Wednesday, September 9, 2015

MTK Device Android ဖုန်းများ CWM Recovery အလွယ်တကူပြုလုပ်နည်း(Root)

    MTK သုံးထားတဲ့ Anroid ဖုန်းများ CWM ရှာမတွေ့ရင် ကိုယ်တိုင်အလွယ်တကူပြုလုပ်နိုင်မယ့်နည်းကို တင်ပေးလိုက်ပါ။
MTK ဖုန်းဆိုတာကတော့ အားလုံးသိမယ်ထင်ပါတယ်နော်...i-Mobile, Lava Iris, ZTE, Coolpad, Vivo နဲ့အခြားဖုန်းတော်တော်များများပါဝင်ပါတယ်။
ကိုယ့်ရဲ့ဖုန်းက MTK Device ဟုတ် မဟုတ်အသေးစိတ်ကိုတော့ ဒီမှာ သွားကြည့်လိုက်ပါ။
ကိုယ့်ရဲ့ဖုန်းကတော့ Root ဖောက်ပြီးသားဖြစ်ရမယ်နော်...
Root မဖောက်ပဲ CWM လုပ်နည်းကိုတော့ နောက်နေ့မှတင်ပေးပါ့မယ်။

    အရင်ဦးဆုံးမိမိဖုန်း Security>Unknown Sources ကိုအမှန်ခြစ်တပ်ပေးထားပါ။
    ပြီးရင် USB Debugging ကိုလည်းဖွင့်ထားပေးရပါမယ်။
    မိမိဖုန်းမှာ အခုပြောတာတွေ လုပ်ထားပြီးသားဆိုရင်တော့ ဒီအဆင့်ကိုကျော်ပြီး အောက်ကကြည့်သွားပေးပါ။
    မလုပ်ရသေးရင်တော့ လုပ်ပေးဖို့လိုအပ်ပါတယ်။
    မလုပ်တတ်ရင် အောက်ကပုံတွေကို ကြည့်လုပ်သွားပေးပါ။ 

ဖုန်းကို Unknown Source နှင့် USB Debugging ဖွင့်ပေးခြင်း
========================================  

1. ဖုန်းရဲ့ Setting ကိုဝင်ပါ။

2. ပြီးရင် USB Debgging Mode ကိုလည်းဖွင့်ထားပေးဖို့လိုပါတယ်။
    Setting>Developer Options ကိုဝင်ပြီး USB Debgging ကိုဖွင့်ပေးလိုက်ပါ။
    Developer Options ကိုရှာမတွေ့ရင် အောက်ပါပုံအတိုင်းလုပ်ပေးပါ....
    About Phone ကိုဝင်ပြီး Build number ကိုလေး၊ ငါးချက်လောက်ခပ်မြန်မြန်နှိပ်ပေးလိုက်ပါ။
   
You are now a developer! ဆိုတဲ့ စာတန်းလေးတက်လာပေးရင်ရပါပြီ.......
Back Key နဲ့တစ်ချက်ပြန်ထွက်လိုက်ပါ.....

3.Developer Options ကိုဝင်ပြီးအောက်ပါပုံများအတိုင်း USB Debugging ကိုဖွင့်ပေးလိုက်ပါ။

4. ပုံအတိုင်းသာဆက်လုပ်ပေးပါ။

Android MTK Device များကို CWM အလွယ်တကူပြုလုပ်နည်း
======================================

အပေါ်ကအဆင့်တွေပြီးသွားရင်တော့ အောက်မှာပေးထားတဲ့....
MTK USB Driver, MTK VCOM Driver နဲ့ MtkDroid Tools v2.5.3 ကိုဒေါင်းလိုက်ပါ။

MTK USB Driver >>> Download

MTK VCOM Driver >>> Download

MtkDroid Tools v2.5.3 >>> Download

ဒေါင်းလို့ရလာတဲ့ Drivers နှစ်မျိုးစလုံးကို အရင်သွင်းပေးလိုက်ပါ။
Drivers သွင်းတာကတော့ အရမ်းလွယ်ပြီးလူတိုင်းလုပ်တတ်မယ်ထင်ပါတယ်။
.exe ဖိုင်တွေကို Run ပေးလိုက်ရုံပါပဲ.....

