်းသိမ်းကာကွယ်ပါ။

0 comments:

Post a Comment

 

Copyright @ 2014-2015 ပအိုဝ်း IT လူငယ်များ.

Designed by Templateism | Edited By Khun Htetz Naing | PaOh IT Youth