Saturday, June 13, 2015

4.2.2 အထက် ဖုန်းတော်တော်များများကို One Click နဲ့ Root အလွယ်တကူ လုပ်နည်း (ကွန်ပျူ တာမလို)


မင်္ဂလာပါခင်ဗျာ
ဒီနေ့ကျနော်ပြန်လည်မျှဝေချင်တာကတော့
အားလုံးအတွက်အဆင်ပြေစေမယ့်
Android Root လုပ်နည်းလေးပါ။
နည်းလမ်းလေးက မခက်ပါဘူး....
ကွန်ပျူတာလည်းမလိုပါဘူး....
ကိုယ်တိုင်စမ်းတယ် အဆင်ပြေပြီးမှ တခြားဘော်ဒါတွေအတွက်
ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်....
ဖုန်းအားလုံးရနိုင်မယ်လို့လည်း အာမ မခံပါဘူး
ဒါပေမယ့် Samsung တော်တော်များများကိုတော့ ရနိုင်ပါတယ်...
စမ်းကြည့်ကြပါ...:d

 ၁။ ဖုန်းကို Root လုပ်တော့မယ်ဆိုရင် ဖုန်းရဲ့ Setting > Security >
Unknown Sources ကိုအမှန်ခြစ်ပေးဖို့လိုပါတယ်။


၂။ USB Debuggin Mode ကိုလည်း On ထားပေးဖို့လိုပါတယ်။
ပုံမှန်အားဖြင့် 4.2.2 အထက်တွေဆိုရင်တော့ Samsung Device မှန်ရင်
Setting > Developer Options > USB Debugging ကို On ပေးလိုက်ပါ OK ဆိုရင် ရပါပြီ။
Setting ထဲမှာ Developer Options ကိုမတွေ့ရင်
Setting > About Device ကိုဝင်ပြီး Build Number ကို လေးငါးချက်လောက် ခပ်မြန်မြန်ခေါက်ပေးလိုက်ပါ။



 ၃။ Back Key တစ်ချက်နှိပ်ပြီးပြန်ထွက်လိုက်ပြီး Developer Options ကိုဝင်ပါ။
အောက်ကပုံအတိုင်း USB Debugging ကို အမှန်ခါစ်တပ်ပေးလိုက်ပါ။


၄။ TowelRoot.apk ကိုအောက်ကလင့်ကနေ သွားဒေါင်းလိုက်ပါ။
 သူ့ရဲ့ Offical မူရင်းဆိုက်ပါ။
၅။ Root Apk ဆိုက်ကိုရောက်တဲ့အခါ အောက်ကပုံလေးကို
တစ်ချက်ထောက်လိုက်ပါ။


 
၆။ အောက်ကပုံအတိုင်းပြနေခဲ့ရင်တော့
ဒေါင်းလော့ရယူဖို့ရန်ဖြစ်တဲ့အတွက် OK ကိုနှိပ်လိုက်ပါ။

တစ်ချို့ဖုန်းတွေမှာ အောက်ကပုံအတိုင်း
ပြမှာမဟုတ်ပါ တစ်ခါတည်း ဒေါင်းလော့နေပါလိမ့်မယ်။


တကယ်လို့ Root Apk ကိုဒေါင်းလော့ရတာ
အဆင်မပြေဘူးဆို
အောက်ကလင့်ကနေသွားဒေါင်းလိုက်ပါ။
ကျနော်ပြန်တင်ပေးထားတာလေးပါ....


Download Here

၇။ ဒေါင်းလို့ရလာတဲ့ Root Apk ကို install လုပ်လိုက်ပါ။


  
၈။ ပြီးရင်ဖွင့်ပါ။



၉။ Root လုပ်ဖို့ရန်အတွက် Make it Ra1n ဆိုတာကိုနှိပ်လိုက်ပါ။



၁၀။ အောက်ကပုံအတိုင်းပြနေရင်တော့
Root လုပ်ဖို့ရန်အသင့်အနေအထား ဖြစ်နေပါပြီ
 Make it Ra1n ဆိုတာကို ထပ်နှိပ်ပေးလိုက်ပါ။


၁၁။ အောက်ကပုံလိုပြလာရင်တော့
Root လုပ်ခြင်းကိစ္စပြီးပါပြီ ဖုန်းက သူ့အလိုလို
 Reboot လုပ်ပါလိမ့်မယ် ခနလေးစောင့်နေလို်က်ပါ။


 Reboot ကျပြီးလို့ ပြန်တက်လာတဲ့အခါ
မိမိဖုန်း Root Access ရှိလား မရှိလား သိချင်ရင်တော့
Root Checker လေးနဲ့ စမ်းသပ်ကြည့်လိုက်ပါ။

 Root Checker ကိုဒေါင်းပြီးဖုန်းမှာ install လုပ်လိုက်ပါ။



ပေးထားတဲ့လင့်ကနေဒေါင်းယူနိုင်ပါတယ်။

Download >>> From Play Store

 OR

Download Here  

ဒေါင်းလို့ရလာတဲ့ Root Checker ကို install လုပ်ပြီးဖွင့်လိုက်ပါ။
ပြီးရင် Verify Root ဆိုတာကို နှိပ်လိုက်ပါ။



အောက်ကပုံလို အစိမ်းရောင်စာတန်းနဲ
Congratulations!
This device has root access!