ပြီးရင် MtkDroid Tools v2.5.3 ကို zip ဖြည်လိုက်ပါ။
ပြီးရင်အောက်ကပုံများအတိုင်းဆက်လုပ်သွားပါ။
ပုံထဲကအတိုင်း MTKdroidTools.exe ကိုဖွင့်လိုက်ပါ။
ဖုန်းနဲ့ကွန်ပျူတာကို USB ကြိုးနဲ့ချိတ်ဆက်ပေးလိုက်ပါ။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGVHyMXkoYPXyR8MKRJTENW-kocRPME-3Y3qzVTP1dNkDxGTnDK9b5rfAQAIj_eCY_CkB6ngfnI32hwQVFdqb8Knw1QtKqBTFfBWMGomUuxJdeLYzUL7q9Z4ekbPDSLUcpoUPeECoC5ok/s1600/Untitled.png

ပြီးရင်ဖုန်းမှာအောက်ကပုံလိုတက်လာရင် ပုံထဲကပြထားတဲ့အတိုင်းသာလုပ်ပေးလိုက်ပါ။

MTK Droid Tools နဲ့ဖုန်းသိသွားပြီဆိုရင် အောက်ကပုံအတိုင်း Root ဆိုတာကိုနှိပ်ပေးလိုက်ပါ။
တကယ်လို့ဖုန်းနဲ့ MTK Droid Tools မသိသေးဘူးဆိုရင် USB ကြိုးကောင်းမကောင်းစစ်ပေးပါ။
မရရင်နောက်ထပ်ကြိုးတစ်ခုသုံးကြည့်ပါ။
Driver တွေထပ်သွင်းပေးကြည့်ပါ။

Root ဆိုတာကိုနှိပ်ရင် အောက်ကပုံလိုတက်လာပါလိမ့်မယ် Yes ကိုသာနှိပ်ပေးလိုက်ပါ။

ဖုန်းမှာ Root ခွင့်ပြုချက်တောင်းလာပါလိမ့်မယ် လက်ခံပေးလိုက်ပါ။

ပြီးရင်ပုံထဲကအတိုင်း root, backup, recovery နှိပ်ပေးလိုက်ပါ။
To use boot from phone ရွေးပေးပြီး Recovery and boot ခလုတ်ကို နှိပ်ပေးပါ။

အောက်ကပုံလိုတက်လာပါလိမ့်မယ် Yes ကိုသာနှိပ်ပေးပါ။
ပြီးရင်ဖုန်းက Restart ကျသွားပါလိမ့်မယ်။

ဖုန်းပြန်တက်လာရင် ဖုန်းကိုပိတ်ပြီး Recovery Mode ကိုဝင်ကြည့်လိုက်ပါ။
အောက်ပါပုံထဲကလို CWM Recovery လေးရလာပါပြီ။

ပြီးတော့ ကွန်ပျူတာက MtkDroidTools ဖိုဒါထဲက Recovery ဖိုဒါထဲမှာ
Recovery.img ဖိုင်လေးရောက်နေပါပြီ။
အဲ့ဒီဖိုင်လေးကို အခြားကိုယ့်ဖုန်းနဲ့အမျိုးစားတူနာမည်တူတဲ့ ဖုန်းတွေမှာအသုံးပြုနိုင်ပါတယ်။

အားလုံးအဆင်ပြေပျော်ရွင်နိုင်ကြပါစေ.......

★ Page ★
==========
ပအိုဝ်း IT လူငယ်များ

★ Blog ★
==========
ပအိုဝ်း IT လူငယ်များ

PaOh Dragon App

★ Groups ★
============
Myanmar Unicode Area

Myanmar PaOh Unicode Area

ပအိုဝ်း IT လူငယ်များ

 အားလုံးအဆင်ပြေပျော်ရွင်နိုင်ကြပါစေ  

                                     ပအိုဝ်း ITလူငယ်များ

Monday, September 7, 2015

Android 4.2.2 အထက် Samsung ဖုန်းများမြန်မာစာထည့်သွင်းနည်း (3)

Android ဗားရှင်း 4.2.2 အထက် Samsung ဖုန်းတွေမြန်မာစာထည့်သွင်းနည်းကို

ကျွန်တော်သိသလောက်ရေးသားပေးလိုက်ပါတယ်။

ပထမနည်းတုန်းက Root မလိုပါဘူး CWM လိုပါတယ်။

Root မလုပ်ပဲ CWM ပဲသွင်းချင်တဲ့သူတွေ ပထမနည်းကို ဒီမှာ သွားကြည့်ပါ။
Root လုပ်ပြီးကိုယ်တိုင် ဝင်ကလိတဲ့နည်းကိုတော့ ဒီမှာ သွားကြည့်ပေးပါ။

ခုနည်းကတော့ Root ဖောက်ပြီး SNM Font Changer Best 2 လေးနဲ့ One Click နှိပ်ရုံနဲ့မြန်မာစာထည့်သွင်းတဲ့နည်းလေးပါ။

ပထမဦးဆုံးမိမိဖုန်းကို မြန်မာစာထည့်သွင်းချင်တယ်ဆိုရင်

ကိုယ့်ရဲ့ဖုန်းဟာ System Update ရ မရအရင်စမ်းကြည့်ပါ။

တကယ်လို့ Update ရခဲ့ရင်တော့ ခုနောက်ပိုင်းဖုန်းတော်တော်များများဟာ

System Update လုပ်လိုက်ရင် မြန်မာစာထပ်သွင်းစရာမလိုပဲ တရားဝင်ပါလာကြပါတယ်။

အဲ့ဒီတော့ဘာမှအလုပ်ရှုပ်စရာမလိုတော့ဘူးပေါ့နော်...

