Sunday, February 8, 2015
Unicode Myanmar Fonts & Keyboards
မင်္ဂလာပါဗျား......
                              ယူနီကုဒ်​အသုံးပြုလိုသူများအတွက် ယူနီကုဒ်​​ဖောင့်​နှင့်
                                        ကီးဘုတ်​​တွေမျှ​ဝေလိုက်​ပါတယ်​ဗျား.....
                                  အသုံးပြုလိုလျှင်​​အောက်​မှာ ​ဒေါင်းယူပါခင်​ဗျ....
                                        Unicode Myanmar Fonts
                                                    Myanmar 3 
                              NotoSansMyanmar-Regular(ifont) 
                                    Myanmar PaOh One(ifont) 
                                                 Padauk(ifont) 
                                 Unicode Myanmar Keyboards
                                                  Burmese Uni 
                                                   Myanmar 3 
                             Myanmar Unicode Area Keyboard 
                            Myanmar PaOh Keyboard(Zg & Uni) 
                                         Bagan Keyboard v.4.4 
# အသုံးပြုနည်း #
မိမိနှစ်​သက်​ရာ ယူနီ​ဖောင့်​ကို ​ဒေါင်းယူပါ။
ဖုန်းတွင်းသို့ install ပြုလုပ်​ပါ။
ပြီးလျှင်​ Settings >>> Display >>> Font Style
Font Style ထဲမှာ Install ပြုလုပ်​ထား​သော Uni Font ကို ​ရွေး​ပေးလိုက်​ပါ။
မိမိနှစ်​သက်​ရာ ကီးဘုတ်​ကို ​ဒေါင်းယူပါ။
ဖုန်းတွင်းသို့ Install ပြုလုပ်​ပါ။
ပြီးလျှင်​ Settings >>> Language & Input
Install ပြုလုပ်​ထား​သော ကီးဘုတ်​ကို အမှတ်​ခြစ်​​ပေးပါ။
Keyboard and input methods မှာ ကီးဘုတ်​​ရွေး​ပေးလိုက်​ပါ။
အဆင်​​ပြေပါ​စေဗျား....။
Posted by သထုံသား​လေး
Saturday, February 7, 2015
မိမိရုပ်ချောလား ဆိုးလား သိချင်တဲ့ ကိုကိုမမတွေအတွက် စစ်ဆေးဖို့ Ugly Meter v-1.0.4 မြန်မာဗားရှင်း
Pcloud ကနေဒေါင်းရန်
Dropbox ကနေဒေါင်းရန်
For Unocode User
===============
        မိမိရုပ်ချောလား ဆိုးလား သိချင်တဲ့ ကိုကိုမမတွေအတွက် စစ်ဆေးဖို့ Ugly Meter v-1.0.4 ဆိုတဲ့ Camera Apk အလန်းလေးတစ်ခုတင်ပေးလိုက်ပါတယ်။
    တော်တော်မိုက်တယ်ဗျ...အသုံးပြုပုံကတော့ အရမ်းကိုလွယ်ပါတယ်။အောက်မှာ ပုံလေးတွေနဲ့နည်းနည်း ဆရာလုပ်ထားတယ်နော်...ခိခိ ။Screenshot ရိုက်ထားတာလေးတော့ အောက်မှာပြထားပေးပါတယ်။
လင့်သုးခုနဲ့တင်ပေးထားတယ်နော် ကြိုက်တဲ့လင့်ကနေဒေါင်းပေါ့