ဆိုရင်တော့ Root ဖောက်လို့အောင်မြင်သွားပါပြီ.....





  အဆင်ပြေပါစေ

ပအိုဝ်း IT လူငယ်များ
ကျွန်တော်တို့ ပအိုဝ်း IT လူငယ်များ(Paoh IT Youth) ဘလော့နှင့် ပေ့စ်ကတင်သမျှကို Offline ဖတ်ရူ့နိုင်အောင်
App လုပ်ပြီး Play Store မှာတင်ထားပါတယ်။
ဒေါင်းပေးကြပါဦးနော်..........
Review လေးတွေဝင်ပေးကြပါဦး အားလုံးကို ကျေးဇူးတင်ပါတယ်။ပေးထားတဲ့လင့်ကနေသွားရောက်ဒေါင်းယူပေးကြပါနော်.......
Unicode အသုံးပြုချင်သူများနှင့်အသုံးပြုနေသူများ 
နှင့်
Join ထားလိုက်ပါ။

Friday, June 12, 2015

Samsung/ Motorola /Sony/ LG/ HTC/ ASUS/ Huawei ဖုန်း Drivers များကို တစ်နေရာတည်းနဲ့ ရယူလိုက်ပါ

မင်္ဂလာပါ
ဖုန်းကလိသူတွေအတွက်ရော
ဖုန်း Service သမားတွေအတွက်ပါ မရှိမဖြစ်တဲ့
ဖုန်း Drivers တွေကို ကျနော် ရနို်င်သလောက်
စုစည်းပြီး တင်ပေးလိုက်ပါတယ်ခင်ဗျာ...

အထူးမှာချင်တာကတော့ အောက်မှာတင်ပေးထားသော
ဒေါင်းလော့ လင့်များသည် အဆင်ပြေတာတွေလည်းရှိမယ်
ဒေါင်းလော့မရ အဆင်မပြေတာတွေလည်း ရှိကောင်းရှိမှာပါ
အဆင်မပြေရင်ပြောခဲ့ကြပါ..
အဆင်ပြေကြလိမ့်မယ်လို့တော့ ကျနော်
မျှော်လင့်ပါတယ်၊

အလိုရှိတဲ့ ညီအကိုတွေကတော့ အောက်မှာ စိတ်ကြိုက်သာ
ဒေါင်းလော့ယူနိုင်ပါပြီ။

Motorola USB Drivers

 Download Here


Google USB Drivers

Download Here


Galaxy Nexus USB Drivers 
(GSM or CDMA-Verizon)


Download Here


Universal Naked Driver

Download Here


Samsung USB Drivers

Download Here

OR

Download Here


SAMSUNG_USB_Driver_for_Mobile_Phones

Download Here

OR

Download Here


Samsung_USB_Driver_1.5.27.0_2

Download Here


SAMSUNG_USB_Driver_v1.5.23.0

Download Here

OR

Download Here


Samsung Android ADB Interface Driver v2.9.510.0

Download Here

OR

Download Here


HTC USB Drivers

HTC Sync Manager

HTC USB Drivers


Download Here

OR

Download Here


HTC Drivers (Compatible with Win 8)

HTC Drivers (Compatible with Win 8)


Mirror to Download Directory

Download Here


Sony USB Drivers

Download Here



Sony PC Companion



Sony Bridge for Mac



Sony ADB Flashtool Drivers

OR

Download Here



LG USB Drivers

Download Here

OR

Download Here

OR

Download Here


LG United Drivers for Verizon 

OR

Download Here


LG Mobile Support Tool Setup


LG-Flash-Tool-2014.zip

Dell USB Drivers


Download Here


Intel Android USB Drivers

Download Here

ZTE USB Drivers


 Download Here


OR


 Download Here 

ASUS USB Drivers


Download Here 


 OR


 Download Here 


 Nexus 7 USB Drivers


 Huawei USB Drivers


Huawei USB Drivers

HiSuite (drivers included)