ကိုယ်ကြိုက်တဲ့ကီးဘုတ်ထည့်ပြီး သုံးရုံပဲလေ....

မရရင်တော့ CWM သို့မဟုတ် Root ဖောက်ပြီးထည့်ကြတာပေါ့....

နောက်ဆိုရင်တော့ ဘာဖုန်းဝယ်ဝယ်မြန်မာစာတရားဝင်ပါလာကြမှာပါ။

ခုလောလောဆယ်တော့ နည်းနည်းအပင်ပန်းခံလိုက်ကြပါဦး......

Samsung ဖုန်းဟာ 4.3 အထက်ဖြစ်နေရပါမယ်။

ပြီးတော့ဖုန်းကို Root ဖောက်ထားရပါမယ်။

Root ဖောက်ဖို့ကတော့ မိမိဖုန်းရဲ့မော်ဒယ်၊ ဗားရှင်းအလိုက် Google မှာရှာပြီး ဖောက်ထားလိုက်ပါ။

ပြီးရင်တော့ SNM Font Changer Best 2 ကိုဒေါင်းပြီးထည့်ရုံပါပဲ....
SNM Font Changer Best 2 ရေးသားသူကတော့ ကိုစိုင်းထွန်းကျော် ပဲဖြစ်ပါတယ်။
လိုအပ်တွေအမှားတွေကို သွားရောက်မေးမြန်းအကြံပြုနိုင်ပါတယ်။
ဖိုင်ဆိုဒ်တော့နည်းနည်းကြီးပါတယ်...12 MB ပါ။

Play Store အဆင်ပြေသူများ Play Store ကနေဒေါင်းပေးကြပါ။

https://play.google.com/store/apps/details?id=com.satunkyaw.shan.snmfontchanger

Play Store အဆင်မပြေသူများအတွက်......

https://my.pcloud.com/publink/show?code=XZC8g0Z43QreGybSzXh7yLy2dAEdF2tSTSX

စာရိုက်ဖို့အတွက် M3 Keyboard, MUA ဗေကီးဘုတ် သို့မဟုတ်
မိမိနှစ်သက်ရာ ကီးဘုတ်ကို Play Store ကနေဒေါင်းနိုင်ပါတယ်။
Play Store အဆင်မပြေသူများကတော့ M3 Keyboard ကို ဒီမှာ သွားယူလိုက်ပါ။
MUA ဗေကီးဘုတ်ကို ဒီမှာ သွားယူလိုက်ပါ။
ပြီးရင် Install လုပ်.....
   Setting ကိုဝင် Language & Input ကိုဆက်ဝင်ပြီး မိမိတို့ထည့်သွင်းထားတဲ့
   ကီးဘုတ်ရဲ့ဘေးနားက ကွက်လပ်လေးကို အမှန်ခြစ်တပ်...
   Default ကိုနှိပ်ပြီး ကိုယ်သုံးမယ့်ကီးဘုတ် ရွေးပေးလိုက်ပါ....
   ပြီးရင်တော့ စာရိုက်ကြည့်လိုက်ပါ။