Mediafire ကနေဒေါင်းရန်
Pcloud ကနေဒေါင်းရန်
Dropbox ကနေဒေါင်းရန်
အားလုံးအဆင်ပြေနိုင်ကြပါစေ
 ခွန်ထက်နိုင် (ပအိုဝ်း IT လူငယ်များ)
ဒေါင်းလို့ရလာတဲ့ apk ကို install လုပ်ပြီးဖွင့် ကျားကိုစစ်မလို့ဆို ကျားပုံကိုရွေး
မကိုစစ်မယ်ဆို မပုံကိုရွေးပေါ့
ပြီးရင် ပုံရိုက်ပြီး အမှန်ခြစ်နှိပ်။အောက်ကလိုပေါ်လာလိမ့်မယ်
Ok နော်
တင်သမျှ Facebook ပေါ်ကဖတ်ဖို့ ပအိုဝ်း IT လူငယ်များပေ့စ်ကို Like လုပ်ထားပေးပါ
နည်းပညာအကြောင်းတွေမေးမြန်းဖြေဆိုမျှဝေကြဖို့ Group ကို Join ထားပေးပါ
တင်ချင်တာတင်ဖို့ ပအိုဝ်းခွို Group ကို Join ထားပေးပါ
ပအိုဝ်း IT လူငယ်များဘလော့မှ နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ်
နှစ်သစ် ၂၀၁၅ မှ မိတ်ဆွေသူငယ်ချင်းများ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကျန်းမာနိုင်ကြပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ.....:)  :)
Thursday, February 5, 2015
မိုဘိုင်းမှတဆင့်ဗီဒီယိုကြည့်ရှုမှုများလာသည်ကိုအသုံးချပြီးဖေ့ဘွတ်ပိုက်ဆံရှာတော့မယ်
Facebook ဟာ မနှစ်ကတည်းက Oculus နဲ့ WhatsAppသူ့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ပြီးတဲ့ နောက်မှာ ပိုက်ဆံရှာဖို့ ထပ်မံ ကြိုးစားလာပါတယ်။ ဒီနှစ်မှာလည်းသူ့ရဲ့ Facebook လူမှုကွန်ရက် ကိုမိုဘိုင်းကနေ တစ်ဆင့် ပိုက်ဆံရှာဖို့ ကြိုးစားလာပါတယ်။
၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ Facebook ဟာ ၃.၈၅ ဘီလီယံ ၀င်ငွေ ရရှိခဲ့ပါတယ်။ အဲဒီထဲကမှ ၃.၅၉ ဘီလီယံဟာ ကြော်ငြာကနေ ရခဲ့တာပါ။ ထိုကြော်ငြာဝင်ငွေ ရဲ့ ၆၉ ရာခိုင်နှုန်းဟာမိုဘိုင်း ads တွေက ရခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
Facebooဟာ အခုချိန်အထိ အအောင်မြင်ဆုံးလူမှု ကွန်ရက်တစ်ခုဖြစ်နေသေးတာကိုတော့ အံ့သြစရာမရှိပါဘူး။ တစ်လမှာ Facebook သုံးစွဲသူ ၁.၃၉ ဘီလီယံရှိပါတယ်။ ဒါဟာ မနှစ်ကထက် ၁၃ ရာခိုင်နှုန်းတိုးလာပါတယ်။ အဲဒီထဲကမှ ၁.၁၉ ဘီလီယံဟာမိုဘိုင်းဖုန်းကနေ သုံးစွဲခဲ့ကြတာဖြစ်ပါတယ်။
Facebook ဟာနေ့စဉ် သုံးစွဲသူ ၈၉၀ သန်းရှိနေသလို Facebook ရဲ့ အခြားအစိတ်အပိုင်းနဲ့ ဆက်စပ် ကွန်ရက်တွေဖြစ်တဲ့ Instagramမှာ သုံးစွဲသူသန်း ၃၀၀ ၊ Messenger ဟာ သုံးစွဲသူသန်း ၅၀၀ နဲ့ WhatsAppဟာ သုံးစွဲသူသန်း ၇၀၀ အထိရှိလာပါတယ်။
ဒါ့အပြင် Facebook ရဲ့တိုးတက်လာမှုတွေထဲမှာ ဗီဒီယိုတွေလည်း ပါလာပါပြီ။ Facebook ကို စတင်တည်ထောင်ခဲ့သူ Mark Zuckerbergရဲ့ ပြောကြားချက်အရတော့ Facebook မှာဗီဒီယို ကြည့်ရှုသူ တစ်န့ကို ၃ ဘီလီယံရှိတယ်လို့ ဆိုပါတယ်။ ထိုလူဦးရေရဲ့ ၆၅ ရာခိုင်နှုန်းဟာ မိုဘိုင်းလ် ဖုန်းတွေက တစ်ဆင့် ကြည့်ရှုနေကြတယ်လို့လည်း သိရပါတယ်။
