Thursday, December 25, 2014

★ ကွန်​ပျူတာမလိုဘဲ Asus Zenfone 4, 5, 6 ကို root လုပ်နည်း ★

မင်္ဂလာပါ
Asus Zenfone 4, 5, 6,ကို root လုပ်နည်း -(ကွန်​ပျူတာမလို)
ဈေးကွက်​အတွင်း ​ဈေးအသင့်​အတင့်​ရှိပြီး လူကြိုက်​များပြီး၊ဆွဲ​ဆောင်​မှုရှိတဲ့
Asus Zenfone 4,5,6 ကို ကွန်​ပျူတာမလိုဘဲ root လုပ်​နည်း​လေးမျှ​ဝေ​ပေးလိုက်​ပါတယ်​....
အဆင့် 1: Asus Zenfone 4,5,6 ရဲ့ root apk ကို  ဒီ​နေရာမှာ အရင်​​ဒေါင်းယူလိုက်​ပါ
အဆင့် 2: Zenfone root ကို  Install လုပ်ပါ။
Zenfone settings ထဲက Unk​​nown sources ကိုအမှတ်ခြစ်ထား​​ရန်လိုအပ်သည်:
1. Go >>> Settings >>> Security >>> Unknown sources
2. Security ထဲက Unk​​nown sources ကို​ရွေးချယ်ပါ -> OK နှိပ်​၍အတည်​ပြုပါ
အဆင့် 3:Root app ကို, istall လုပ်​၍ Zenfone ROOT ထဲဝင်​ပါ
ZenFone ROOT စတင်ပြီးနောက် OK ကိုနှိပ်ပါ။
ကြိုးမဲ့ကိရိယာကို turn off လုပ်​ဖို့ လိုအပ်​ပါသည်​။
SuperSU ကိုရွေးချယ်ပါ -> OK I know,Please root ! ကိုနှိပ်​​ပေးပါ။
သူ့အလိုအ​လျှောက်​ root လုပ်​​ပေး​နေပါမယ်​....ခဏ​စောင့်​ပါ....
Auto reboot ဆိုတာ​ပေါ်လာပါမယ်​....
Reboot လုပ်​​ပေးလိုက်​ပါ...reboot ကျပြီးပြန်​တက်​လာရင်​​တော့ သင့်​ရဲ့ Asus Zenfone ဟာ
Root လုပ်​ခြင်းပြီးစီး​အောင်​မြင်​သွားပါပြီခင်​ဗျား....
အဆင်​​ပြေပါ​စေဗျား.....


Posted by Yè Naung Tun

Wednesday, December 24, 2014

★မိမိရဲ့ဖုန်​း​ရေးထဲကျသွားခြင်​း၊​ရေစိုသွားခြင်​းဖြစ်​လျှင်​ ပြုလုပ်​ရန်​နှင်​့​ရှောင်​ရန်​★

မင်္ဂလာပါ.....

ယခုခေတ်ဖုန်းတွေဟာ အတော်လေး အဆင့်မြင့်မားလာကြသလို စျေးနှုန်းတွေဟာလဲ တန်ဖိုးကြီးမားလာ ကြပါပြီ ။ ဒီလိုတန်ဖိုးကြီးမား လွန်းတဲ့ ကိုယ့်ရဲ့ စမက်ဖုန်းဟာ မတော်တဆရေထဲ (သို့) ရေရှိတဲ့ တစ်ခုခုထဲ ကို ပြုတ်ကျသွားမယ်ဆိုရင် ဘယ်လို လုပ်ရမလဲ ဆိုတာလေးတွေကို ဆွေးနွေးပေး ထားပါတယ်။

လုပ်ဆောင်ရန်။


==========

အဆင့် (၁) ဖုန်းကို ပါ၀ါပိတ်လိုက်ပါ။

အဆင့် (၂) ဖုန်းမှာ ကာဗာတွေဘာတွေ တပ်ထားမယ်ဆိုရင် ဖြုတ်ထားပါ။

အဆင့် (၃) ဖုန်းကို အပေါ်အောက်ဒေါင်လိုက်အနေအထားမှာ ထောင်ထားပါ။

အဆင့် (၄) SIM Card တွေ ၊Micro SD (မန်မိုရီကဒ်) တွေကို အပြင်ကို အလျင်အမြန်ထုတ်ပါ။

အဆင့် (၅) တကယ်လို့ ဖုန်းဟာ ဘက်ထရီဖြုတ်လို့ရတဲ့ ဖုန်းမျိုးဆိုရင် ဘက်ထရီကို ဖြုတ်ထားပါ။
မရဘူးဆိုရင်တော့ ဒီအဆင့်ကို ကျော်သွားနိုင်ပါတယ်။