Acer USB Drivers 


Download Here

Sharp USB Drivers


Download Here

Amazon USB Drivers


Amazon USB Drivers


OR


 Download Here


 Pantech USB Drivers


XIAOMI USB Drivers


Lenovo USB Drivers


MicroMax USB Drivers


OR


Download Here

Credit >>> www.zunite.org



  အဆင်ပြေပါစေ

ပအိုဝ်း IT လူငယ်များ
ကျွန်တော်တို့ ပအိုဝ်း IT လူငယ်များ(Paoh IT Youth) ဘလော့နှင့် ပေ့စ်ကတင်သမျှကို Offline ဖတ်ရူ့နိုင်အောင်
App လုပ်ပြီး Play Store မှာတင်ထားပါတယ်။
ဒေါင်းပေးကြပါဦးနော်..........
Review လေးတွေဝင်ပေးကြပါဦး အားလုံးကို ကျေးဇူးတင်ပါတယ်။ပေးထားတဲ့လင့်ကနေသွားရောက်ဒေါင်းယူပေးကြပါနော်.......
Unicode အသုံးပြုချင်သူများနှင့်အသုံးပြုနေသူများ 
နှင့်
Join ထားလိုက်ပါ။

Tuesday, June 9, 2015

RootGenius_2.2.6 ကိုသုံးပြီး Screen Lock မေ့သွားတဲ့ ဖုန်းကို Unlock လုပ်မယ်

 
ဘာမှတော့မခက်ပါဘူး....
အဓိက ကတော့ဖုန်းကို Root ဖောက်ထားဖို့ပါပဲ....
ဘာ Data မှမပျက်စေပါဘူး။
Factory Reset ချတာမဟုတ်ဘူးလေ.....
တနေ့က သူငယ်ချင်းတစ်ယောက်ရဲ့ ဖုန်းပေါ့.....
သူ့ဖုန်းကို ကိုင်ကြည့်မလို့ဆိုနေမှ Screen Lock လုပ်ထားတယ်ဗျ....
သူ့ကိုမေးတော့ သူကမပြောပြဘူး.....
အဲ့ဒါနဲ့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်မယ်ပြောတော့ သူက......
လုပ်လေ...လုပ်တတ်ရင်လုပ်လိုက်ပေါ့။
Reset တော့မချနဲ့နော်တဲ့....
အဲ့ဒါနဲ့ သူ့ဖုန်းကို ကွန်ပျူတာနဲ့ ချိတ် RootGenius_2.2.6 နဲ့ Unlock လုပ်ကြည့်တာ....
သူ့ဖုန်းက Root ဖောက်ထားတယ်လေ
တစ်မိနစ်တောင်မကြာဘူး....ရသွားတယ်........
အဲ့ဒါနဲ့စိတ်ကြိုက်ကလိလိုက်ရတယ် သူများဖုန်းကို......

ကဲ....လိုအပ်သူများလည်းအောက်မှာ ဒေါင်းလိုက်ပါ.....
ပုံနဲ့နည်းနည်းပြပေးထားပါတယ်.....

Download.....RootGenius_2.2.6

Install လုပ်ပြီးဖွင့်လိုက်ပါ
ပြီးရင် Unlock Screen ဆိုတဲ့ Button ကိုနှိပ်လိုက်ပါ


 
အောက်ကပုံကို Password ခံထားလို့ပါ။
Patten Lock ဆိုရင် ဘယ်လိုပုံစံလဲဆိုတာသူပြလိမ့်မယ်။
Password နဲ့ Lock လုပ်ထားတဲ့အတွက် ဖြုတ်မယ့်ပေါ့နော် Remove ကိုနှိပ်လိုက်ပါ။


Ok ပြီနော်



  အဆင်ပြေပါစေ

ပအိုဝ်း IT လူငယ်များ
ကျွန်တော်တို့ ပအိုဝ်း IT လူငယ်များ(Paoh IT Youth) ဘလော့နှင့် ပေ့စ်ကတင်သမျှကို Offline ဖတ်ရူ့နိုင်အောင်
App လုပ်ပြီး Play Store မှာတင်ထားပါတယ်။
ဒေါင်းပေးကြပါဦးနော်..........
Review လေးတွေဝင်ပေးကြပါဦး အားလုံးကို ကျေးဇူးတင်ပါတယ်။ပေးထားတဲ့လင့်ကနေသွားရောက်ဒေါင်းယူပေးကြပါနော်.......
Unicode အသုံးပြုချင်သူများနှင့်အသုံးပြုနေသူများ 
နှင့်
Join ထားလိုက်ပါ။


Sunday, June 7, 2015

★ Windows အားလုံးမှာ မြန်မာယူနီကုဒ် ထည့်နည်းနှင့် ထည့်သည့်အချိန်မှာ ဖြစ်တတ်သော အခက်အခဲများ ★



