Tuesday, November 24, 2015

iRoot_v2.2.6.apk [Updated]


Android ဖုန်းတွေကို Root ဖောက်ရာမှာတော်တော်များများသုံးကြတဲ့ iRoot.apk လေးဗားရှင်းအသစ်ထွက်ရှိလို့လာပါပြီ...
ဖုန်းတော်တော်များများကို ဖုန်းထဲကနေ အလွယ်တကူ Root လုပ်ပေးနိုင်နာမည်ကြီး Root Tools လေးပါ။
ခုဗားရှင်းအသစ်က Android 5.0 Lollipop ကိုတောင်ပေါက်နိုင်တယ်လို့ဆိုထားပါတယ်။
ဘယ်ဖုန်းတွေဖောက်နိုင်တယ် မဖောက်နိုင်ဘူးဆိုတာကတော့ ကိုယ်တိုင်သာစမ်းကြည့်ကြပေတော့ဗျာ...
နောက်ဗားရှင်းအသစ်ထွက်တိုင်း ထပ်တင်ပေးပါ့မယ်။
လောလောဆယ်တော iRoot_v2.2.6.apk ကိုအောက်မှာပေးထားတဲ့လင့်ကနေ ဒေါင်းယူနိုင်ပါပြီ...

http://adf.ly/1SG6IO
 ScreenShots
==========
 



အားလုံးအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ…


မည်သူမဆိုလွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါသည်။

 


★ Page ★ 
  ==========
ပအိုဝ်း IT လူငယ်များ





★ Blog ★
==========

ပအိုဝ်း IT လူငယ်များ


 

★ Groups★
============
Myanmar Unicode Area

Myanmar PaOh Unicode Area

ပအိုဝ်း IT လူငယ်များ

 အားလုံးအဆင်ပြေပျော်ရွင်နိုင်ကြပါစေ 

                                     ပအိုဝ်း ITလူငယ်များ

Wednesday, November 18, 2015

How to Root Your Android Devices With KingRoot.


KingRoot ကိုအသုံးပြုပြီး Android ဖုန်းများအလွယ်တကူ Root လုပ်နည်းလေးပါ။
KingRoot ဟာအခြားနာမည်ကြီးတဲ့ iRoot တို့ BaiduRoot , 360Root တို့လိုပဲ မိမိတို့ဖုန်းထဲကနေပင် အလွယ်တကူ Root လုပ်ပေးနိုင်တဲ့ Root App ပါ။
ဖုန်းတိုင်းတော့မရဘူးဆိုပေမယ့် ဖုန်းတော်တော်များများကို Root Acess ရရှိအောင်ပြုလုပ်ပေးနိုင်ပါတယ်။
ဒီ KingRoot နဲ့ဖောက်မရရင် အခြား iRoot တို့ BaiduRoot , 360Root တို့နဲ့ထပ်စမ်းဖို့ တောင်းဆိုပါရစေ...
တစ်ခုမရရင်နောက်ထပ်တစ်ခုနဲ့ ထပ်စမ်းပါ...
အားလုံးမရရင်တော့ ကွန်ပျူတာကနေဖောက်ပေးဖို့လိုအပ်ပါမယ်...
ဒါပေမယ့်ဘာပဲဖြစ်ဖြစ်ကိုယ့်ဖုန်းကနေအလွယ်တကူဖောက်ကြည့်ပါ မရတော့မှကွန်ပျူတာနဲ့ဖောက်ပေါ့နော်...
Root အပလီကေးရှင်းတော်တော်များများကို ခုနောက်ပိုင်း တစ်ချက်နှိပ် One Click တွေများပါတယ်။
ဘာမှသိပ်များများလုပ်ပေးစရာမလိုပါဘူး...
သက်ဆိုင်ရာ Root Tools တွေကိုဖုန်းမှာ တပ်ဆင်ပြီး တစ်ချက်နှိပ်ပေးရုံပါ...
ဒါပေမယ့်ကျွန်တော်ကတော့ ပိုပိုလိုလိုမသိသေးတဲ့သူတွေအတွက် ခုမှဖုန်းနဲ့ပတ်သက်တာတွေကို လေ့လာဖို့ကြိုးစားနေသူတွေအတွက်ပါ လွယ်လွယ်ကူကူနားလည်နိုင်အောင်
ပုံနဲ့တကွအသေးစိတ် တခြား Root မလုပ်ခင်မိမိဖုန်းကို ပြင်ဆင်ထားရမယ့်အချက်လေးတွေပါ ဖော်ပြပေးလိုက်ပါတယ်...