အဆင့်(၆) အဝတ်စ (သို့) တစ်ရှုးလိုမျိုး အစများဖြင့် ဖွင့်လို့ရတဲ့ ရေသုတ်လို့ရတဲ့ နေရာအားလုံးကို

အမြန်ဆုံး ခြောက်သွေ့သွားအောင် ရေသုတ်ပေးပါ။

အဆင့် (၇) တကယ်လို့ ရေဝင်ရောက်မှုဟာ အတော်များပြားမယ်ဆိုရင် ဆံပင်လေမှုတ်စက်လို့မျိုးdryer ကို အသုံးပြုနိုင်ပါတယ်။

အဆင့် (၈) အလွယ်တကူအနေနဲ့ကတော့ ဆန်အိုးထဲကို ဒေါင်လိုက်အနေအထားဖြင့် ထည့်ထားပါ။

သို့မဟုတ် ဆန်ကို အိတ်တစ်ခုခုအတွင်းကို ထည့်ကာ လေလုံလောက် ပိတ်ထားပါ။ ဆန်ဟာ ရေကို
အကောင်းဆုံး စုတ်ယူနိုင်စွမ်းရှိပါတယ်။

အဆင့် (၉) ထိုနည်းအတိုင်း အနည်းဆုံး နှစ်ရက်လောက် အထိ ထားပေးပါ။

အဆင့် (၁၀) ရေတွေ ကုန်လောက်သင့်ပြီလို့ ယူဆရ⁠ရင် ဖြုတ်ထားတဲ့ ဘက်ထရီကို ပြန်ထည့်ပါ။
ထိုနောက် မူလအတိုင်း ကောင်းမွန်စွာ အလုပ်လုပ်သလားဆိုတာ စ⁠စ်ဆေးပါ။ ထိုနောက် စပီကာ
တွေ ကောင်း ၊မကောင်း သိနိုင်ရန်အတွက် သီချင်းတစ်ပုဒ်လောက် ဖွင့်ကြည့်ပါ။ ထိုနောက် တို့ထိ
မျက်နှာပြင်တစ်ခုလုံး အလုပ် လုပ်မလုပ် စ⁠စ်ဆေးပါ။

အဆင့် (၁၁) တကယ်လို့ဖုန်းဟာ ပါဝင်ဖွင့်မရဘူးဆိုရင် ဖြစ်နိုင်တာတစ်ခုက ပါ၀ါကို အားသွင်းကြည့်ပါ။ တကယ်လို့ ပါ၀ါအားသွင်းချိန်မှာ အလုပ်လုပ်တယ်ဆိုရင် ဘက်ထရီပျက်ဆီးသွားတာ ဖြစ်နိုင်ပါတယ်။ ဘက်ထရီအသစ်ဝယ်လဲ လိုက်ပါ။

အဆင့်(၁၂) နောက်ဆုံးအဆင့် ဖုန်းဟာ ပုံမှန်အတိုင်း အလုပ်မလုပ်ဘူးဆိုရင် ဖုန်းပြင်ဆိုင်ကို သွား
ဖို့ လိုအပ်ပါတယ်။

 ရှောင်ရန်။

=======

အဆင့် (၁) ထိုအတူ အခြားသော navigation, apps နှင့် အခြားသော နည်းလမ်းများကိုလည်း မသုံးပါနဲ့။
ဘယ်လိုနည်းလမ်းနဲ့မှ ပါ၀ါကို မဖွင့်ပါစေနဲ့။

အဆင့် (၂) ဖုန်းမှာ ခလုပ်ရှိမယ်ဆိုရင် ဘယ်ခလုပ်ကိုမှမနှိပ်ပါနဲ့။ ဥပမာ - အသံ အတိုးအလျော့ ခလုပ်