Credit to >>> San Lin Naing & Kyi Thar  Soe

    Window မှာ ယူနီကုဒ်ထည့်သွင်းရတာ အလွယ်ကူဆုံးပါ။
၁။ ယူနီကုဒ်ဖောင့် တခုခုကို ဒေါင်းပြီး install လုပ်ပါ။
--------------------------------------------------------------------
အောက်ဖော်ပြပါ ဖောင့်များသည် Unicode စံသတ်မှတ်ချက်အတိုင်း အပြည့်အဝလိုက်နာသော ဖောင့်များဖြစ်သဖြင့်
မိမိစက်အတွင်း ၄င်းဖောင့်များတစ်ခုခုရှိနေရုံမျှဖြင့် မည်သည့် Unicode စာသားများကိုမဆို ဖတ်ရှုနိုင်မည်ဖြစ်သည်...

PyidaungSu Font
================
Download >>> Pyidaungsu Font

ဗမာ, သက္ကတ/ပါဠိ, မွန်, ရှမ်း, စကောကရင်, ပိုးကရင်(အနောက်ပိုင်း), ပိုးကရင် (အရှေ့ပိုင်း), ပအိုဝ်း, ကယား, အရှိုချင်း, ပလေးပလောင်, ရူမာည်းတအောင်း,ခန္တီးရှမ်း, Aiton & Phake, တိုင်းလျမ်ခေါ်ရှမ်းနီ, ရွှေပလောင်.)

Myanmar 3 Font (တိုင်းရင်းသားစာများ မပါ)
==================================

Download >>> Myanmar 3 Font

TharLon Font (ဗမာ, မွန်, သျှမ်း, ကရင်, ပအိုဝ်ႏ, အရှိုချင်း, ကယား နှင့် ကရင်နီ)
======================================================

Download >>> TharLon Font

အခြားဖောင့်များယူနီကုဒ်ဖောင့်များ
========================
Download >>> အခြားယူနီကုဒ်ဖောင့်များ


၂။ ယူနီကုဒ်စာရိုက်စနစ် ကီးဘုတ် တခုခုကို ထည့်သွင်းပါ။
------------------------------------------------------------------------

သင်ပုန်းကြီးအတိုင်းရိုက်ချင်ရင် KeyMagic က မြန်စံ လက်ကွက် ကို သုံးပါ။
===================================================
Download >>> KeyMagic -1.5.1-Installer

Windows 8 , 8.1 တွင် Unicode စည်းမျဉ်းအတိုင်း ရိုက်နိုင်သည့် မြန်မာလက်ကွက် အလိုလျှောက်ထည့်သွင်းပြီးသားဖြစ်သည်..
ထို့ကြောင့် Control panel > Language ထဲသိုသွား၍ Add Languages ခလုတ်ကိုနှိပ်ပါ..
ထို့နောက် ရှာဖွေသည့် Search နေရာတွင် burmese ဟု ရိုက်၍ ရှာဖွေပါ..
မြန်မာစာ / Burmese ဆိုသည်ဖိုင်လေးပေါ်လာသည်ကိုတွေ့လျှင် ၄င်းအားရွေးချယ်၍ Add ကို နှိပ်လိုက်ပါက မြန်မာစာ Unicode စာရိုက်စနစ်ထည့်သွင်းပြီးသွားမည်ဖြစ်ပါသည်..
စာရို်က်လိုပါက Alt + Shift ဖြင့် ပြောင်းပြီးရိုက်နိုင်ပါသည်။

Windows XP , 7 တို့တွင် Window 8 မှာပါသည့် ကီးဘုတ် လက်ကွက်နဲ့ တူတဲ့ ကီးဘုတ် ကို သုံးချင်ရင်အောက်မှာဒေါင်းယူပါ။
ယူနီကုဒ် စာလုံးစီပုံအတိုင်းရိုက်ရတဲ့ကီးဘုတ်ပါ။

Download >>> Myanmar PaOh Unicode Keyboard


၃။ browser မှာ ဖောင့် ပြောင်းပေးပါ။
-------------------------------------------------
★ Chrome ★
Menu button > Settings > Advanced Setting > Web content ဆိုတဲ့ နေရာမှာ Customize Font ကိုနှိပ်ပြီး Sans-serif Font နေရာမှာ
ယူနီကုဒ်ဖောင့် တခုခု ရွေးလိုက်ရင် ရပါပြီ။
Encoding ကို Unicode(UTF-8) ပြောင်းထားပါ။



Chrome မှာ Unicode ရော ဇော်ဂျီရော တစ်ပြိုင်တည်းဖတ်ချင်ရင် Chrome Extension ဖြစ်တဲ့ Parallel Universe ဆိုတာကို သုံးနိုင်ပါတယ်..


