Monday, September 5, 2016

Font not supported ပြဿနာဖြေရှင်းနည်းများ


Samsung 5.0 Lollipop အချို့အလုံးတွေမှာ ဒီပြဿနာဖြစ်ပေါ်နိုင်ပါတယ်။
တကယ်လို့ဒီလိုဖြစ်လာရင် iFont Donate သို့မဟုတ် Hifont နဲ့ပြန်သွင်းပေးရင်အဆင်ပြေနိုင်ပါတယ်။
ပထမဦးဆုံးကျွန်တော် iFont Donate နဲ့ အရမ်းစမ်းကြည့်ဖို့အကြံပြုလိုပါတယ်။
iFont Donate နဲ့မရတော့မှ HiFont နဲ့ထပ်လုပ်ကြည့်ပါ။

iFont ကိုအသုံးပြုပြီး
Font not supported ပြဿနာဖြေရှင်းနည်း

ပထမဦးဆုံး iFont Donate ကို မိမိတို့ဖုန်းမှာ Install လုပ်ထားပါ။
မရှိသေးရင် ဒီမှာ အရင်းသွားဒေါင်းလိုက်ပါ။
ပြီးရင် iFont Donate ကို
ဖုန်းမှာ Install လုပ်ပြီး ဖွင့်လိုက်ပါ။

ညာဘက်အပေါ်နားက My ကိုနှိပ်ပါ။

ညာဘက်အပေါ်နားက My ကိုနှိပ်ပါ။

ပြီးရင် My Install ဆိုတာကိုထပ်နှိပ်ပါ။
ဒါဆိုကိုယ် Install လုပ်ထားတဲ့ ဖောင့်တွေအကုန်လုံး
မြင်တွေ့ရပါလိမ့်မယ်။ 
အဲ့ဒီထဲကကိုယ် Font ချိန်းတုန်းက
Font not supported လို့ပြတဲ့ဖောင့်ကိုရှာပါ။
ပြီးရင်နှိပ်လိုက်ပါ။

ပြီးရင် Set ဆိုတာကိုနှိပ်ပေးလိုက်ပါ။

ဒီနေရာမှာတကယ်လို့သင့်ဖုန်းဟာ iFont ကို
တခါမှအသုံးမပြုရသေးရင် အသုံးပြုနည်းကြည့်မလားလို့
မေးလာပါလိမ့်မယ်။ Skip ကိုသာနှိပ်လိုက်ပါ။

ပြီးရင်နောက်ထပ် Message တစ်ခု
တက်လာပါလိမ့်မယ် Ok သာပေးလိုက်ပါ။


ပြီးရင် Font App လေးတစ်ခုအနေနဲ့  Install လုပ်ခိုင်းပါလိမ့်မယ်။
Install လုပ်ပေးလိုက်ပါ။


Install လုပ်ပြီးတာနဲ့  Display Settng ထဲကို တခါတည်း
Auto ရောက်သွားပါလိမ့်မယ်။ အဲ့ဒီထဲက Font Style သို့မဟုတ်
Font ကိုရှာပြီး ဝင်လိုက်ပါ။ အဲ့ဒီထဲက ကိုယ်ခုလေးတင်
Install လုပ်လိုက်တဲ့ဖောင့်ကိုရှာပြီးရွေးပေးလိုက်ပါ။
iFont နဲ့လုပ်ထားတဲ့အတွက်ဖောင့်အမည်က (iFont) နဲ့ဆုံးပါတယ်။
သေချာရှာပြီးရွေးပေးလိုက်ပါ။


ဒါဆိုအဆင်ပြေသွားပါပြီ :)
အဆင်မပြေသေးရင် HiFont နဲ့ထပ်လုပ်ကြတာပေါ့ :3
==========================================================

HiFont အသုံးပြုပြီး
Font not supported ပြဿနာဖြေရှင်းနည်း

ပထမဦးဆုံးမိမိတို့ဖုန်းမှာ HiFont ကို Install လုပ်ထားပေးဖို့လိုအပ်ပါတယ်။
မရှိသေးရင် Play Store ကနေဒေါင်းလို့ရပါတယ်။
ဒါမှမဟုတ် ဒီကနေ လည်းသွားဒေါင်းလို့ရပါတယ်။

ဒေါင်းပြီးမိမိတို့ဖုန်းမှာ Install လုပ်လိုက်ပါ :)
ပြီးရင်ဖွင့်လိုက်ပါ။

ဘယ်ဘက်အပေါ်ဒေါင့်က Menu ခလုတ်ကိုနှိပ်လိုက်ပါ။
ဒါမှမဟုတ်ဖုန်းက Menu ခေါ်တဲ့ ခလုတ်ကို
နှိပ်လိုက်ရင်လည်းရပါတယ်။