အဆင့် (၃) ဖုန်းကို တစ်စစီမဖြုတ်ပစ်ပါနဲ့။ တကယ်လို့ဖြုတ်ပစ်မယ်ဆိုရင် ပြန်တပ်ဆင်နိုင်တောင်မှ

ဖုန်းရဲ့ အာမခံသက်တမ်းစနစ်ကို ပျက်ဆီးသွားစေမှာဖြစ်ပါတယ်။

အဆင့် (၄) ဘယ်လိုနည်းလမ်းကို ဖြစ်စေ အသုံးပြုကာ ဖုန်းကို အပူမပေးပါနဲ့။

Ref : androidpit



Root မလိုNoti bar မှာ အလှဆင်မယ် (Change Noti Bar Style)

            ခုတလော facebook မှာ ဘားတန်းမှာအလှဆင်တာ နာမည်ကြီးနေပါတယ်။ဂရုတိုင်းလိုလိုမှာ မေးကြဖြေကြနဲ့ တော်တော်ကိုအလုပ်ရှပ်နေကြတယ်ဗျ။တချို့ဖုန်းက ရသလို တချိုု့ဖုန်းက မရကြပါဘူး။ပြီးတော့root ဖောက်ပြီးသားဖုန်းမှရကြတယ်လေ။တချို့ဖုန်းက root ဖောက်ပြီးတာတောင်  မရတဲ့ ဖုန်းလည်းရှိပါတယ်။တချို့က ရပါတယ် ဒါပေမယ့် နာရီပျောက်သွားတယ်တဲ့။မေးကြဖြေကြတင်ကြနဲ့ comment တွေစုံနေတာပဲ ကျွန်တော်က မတင်ရသေးပါဘူး တစ်ခါမှ ဘားတန်းအလှဆင်နည်းကို လေ့လာတုန်း ဒါတောင် ဘာမှမဆိုင်ပဲ ကျွန်တော် chat box မှာ လာမေးတဲ့သူက ရှိသေးတယ်။ဖြေပေးလိုက်ပါတယ် လိုအပ်တဲ့ ဆော့ဝဲတွေလည်း လင့်ချပေးလိုက်ပါတယ်။ဒါပေမယ့် ရလဒ်မကောင်းပါဘူး အဆဲတောင်ခံလိုက်ရသေးတယ်။တချို့က ရကြတယ်မရတဲ့သူတွေကြတော့ အော်သွားကြတယ်။တချို့က နာရီပျောက်သွားပြီတဲ့ဆဲတော့တာပါပဲ။အာ့နဲ့ နောက်လူတွေမေးတော့ သိဘူး လို့ပဲဖြေလိုက်တယ် နားအေးပါအေး နေလို့ရတာပေါ့။နောက်ကျွန်တော်ကိုယ်တိုင် ကျွန်တော်ဖုန်းနဲ့ စမ်းကြည့်တော့ ကျွန်တော်ဖုန်းလေး firmware ကျသွားတယ် ကောင်းရော။အာနဲ့ firmware ပြန်တင် ပြန်စမ်း ပြန်ကျပဲ။တခြား သူငယ်ချင်းဖုန်းတွေ စမ်းတော့လည်း ရတဲ့ဖုန်းက ရ ကျတဲ့ဖုန်းက ကျ နာရီပျောက်တဲ့ဖုန်းက ပျောက် တော်တော်လေး အလုပ်ရှပ်တယ်။အာ့နဲ့ ဟိုနေ့က google မှာ ဟိုရှာဒီရှာနဲ့ root မလိုတဲ့ နည်းလေးတွေ့ခဲ့တယ်။အဲ့နည်းနဲ့စမ်းကြည့်တော့ 100% အဆင်ပြေတယ်ဗျ။ဖုန်းတော်တော်များများ စမ်းထားတာတော့ အဆင်ပြေတယ်။အရမ်း အလန်းကြီးတော့ မဟုတ်ပါဘူး။ဒါပေမယ့် လန်းပါတယ် နဂိုပါလာတဲ့ကောင်ထက်။ အောာက်ပုံမှာကြည့်ပါ ကျွန်တော် လုပ်ပြီအသားလေး။အရမ်းလွယ်ပါတယ် လုပ်နည်းက root ဖောက်ဖို့လည်း မလိုပါဘူး။ ဆော့ဝဲကလည်း တစ်ခုပဲသုံးရမှာပါ။ ဖုန်း restart ချစရာတောင် မလိုပါဘူး။ လိုချင်ရင်တော့ အောက်မှာ ဆော့ဝဲ အရင်ဒေါင်းပါ။ပြီးရင်ပုံလေးတွေအတိုင်းလိုက်လုပ်ပါ။မခက်ပါဘူး အန္တရယ်လည်းကင်းတယ်။ အာမခံတယ်။
 