Click Here To Add Parallel Universe

ပေးထားတဲ့လင့်ကို နှိပ်ပါ ပြီးလျှင် Add to Chrome ကိုနှိပ်ပါ.. Add ပြီးသွားလျှင် Chrome browser ၏ ညာဘက်အပေါ်ထောင့်တွင်
ကကြီးခခွေး အိုင်ကွန်လေးပေါ်နေပါလိ့မ်မယ် .. အဲဒါကိုနှိပ်ပြီး ဇော်ဂျီဖြစ်ဖြစ် unicode ဖြစ်ဖြစ် တစ်ပြိုင်တည်းကြည့်လို့ရပါမယ်

★ Mozilla Firefox ★
Menu button > Options> Content Tab>
Default Font မှာ သွင်းထားတဲ့ မြန်မာ ယူနီကုဒ်ဖောင့် တခုခုကို ရွေးပြီး OK နှိပ်လိုက်ရင် ရပါပြီ။



Firefox မှာ Unicode ရော ဇော်ဂျီရော တစ်ပြိုင်တည်းဖတ်ချင်ရင် Firefox Addon တစ်ခုဖြစ်တဲ့ Parallel Universe ဆိုတာကို သုံးနိုင်ပါတယ်..

Parallel Universe

ပေးထားတဲ့လင့်ကို နှိပ်ပါ ပြီးလျှင် Download Now ကိုနှိပ်ပြီး သွင်းလိုက်ပါ..



★ Maxthon အသုံးပြုသူများအတွက် ★
Maxthon menu button (Alt +F) > Settings > Advanced ကိုသွားပြီး
Webpage Display နေရာမှာ Web page font ကို Select ခလုတ်ကနေ Unicode ဖောင့်တစ်ခုခုရွေးပေးလိုက်ရင် ရပါပြီ။

★ IE အသုံးပြုသူများအတွက် ★
Control panel > Internet Options ကိုသွားပြီး Fonts ခုလုတ်ကိုနှိပ်၍ Unicode font တစ်ခုခုကို ရွေးပေးလိုက်ပြီး OK နှိပ်ပါ၊
ထို့နောက် Accessibility ခလုတ်ကို ထပ်နှိပ်၍ User Style sheet ဆိုတဲ့နေရာမှာ
Format documents using my style sheet ဆိုတာကို အမှန်ခြစ်ဖြုတ်လိုက်ပါ OK နှိပ်လိုက်ပါ ..
အစကတည်းက အမှန်ခြစ်မထားရင်လည်း ဒီတိုင်းပဲ Ok နှိပ်လိုက်ပါ..

အဲဒါတွေ လုပ်ပြီးရင် ယူနီကုဒ်ကို မြင်နိုင်ပါပြီ။
***************************************

ကြုံတွေ့နိုင်သော အခက်အခဲများ
=========================
၁။ အရင် က PC Viber သုံးလို့ပဲ ဖြစ်ဖြစ် GTalk သုံးလို့ပံ ဖြစ်ဖြစ် ဇော်ဂျီစာ မြင်ရဖိုအတွက်နိုဂို
    စက်ထဲပါသော Arial ဖောင့်ကို Zawgyi နဲ့ အစားထိုးထားသည်များရှိပါသည်။
    ထို Arial Zawgyi ဖောင့်ရှိပါက မည်သည့်နေရာတွင်မှ မြန်မာယူနီကုဒ်စာများ မမှန်ကန်ပါ။
    Addon များမှာလဲ အဆင်မပြေဖြစ်တတ်ပါသည်။

★ ဖြေရှင်းနည်း ★
မူရင်း Arial ဖောင့်ကို ပြန်ထဲ့ပေးလိုက်ပါ။

Download >>> Arial Font

Replace လုပ်မည်ပြောလာပါမည်။ OK နှိပ်လိုက်ပါ။
ယူနီကုဒ်စာများ မမြင်ရသေးပါက Restart ချပါ။ မြင်ရလျှင် ပြီးပါပြီ။

၂။ Arial ပြန်ထည့်ရုံဖြင့် အဆင်မပြေသေးပါက PC Viber နောက် version အတွက်
    mmsd-viber.ttfကို      ထည့်ထားတာဖြစ်နိုင်ပါသည်။
    Control Panel > Fonts > ထဲမှာ KaYin2014 ဆိုတဲ့ ဖောင့်ကို ရှာပါ။ တွေ့လျှင်ဖျက်လိုက်ပါ။
    အပေါ်ကအတိုင်း ယူနီကုဒ်စာများ မြင်ရလား စစ်ပါ။
    မမြင်ရသေးလျှင် Restart ချကြည့်ပါ။ မြင်ရလျှင် ပြီးပါပြီ။

၃။  အပေါ်က ၂နည်းအတိုင်းအဆင်မပြေသေးဘူးဆိုလျှင်
    Window 8 တွင် ဆိုလျှင်
    Registry ကိုပြင်ကြည့်ပါမည်။