ဒါကြောင့် Facebook ဟာသူ့ရဲ့ တိုးတက်မှုတွေကို ဗီဒီယိုတွေဘက် ကိုပြောင်းလဲဖို့ ကြိုးစားလာပြီး ဗီဒီယိုနဲ့ ကြော်ငြာတဲ့ စီးပွားရေးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ စတင်တော့မယ်လို့ ကုမ္ပဏီ အကြီးအကဲ တစ်ယောက်ဖြစ်တဲ့ Sheryl Sandberg က ဆိုထားပါတယ်။
Trend Myanmar
ပအိုဝ်း IT လူငယ်များဘလော့မှ နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ်
နှစ်သစ် ၂၀၁၅ မှ မိတ်ဆွေသူငယ်ချင်းများ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကျန်းမာနိုင်ကြပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ.....:)  :)
သင့်ကိုယ်ပိုင်ဖုန်းဖြင့်လည်းဓားစာခံဖြစ်သွားနိုင်
သင်ဟာ သင်ကိုယ်ပိုင်ဖုန်း အသုံးပြုနေလျှက်နဲ့ပဲ ဓားစာခံဖြစ်သွားနိုင်ပါတယ်။ ဆိုက်ဘာတိုက်ခိုက်မှုတွေဟာ သင့်ကို ဥပဒေနဲ့ ညှိစွန်းအောင် လုပ်မှာပါ။ သီချင်းတစ်ပုဒ် အသစ်ထွက်လို့ link တစ်ခုကို နှိပ်ကြည့်မိတာမျိုးကနေ အစပြုတာပါပဲ။ တစ်ခါက အမေရိကန်၊ Tennessee ပြည်နယ်က အသက်၁၂နှစ် အရွယ်ရှိ မိန်းကလေးတစ်ယောက်ဟာ သီချင်း link တစ်ခုကို နှိပ်မိရာကနေ သီချင်းပွင့်လာရမယ့်အစား အနှောင့်အယှက် ဆော့ဖ်ဝဲလ် တစ်ခုပွင့်လာပြီး ကလေးငယ်ညစ်ညမ်း ဗီဒီယိုတွေကို download လုပ်ပါတော့တယ်။ ဖုန်းဟာလည်း lock ကျသွားပြီး ဒေါ်လာ ၅၀၀ မပေးဘူးဆိုရင် FBI ကို သတင်းပို့တိုင်တန်းမယ်လို့ အကျပ်ကိုင်ပါတော့တယ်။ ဒါပေမဲ့ သူမကတော့ သက်ဆိုင်ရာကို အကြောင်းကြားခဲ့ပါတယ်။
ဒါကို Ransomware (အကျပ်ကိုင်ညွှန်ကြားချက်ပါ ဆော့ဖ်ဝဲလ်) လို့ခေါ်ပါတယ်။ သင်ပိုက်ဆံမပေးရင် သင့်ဒေတာတွေကို ဖျက်တဲ့ မူကွဲတွေလဲရှိပါတယ်။ ဒီ ransomeware တွေဟာ ဒေါ်လာ ၁၀၀ ကနေ ၆၀၀ အတွင်းတောင်းခံပြီး ရက်တစ်ရာအတွင်း ကန်ဒေါ်လာ သန်း ၃၀ နီးပါးရှာနေနိုင်ပါတယ်။ ဖုန်းအသုံးပြုသူ သန်း ၆၀မှာ ၄သန်းလောက်က ဒီအကျပ်ကိုင်မှုမျိုးကို ခံရတယ်လို့ သိရပါတယ်။ ဒါကြောင့် App ဒေါင်းမယ်ဆိုရင် Google Play Store နဲ့ Apple App Store ကလွဲရင် ဘယ်ဟာမှ စိတ်မချရပါဘူး။
Ref:CNet
Trend Myanmar
ပအိုဝ်း IT လူငယ်များဘလော့မှ နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ်
နှစ်သစ် ၂၀၁၅ မှ မိတ်ဆွေသူငယ်ချင်းများ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကျန်းမာနိုင်ကြပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ.....:)  :)
......MB ဆိုတာဘာလဲ....