Menu ထဲက My Font ကိုနှိပ်လိုက်ပါ။

ပြီးရင် Custom Font ကိုထပ်နှိပ်ပေးပါ။

အဲ့ဒီမှာအခုဒီ App က Font လေးတွေ့ရပါလိမ့်မယ်။
ဒါကတကယ်တမ်းကျတော့ ဖုန်း Stroage ထဲက
HiFont ဆိုတဲ့ ဖိုဒါထဲကဖောင့်ကိုတွေဒီမှာလာပြနေတာပါ။
ကိုယ်ချိန်းချင်တဲ့ဖောင့်တွေကို ttf ဖိုင်နဲ့
အဲ့ဒီ HiFont ဆိုတဲ့ဖိုဒါထဲကိုအရင်သွားထည့်ပေးရပါတယ်။
ဒါမှဒီနေရာမှာကိုယ်ချိန်းချင်တဲ့ဖောင့်ရောက်နေမှာပါ။
အခုဒီ App ကဖောင့်ကိုတော့ App ထဲမှာတင်
ကျွန်တော်တခါတည်းသွားထည့်ပေးဖို့လုပ်ထားလိုက်လို့ပါ။
ဒါကြောင့်အဲ့ဒီဖိုဒါထဲ ဒီဖောင့်လေးရောက်နေပါလိမ့်မယ်။
အခြားဖောင့်တွေကိုချိန်းချင်ရင် ကိုယ်ချိန်းလိုတဲ့ဖောင့်ရဲ့
ttf ဖိုင်ကို HiFont ဖိုဒါထဲကိုအရင်သွားထည့်ပေးရမှာပါ။
Custom font ထဲက ကိုယ့်ဖောင့်ကိုနှိပ်လိုက်ပါ။

ပြီးရင် Use ကိုနှိပ်လိုက်ပါ။

ဒီနေရာမှာ ကိုယ့်ဖုန်းကခုမှ HiFont ကိုအသုံးပြုတာဆိုရင်
Custom ဖောင့်တွေအသုံးပြုဖို့ Custom Font plugin ကို
ဒေါင်းခိုင်းပါလိမ့်မယ်။ Ok သာနှိပ်ပေးလိုက်ပါ။
ဒါဆို Custom font plugin ဒေါင်းချပေးပါလိမ့်မယ်။

ပြီးသွားရင် Install လုပ်ခိုင်းပါလိမ့်မယ်။
Install လုပ်ပေးလိုက်ပါ။

Install လုပ်လို့ပြီးသွားရင် Done ကိုပဲနှိပ်ပေးလိုက်ပါ။

ပြီးရင် Use ကိုပဲနောက်တစ်ခါထပ်နှိပ်ပေးလိုက်ပါ။

ဒါဆိုကိုယ့်ဖောင့်ကို Custom Font ဆိုတဲ့
App အမည်နဲ့ Install လုပ်ခိုင်းပါလိမ့်မယ်။
Install လုပ်ပေးလိုက်ပါ။

ပြီးသွားရင်တော့ Done ကိုသာနှိပ်လိုက်ပါ။

ပြီးရင် Use ကိုပဲနောက်ထပ်တစ်ခါထပ်နှိပ်ပါ။

ဒီတခါဖောင့်ရွေးဖို့ကျလာပါပြီ :)
အဲ့ဒီထဲကကိုယ်ခုလေးတင် Install လုပ်လိုက်တဲ့
ဖောင့်ကိုရှာပြီး ရွေးပေးလိုက်ပါ။
HiFont နဲ့လုပ်ထားတဲ့အတွက်
ဖောင့်အမည်နောက်ဆုံးမှာ (myFont) လို့ပြထားပါလိမ့်မယ်။

ရွေးပြီး Yes or No မေးလာရင် Yes သာပေးလိုက်ပါ။

Done ဒါဆိုအဆင်ပြေသွားပါပြီ :)

အခြားဖုန်းတွေအတွက်လည်းကြိုးစားပေးပါဦးမယ်။
Play Store မှာလည်း Rate ပေးပြီး Review ပေးကြပါဦး :)
ဒီ App နဲ့ပတ်သက်ပြီး ဝေဖန်အကြံပြုလိုတာပဲဖြစ်ဖြစ်
အခက်အခဲတစုံတရာရှိလာရင်လည်း Facebook ကနေ
ကျွန်တော်ဆီတို့ဆီတိုက်ရိုက်ဆက်သွယ်အကြံပြုနိုင်ပါတယ် :)

Facebook Groups
==============

Facebook Pages
=============

Admin

ဒီဂျစ်တယ်ခေတ်တွင် နိုင်ငံတကာသုံး စံနှုန်းများအဆင့်မှီသော မြန်မာယူနီကုဒ်ကို သုံးစွဲခြင်းဖြင့် ဘာသာစကားများကို ထိန်းသိမ်းကာကွယ်ပါ။

2 comments:

  1. မရဘူးဗျ လုပ်လို့ samsung A51 မှာ
    zawdecode ကိုထည့်တာ

    ReplyDelete
  2. Zawgyi ရော unicode ရောဖတ်လို့ရချင်တာ
    font not support ဖြစ်နေတယ် ifont နဲ့လုပ်တာလဲ
    set နေရရောက်တော့ support မပေးဘူးပဲ msg ပြနေတယ် ပြောပြပေးကြပါအူးဆရာတို့

    ReplyDelete

 

Copyright @ 2014-2015 ပအိုဝ်း IT လူငယ်များ.

Designed by Templateism | Edited By Khun Htetz Naing | PaOh IT Youth