   မြန်မာ၊ ပအိုဝ်း၊ ကရင်၊ သျှမ်း၊ ကယား၊ မွန် အားလုံးရေးနိုင်ဖတ်နိုင်မှာပါ။
 
SNM Font Changer ရဲ့ ScreenShots လေးနည်းနည်းပြပေးထားပါတယ်။

★ Page ★
==========
ပအိုဝ်း IT လူငယ်များ

★ Blog ★
==========
ပအိုဝ်း IT လူငယ်များ

PaOh Dragon App

★ Groups ★
============
Myanmar Unicode Area

Myanmar PaOh Unicode Area

ပအိုဝ်း IT လူငယ်များ

 အားလုံးအဆင်ပြေပျော်ရွင်နိုင်ကြပါစေ  

                                     ပအိုဝ်း ITလူငယ်များ

SNM Font Changer Best 2_v.1.0

 Android ဖုန်းတွေကို မြန်မာစာအလွယ်တကူသွင်းယူပေးနိုင်မယ့် SNM Font Changer Best 2 ကိုတင်ပေးလိုက်ပါတယ်။
မြန်မာစာဇော်ဂျီပါပြီးသား Samsung ဖုန်းတွေအတွက်ရော ဘာမှလုပ်စရာမလိုပဲ One Click နှိပ်ရုံနဲ့မြန်မာယူနီကုဒ်ကို ထည့်သွင်းပေးနိုင်မှာပါ။
အခြား Android ဖုန်းအားလုံးရနိုင်ပါတယ်။
ကိုဖုန်းအမျိုးစားအလိုက် ပေးထားတဲ့ခလုတ်ကိုသားနှိပ်ပေးလိုက်ရုံပါ။
SNM Font Changer Best 2ကိုအသုံးပြုဖို့ မိမိဖုန်းမှာ Root Access လိုအပ်ပါတယ်။
ဖုန်း Root လုပ်နည်းကို မိမိဖုန်းဗားရှင်း မော်ဒယ်အလိုက် Google မှာရှာဖွေပြီး Root လုပ်နိုင်ပါတယ်။
SNM Font Changer Best 2 ရေးသားသူကတော့ ကိုစိုင်းထွန်းကျော် ပဲဖြစ်ပါတယ်။
လိုအပ်တွေအမှားတွေကို သွားရောက်မေးမြန်းအကြံပြုနိုင်ပါတယ်။
ဖိုင်ဆိုဒ်တော့နည်းနည်းကြီးပါတယ်...12 MB ပါ။

Play Store အဆင်ပြေသူများ Play Store ကနေဒေါင်းပေးကြပါ။

https://play.google.com/store/apps/details?id=com.satunkyaw.shan.snmfontchanger

Play Store အဆင်မပြေသူများအတွက်......
https://my.pcloud.com/publink/show?code=XZC8g0Z43QreGybSzXh7yLy2dAEdF2tSTSX

စာရိုက်ဖို့အတွက် M3 Keyboard, MUA ဗေကီးဘုတ် သို့မဟုတ်
မိမိနှစ်သက်ရာ ကီးဘုတ်ကို Play Store ကနေဒေါင်းနိုင်ပါတယ်။
Play Store အဆင်မပြေသူများကတော့ M3 Keyboard ကို ဒီမှာ သွားယူလိုက်ပါ။
MUA ဗေကီးဘုတ်ကို ဒီမှာ သွားယူလိုက်ပါ။
ပြီးရင် Install လုပ်.....
   Setting ကိုဝင် Language & Input ကိုဆက်ဝင်ပြီး မိမိတို့ထည့်သွင်းထားတဲ့
   ကီးဘုတ်ရဲ့ဘေးနားက ကွက်လပ်လေးကို အမှန်ခြစ်တပ်...
   Default ကိုနှိပ်ပြီး ကိုယ်သုံးမယ့်ကီးဘုတ် ရွေးပေးလိုက်ပါ....
   ပြီးရင်တော့ စာရိုက်ကြည့်လိုက်ပါ။

   မြန်မာ၊ ပအိုဝ်း၊ ကရင်၊ သျှမ်း၊ ကယား၊ မွန် အားလုံးရေးနိုင်ဖတ်နိုင်မှာပါ။
 
SNM Font Changer ရဲ့ ScreenShots လေးနည်းနည်းပြပေးထားပါတယ်။

★ Page ★
==========
ပအိုဝ်း IT လူငယ်များ

★ Blog ★
==========
ပအိုဝ်း IT လူငယ်များ

PaOh Dragon App

★ Groups ★
============
Myanmar Unicode Area

Myanmar PaOh Unicode Area

ပအိုဝ်း IT လူငယ်များ

 အားလုံးအဆင်ပြေပျော်ရွင်နိုင်ကြပါစေ  

                                     ပအိုဝ်း ITလူငယ်များ

Thursday, September 3, 2015

Android 4.2.2 အထက် Samsung ဖုန်းများမြန်မာစာထည့်သွင်းနည်း (2)

Android ဗားရှင်း 4.2.2 အထက် Samsung ဖုန်းတွေမြန်မာစာထည့်သွင်းနည်းကို
ကျွန်တော်သိသလောက်ရေးသားပေးလိုက်ပါတယ်။
ပထမနည်းတုန်းက Root မလိုပါဘူး CWM လိုပါတယ်။
Root မလုပ်ပဲ CWM ပဲသွင်းချင်တဲ့သူတွေ ပထမနည်းကို ဒီမှာ သွားကြည့်ပါ။