အရင်ဦးဆုံးမိမိဖုန်းကို ဘာမှမလုပ်ခင် Unknown Source ကိုအမှန်ခြစ်တပ်ထားပေးဖို့လိုအပ်ပါတယ်...

ဖုန်းကို Unknown Source ကိုဖွင့်ပေးခြင်း
========================================  
1. ဖုန်းရဲ့ Setting ကိုဝင်ပါ။

 


















အပေါ်ကအပိုင်းပြီးပြီဆိုရင် ကျန်တာတွေကလည်း လွယ်လွယ်လေးပါ...
Root ဖောက်မယ့်ဖုန်းကို WiFi သို့မဟုတ် အင်တာနက်ဒေတာတစ်ခုခု ဖွင့်ထား/ချိတ်ဆက်ထားပေးရပါမယ်။
ပြီးရင် KingRoot ကိုအောက်ပါပေးထားတဲ့လင့်ကနေ နောက်ဆုံးဗားရှင်းကို သွားဒေါင်းလိုက်ပါ။




ဗားရှင်းအလိုက် ဒီမှာ သွားရှာဒေါင်းပေးပါ။

ဒေါင်းလို့ရလာတဲ့ KingRoot Apk လေးကိုဖုန်းမှာ Install လုပ်လိုက်ပါ။
အင်တာနက်လိုအပ်ပါတယ် အင်တာနက်ဖွင့်ထားပေးပါ...
သို့မဟုတ် WiFi တစ်ခုခုနဲ့ချိတ်ဆက်ထားပေးပါ။

အောက်ပါပုံလိုပေါ်လာရင် Try it ကိုနှိပ်ပေးလိုက်ပါ။



အောက်ပါပုံအတိုင်း မိမိဖုန်းမှာ Root ရှိမရှိစစ်ဆေးနေပါလိမ့်မယ်။

စောင့်ပေးလိုက်ပါ...

Root မရှိသေးတဲ့အတွက် အောက်ပါပုံလို TRY TO Root ကိုနှိပ်ပေးလိုက်ပါ။

အောက်ပါပုံအတိုင်း Root လုပ်နေပါပြီ 100% ပြည့်အောင်စောင့်ပေးရပါမယ်...
တခါတလေနည်းနည်းကြာတတ်တဲ့အတွက် စိတ်ရှည်ရှည်ထားပြီးခဏစောင့်ပေးလိုက်ပါ။ 


100% ပြည့်ရင်အောက်ပါပုံအတိုင်း အစိမ်းရောင်အမှန်ခြစ်ပြလာရင် Root ပေါက်ပါပြီ...

အောက်ပါပုံအတိုင်းသင့်ဖုန်းကို စိတ်ကြိုက်ကလိခွင့်ရပါပြီ...
Root တောင်းတဲ့ App တွေက Root တောင်းရင် Allow နဲ့လက်ခံပေးရုံပါ။

 

သင့်ဖုန်းကို Root မဖေါက်နိုင်ရင် ဒီပုံမျိုးပေါ်လာပါလိမ့်မယ်။
တခြား Root Tools တွေနဲ့ထပ်ကြိုးစားကြည့်ပါ။



အားလုံးအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ…


မည်သူမဆိုလွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါသည်။

 

★ Page ★ 

==========

ပအိုဝ်း IT လူငယ်များ




★ Blog ★

==========

ပအိုဝ်း IT လူငယ်များ


 

★ Groups★

============

Myanmar Unicode Area

Myanmar PaOh Unicode Area

ပအိုဝ်း IT လူငယ်များ

 အားလုံးအဆင်ပြေပျော်ရွင်နိုင်ကြပါစေ 

                                     ပအိုဝ်း ITလူငယ်များ

Tuesday, November 17, 2015

How to Install Xposed Framework On Android Devices.