    Download >>> myanmarUnicodeFontREG

    Microsoft က Myanmar Text ကို ပြန် Restore လုပ်တဲ့ registry ဖိုင်ပါ။
    Zip ဖြည်ပြီး file ပေါ်မှာ ၂ချက်နှိပ် ဖွင့်လိုက်ပါ။ Continue? မေးလာလျှင် Yes ဖြေလိုက်ပါ။
    OKကို ထပ်နှိပ်လိုက်ပါ။
    အဲဒါဆိုရင် Myanmar Text ကို ဇော်ဂျီနဲ့ အစားထိုးထားတာကို    ပြန်ပြင်ပြီးသွားပါပြီ။
    Restart ချစရာမလိုသေးပါ။
    Control panel > Fonts ထဲမှာ Myanmar Text ဆိုတဲ့ ဖောင့် ၂ခု တွေ့ပါလိမ့်မယ်။
    Regular နဲ့ Bold ပါ။ အဲ့ဖိုင် ၂ဖိုင်က မှိန်နေလျှင် ဖိုင်ပေါ်မှာ right click နှိပ်လိုက်ပါ။ Show ကို နှိပ်လိုက်ပါ။ ၂ဖိုင်လုံးအဲ့လို လုပ်ပါ။         မမှိန်လျှင်တော့ မလိုအပ်ပါ။
    Restart ချဖို့ လိုအပ်တယ်ထင်ရင် ချလိုက်ပါ
    အဆင်ပြေရပါမည်။ (မှတ်ချက် Window 8 နှင့် 8.1 အတွက်သာ)

၄။ Chrome အတွက်ဆိုလျှင် တော့ ဒီအဆင်တွေ ပြီးရင် ရသင့်နေပါပြီ။
   Mozilla Firefox မှာ ဖောင့် ပြောင်းပြီးလို့ မရသေးဘူး ဆိုလျှင်-
- Firefox ကို ဖွင့်ပါ။
- address bar မှာ about:config ဟုရိုက်ထဲ့ကာ Enter ခေါက်ပါ



- ပေါ်လာတဲ့အထဲမှာ address bar အောက်နားမှာ Search : ဆိုတာ ရှိပါသည်။


- အဲဒီအထဲမှာ font.name ဟု ရိုက်ထဲ့လိုက်ပါ။ စာလုံးအမဲဖြင့် Bold ဖြစ်နေသော
  တန်ဖိုးများကပြင်ထားသော အရာများ ဖြစ်ပါသည်။
- အဲဒီတွေအထဲမှာ Zawgyi ကို လိုက်ရှာပါ။ တွေ့လျှင် အဲဒီတန်ဖိုးအပေါ်မှာ double click  ၂ချက်နှိပ်လိုက်ပါ။
- ပြီးလျှင် ပေါ်လာတဲ့ text box ထဲက ZawgyiOne ဆိုတဲ့ တန်ဖိုးကို ဖျက်လိုက်ပါ။ တွေ့သမျှ အကုန်ဖျက်ပါ။
- တန်ဖိုးတခုလုံးကို ဖျက်ခိုင်းတာ မဟုတ်ပါဘူး။ အထဲက တန်ဖိုးကိုပဲ ဖျက်လိုက်ပါ။
- အဓိက ကတန်ဖိုးက >>>
  font.name.serif.x-unicode အဲဒီတန်ဖိုးဖြစ်ပါသည်။ အဲဒါမှာ ZawgyiOne တွေ့ပါကဖျက်ပြစ်လိုက်ပါ။


  Default က Times New Roman ပါ။ ပြင်ချင်ရင် ပြင်ထားခဲ့ပါ။
  တကယ်လို့ www.google.com.mm မှာ မြန်မာစာတွေ လေးထောင့်တုံးတွေပဲပေါ်ရင်
  အဲဒီတန်ဖိုးထဲမှာ ယူနီကုဒ်ဖောင့်တခုခုရဲ့ နာမည်ကို   ထည့်ခဲ့ပါ။
  နာမည်တွေကို Fonts ထဲ့မှာ ရှာနိုင်ပါသည်။ ဥပမာ Myanmar3, Pyidaungsu, Tharlon ပါ။
- Firefox fonts Setting ကို Options > Content tab ထဲမှာ နောက်တခါ setting ပေးပါ။
  ယူနီကုဒ်ဖောင့် တခုခုကို   ပြန်ပြောင်းပေးလိုက်ပါ။
  မရသေးရင်တော့မူရင်းရေးသားသူ ကိုဆန်းလင်းနိုင် ကိုသာသွားမေးတော့ဗျာ......