ခုနည်းကတော့ Root ဖောက်ပြီး Root Expolorer သို့မဟုတ် ES File Expolorer သုံးပြီး System ဝင်ပြင်တဲ့နည်းပါ။
ကျန်တဲ့နည်းတွေကတော့ နောက်နေ့တွေမှာဆက်ရေးပေးသွားပါမယ်။
ပထမဦးဆုံးမိမိဖုန်းကို မြန်မာစာထည့်သွင်းချင်တယ်ဆိုရင်
ကိုယ့်ရဲ့ဖုန်းဟာ System Update ရ မရအရင်စမ်းကြည့်ပါ။
တကယ်လို့ Update ရခဲ့ရင်တော့ ခုနောက်ပိုင်းဖုန်းတော်တော်များများဟာ
System Update လုပ်လိုက်ရင် မြန်မာစာထပ်သွင်းစရာမလိုပဲ တရားဝင်ပါလာကြပါတယ်။
အဲ့ဒီတော့ဘာမှအလုပ်ရှုပ်စရာမလိုတော့ဘူးပေါ့နော်...
ကိုယ်ကြိုက်တဲ့ကီးဘုတ်ထည့်ပြီး သုံးရုံပဲလေ....
မရရင်တော့ CWM သို့မဟုတ် Root ဖောက်ပြီးထည့်ကြတာပေါ့....
နောက်ဆိုရင်တော့ ဘာဖုန်းဝယ်ဝယ်မြန်မာစာတရားဝင်ပါလာကြမှာပါ။
ခုလောလောဆယ်တော့ နည်းနည်းအပင်ပန်းခံလိုက်ကြပါဦး......

ဒီပို့စ်မှာတော့ ပထမဆုံးအနေနဲ့ မိမိရဲ့ Samsung ဖုန်းလေးဟာ 4.2.2 ဖြစ်နေရပါမယ်။
4.3 အထက်ဆိုရင်တော့ ပိုအဆင်ပြေပါတယ်။
ပြီးတော့ဖုန်းကို Root ဖောက်ထားရပါမယ်။
Root ဖောက်ဖို့ကတော့ မိမိဖုန်းရဲ့မော်ဒယ်၊ ဗားရှင်းအလိုက် Google မှာရှာပြီး ဖောက်ထားလိုက်ပါ။
ပြီးရင်တော့ အောက်ကအဆင့်တွေကို လုပ်ဆောင်နိုင်ပါပြီ။

Root Expolorer ကိုပေးထားတဲ့လင့်ကနေသွားဒေါင်းပါ။
ES File Expolorer ကိုလည်းသုံးနိုင်ပါတယ်။
ဒီပို့စ်မှာတော့ Root Expolorer သုံးတဲ့နည်းကိုပြောပြပေးသွားမှာပါ။

Root explorer ကိုဖွင့်လိုက်ပါ။
Root expolorer မှာ အောက်ကပုံလို R/W ဖြင့်နေရင် နှိပ်လိုက်ပါ။

 Root ခွင့်ပြုချက်တောင်းရင်ပေးလိုက်ပါ။

 R/O ပြောင်းသွားပါလိမ့်မယ်။

ဒါဆို OK ပါပြီ System ဝင်ပြင်လို့ရပါပြီ။
system ဆိုတဲ့ဖိုဒါကို ရှာလိုက်ပါ။
တွေ့ရင် csc ဆိုတဲ့ဖိုဒါထဲကို ဆက်ဝင်ပါ။
အထဲ​က others.xml ကိုရှာပြီးဖိလိုက်ပြီး open in Text Editor ကိုရွေးပေးလိုက်ပါ။
 <CscFeature_Framework_EnableThaiVietR
eshaping>TRUE</
<CscFeature_Framework_EnableThaiVietR
eshaping>

ဆိုတဲ့စာကြောင်းကိုရှာလိုက်ပါ။
တွေ့ရင် ThaiViet Reshaping ရှေ့မှာ TRUE ရေးထား​တာ​ကို FALSE လို့​ပြင်​ရေး​လိုက်​ပါ။

အောက်ပါပုံအတိုင်း.....