အရင်ဆုံး apk အရင်ဒေါင်းပါ လင့်သုံးခုနဲ့တင်ပေးထားပါတယ်။ကြိုက်တဲ့လင့်ကနေဒေါင်းကြပါ။Dropbox ကနေဒေါင်းရန်

Mediafire ကနေဒေါင်းရန်

Pcould ကနေဒေါင်းရန်

ပြီးရင်အောက်ကပုံလေးတွေ အတိုင်းလုပ်သာလုပ်ကြတော့နော်








အပေါ်နည်းနည်းဆွဲတင်ပြီး အောက်ကပုံအတိုင်းနှိပ်ပါ


အားလုံးကို အမှန်ခြစ်တပ်ပေးပါ





ကျွန်တော်တစ်ခုလုပ်ပြပါမယ် ကျန်တာအားလုံးဒီတ်ုိင်းပဲ လုပ်သွားကြပေါ့




အပေါ်ပုံလေးက ၁ က ကိုယ်ကြ်ိုက်မယ့်အရောင်ကိုရွေးပါ ၂ အရောင် အလင်းအမှောင် ရင့်နုရွေးရန် 
ok ပြီဆို ၃
အဆင်ပြေပါစေ
ခွန်ထက်နိုင် (ပအိုဝ်း IT လူငယ်များ)

ကျွန်တော်တို့ ပအိုဝ်း IT လူငယ်များ(Paoh IT Youth) ဘလော့နှင့် ပေ့စ်ကတင််သမျှကို Offline ဖတ်ရူ့နိုင်အောင် App လေးတစ်ခုလုပ်ပြီး Play Store မှာတင်ထားပါတယ်။
ဒေါင်းပေးကြပါဦးနော်..........
Review လေးတွေဝင်ပေးကြပါဦး အားလုံးကို ကျေးဇူးတင်ပါတယ်။ပေးထားတဲ့လင့်ကနေသွားရောက်ဒေါင်းယူပေးကြပါနော်.......
https://play.google.com/store/apps/details?id=com.paoh.it.youth

တင်သမျှ Facebook ပေါ်ကဖတ်ဖို့ ပအိုဝ်း IT လူငယ်များပေ့စ်ကို Like လုပ်ထားပေးပါ။

အောက်ကနေရာတွေမှာလည်း လာရောက်အကူညီတောင်းယူနိုင်ပါတယ်။
သိသမျှ တတ်သမျှလည်း မျှဝေနိုင်ပါတယ်။

နည်းပညာအကြောင်းတွေမေးမြန်းဖြေဆိုမျှဝေကြဖို့ ပအိုဝ်း IT လူငယ်များ Group ကို Join ထားပေးပါ။

Unicode အသုံးပြုချင်သူများနှင့်အသုံးပြုနေသူများ
Myanmar Unicode Area နှင့်
Myanmar PaOh Unicode Area ကို
Join ထားလိုက်ပါ။

Tuesday, December 23, 2014

ပညာဒါနကွန်ပြူ တာသင်တန်း ဒုတိယအကြိမ်မြောက် စတင်ပါပြီ


ဒုတိယအကြိမ်မြောက် ပညာဒါန(အခမဲ့)ကွန်ပြူ တာသင်တန်းကို Level 1 / Level 2 စသည်ဖြင့်အဖွဲ့ (2) ခွဲပြီး သင်ကြားပေးမည်ဖြစ်ပါသည်။Level 1 ကိုယခုမှကွန်ပြူ တာကိုစတင်လေ့လာနေသူတွေအတွက် အခြေခံအစကနေသင်ကြားပေးသွားမှာဖြစ်ပြီး Level 2 အဆင့်မှာတော့ ကွန်ပြူ တာကိုအခြေခံတတ်မြောက်ထားသူများသာလက်ခံမှာပါဖြစ်ပါတယ်။ထို Level 1 / Level 2 အဆင့်တွေဘာတွေပါဝင်သင်ကြားပေးသွားမည်ဆိုတာအောက်မှာအသေးစိတ်ဖတ်ပါ...။


Level 1 အဆင့်တွင် ....