- Zawgyi နဲ့သာ ပေါက်တတ်ကရ လုပ်မထားခဲ့ဘူးဆိုလျှင် မြန်မာယူနီကုဒ်ဖောင့်ထည့်ထဲ့တာကော
  ဇော်ဂျီဖောင့်ကို ပြန်ပြောင်းတာကော အဲလောက် မခက်တော့ပါ။
  ဖြစ်နိုင်လျှင်တော့ ကိုယ်လုပ်တာ ကိုယ်မှတ်ထားတာ အကောင်းဆုံးပါပဲဗျာ။

KaYin2014 ဖောင့်အား ဖျက်မရသူများအတွက် ထပ်ဖြည့်ပေးလိုက်ပါတယ်။
===================================================
Win + R ကို နှိပ်ပြီး run box ကို ခေါ်လိုက်ပါ။
regedit လို့ရိုက်ပြီး enter ခေါက်လိုက်ပါ။
HKEY_LOCAL_MACHINE\SOFTWARE\Wow6432Node\Microsoft\Windows NT\CurrentVersion\Fonts\
ဒါမှမဟုတ်
HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows NT\CurrentVersion\Fonts\
ဒီမှာ
KaYin2014 ဆိုတဲ့ တန်ဖိုးတခုရှိလိမ့်မယ်။
ဖျက်လိုက်ပါခင်ဗျာ။ အဲဒါဖောင့်ပျက်ပါပြီ။
Restart လိုအပ်မယ်ထင်ရင် လုပ်လိုက်ပါ။ Fonts ထဲမှာ KaYin2014 ဖောင့် မရှိတော့လျှင် ရပါပြီ။

Saturday, June 6, 2015

ပအိုဝ်ႏလိတ်မွူး App_v.1.0

     
        ပအိုဝ်ႏလူမျိုးများအတွက် "ပအိုဝ်ႏလိတ်မွူး" App လေးကို အမှားများစွာနဲ့ပထမဆုံး ဗားရှင်းကိုမျှဝေပေးလိုက်ပါတယ်။
"ပအိုဝ်ႏလိတ်မွူး" App ကို ပအိုဝ်း IT လူငယ်များ မှ ပြန်လည်ရေးသားထုတ်ဝေပေးလိုက်တာပါ။
ပအိုဝ်ႏစာပေကိုလေ့လာတတ်မြောက်လိုသူများ ဝယ်ယူရန်အဆင်မပြေသူများ အတွက်အဓိကထားထုတ်ဝေလိုက်ပါတယ်။
အခြားလိုအပ်သူများလည်း မည်သူမဆို "အခမဲ့" ရယူနိုင်ပါတယ်။
ပအိုဝ်ႏစာသည် မြန်မာစာတတ်မြောက်ထားသည့် ပအိုဝ်ႏလူမျိုးတိုင်း အလွယ်တကူလေ့လာတတ်မြောက်နိုင်ပါတယ်။
ယခုလို အိုင်တီခေတ် မှာမိမိတို့၏ပအိုဝ်ႏစာပေကို ဖုန်းထဲတွင်အလွယ်တကူလေ့လာနိုင်ရန် App အဖြစ်ပြုလုပ်ပေးလိုက်ခြင်းဖြစ်ပါတယ်။
ယခုပထမဆုံးဗားရှင်းတွင် စာမျက်နှာ ၂၀ သာပါဝင်ပြီး နောက်ဗားရှင်းအသစ်တွင် ထပ်မံရေးသားထည့်သွင်းပေးသွားပါမည်။
စာလုံးများကို ပြန်လည်ရိုက်ကူးထားပါသဖြင့် တတ်ကျွမ်းနားလည်သူများ စာလုံးအမှားများတွေ့လျှင် Feedback ပေးကြပါ။
ယခု "ပအိုဝ်ႏလိတ်မွူး" App နဲ့ပတ်သက်၍မိမိတို့၏ ထင်မြင်ချက်များ ဝေဖန်လိုသည့်အချက်များကို ပွင့်ပွင့်လင်းလင်းဝေဖန်နိုင်ပါတယ်။
ပထမဆုံးဗားရှင်းဖြစ်သည့်အတွက်အမှားများစွာရှိနိုင်ပါသည်။
အမှားများတွေ့ပါကထောက်ပြပေးကြပါ။
နောက်ဗားရှင်းအသစ်များတွင် အမှားများကိုပြင်ဆင်ရင်း ကျန်ရှိနေသေးသည့် စာမျက်နှာများကိုလည်း ထပ်မံထည့်သွင်းပေးသွားပါမည်။
App Name ကိုယူနီကုဒ်ဖြင့်ရေးသားထားပါတယ်။
ဇော်ဂျီအသုံးပြုသူများ အမှန်မြင်နိုင်မည် မဟုတ်ပါ။
အထဲကစာတွေကိုတော့ ဇော်ဂျီ/ယူနီကုဒ် အားလုံးမြင်နိုင်ပါတယ်။