ပြီးရင် Back Key တစ်ချက်ခေါက်လိုက်ပါ။
မက်ဆေ့ချ်တက်လာရင် Yes သာနှိပ်ပေးလိုက်ပါ။
ကိုယ်ကိုင်တဲ့ Samsung ဖုန်းက Thai Region မဟုတ်​ရင်​ ThaiViet Reshaping စာ​ကြောင်းမ​ပါ⁠ပါ​ဘူး။
ကိစ္စမရှိပါဘူး.....
ပြန်ထွက်လိုက်ပါ

ပြီးရင်အဲ့ဖိုဒါကနေ Back Key နဲ့တစ်ချက်ထွက်ပြီး etc ဆိုတဲ့ဖိုဒါထဲကိုဆက်ဝင်ပါ။
fallback_fonts.xml နဲ့ fallback_fonts_sbrowser.xml ထဲကို
အောက်ပါကုဒ်တွေရှာလိုက်ပါ။

 <family>
   <fileset>
       <file>ZawgyiOne2008.ttf</file>
    </fileset>
 </family>

တွေ့ရင်ဖျက်လိုက်လို့လဲရပါတယ်။
အကုန်လုံးမဖျက်ပဲ ZawgyiOne2008.ttf ကိုသာ MyanmarPaOh.ttf သို့မဟုတ် အခြားမြန်မာဖောင့်တစ်ခုခုရဲ့နာမည်နဲ့ အစားထိုးလိုက်ပါ။
ပြီးရင်ပြန်သိမ်းပေးလိုက်ပါ။
fallback_fonts.xml နဲ့ fallback_fonts_sbrowser.xml နှစ်ခုစလုံးဝင်ပြင်လို့ပြီးရင်
အဲ့ဖိုဒါကနေ Back Key တစ်ချက်ခေါက်ပြီး ထွက်လိုက်ပါ။
ပြီးရင် fonts ဆိုတဲ့ဖိုဒါထဲကိုဝင်ပါ။
ပြီးရင် ZawgyiOne2008.ttf ကိုရှာပြီးဖျက်ထုတ်လိုက်ပါ။
ပြီးရင်အပေါ်က fallback_fonts.xml နဲ့ fallback_fonts_sbrowser.xml ထဲက
ZawgyiOne2008.ttf ကို MyanmarPaOh.ttf သို့မဟုတ် အခြားဖောင့်တစ်ခုခုရဲ့နာမည်နဲ့ အစားထိုးခဲ့ရင်
ထိုဖောင့်ကို ဒီ fonts ဖိုဒါထဲကို Copy ယူလာပြီးလာချပေးပါ။
ပြီးရင် ကိုချလိုက်တဲ့ဖောင့်ကို ဖိပြီး permissions ကိုရွေးလိုက်ပါ။
Enter Octal ဆိုတဲ့ခလုတ်ကိုနှိပ်ပြီး 0644 လိုရိုက်ထည့်ပြီး OK ပေးလိုက်ပါ။
ပြီးရင်ဖုန်းကို Restart သို့မဟုတ် ပိတ်ပြီးပြန်ဖွင့်ပေးလိုက်ပါ။
ဒီနည်းကတော့နည်းနည်းရှုပ်ရင်ရှုပ်ပါလိမ့်မယ် ဒါပေမယ့် Samsung 4.2.2 အထက်တွေကို ဒီနည်းအတိုင်း အားလုံးရနိုင်ပါတယ်။
ဖောင့်ချိန်းဂျားတွေနဲ့သွင်းရင်လည်း ဒီသဘောတရားအတိုင်းပဲ လုပ်ပေးသွားမှာပါ။
CWM နဲ့သွင်းရင်လည်း ဒီပုံစံပါပဲ...
ဒါပေမယ့်ဒီနည်းအတိုင်းသေချာလုပ်ရင် သင့်ဖုန်းမြန်မာစာရေးနိုင်ဖတ်နိုင်မှာ အသေချာပါပဲ....
တကယ့်လို့အရှုပ်မခံချင်ရင်တော့ Play Store ကနေ SNM Font Changer ကိုဒေါင်းပြီးသွင်းနိုင်ပါတယ်။
ပြီးတော့အပေါ်ကပေးခဲ့တဲ့ CWM နဲ့နည်းလင့်ကိုသွားပြီးတော့ ထိုနည်းအတိုင်းလုပ်ဆောင်နိုင်ပါတယ်။

စာရိုက်ဖို့အတွက် M3 Keyboard, MUA ဗေကီးဘုတ် သို့မဟုတ်
မိမိနှစ်သက်ရာ ကီးဘုတ်ကို Play Store ကနေဒေါင်းနိုင်ပါတယ်။
Play Store အဆင်မပြေသူများကတော့ M3 Keyboard ကို ဒီမှာ သွားယူလိုက်ပါ။
MUA ဗေကီးဘုတ်ကို ဒီမှာ သွားယူလိုက်ပါ။
ပြီးရင် Install လုပ်.....
   Setting ကိုဝင် Language & Input ကိုဆက်ဝင်ပြီး မိမိတို့ထည့်သွင်းထားတဲ့
   ကီးဘုတ်ရဲ့ဘေးနားက ကွက်လပ်လေးကို အမှန်ခြစ်တပ်...
   Default ကိုနှိပ်ပြီး ကိုယ်သုံးမယ့်ကီးဘုတ် ရွေးပေးလိုက်ပါ....
   ပြီးရင်တော့ စာရိုက်ကြည့်လိုက်ပါ။

နောက်ထပ်နည်းတွေ ဆက်လက်ရေးပေးသွားပါဦးမယ်...
     အားလုံးအဆင်ပြေပျော်ရွင်နိုင်ကြပါစေ....