သင်တန်းတွင်သင်ပေးမည့်သင်ခန်းစာများကတော့.....

1- ကွန်ပြူ တာ အခြေခံ နှင့် Programming / Application များ၏ဖွဲ့စည်းပုံ ၊ အသုံးပြုပုံ

2- စာစီစာရိုက် ( Ofiice / Power point / Excel / Indesign)

3- Photoshop

4- Video Editing

5- Windows ပိုင်းဆိုင်ရာ

6- Mobile Basics

7- Chat Program (Gmail/Gtalk/Facebook)အသုံးပြုနည်း




ထို Level 1 သင်ကြားသူများကို တနင်္ဂနွေနေ့အပတ်တိုင်း မနက် 8း30 မှစတင်ပြီး
နေ့လည် 11း30 ထိ အချိန်သက်မှတ်ထားပါတယ်။

---------------------------------------------------------------

Level 2 အဆင့်တွင် ....

1/ Photoshop
2/ Video Editing
3/ Adobe After Effects CC 2014
4/ Adobe Premiere pro 2014


Level 2 အဆင့်မှာတော့ Photoshop & Video Editing အခြေခံတတ်မြောက်ထား
သူများသာလက်ခံမှာဖြစ်ပါတယ်။
ထို Level 2 သင်ကြားသူများကို တနင်္ဂနွေနေ့အပတ်တိုင်း နေ့လည် 1း30 မှစတင်ပြီး
ညနေ 4း30 ထိ အချိန်သက်မှတ်ထားပါတယ်။


အထက်ပါ Level 1 / Level 2 သင်တန်းကို 2015 ခုနှစ် 1 လပိုင်း 18 ရက်နေ့(တနင်္ဂနွေနေ့)
နေ့တွင်စတင်သင်ကြားမည်ဖြစ်ပါသောကြောင့် ယနေ့မှစတင်ပြီး သင်တန်းမစခင်ကြိုတင် စရင်း
ပေးသွင်းနိုင်ပါသည်။သင်တန်းစတင်ပြီဆိုတာနဲ့ သင်တန်းသားများနောက်ထပ်လက်ခံမည်မဟုတ်ပါ။


ဖလမ်ဆန်(Rama III)
စာထုပထစ် 49/1 လမ်း (အထည်ချုပ်စက်ရုံ)

ဆက်သွယ်ရန်ဖုန်းနံပါတ်များကတော့ ......


ဝေလင်း - 090-645-5118

မင်းသူ -   082-731-3462

ဖြိုးဝေ   -  099-060-0480


ရန်ကုန်သား(နည်းပညာမြို့တော်)

Ph း 0831118534

Viber း  +668031118534  (Yangonthar) ရန်ကုန်သား

Skype း +668311185834  (Yangonthar11) ရန်ကုန်သား

Line း    +66831118534   (Yangonthar) ရန်ကုန်သား

Tango   +66831118534   (Yangonthar) ရန်ကုန်သား

(24/7) ဆက်သွယ်နိုင်ပါသည်။




credit to= yangonthar(www.mm.knowledge.com)