Android ဖုန်းများ Xposed Framework သွင်းနည်းကိုတင်ပေးလိုက်ပါတယ်။
လွယ်လွယ်လေးပါ...ဘာမှမခက်ပါဘူး...
ဒါပေမယ့်ခုမှစတင်လေ့လာနေသူတွေအတွက်ပါ အဆင်ပြေအောင်ပုံနဲ့တကွရှင်းပြပေးလိုက်ပါတယ်။
Root ဖောက်ပြီးသားမိမိတို့ဖုန်းကို စိတ်ကြိုက်ပြုပြင်နိုင်ဖို့ Tools တော်တော်များများက
Xposed Framework နဲ့တွဲသုံးရတာပါ။
ဥပမာကျွန်တော်တို့ဖုန်းရဲ့ Status Bar တွေဖုန်းနောက်ခံပုံထည့်တာတွေ
အပေါ်ကလိုင်းတိုင်တို့ နာရီတို့ကိုစိတ်ကြိုက်ပြုပြင်နိုင်တဲ့ Xblast Tools, Wanam Xposed, Gravity တို့ဆိုရင်
Xposed Framework သွင်းထားပြီးမှ အဲ့ကောင်တွေသုံးလို့ရတာပါ။
တခြား Tools တော်တော်များများလည်း ဒီပုံစံပါပဲ Xposed မသွင်းရသေးရင် အလုပ်မလုပ်ကြပါဘူး...
ခုနောက်ပိုင်း Developer တွေလည်း ဖုန်း System ပိုင်းကိုပြုပြင်နိုင်တဲ့ Apk တွေကို
Xposed နဲ့တွဲသုံးရတဲ့ Tools တွေပဲရေးလာကြတာများပါတယ်။
Xposed သွင်းပြီးတဲ့ဖုန်းတစ်လုံးကတော့ စိတ်ကြိုက်ပြုပြင်နိုင်ပါပြီ...
သက်ဆိုင်ရာ Tools တွေရှာယူပြီး တွဲသုံးရုံပါပဲ...
ကဲ...ပြောနေတာကြာပါတယ် စကြမယ်နော်...

ပထမဦးဆုံးမိမိဖုန်းက Root လုပ်ပြီးသားဖြစ်ရပါမယ်...
Root မလုပ်ရသေးရင် မိမိဖုန်းမော်ဒယ်ဗားရှင်းအလိုက် Root လုပ်နည်းကို
Google ကနေဖြစ်ဖြစ် တခြားတစ်နေရာကနေ ဖြစ်ဖြစ်ရှာဖွေမေးမြန်းပြီး Root အရင်လုပ်ထားလိုက်ပါ။
Xposed Framework သွင်းဖို့ Root Access လိုအပ်လို့ပါ...
Xposed Framework ဖုန်းမှာသွင်းဖို့ကျွန်တော်တို့ Xposed Installer ကိုအသုံးပြုရပါမယ်...
Xposed Installer ကိုပေးထားတဲ့လင့်ကနေဒေါင်းလိုက်ပါ။
ဖိုင်ဆိုဒ်ကလည်း သေးသေးလေးပါ...
http://adf.ly/1RqQtg

မှတ်ချက်။  ။ဒီ Xposed Installer က Android ဗားရှင်း 5.0(Lollipop) အောက်ဖုန်းတွေမှာပဲ အလုပ်လုပ်ပါလိမ့်မယ်...
Android ဗားရှင်း 5.0(Lollipop) အထက်အတွက်ကတော့ ဒီမှာ သွားကြည့်ပေးပါ။

Xposed Framework မသွင်းခင်တစ်ခုကြိုပြောထားချင်ပါတယ်...
Xposed Installer ကိုအသုံးပြုပြီး Xposed Framework ကိုသွင်းလို့အခန့်မသင့်ရင် ဖုန်းဖန်ဝဲကျနိုင်ပါတယ်။
ဖုန်းကပြန်တက်မလာတော့ပဲ Logo မှာရပ်နေပါလိမ့်မယ်။
အဲ့ဒီအခါ Xposed-Disabler-Recovery.zip လေးကို Recovery Mode ကနေ Flash ပေးရင်ပြန်တက်လာပါလိမ့်မယ်။
Xposed-Disabler-Recovery.zip အသုံးပြုနည်းကို ဒီမှာ သွားကြည့်ပြီး
zip ဖိုင်လေးကိုမိမိတို့ဖုန်းရဲ့ SD ကဒ်ထဲထည့်ထားလိုက်ပါ။
ဖိုင်ဆိုဒ်ကလည်း ဘယ်လောက်မှမရှိပါဘူး...