                                                             မှတ်ချက်။    ။သည်ဆောင်းပါးသည် နည်းပညာမှာ ကျွမ်းကျင်သောသူများနှင့် နိုင်ငံခြားနေသောသူများအတွက်ရေးသားခြင်းမဟုတ်။ခုမှ ဖုန်းကဒ်တစ်ကဒ် ၁၅၀၀ နဲ့ ရသော မြန်မာနိုင်ငံတွင်နေသော ကျနောတို့လို တောသားများတွက် ရေးထားခြင်းဖြစ်ပါသည်။mb ဆိုတာ ဘာလဲလို့ ခနခနမေးခံရသောကြောင့် သိသလောက်လေးရေးလိုက်ခြင်းလည်းဖစ်ပါသည်။ထိုကြောင့်သင့်အနေဖြစ် မလိုအပ်ပါက အချိန်ကုန်ခံမဖတ်ပါနှင့်။……
           မြန်မာနိုင်ငံမှာ data unit နဲ့ ကျသလောက်ကောက်တဲ့ operators  တွေပေါ် လာပြီးဆိုတော့ အရင်က ကျွန်တော်တို့ရဲ့ အ၀ိုင်းလည်သိုင်းဆရာကြီး MPT ရဲ့ အချိန်ပိုင်းလိုက်ကောက်ခံတဲ့ စနစ်နဲ့ အသားကျလာတဲ့ ကျွန်တော်တို့ဟာ 1mb သုံးရင် ၆ကျပ်/၁၀ကျပ် ကျမယ်ဆိုတဲ့ operators သစ်တွေရဲ့ ကောက်ခံနည်းအသစ်မှာ 1mb ဆိုတာဘာလဲတဲ့….?.....ရူး…..တိုးတိုးလေးမေးပါဗျာ။အခြားနိုင်က  ကလေးတွေကြားရင် ဟာသဖြစ်နေပါ့မယ်။ဒီအရွယ်ရောက်တဲ့အထိ ဒီ 1mb ဆိုတာကြီးကို မသိတာကလည်း မိတ်ဆွေတို့ကျူပ်တို့ အပြစ်မဟုတ်ပါဘူး။နည်းပညာ တိုးတက်တက်ပြီး သတင်းတွေပေါက်ကြားသွားမှာ စိုးလို့ဖုန်းကဒ်၁ကဒ်ကို ၁၅သိန်း/သိန်း၂၀ လောက်ဈေးတင်ထားတဲ့ အစိုးရခေတ်မှာ အင်တာနက်ဆိုပိုဝေးပေါ့ဗျာ။ooh…no..no.. နိုင်ငံရေးတွေပါလာကုန်ပြီး….သံသရာရှည်တယ်။ကျွန်တော်တို့ 1mb အကြောင်းဘဲ ဆက်ပြောကြတာပေါ့။Telenor နဲ့ အင်တာနက်သုံးတာ တစ်မိနစ်တောင်မရှိသေးဘူး တစ်ရာကျော် ဖြတ်သွားတယ်။ပြောတော့ 1mb ၆ကျပ် တဲ့ဗျာ လုပ်ပါဦး။1mb ကဘာကိုပြောတာလဲ???...