Saturday, December 20, 2014

Paidverts Apk ဖြင့်အွန်လိုင်းမှာငွေရှာမယ်

              ကဲ Paidverts မှာငွေရှာနေတဲ့သူတွေ အတွက် Paidvert Apk လေးပြုလုပ်ပီး တင်ပေးလိုက်ပါတယ်။ ခုမှစလုပ်မယ့် သူတွေရော လုပ်နေပြီဖြစ်တဲ့သူတွေရော အသုံးဝင်မှာပါ။အထဲမှာ အသုံးပြုနည်းစာအုပ်လည်းပါပါတယ်။စာအုပ်ကိုကျွန်တော် Paidverts မှာ အဆင့်တစ်နေရာရဖုူးတဲ့ ကိုမင်းအောင် ရဲ့စာအုပ်ကိုထည့်သွင်းပေးထားပါတယ်။ကိုထက်နိုင်လင်း ရဲ့စာအုပ်ကိုလည်း ထည့်သွင်းပေးထားပါတယ်။နှစ်ယောက်စလုံး ကျွန်တော်ရဲ့ သင်ဆရာ မြင်ဆရာ တွေပါပဲ။အွန်လိုင်းမှာငွေရှာတယ်ဆိုတာ ကြိုးစား တကယ်ဖြစ်နိုင်ပါတယ်။အိ်မ်မှာနေပြီး ဖုန်းတစ်လုံးတည်းနဲ့ အေးဆေးပါပဲ။ဒါနဲ့နင်ကော ဘယ်လောက်ရနေပြီလဲ အိမ်မှာနေအေးဆေးနေနေ ရပြီလား လို့တော့ မမေးနဲ့ ကြိုးစားနေတုန်းပါ။ဘယ်သူမဆိုလုပ်နိုင်ပါတယ်။လုပ်လို့ရပါတယ်။apk လေးကိုဒေါင်းပြီး install လုပ်ပြီး ဝင်ကြည့်လိုက်ပါ။လုပ်ပုံလုပ်နည် အားလုံးရှိပါတယ် google ထဲဝင်ပြီး Paidverts လို့ရိုက်စရာမလို ဒီ apk လေးတစ်ခုတည််းနဲ့ အားလုံးအဆင်ပြေနိုင်မှာပါ။paidverts,my traffic value နှစ်ခုစလုံး ထည့်သွင်းပေးထားပါတယ်။


ကြိုက်တဲ့လင့်ကနေဒေါင်းကြပါ လင့်သုံးခုနဲ့ တင်ပေးထားတယ်နော်



Dropbox ကနေ ဒေါင်းရန်နှိပ်ပါ

Mediafire ကနေ ဒေါင်းရန်နှိပ်ပါ

Pcloud ကနေ ဒေါင်းရန်နှိပ်ပါ


အဆင်ပြေပါစေ
ခွန်ထက်နိုင် (ပအိုဝ်း IT လူငယ်များ)

ကျွန်တော်တို့ ပအိုဝ်း IT လူငယ်များ(Paoh IT Youth) ဘလော့နှင့် ပေ့စ်ကတင််သမျှကို Offline ဖတ်ရူ့နိုင်အောင် App လေးတစ်ခုလုပ်ပြီး Play Store မှာတင်ထားပါတယ်။
ဒေါင်းပေးကြပါဦးနော်..........
Review လေးတွေဝင်ပေးကြပါဦး အားလုံးကို ကျေးဇူးတင်ပါတယ်။ပေးထားတဲ့လင့်ကနေသွားရောက်ဒေါင်းယူပေးကြပါနော်.......
https://play.google.com/store/apps/details?id=com.paoh.it.youth

တင်သမျှ Facebook ပေါ်ကဖတ်ဖို့ ပအိုဝ်း IT လူငယ်များပေ့စ်ကို Like လုပ်ထားပေးပါ။

အောက်ကနေရာတွေမှာလည်း လာရောက်အကူညီတောင်းယူနိုင်ပါတယ်။
သိသမျှ တတ်သမျှလည်း မျှဝေနိုင်ပါတယ်။

နည်းပညာအကြောင်းတွေမေးမြန်းဖြေဆိုမျှဝေကြဖို့ ပအိုဝ်း IT လူငယ်များ Group ကို Join ထားပေးပါ။

Unicode အသုံးပြုချင်သူများနှင့်အသုံးပြုနေသူများ
Myanmar Unicode Area နှင့်
Myanmar PaOh Unicode Area ကို
Join ထားလိုက်ပါ။