ဒေါင်းလို့ရလာတဲ့ Xposed Installer apk လေးကိုမိမိတို့ဖုန်းမှာ Install လုပ်လိုက်ပါ။
ပြီးရင်သွားဖွင့်လိုက်ပါ...


Xposed Framework မသွင်းရသေးတဲ့ဖုန်းဆိုရင် အောက်ကဝိုင်းထားတဲ့အတိုင်း စာကြောင်းအနီလေးနဲ့ပြပေးထားပါတယ်။
ဝိုင်းပြထားတာတဲ့နေရာကိုပဲနှိပ်လိုက်ပါ။ 


အောက်ပါပုံအတိုင်း သတိပေးစာတက်လာပါလိမ့်မယ် OK သာနှိပ်ပေးလိုက်ပါ။

ပြီးရင်အောက်ပါပုံအတိုင်း Install/Update ကိုနှိပ်ပေးလိုက်ပါ။

Root ခွင့်ပြုချက်တောင်းလာပါလိမ့်မယ်...
Grant/Allow ဖြင့်လက်ခံပေးလိုက်ပါ။ 


ပြီးရင်အောက်ပါပုံအတိုင်း ဖုန်းက Reboot ကျမယ့်အကြောင်းသတိပေးစာတက်လာပါလိမ့်မယ်။
Ok သာနှိပ်ပေးလိုက်ပါ။
ဖုန်းက Reboot ကျသွားပါလိမ့်မယ်...
Boot ပြန်တက်တာနည်းနည်းကြာတက်ပါတယ်...
စောင့်ပေးလိုက်ပါ။
လုံးဝပြန်တက်မလာခဲ့ရင်တော့ အပေါ်ကပြောခဲ့တဲ့အတိုင်း Xposed-Disabler-Recovery.zip ဖိုင်လေးကို
Recovery Mode ကနေ Flash ပေးလိုက်ပါ။


တကယ်လို့ဖုန်းက Reboot ကနေပြန်တက်လာရင် Xposed Installer App ကိုဖွင့်ကြည့်လိုက်ပါ။
အောက်ပါပုံအတိုင်းစောဏကအနီရောင်စာကြောင်းပျောက်သွားပါလိမ့်မယ်။
ကဲ...ဒါဆိုရင်တော့မိမိဖုန်းကိုစိတ်ကြိုက်ပြုပြင်နိုင်ပါပြီ...



တခြားဖုန်း System ကိုပြုပြင်နိုင်တဲ့ Tools အလန်းတွေကိုလည်း အချိန်ရရင် ရသလိုတင်ပေးပါ့မယ်....
သတိထားရမှာက ယခုအခါမိမိဖုန်းက မိမိလက်ထဲကိုရောက်နေပါပြီ...
ကလိတာလွန်သွားရင်တော့ ဖန်ဝဲကျနိုင်ပါတယ်။
ဖုန်းကို Backup လုပ်ထားပြီးမှဆက်ကလိကြပါရန်...:D



အားလုံးအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ…


မည်သူမဆိုလွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါသည်။

 

★ Page ★ 

==========

ပအိုဝ်း IT လူငယ်များ




★ Blog ★

==========

ပအိုဝ်း IT လူငယ်များ


 

★ Groups★
============
Myanmar Unicode Area

Myanmar PaOh Unicode Area

ပအိုဝ်း IT လူငယ်များ

 အားလုံးအဆင်ပြေပျော်ရွင်နိုင်ကြပါစေ 

                                     ပအိုဝ်း ITလူငယ်များ
 


How to Disable Xposed Framework From Recovery.