★ Page ★
==========
ပအိုဝ်း IT လူငယ်များ

★ Blog ★
==========
ပအိုဝ်း IT လူငယ်များ

PaOh Dragon App

★ Groups ★
============
Myanmar Unicode Area

Myanmar PaOh Unicode Area

ပအိုဝ်း IT လူငယ်များ

 အားလုံးအဆင်ပြေပျော်ရွင်နိုင်ကြပါစေ  

                                     ပအိုဝ်း ITလူငယ်များ

Wednesday, September 2, 2015

Android 4.2.2 အထက် Samsung ဖုန်းများမြန်မာစာထည့်သွင်းနည်း (၁)

    Android ဗားရှင်း 4.2.2 အထက် Samsung ဖုန်းတွေမြန်မာစာထည့်သွင်းနည်းကို ကျွန်တော်သိသလောက်ရေးသားပေးလိုက်ပါတယ်။
ကျွန်တော်အမြဲတမ်းသုံးတဲ့နည်းကတော့ သုံးနည်းလောက်ရှိပါတယ်။
ပထမနည်းကတော့ Root ဖောက်ပြီး Root Expolorer သို့မဟုတ် ES File Expolorer သုံးပြီး System ဝင်ပြင်တဲ့နည်းပါ။
ဒုတိယနည်းကတော့ ဖုန်းကို CWM သွင်းပြီး UniMM Patcher ကို Recovery Mode ကနေ Flash ပေးတဲ့နည်းပါ။
တတိယနည်းကတော့ Root ဖောက်ပြီး SMN Font Changer နဲ့သွင်းတဲ့နည်းပါ။
အားလုံးကတော့အဆင်ပြေပါတယ်။

ကျွန်တော်ဒီပို့စ်မှာတော့ CWM သွင်းပြီး Recovery ကနေသွင်းတဲ့နည်းကို ရေးပေးမှာပါ။
ကျန်တဲ့နည်းတွေကတော့ နောက်နေ့တွေမှာဆက်ရေးပေးသွားပါမယ်။
ပထမဦးဆုံးမိမိဖုန်းကို မြန်မာစာထည့်သွင်းချင်တယ်ဆိုရင်
ကိုယ့်ရဲ့ဖုန်းဟာ System Update ရ မရအရင်စမ်းကြည့်ပါ။
တကယ်လို့ Update ရခဲ့ရင်တော့ ခုနောက်ပိုင်းဖုန်းတော်တော်များများဟာ
System Update လုပ်လိုက်ရင် မြန်မာစာထပ်သွင်းစရာမလိုပဲ တရားဝင်ပါလာကြပါတယ်။
အဲ့ဒီတော့ဘာမှအလုပ်ရှုပ်စရာမလိုတော့ဘူးပေါ့နော်...
ကိုယ်ကြိုက်တဲ့ကီးဘုတ်ထည့်ပြီး သုံးရုံပဲလေ....
မရရင်တော့ CWM သို့မဟုတ် Root ဖောက်ပြီးထည့်ကြတာပေါ့....
နောက်ဆိုရင်တော့ ဘာဖုန်းဝယ်ဝယ်မြန်မာစာတရားဝင်ပါလာကြမှာပါ။
ခုလောလောဆယ်တော့ နည်းနည်းအပင်ပန်းခံလိုက်ကြပါဦး......

ဒီပို့စ်မှာတော့ ပထမဆုံးအနေနဲ့ မိမိရဲ့ Samsung ဖုန်းလေးဟာ 4.2.2 ဖြစ်နေရပါမယ်။
4.3 အထက်ဆိုရင်တော့ ပိုအဆင်ပြေပါတယ်။
ပြီးတော့ဖုန်းကို CWM သွင်းထားရပါမယ်။
CWM သွင်းဖို့ကတော့ မိမိဖုန်းရဲ့မော်ဒယ်၊ ဗားရှင်းအလိုက် Google မှာရှာပြီး သွင်းထားလိုက်ပါပြီ။
ပြီးရင်တော့ အောက်ကအဆင့်တွေကို လုပ်ဆောင်နိုင်ပါပြီ။