ဒီလိုမေးခွန်းတွေ မိတ်ဆွေ မြန်မာနိုင်ငံမှာ နေမယ်ဆိုရင် ကြားဖူးမှာပါ။2015 ရဲ့ Top Ten question မှာတောင်ထည့်လို့ရတယ်။okလေ အမေးရှိရင် အဖြေရှိမှာပါ။data ကို မြန်မာတိုက်ရိုက်ဘာသာပြန်ရင် အချက်အလက်လို့ အဓိပါယ်ရတယ်။data(အချက်အလက်)ကို ဥပမာအနေနဲ့ ပြမယ်ဆို ကျွန်တော်တို့ငယ်ငယ်က ဆော့တဲ့အိမ်ဆောက်တဲ့ခါသုံးတဲ့ ရောင်စုံကော်အပိုင်းအစ လေးတွေနဲ့တူတယ်။ ကျွန်တော်တို့ဟာ ကစားစရာအိမ်ပုံဆောက်တုန်းက ကော်အပိုင်းအစလေးတွေကို သုံးခဲ့သလို ခုအင်တာနက်မှာလည်း ဘာဘဲလုပ်လုပ် data (အချက်အလက်)တွေကို သုံးရပါတယ်။ကျွန်တော်တို့ ငယ်ငယ်တုန်းက ကော်အပိုင်းအစလေးတွေကို ကိုယ့်လုပ်တဲ့ပုံပေါ်မူတည်ပြီး အနည်းအများမတူညီခဲ့သလို ခုအင်တာနက်သုံးတဲ့ခါမှာလည်း အသုံးပြုတဲ့ပေါ်မူတည်ပြီး data(အချက်အလက်)အနည်းအများ မတူပါဘူး။ကော်အပိုင်းအစအနည်းအများကို ၁ခု၂ခုစသည်ဖြစ် ရေတွက်ခဲ့သလို ခုdata(အချက်အလက်)အနည်း အများကိုတော့ kb(ကီလိုဘိုက်) MB(မီဂါဘိုက်)စသည်ဖြင့် တိုင်းတာတွက်ချက်တာလေ။ ကိုယ်များများသုံးရင် data ပိုစားတော့ MBပိုတက်ပြီး ပိုက်ဆံပိုဖြတ်မှာပေါ့။ဟုတ်ပါပြီး….အချိန်နဲ့ဖြတ်တုန်းက ၁မိနစ် ၂/၄ကျပ် တိုင်းတာတော့  ဘယ်လောက်ကျပြီး ဘယ်လောက်ဖြတ်သွားတယ်ဆိုတာက လူတိုင်းထင်သာမြင်သာရှိပြီး နားလည်ပေမဲ့ ဒီလို MB နဲ့ကျတော့ ဘယ်လိုကြည့်ပြီး ဖြတ်တာလဲတဲ့။နည်းနည်းတော့ ခေါင်းစားမယ်နော်။ဒါပေမဲ့ ကျနော အတက်နိုင် ရှင်းပြပေးမှာပါ။နည်းနည်းလေးသာဂရုစိုက်ဖတ်ပေးပါ။(စာပြောတာနော်)….data unit ရဲ့ ပုံသေနည်းအရ  A ဆိုတဲ့အင်္ဂလိပ်စာလုံး 1024 ဟာ  1kb(1ကီလိုဘိုက်)နဲ့ ညီတယ်။1024kb(1024ကီလိုဘိုက်)ဟာ 1mb(1မီဂါဘိုက်) နဲ့ညီတယ်။ဒါကြောင့် viber မှာ အင်္ဂလိပ်စာလုံး 1024လုံး ကို အကြိမ်ပေါင်း 1024 ခါ ပို့လိုက်တဲ့အခါ ကျနော်တို့ data ပမာဏ 1mb သုံးတာနဲ့ တူတူပါဘဲ။ဒီလိုပါဘဲ…ကျနော်တို့အခြားသူထံမှ အင်္ဂလိပ်စာလုံး 1024လုံးကို အခါ1024 ခါ လက်ခံရရှိတဲ့အခါ မှာလဲ 1mb အသုံးပြုတာနဲ့တူပါတယ်။ဒါဆိုရင် 1mbကို သုံးလိုက်တဲ့ အတွက် ၆ကျပ်/၁၀ ဖြတ်ပြီးဗျာ။3MB လောက်        ရှိတဲ့ ပုံတစ်ပုံ (သို့) သီချင်းတစ်ပုဒ် ပို့မယ် ဒါမှ မဟုတ် လက်ခံ ရရှိမယ်ဆိုလည်း  3mb သုံးလိုက်တဲ့အတွက် 3mb စာ ဘေ ဖြတ် မှာပေါ့။အင်း…..ဒါဆိုသိပြီး 1mb ဆိုတာကိုတော့- ဒါပေမဲ့ ဘာလို့ ၁မိနစ်လေး fb ကြည့်လိုက်တာ ၁၆၀လောက်ကုန်တာကရော…????ဟုတ်ကဲ့ ဒါကဒီလိုရှိပါတယ်။မိတ်ဆွေရဲ့ ဖုန်း မှာ ထည့်ထားတဲ့ သတင်းစုံ ဆော့ဝဲက မိတ်ဆွေ မသိအောင်  auto သတင်းယူနေတာလေ။သတင်းမှာပါတဲ့ စာလုံးတွေ  သတင်းဓါတ်ပုံတွေပေါ်အောင် အင်တာနက်ပေါ်data တွေ ယူရတဲ့အတွက် mb တွေ အများ ကြီး ကုန်တော့ ခနလေးနဲ့ ဘေ အများကြီး ဖြတ်တာပေါ့။သတင်းဆော့ဝဲမှ မဟုတ်ပါဘူး။အင်တာနက် ကော်နရှင်လေး ရတာနဲ့ auto တန်းပြီး update လုပ်တဲ့  ဆော့ဝဲတွေလည်းရှိသေးတယ်လေးဗျာ။ကဲ 1mb အကြောင်းလဲ နားလည်ပြီး ဘာကြောင့် ဘေတအားဖြတ်တာလဲ သိလောက်ပြီးလို့ ယူဆလိုက်တော့မယ်နော်။ဒီတော့ ဘေကုန်နည်းအောင် ဘယ်ဘယ် လုပ်မှာလဲ။မေးခွန်းရှိခဲ့လို့ အဖြေထွက်ခဲ့သလို ပြသနာပေါ်လာတော့လည်း ဖြေရှင်းစရာနည်းလမ်းတစ်ခုခုတော့ ရှိမှာပေါ့။လွယ်ပါတယ် မိတ်ဆွေတို့ရဲ့ ဖုန်းထဲကို Data Usage Defender တို့လို့ ဆော့ဝဲတွေထဲပြီး ကိုယ်အသုံးပြုတဲ့ ဆော့ဝဲတွေလောက်ဘဲ network connection ဖွင့်ပေးထားခြင်းဖစ် ကုန်သက်သာအောင် လုပ်လို့ရပါသေးတယ်။ကျနော်ဆို viber ဘဲဖွင့်ပေးထားတာ တပတ်ကို ၁ထောင်လောက်ဘဲ ကုန်တာနော်။ ဒီလောက်ပါဘဲနော်….အချိန်ပိုင်းလိုက် ခံခြင်းစနစ်နဲ့ data အလိုက်ကောက်ခံခြင်း စနစ်တို့မှာ အားနည်းချက် အားသာချက် ကိုယ်စီရှိသေးတယ်နော်….အားနည်းချက်အားသာချက်တွေကိုယ်တော့ ကိုယ်ဘာသာကိုယ်စဉ်းစားကြည့်လိုက်တော့နော်….