Xposed Framework သွင်းရင်းဖုန်းဖန်ဝဲကျသွားလို့ ဖုန်းက Logo မှာရပ်နေပြီဆိုရင်
ဒီ Xposed-Disabler-Recovery.zip ကိုဖုန်းရဲ့ SD ကဒ်ထဲထည့်ပြီး
Recovery Mode ကနေဝင် Flash ပေးလိုက်ပါ။
မိမိတို့ဖုန်းရဲ့ Data တွေတစ်ခုမှမပျက်စီးမဆုံးရှုံးပဲ မူလအတိုင်းပြန်လည်းရရှိလာနိုင်ပါတယ်။

အသုံးပြုနည်း
=======
Xposed-Disabler-Recovery.zip ကိုပေးထားတဲ့လင့်ကနေသွားဒေါင်းလိုက်ပါ။


Download >>> Xposed-Disabler-Recovery.zip

ပြီးရင်ဖုန်းရဲ့ SD ကဒ်ထဲထည့်ထားလိုက်ပါ။
မိမိတို့ SD ကဒ်ထဲ Xposed-Disabler-Recovery.zip ရှိတဲ့နေရာ/ဖိုဒါ ကိုသေချာမှတ်ထားပြီးဖုန်းကို Recovery Mode သို့ဝင်လိုက်ပါ။
Recovery Mode ဝင်ဖို့ Samsung ဖုန်းတွေဆိုရင်တော့...
Power+Home+Vol Up(ပါဝါ+အလယ်ခလုတ်အကြီး+အသံချဲ့ခလုတ်) အဲ့ဒီခလုတ်သုံးခုကိုဖိထားပေးလိုက်ပါ။
Samsung မဟုတ်တဲ့အခြားဖုန်းတွေဆိုရင်တော့ Power+Vol Up(ပါဝါ+အသံချဲ့ခလုတ်) အဲ့ဒီခလုတ်နှစ်ခုကိုသာ ဖိထားပေးလိုက်ပါ။
Recovery Mode ကိုရောက်သွားပါလိမ့်မယ်။
Recovery Mode ကိုရောက်ရင် Apply Update From SD သို့မဟုတ် External Storage ပါတဲ့စာကြောင်းကိုရွေးဝင်ပြီး
စောဏက SD ကဒ်ထဲမှာထည့်ထားတဲ့ Xposed-Disabler-Recovery.zip ကိုရွေးပြီး Flash ပေးလိုက်ပါ။
ပြီးရင်ဖုန်းက Reboot ကျသွားပါလိမ့်မယ်...
မကျရင် Reboot လုပ်ပေးလိုက်ပါ...
Boot တက်နည်းနည်းကြာတက်ပါတယ်...စောင့်ပေးလိုက်ပါ...
ပြီးရင်တော့မိမိဖုန်းလေးမူလအတိုင်းပြန်လည်ရရှိနိုင်ပါပြီ...


အားလုံးအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ…



မည်သူမဆိုလွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါသည်။

 

★ Page ★ 

==========

ပအိုဝ်း IT လူငယ်များ




★ Blog ★

==========

ပအိုဝ်း IT လူငယ်များ


 
★ Groups★
============
Myanmar Unicode Area

Myanmar PaOh Unicode Area

ပအိုဝ်း IT လူငယ်များ

 အားလုံးအဆင်ပြေပျော်ရွင်နိုင်ကြပါစေ 

                                     ပအိုဝ်း ITလူငယ်များ
 




Sunday, November 15, 2015

MIUI Express 2.7.0.apk



MIUI Express/Lite ကတော့ မိမိရဲ့ဖုန်းကို MIUI ပုံစံပြောင်းသုံးနိုင်ပါတယ်။
MIUI အသုံးပြုချင်သူတွေ XioMi မဟုတ်တဲ့ဖုန်းတွေ မိမိတို့ဖုန်းအတွက် MIUI Custom Rom တွေရှာမတွေ့
Mi Rom သုံးမရတဲ့ ဖုန်းတွေအတွက်အရမ်းအသုံးဝင်ပါတယ်။
သူကတော့ Launcher ပုံစံပါပဲ...
ဒါပေမယ့်တခြား Launcher App တွေထက်အသုံးဝင်တဲ့ လုပ်ဆောင်ချက်တွေပါဝင်ပါတယ်...
Phone, Contacts, Messaging App သုံးခုကို MIUI Rom တွေပုံစံသုံးနိုင်ပါမယ်...
MiCloud, MiThemes Store ပါသုံးနိုင်ပါမယ်...
မိမိဖုန်းကနေ Mi Account ဖွင့်နိုင်ပါတယ်...
Mi Account ကိုဖွင့်ပြီး Auto Sync လုပ်ထားပါက မိမိဖုန်းထဲက မက်ဆေချ်၊ ဖုန်းအဝင်အထွက်၊ မိမိတို့ဖုန်းထဲမှာသိမ်းထားတဲ့ ဖုန်းနံပါတ်နဲ့လူနာမည်တွေကို
Mi ဖုန်းတွေအတိုင်း Mi Account ထဲကို အော်တိုသိမ်းထားပေးမှာပါ။
ဖုန်းကတစ်ခုခုဖြစ်သွားရင်လည်း နောက်ဖုန်းတစ်ခုကိုပဲဖြစ်ဖြစ် မိမိတို့အသုံးပြုထားတဲ့ Mi Account ကို Sign In ပြန်ဝင်ပေးရုံနဲ့
ကိုယ့်ရဲ့မက်ဆေချ်၊ ဖုန်းအဝင်အထွက်၊ မိမိတို့ဖုန်းထဲမှာသိမ်းထားတဲ့ ဖုန်းနံပါတ်နဲ့လူနာမည်တွေ ပြန်ရရှိနိုင်မှာဖြစ်ပါတယ်။
တခြားလုပ်ဆောင်ချက်တွေလည်း ပါဝင်ပါသေးတယ်...
ကိုယ်တိုင်သာစမ်းကြည့်ကြပါ...
အောက်မှာကျွန်တော်စမ်းထားတဲ့ဖုန်းကနေ ScreenShots လေးရိုက်ပြပေးထားပါတယ်။
ဖိုင်ဆိုဒ်ကတော့ 16 MB ကျော်ကျော်လေးရှိပါတယ်...


http://adf.ly/1RjCUT

ScreenShots
========







အားလုံးအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ…
မည်သူမဆိုလွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါသည်။
 

★ Page ★ 

==========

ပအိုဝ်း IT လူငယ်များ




★ Blog ★

==========
ပအိုဝ်း IT လူငယ်များ
 
★ Groups★
============
Myanmar Unicode Area

Myanmar PaOh Unicode Area

ပအိုဝ်း IT လူငယ်များ

 အားလုံးအဆင်ပြေပျော်ရွင်နိုင်ကြပါစေ 

                                     ပအိုဝ်း ITလူငယ်များ

Saturday, November 14, 2015

KingRoot v4.6.0 (APK)


   ဖုန်းတော်တော်များများကို မိမိဖုန်းကနေပင် အလွယ်တကူ Root လုပ်ပေးနိုင်တဲ့
KingRoot နောက်ဆုံးထွက်ရှိလာတဲ့ ဗားရှင်းလေးပါ။
ဘယ်ဖုန်းတွေကို ပေါက်နိုင်လည်းဆိုတာကတော့ ကိုယ်တိုင်သာစမ်းကြည့်ကြပါ။
Android L 5.0 ကိုတောင်ပေါက်နိုင်တယ်လို့ ဆိုထားပါတယ်။
ကျွန်တော်စမ်းကြည့်သလောက်တော့ ဖုန်းတော်တော်များများကို Root ဖောက်ပေးနိုင်ပါတယ်။
ဗားရှင်းမြှင့်တဲ့ဖုန်းတွေကိုလည်း ဖောက်ပေးနိုင်တာကို တွေ့ရပါတယ်။
နောက်ဗားရှင်းအသစ်ထွက်တိုင်း တင်ပေးပါ့မယ်။
လောလောဆယ်တော့ KingrootV4.6.0.apk ကိုအောက်မှာပေးထားတဲ့လင့်ကနေ ဒေါင်းယူနိုင်ပါပြီ...


အားလုံးအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ…



မည်သူမဆိုလွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါသည်။
 

★ Page ★ 

==========

ပအိုဝ်း IT လူငယ်များ




★ Blog ★

==========

ပအိုဝ်း IT လူငယ်များ
 
★ Groups★
============
Myanmar Unicode Area

Myanmar PaOh Unicode Area

ပအိုဝ်း IT လူငယ်များ

 အားလုံးအဆင်ပြေပျော်ရွင်နိုင်ကြပါစေ 

                                     ပအိုဝ်း ITလူငယ်များ



 

Copyright @ 2014-2015 ပအိုဝ်း IT လူငယ်များ.

Designed by Templateism | Edited By Khun Htetz Naing | PaOh IT Youth