Play Store ကနေ ဒေါင်းလို့အဆင်ပြေသူများ Play Store ကနေဒေါင်းပေးကြပါ။

Download >>><<< From Play Store

Play Store အဆင်မပြေသူများကတော့ အောက်ကလင့်ကနေဒေါင်းကြပါ။

Download >>><<< From Pcloud


Screens
========









ကျွန်တော်တို့ပအိုဝ်ႏလူမျိုးများလည်း အားလုံးမြန်မာယူနီကုဒ်ကိုအသုံးပြုဖို့အကြံပြုလိုပါတယ်။
ယူနီကုဒ်တွင် ကျွန်တော်တို့ပအိုဝ်ႏစာအပြင် အခြားမြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးတို့၏စာပေများလည်းပါဝင်ပါသေးသည်။
Google Apps နှင့် Facebook တို့တွင်လည်း မြန်မာဘာသာဖြင့်အသုံးပြုနိုင်ပါသည်။
ယူနီကုဒ်တွင်အခြားအားသာချက်များလည်းရှိပါသေးသည်။
ယူနီကုဒ်အသုံးပြုလိုသူများ အောက်ပါနေရာများတွင် လာရောက်လေ့လာ အကူညီတောင်းနိုင်ပါတယ်။
ဒီဘလော့မှာလည်းတင်ထားပါတယ်။
ရှာဖွေလေ့လာနိုင်ပါတယ်။


ပအိုဝ်း IT လူငယ်များ
ဒေါင်းပေးကြပါဦးနော်..........
နှင့်
Join ထားလိုက်ပါ။


Tuesday, June 2, 2015

Windows XP, 7, 8 Myanmar PaOh Unicode Area Keyboard

ပအိုဝ်ႏလက်ကွက် ဇယားသည် မြန်မာလက်ကွက် နှင့် အများအားဖြင့် ဆင်တူပါသည်။ မြန်မာ ပအိုဝ်ႏယူနီကုဒ်သည် အက္ခရာတစ်ခုမှ ပုံသဏ္ဌာန် ကွဲပြားသော စာလုံးပုံ အမျိုးမျိုးကို ခလုတ်တခုတည်း (ကုဒ်တစ်ခုတည်း ) ဖြင့်တည်ဆောက်ထားပါသည်။ ဆိုလိုသည်မှာ ရရစ် ( အကြီး အသေး အပြတ် ) အမျိုးမျိုး မရှိပါ။ ကီးဘုတ်ပေါ်တွင် ရရစ်တခုသာ တွေ့ရပါမည်။ ထို့အတူ တစ်ချောင်းငင် နှစ်ချောင်းငင် အရှည်ကိုလည်း တွေ့ရမည်မဟုတ်ပါ။ စာလုံးပေါင်း သတ်ပုံအတိုင်း ရိုက်နှိပ်သွားပါက လိုချင်သော စာလုံးပုံစံကို အလိုလျောက် ပြောင်းလဲ ပေးပါလိမ့်မည်။ ပအိုဝ်ႏစာ လက်ရေးရေးသည့် အစီအစဉ်အတိုင်း ရိုက်သွားရုံသာ ဖြစ်ပါသည်။ ပအိုဝ်ႏစာကို ရေးတတ်သူတိုင်း ကွန်ပျူတာတွင် ရိုက်နိုင်ရန် ပြုလုပ်ထားသည့် ယခု ၂၁ ရာစုခေတ် နည်းပညာ ဖြစ်ပါသည်။ 

ပအိုဝ်ႏ ယူနီကုဒ် ကီးဘုတ် တဲင်းလိတ်လုဲင်ꩻ တဲင်းဗာႏနိုင်းမုဲင်ꩻ 
က ကꩻ ကာ ကာꩻ ကား ကာႏ
ခ  ခꩻ  ခါ  ခါꩻ  ခါး  ခါႏ 
မင်္ဂလာႏ = မ + င် + ္ + လ + ာ + ႏ 

အုံဟဝ်နေး = အ + ု + ံ + ဟ + ဝ + ် + န + ေ + း

ကြောင်း = က + ြ + ေ +ာ + င် + း

ကမ္ဘာ = က + မ + ္ + ဘ + ာ 

မြှင့်  = မ+ ြ +ှ +င်+ ့
ပအိုဝ်ႏကီးဘုတ် Download Here
အားလုံးအဆင်ပြေပါစေ ပအိုဝ်ႏ IT လူငယ်များ

 

Copyright @ 2014-2015 ပအိုဝ်း IT လူငယ်များ.

Designed by Templateism | Edited By Khun Htetz Naing | PaOh IT Youth