zinyaw17 ပအိုဝ်း IT လူငယ်များဘလော့မှ နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ်
နှစ်သစ် ၂၀၁၅ မှ မိတ်ဆွေသူငယ်ချင်းများ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကျန်းမာနိုင်ကြပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ.....:)  :)
Tuesday, February 3, 2015
ကျနော့ ကိုလဲ ခနခနမေးမေးနေလို့ ရေးတာလည်းပျင်းတာနဲ့ myanmar mobile app ကတွေ့လို့ကူးချလာတာ....Email လား Gmail လား
Facebook ပေါ်မှာနာမည်ကြီးနေတဲ့ မြန်မာနိုင်ငံတွင် Email အစား Gmail သုံးစွဲသူ ၁.၉၈ သန်းခန့်ရှိလာ ဆိုတဲ့
ခေါင်းစဉ်နဲ့ပတ်သက်ပြီး email နဲ့ gmail ငြင်းခုန်နေကြပါတယ်။ အမှန်တော့ ဆောင်းပါးကိုကူးချရမှာ
ခေါင်းစဉ်လွဲသွားတာဖြစ်တယ်လို့ မူရင်း စာရေးတဲ့သူကဆိုပါတယ်။
Email နဲ့ Gmail ဘယ်လိုကွာလဲဆိုတာကြည့်ကြရအောင်။ Email ဆိုတာ
electronic mail ရဲ့ အတိုကောက်ဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ်မှာစတင်ပြီး
တစ်ယောက်(သို့)တစ်ယောက်ထဲပိုတဲ့သူတွေဆီကို digital messag
ပို့တဲ့စနစ်ပဲဖြစ်ပါတယ်။ Email address တစ်ခုမှာ Local Part ရယ် Domain Part
ရယ်ဆိုပြီးပါဝင်ပါတယ်။ ဥပမာ myatminsoe@myanmarmobileapp.com
ဆိုရင် @ ရှေ့က myatminsoe ကို local part လို့ခေါ်ပြီး @နောက်က
myanmarmobileapp.com ကို domain part လို့ခေါ်ပါတယ်။ Email Address
ဟာ တစ်ယောက်နဲ့တစ်ယောက်လုံးဝမတူပဲ unique ဖြစ်ပါတယ်။ domain part
တူရင် local part မတူရပါဘူး။ local part တူရင် domain part မတူရပါဘူး။
myatminsoe@myanmarmobileapp.comနဲ့ myatminsoe@gmail.comဟာ
domain part မတူတဲ့အတွက် နှစ်ခုလုံးရှိနိုင်ပါတယ်။ Google ကထုတ်လုပ်တဲ့
Gmail ဟာ email တစ်ခုပဲဖြစ်ပါတယ်။ သူ့ရဲ့ domain part ဟာ gmail.com
နဲ့ဆုံးတာဖြစ်ပြီး မြန်မာနိုင်ငံမှာ @gmail.com အသုံးပြုသူ ၁.၉၈ သန်းရှိတယ်လို့
ဆိုလိုတာဖြစ်ပါတယ်။ @gmail.com အပြင် @yahoo.com, @outlook.com,
@icloud.com အစရှိတဲ့ email တွေအများကြီးရှိပါသေးတယ်။ emailထဲမှာ တော်တော်များများက အခမဲ့ရပြီး တစ်ချို့က
လစဉ်ကြေးပေးရတဲ့ @mptmail.com.mm လိုမျိုး email တွေလဲရှိပါတယ်။ me@myatminsoe.comလိုမျိုး ကိုယ်ပိုင် domain
နဲ့သုံးတဲ့ email တွေလဲရှိပါတယ်။ ဒီလောက်ဆို email နဲ့ gmail ဘာကွာလဲဆိုပြီး မေးစရာမလိုတော့ဘူးထင်ပါတယ်။
zinyaw17 ပအိုဝ်း IT လူငယ်များဘလော့မှ နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ်
နှစ်သစ် ၂၀၁၅ မှ မိတ်ဆွေသူငယ်ချင်းများ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကျန်းမာနိုင်ကြပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ.....:)  :)
IRoot V.2.1.4
မင်္ဂလာပါဗျား......
                    ဒီ​နေ့ Update ထွက်​ရှိလာတဲ့ IRoot v.2.1.4.apk 
                            လေးပြန်​မျှ​ဝေ​ပေးလိုက်​ပါတယ်​...
                                     Download Here 
Support almost all android devices. Now more than 150,000 devices from Android OS. 2.2 to 4.4 are supported by iRoot. 
                                  အဆင်​​ပြေပါ​စေဗျား....။
Posted by သထုံသား​လေး
Copyright @ 2014-2015 ပအိုဝ်း IT လူငယ်များ.
Designed by Templateism | Edited By Khun Htetz Naing | PaOh IT Youth