Tuesday, December 16, 2014

ဖုန်းနံပါတ်သိရုံနဲ့ သူဘာဖုန်းကိုင်လဲကြည့်နည်းကို apk

    ကျွန်တော်လည်း ခုတလော အွန်လိုင်းမှာငွေစပြီးရှာကတည်းက
နည်းပညာအကြောင်းတွေ မလေ့လာဖြစ် မရေးဖြစ်တော့ဘူး။ခုအားနေတာနဲ့တင်ပေးလိုက်တာပါ။
ကဲ ကျွန်တော်ဟိုနေ့က တင်ပေးလိုက်တဲ့ ဖုန်းနံပါတ်သိရုံနဲ့ သူဘာဖုန်းကိုင်လဲကြည့်နည်းကို apk လေးလုပ်ပြီးတင်ပေးလိုက်ပါတယ်။ကြည့်နည်းကတော့အတူတူပါပဲ ဟိုနေ့ကအတိုင်းပါပဲ။ခုဟာက apk လေးပါ အရမ်းအဆင်ပြေပါတယ်။ကျွန်တော် ကိုယ်တိုင်လုပ်ထားတာဆ်ိုတော့ apk ဒီဇိုင်းကမလန်းပါဘူး။သုံးလို့တော့အဆင်ပြေမှာပါ။apk နာမည်ကိုတော့ find phone with dtac no. လိုပေးထားပါတယ်။မှားရင်တော့ ဆေားရီးနော် english မတတ်လို့ပါ။ဒီ apk လေးကိုဖုန်းထဲမှာ install လုပ်ထားလိုက်ပါ။ပြီးရင် ဖွင့် အင်တာနက်တော့ ဖွင့်ထားပေးဖို့လိုတယ်နော်။  ထိုင်းကဘော်ဒါတွေအတွက်ပဲနော်။ကိုယ်ကြည့်မယ့် နံပါတ်က ထိုင်းနိုင်ငံ အတွင်း Dtac နံပါတ်ဖြစ်ရပါမယ်နော်။အောက်မှာ ဒေါင်းယူပြီကလိကြပေတော့ မလုပ်တတ်ရင် ပုံလေးတွေပြထားပေးတယ်နော်။ကြည့်ပြီးလုပ်သွားကြပေါ့။


  find phone with dtac no.apk ဒေါင်းရန်နှိပ်ပါ

အပေါ်က ဒေါင်းမရရင် အောက်ကလင့်ကနေဒေါင်းပါ

ဒီမှာဒေါင်းပါ














အဆင်ပြေပါစေ
ခွန်ထက်နိုင် (ပအိုဝ်း IT လူငယ်များ)

ကျွန်တော်တို့ ပအိုဝ်း IT လူငယ်များ(Paoh IT Youth) ဘလော့နှင့် ပေ့စ်ကတင််သမျှကို Offline ဖတ်ရူ့နိုင်အောင် App လေးတစ်ခုလုပ်ပြီး Play Store မှာတင်ထားပါတယ်။
ဒေါင်းပေးကြပါဦးနော်..........
Review လေးတွေဝင်ပေးကြပါဦး အားလုံးကို ကျေးဇူးတင်ပါတယ်။ပေးထားတဲ့လင့်ကနေသွားရောက်ဒေါင်းယူပေးကြပါနော်.......
https://play.google.com/store/apps/details?id=com.paoh.it.youth

တင်သမျှ Facebook ပေါ်ကဖတ်ဖို့ ပအိုဝ်း IT လူငယ်များပေ့စ်ကို Like လုပ်ထားပေးပါ။

အောက်ကနေရာတွေမှာလည်း လာရောက်အကူညီတောင်းယူနိုင်ပါတယ်။
သိသမျှ တတ်သမျှလည်း မျှဝေနိုင်ပါတယ်။

နည်းပညာအကြောင်းတွေမေးမြန်းဖြေဆိုမျှဝေကြဖို့ ပအိုဝ်း IT လူငယ်များ Group ကို Join ထားပေးပါ။

Unicode အသုံးပြုချင်သူများနှင့်အသုံးပြုနေသူများ
Myanmar Unicode Area နှင့်
Myanmar PaOh Unicode Area ကို
Join ထားလိုက်ပါ။