UniMM Patcher.zip လေးကိုပေးထားတဲ့လင့်ကနေသွားဒေါင်းလိုက်ပါ။

Download >>> Uni MM Patcher.zip

Uni MM Patcher.zip ကိုဒေါင်းလို့ပြီးရင် SD ကဒ်ထဲကို Copy သို့မဟုတ် Move ထားလိုက်ပါ။
ပြီးရင်ဘာမှမလုပ်ပဲ ကိုယ်ကဒ်ရဲ့ဘယ်နေရာမှာထားထားတယ်ဆိုတာကို မှတ်ထားပြီးဖုန်းကို ပိတ်လိုက်ပါ။

ပြီးရင် Recovery Mode ကိုဝင်ဖို့ Power+Home+Vol Up( ပါဝါ+အလယ်ခလုတ်ကြီး+အသံချဲ့ ) ဆိုတဲ့ခလုတ်သုံးခုကို ပြိုင်တူဖိထားလိုက်ပါ။
CWM Recovery Mode ကိုရောက်သွားပါလိမ့်မယ်...
    အားလုံးသိကြတဲ့အတိုင်း Recovery Mode ကိုရောက်သွားရင်
    ဖုန်း Screen အလုပ်မလုပ်တော့တဲ့အတွက် အပေါ်တက်အောက်ဆင်းလုပ်ဖို့
    အသံချဲ့ခလုတ်(Vol Up) နဲ့ အသံတိုးခလုတ်(Vol Down) တို့ကိုအသုံးပြုရမှာပါ။
    OK ပေးဖို့ကတော့ Home ခလုတ် သို့မဟုတ် ပါဝါခလုတ်ကို အသုံးပြုရမှာပါ။
4. install zip from sdcard ဝင်ပါ။
   choose zip from sdcard ထပ်ဝင်ပါ။
   ပြီးရင် စောဏက ဒေါင်းထားတဲ့ UniMM Patcher.zip ရှိတဲ့ဖိုဒါထဲကို ဝင်ပါ။
   UniMM Patcher.zip ကိုရွေးပြီး OK ပေးလိုက်ပါ....
   မြန်မာစာသွင်းနေပါပြီ....
   စောင့်ပေးလိုက်ပါ....
   ပြီးသွားရင် ''++back+++'' ကိုနှိပ်ပြီး အဲ့ကနေပြန်ထွက်လိုက်ပါ။
   Reboot System ကိုရွေးပြီး Home/Power ကိုတစ်ချက်နှိပ်လိုက်ပါ... 
   ဖုန်းက Reboot ကျသွားပါလိမ့်မယ်....  
   ပြန်တက်လာရင်တော့ ဖုန်းက မြန်မာစာ သွင်းပြီးသွားပါပြီ....

စာရိုက်ဖို့အတွက် M3 Keyboard, MUA ဗေကီးဘုတ် သို့မဟုတ်
မိမိနှစ်သက်ရာ ကီးဘုတ်ကို Play Store ကနေဒေါင်းနိုင်ပါတယ်။
Play Store အဆင်မပြေသူများကတော့ M3 Keyboard ကို ဒီမှာ သွားယူလိုက်ပါ။
MUA ဗေကီးဘုတ်ကို ဒီမှာ သွားယူလိုက်ပါ။
ပြီးရင် Install လုပ်.....
   Setting ကိုဝင် Language & Input ကိုဆက်ဝင်ပြီး မိမိတို့ထည့်သွင်းထားတဲ့
   ကီးဘုတ်ရဲ့ဘေးနားက ကွက်လပ်လေးကို အမှန်ခြစ်တပ်...
   Default ကိုနှိပ်ပြီး ကိုယ်သုံးမယ့်ကီးဘုတ် ရွေးပေးလိုက်ပါ....
   ပြီးရင်တော့ စာရိုက်ကြည့်လိုက်ပါ။

နောက်ထပ်နည်းတွေ ဆက်လက်ရေးပေးသွားပါဦးမယ်...
     အားလုံးအဆင်ပြေပျော်ရွင်နိုင်ကြပါစေ....

★ Page ★
==========
ပအိုဝ်း IT လူငယ်များ

★ Blog ★
==========
ပအိုဝ်း IT လူငယ်များ

PaOh Dragon App

★ Groups ★
============
Myanmar Unicode Area

Myanmar PaOh Unicode Area

ပအိုဝ်း IT လူငယ်များ

 အားလုံးအဆင်ပြေပျော်ရွင်နိုင်ကြပါစေ  

                                     ပအိုဝ်း ITလူငယ်များ

Copyright @ 2014-2015 ပအိုဝ်း IT လူငယ်များ.

Designed by Templateism | Edited By Khun Htetz Naing | PaOh IT Youth