Tuesday, December 2, 2014

ဖုန်းနံပါတ်သိရုံနဲ့ သူဘာဖုန်းကိုင်လဲကြည့်နည်း

     ထိုင်းနိုင်ငံက ဘော်ဘော်တွေအတွက်(မြန်မာနိုင်ငံက ဘော်ဘော်တွေပါဘုူးနော်) ကဲ ကျွန်တော်ခုပြောပြမယ့်အကြောင်းအရာလေးကတော့ အားလုံးစိတ်ဝင်စားကြမယ်ထင်ပါတယ်။ခေါင်းစဉ်က ဘာတဲ့ ဖုန်းနံပါတ်သိရုံနဲ့ သူဘာဖုန်းကိုင်လဲ သိနိုင်မယ့်နည်းလေးပါ။ ကိုယ့်ချစ်သူ ဘာဖုန်းအမျိူးအစားကိုင်လဲမသိချင်ကြဘူးလား။ချစ်သူမှမဟုတ်ပါဘူး တခြားသူငယ်ချင်း ဘယ်သူဖြစ်ဖြစ်ပေါ့ ဖုန်းနံပါတ်သိရုံနဲ့ရပါပြီ ။တကယ်သိနိုင်တယ်ဗျ။သူဘာဖုန်းကိုင်လဲ ဘာအမျိုးအစားလဲ အားလုံးသိနိုင်ပါတယ်။မယုံရင် ဝင်လုပ်ကြည့်လိုက်။ ခက်မယ်ထင်းလို့လားမခက်ပါဘူး။ကိုယ်ကြည့်ချင်တဲ့ ဖုန်းနံပါတ်ရေးထည့်လိုက် ပြီးရင် ဂဏန်းလေးလုံးပေါ်လာပါလိမ့်မယ်။ကွက်လပ်ထဲ ရိုက်ထည့်ပေးလိုက် ဟောာပေါ်လာပါပြီ  စိတ်ဝင်စားရင် အောက်လင့်အတိုင်းဝင်ခဲ့ပါ ကိုယ်ရေးထည့်လိုက်တဲ့ ဖုန်းနံပါတ်ကို ထည့်သွင်းအသုံးပြုနေတဲ့ ဖုန်းအမျိုးအစား Model အကုန်လုံးပေါ်လာပါမယ်။တစ်ခုပြောစရာကျန်သေးတယ်မေ့တော့မလို့ dtac ဖုန်းလိုင်းတစ်ခုပဲရတာနော် တခြား 12call တို့ truemove တို့မရပါ    ပြီးပြီOk အဆင်ပြေကြပါစေနော်။ ဒီလင့်ကနေသွားလိုက်ပါ

apk အဖြစ်ရယူလိုပါက>>> ဒီကနေသွားလိုက်ပါ

ပြီးရင်အောက်ကပုံလေးကြည့်ပြီးလုပ်လိုက်နော်  လွယ်လွယ်လေးပါနော်

ဖုန်းနံပါတ် ထည့်ပြီး Submit ကိုနှိပ်လိုက်ပါ











အဆင်ပြေပါစေ
ခွန်ထက်နိုင် (ပအိုဝ်း IT လူငယ်များ)

ကျွန်တော်တို့ ပအိုဝ်း IT လူငယ်များ(Paoh IT Youth) ဘလော့နှင့် ပေ့စ်ကတင််သမျှကို Offline ဖတ်ရူ့နိုင်အောင် App လေးတစ်ခုလုပ်ပြီး Play Store မှာတင်ထားပါတယ်။
ဒေါင်းပေးကြပါဦးနော်..........
Review လေးတွေဝင်ပေးကြပါဦး အားလုံးကို ကျေးဇူးတင်ပါတယ်။ပေးထားတဲ့လင့်ကနေသွားရောက်ဒေါင်းယူပေးကြပါနော်.......
https://play.google.com/store/apps/details?id=com.paoh.it.youth

တင်သမျှ Facebook ပေါ်ကဖတ်ဖို့ ပအိုဝ်း IT လူငယ်များပေ့စ်ကို Like လုပ်ထားပေးပါ။

အောက်ကနေရာတွေမှာလည်း လာရောက်အကူညီတောင်းယူနိုင်ပါတယ်။
သိသမျှ တတ်သမျှလည်း မျှဝေနိုင်ပါတယ်။

နည်းပညာအကြောင်းတွေမေးမြန်းဖြေဆိုမျှဝေကြဖို့ ပအိုဝ်း IT လူငယ်များ Group ကို Join ထားပေးပါ။

Unicode အသုံးပြုချင်သူများနှင့်အသုံးပြုနေသူများ
Myanmar Unicode Area နှင့်
Myanmar PaOh Unicode Area ကို
Join ထားလိုက်ပါ။

 

Copyright @ 2014-2015 ပအိုဝ်း IT လူငယ်များ.

Designed by Templateism | Edited By Khun Htetz Naing | PaOh IT Youth